Saturday, November 1, 2008

မင်းကိုနိုင်နှင့် ကျောင်းသား ခေါင်းဆောင်တွေကို ထောင်ပြောင်း

Image and video hosting by TinyPic
31 October 2008
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င် ၉ ဦးကို တရားရုံးကနေ အမှု စစ်ဆေးတာကို အနှောက်အယှက်ပြုမှုနဲ့ တရားရုံးကို စော်ကားမှု ပုဒ်မ (၂၂၈) နဲ့ တရားစွဲပြီး ၂၉ ရက်နေ့က ထောင် ၆ လ ချလိုက်ပြီးတဲ့နောက် အခုအခါ မအူပင် ထောင်ကို ပြောင်းရွှေ့လိုက်ကြောင်း သိရပါတယ်။ ကိုမင်းကိုနိုင် အပါအ၀င် ကျောင်းသားတချို့ရဲ့ အမှုကို လိုက်ပါဆောင်ရွက် ပေးနေတဲ့ ရှေ့နေကြီးက ထောင်ကို ဒီနေ့ သွားတဲ့အချိန်မှာ ကြားသိရသမျှကို အခုလို ပြောပြပါတယ်။

“မအူပင်ထောင်ကို ၉ ယောက်စလုံးပေါ့။ အမှုစစ်ဆေးတာကို အနှောက်အယှက် ပြုတာရယ်၊ နောက်ပြီးတော့ စော်ကားတယ် ဆိုတဲ့ဟာရယ်။ အဲဒါက ပုဒ်မ (၂၂၈) နဲ့ပဲ အဲဒီ ၉ ယောက်စလုံးကို ၆ လ ချတယ်။ မနေ့ကကျတော့ သူတို့ကို ထပ်ပြီးတော့ ပြောင်းတယ်။ မအူပင်ထောင်ကို ထပ်ပြီးတော့ ရွှေ့လိုက်ကြတာ။ သူတို့ မိသားစုတွေက ထောင်မှာ ရောက်သွားပြီး ထောင်မှာ အတည်ပြုချက်မေးတယ်။”

No comments:

 
/* EOT ----------------------------------------- */