Saturday, November 22, 2008

ဘန်ကောက်မြို့က မြန်မာကျောင်း

21 November 2008

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တော်ရဲ့  ရခ်ျသေ၀ီ ရပ်ကွက်မှာရှိတဲ့ မူလတန်း ကျောင်းလေး တခုဟာ တနင်္ဂနွေနေ့လည်း ကျောင်းဖွင့်ပါတယ်။ အဲ့ဒီနေ့မှာ ကျောင်းတက်ကြသူတွေက တော့ ထိုင်း ကလေးငယ်တွေ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အတွင်းက အခက်အခဲအမျိုးမျိုး ကြောင့် ပြည်ပကို ထွက်ပြီး အလုပ်လုပ်ရင်း ပညာရှာနေကြတဲ့ မြန်မာပြည်သား လူငယ်လေးတွေပါ။ ကျောင်းသူကျောင်းသား စုစုပေါင်း ၅၀၀ကျော် ရှိပါတယ်။ ဒီကျောင်းမှာ ထိုင်းစာ။ အင်္ဂလိပ်စာ၊ ကွန်ပြူတာနဲ့ ပန်းချီ ပညာတွေ သင်ပေးပါတယ်။ ၂၀၀၃ခုနှစ်က စခဲ့တဲ့ စေတနာ့ဝင်ထမ်း ကျောင်းပါ။ ကျောင်းသား အားလုံးနီးပါးဟာ တပါတ်ကို ၆ရက် တချို့ က ၇ရက်လုံး အလုပ်လုပ်ကြရပါတယ်။ မိန်းခလေးအများစုဟာ အိမ်ဖေါ် လုပ်ငန်းနဲ့ အထည်ချုပ် စက်ရုံလုပ်ငန်း။ ယောက်ကျားလေးအများစုကတော့ စားသောက်ဆိုင်နဲ့ စက်ရုံလုပ်ငန်းတွေမှာ လုပ်ကြပါတယ်။ သူတို့တွေ ဘာကြောင့် ဒီကျောင်းကို လာတက်ကြတာလဲ။ ထိုင်းမှာ ဘယ်လို ရုန်းကန် နေရသလဲဆိုတာ တွေကို နားထောင်ကြည့်ပါဦး။

ဒီကျောင်းမှာ မြန်မာလူငယ်တွေစာ သင်ကြားနိုင်အောင်စီစဉ်ပေးတဲ့TACDB ထိုင်းမြန်မာ ချစ်ကြည်ရေးဖေါင်ဒေးရှင်းရဲ့  အုပ်ချုပ်ရေးမှုး ဦးမြင့်ဝေက သူတို့ရဲ့ ရည်ရွယ်ချက်ကိုရှင်း ပြပါလိမ့်မယ်။ ကျောင်းသူ ကျောင်းသားတွေ အဓိက သင်ယူ ကြတာက ထိုင်းစာ ပါပဲ။ စေတနာ့ဝင်ထမ်း ထိုင်းဆရာတွေတင်မက ထိုင်းစာကိုကျွမ်းကျင်နေတဲ့ ဘ၀တူ မြန်မာဆရာ ကိုနိုင်လည်းပါပါတယ်။

တကယ်တော့ ဒီကျောင်းလေးဟာ ဗုဒ္ဓဘာသာ ထိုင်းဘုန်းတော်ကြီးတပါးရဲ့ အထောက်အပံ့နဲ့ ဖွင့်ထားတဲ့ မူလတန်း ကျောင်းလေးပါ။ ကျောင်းအုပ် ဆရာမကြီးဖြစ်တဲ့ Chalor Rodpunya ကတော့ မြန်မာအလုပ်သမားက လေးငယ်တွေ မအားတဲ့ကြားက တပါတ်မှာ တရက်ထဲသင်ယူနေရတာ နည်းလွန်းတဲ့ အတွက်အားမရဘူးလို့ဆိုပါတယ်။

ကျောင်းသူကျောင်းသားတွေ တော်ရင် တော်သလို ဒီထက်အဆင့်မြင့်တဲ့ ပညာတွေသင် ပေးနိုင်အောင် အစိုးရနဲ့ ညှိနှိုင်း ပေးဖို့ စီစဉ်ထားတယ်။ လောလောဆယ် ဆရာနဲ့ကျောင်း သားထိစပ်မှုက တပါတ်မှာ တရက်ထဲဆိုတော့ အားမရဘူးလို့ ပြောပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေသန်းနဲ့ ချီပြီးရှိတဲ့ အထဲမှာ ဘန်ကောက်မြို့  တမြို့ ထဲမှာတင် သုံးသိန်းကျော်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ အများစုက တရားမ၀င် မြန်မာ အလုပ်သမားတွေပါ။ လုံခြုံရေး အခြေအနေ ကြောင့် သူတို့တွေထဲကအနည်းအ ကျဉ်းလောက်ပဲဒီကျောင်းလေးမှာလာတက်နေတာပါ။ ဒီကျောင်းကရတဲ့ပညာတွေနဲ့ သူတို့ရဲ့ ဘ၀ကိုလုံခြုံအောင်ဆက်ပြီးတည်ဆောက်နိုင်ပါ့မလားဆိုတာကတော့ပြောဖို့ ခက်နေပါသေးတယ်ခင်ဗျား။
http://www.voanews.com/burmese/2008-11-21-voa3.cfm

No comments:

 
/* EOT ----------------------------------------- */