Wednesday, November 5, 2008

မြန်မာနှင့်အငြင်းပွားသည့် ရေပိုင်နက်သို့ ဘင်္ဂလားဒက်အစိုးရက စစ်သင်္ဘာလေးစီးလွှတ်

Agencies/ ၄ နိုဝင်ဘာ ၂၀၀၈

မြန်မာ ဘင်္ဂလားဒက် အငြင်းပွားနေသည့် ဘင်္ဂလားပင်လယ်အော် ရေပိုင်နက်အနီးတွင် စစ်သင်္ဘာလေးစီးချထားလိုက်ပြီး မိမိရေပိုင်နက် ကာကွယ်ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းမျိုးစုံသုံးပြီး ကာကွယ်သွားမည်ဟု ဘင်္ဂလားဒက်အစိုးရက ပြောသည်

မြန်မာစစ်အစိုးရဘက်မှ မြန်မာ ဘင်္ဂလားဒက် အငြင်းပွားနေသည့် ဘင်္ဂလားပင်လယ်အော် ရေပိုင်နက်ကို ကျူးကျော်ပြီး ရေနံနှင့်သဘောဝဓါတ်ငွေ့ရှာဖွေနေသည်ဟု ဘင်္ဂလားဒက်အစိုးရက စွပ်စွဲပြီးမကြာခင် စစ်သင်္ဘောလေးစီး ဘင်္ဂလားဒက်အစိုးရက စေလွှတ်လိုက်ခြင်းဖြစ်သည်။

“မြန်မာရေတပ်ဟာ အငြင်းပွားနေတဲ့ ဘင်္ဂလားပင်လယ်အော် ရေပိုင်နက်မျက်နှာစာဘက်ကနေ ကိုရီးယားရေနံရှာဖွေရေးကုမ္ပဏီက ကိရိယာတွေ တိုင်းထွာရေးအဖွဲ့တွေနဲ့အတူ အရပ်သင်္ဘောနှစ်စင်းလွှတ်ထားပြီး ဒီသင်္ဘောတွေကို မြန်မာစစ်သင်္ဘောနှစ်စင်းက နောက်ပိုင်းကနေ ကာကွယ်ပေးထားပါတယ်” ဟု ဘင်္ဂလားဒက် အရာရှိတဦးက ပြောသည်။

ရေပိုင်နက် အငြင်းပွားမှုဖြေရှင်းရေးအတွက် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို မကြာခင် မြန်မာနိုင်ငံသို့စေလွှတ်မည်ဟု ဘင်္ဂလားဒက် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

No comments:

 
/* EOT ----------------------------------------- */