Sunday, September 30, 2007

အဆိုတော်လားရှိုးသိန်းအောင်ရဲ့ အားပေးစကား..

ဖတ်ကြည့်ချင်သေးလား....

Message of 2007 Freedom-fighter'72

ဖတ်ကြည့်ချင်သေးလား....

Monday, September 24, 2007

လာလေ..ရဲဘော်..ဒို့ ဖိတ်ခေါ်တယ်..



ကိုလိုနီခေတ်အောက်..မျိုးချစ်စိတ်အလျှောက်
ကောက်ရိုးခြေထောက်..မြက်ခြေထောက်..
ဖွဲ့ စည်းခဲ့တဲ့..ဗိုလ်ချုပ်ရဲ့..မြင့်မြတ်အာဇာနည်တပ်.
ပြည့်သူ့ ဘက်ကအမြဲရပ်..
B.I.A နဲ့ B.D.A
မျိုးသာကီဆွေ..ကဗျည်းတင်စေ။
တပ်မတော်ရဲ့ဘူမိနက်သန် အခြေခံမြေ။

လွတ်လပ်ရေးရ..ပြည်သူ့ တပ်မတော်ဘ၀..
တိုင်းပြည်မတည်ငြိမ်ရှုပ်တွေး..
တိုင်းပြည်ကနုနု..မုန်တိုင်းကထန်ထန်..
ပြည်တွင်းစစ်..တရုပ်ဖြူရန်တွန်းလှန်တိုက်ထုတ်..
ကာကွယ်စောင့်ရှောက်မှု ..ပြုလါတဲ့တပ်မတော်
တန်ခိုးကျော်ကြားနေဆဲ..ပြည်သူ့ ရင်ထဲအသဲစွဲ

စစ်တပ်ကစစ်တပ်..သူ့ အလုပ်သူလုပ်။
ပြည်သူကပြည်သူ..သူ့ အလုပ်သူလုပ်။..
ရဲကရဲ..သူ့ အလုပ်သူလုပ်။.
အုပ်ချုပ်ရေးက.. ..သူ့ အလုပ်သူလုပ်။
ဘာမှရှုပ်စရာကိုမရှိ..ကိုယ့်တာဝန်ကိုယ်သိကြရင်။
နိုင်ငံဝပြောကြွယ်စည်ပင်.

၁၉၆၂..တော်လှန်ရေးအစိုးရ.သေနတ်ပြအာဏာသိမ်း..
သွေးနီနီလိမ်းတဲ့ 7 July..
မှိုင်းရာပြည့်..ဦးသန့် ..
ရှစ်လေးလုံးထိမရပ်.ပစ်မှတ်..တလစပ်.
ညစ်ပတ်နေတဲ့..သမိုင်းရဲ့မှတ်တိုင်..
သေနတ်ကိုင်စစ်တပ်ဆိုတာ..
အထက်အမိန့် ..လိုက်နာသော်လည်းမရှုစိမ့်..
ပစ်..ပစ်..သတ်..သတ်..
အာဏာရှင်ရဲ့ brain wash

အစွယ်လိုသူကမိဘုရား။
စေခိုင်းသူက..မင်းဧကရာဇ်.
လေးတင်ရတဲ့..သောနုထ္ထိုလ်..
အပြစ်ဆိုဖို့ လေ..ခက်ခဲ..
အောက်ငယ်သားရဲ့ အပြစ်မဟုတ်.
ဆိုးယုတ်သူက..အာဏာရရေပေါ်ဆီ..အထက်အရာရှိများ..
လာဘ်စား..သတ်ဖြတ်..ဒါးမြတိုက်လုယက်
ရာဇစည်းစိမ်တွေတက်မက်..သေခါမှသာပင်စင်ယူ
ရာထူးကမဆင်းကြတဲ့..ဒီလူကြီးများ.တရားကြရဲ့လား

ရဲဘော်လေးတွေကိုကျ..
တိုက်ရင်းနိုင်ငံအတွက်.အသက်ပေးစတေး..
ရဲဘော်သေရင်..ငရဲမလားဘူး..ကတိပေး
သူတို့ သေရင်..ဘယ်နေရာများသွား..?
နိဗ္ဗါန်လား…ငရဲလား…စဉ်းစား စဉ်းစား။

ဆင်ခြင်သင့်ပြီ..အသင်ရဲဘော်..
အသင်..ဘယ်လောက်ဝမ်း…ဝ
အသင်ဘယ်လောက်ခေါင်းပုံဖြတ်ခံ..ရ
အသင်ဘယ်လောက်ဘ၀အာမခံချက်..ရ

ကျွန်ုပ်တို့ လေးစားသည်ရဲဘော်..
အသင့်ရဲ့ အသွေးအသား..တိုင်းပြည်စော်ကားနယ်ချဲ့များအတွက်
အသင့်ရဲ့ ၀ိညာဉ်..မြန်မာပြည်သူများကောင်းစားရေးအတွက်
အသင့်ရဲ့ ဦးနှောက်..တိုင်းပြည်တိုးတက်သာယာဝပြောရေးအတွက်
• လက်တဆုတ်လူတစု..မိသားစု..စိန်စီရေးမဟုတ်..
• ဖက်ဆစ်အုပ်ချုပ်ရေး..ကာကွယ်ပေးရေးမဟုတ်..
• လမ်းလျှောက်ရင်းတောင်...စစ်တပ်ကိုမစစ်မဆေးနိုင်သေး
ဒီလူပျင်းခေါင်းဆောင်ကို..ကာကွယ်ရေးမဟုတ်..

အခုနေ..မင်းသေ..သရဏဂုံတင်ပေးမဲ့ ဘုန်းကြီးမရှိ..
သက်ပျောက်ဆွမ်း..ဘုန်းပေးမဲ့သူမရှိ..
ကြေးစည်နဲ့ပရိတ်သံကင်း..
မသာဆွမ်းကြွေး..လာမဲ့သူရှင်း..
အသိရှိရဲဘော်..မင်းဟာ..ဗမာ..
ကံရဲ့အကျိုးယုံကြည်တဲ့..ဗုဒ္ဓဘာသာ..
မေတ္တာရဲ့အရိပ်အောက်..လာရောက်အတူခို..
ဒို့ တတွေ..လက်ကမ်းကြို..
အာဏာရှင်အလိုကိုမလိုက်..မှန်ကန်ရာကိုသာလိုက်.
အမှန်လမ်းမှာသာပျော်..ရဲဘော်..
ဒါမှသာ.မင်းငရဲမလား..နိဗ္ဗါန်သို့ သွားမယ်။

မသဒ္ဓါ ( ၉။၂၃။၂၀၀၇)

ဖတ်ကြည့်ချင်သေးလား....

Sunday, September 23, 2007

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ချုပ်လူထုတပ်ပေါင်းစု ဖြစ်မြောက်ရေးကော်မီတီမှနိုင်ငံအ၀ှမ်း လုံး ရှိ သံဃာထုတစ်ရပ်လုံးနှင့် လူထုတစ်ရပ်လုံး

ရက်စွဲ၊ ၊ ၂၀၀၇ခုနှစ်။ စက်တင်ဘာလ(၂၁)ရက်

စာအမှတ်၊ ၊ ၁-၅/၂၀၀၇

အကြောင်းအရာ၊ ၊ လက်ရှိဖြစ်ပေါ်နေသော စစ်အာဏာရှင်စနစ်ဆိုးကြီးအား လူထုတစ်ရပ် လုံး.“ဘုံရန်သူ”အဖြစ်သတ်မှတ်လိုက်ခြင်းနှင့်အတူ င်းစစ်အာဏာရှင်စနစ်ဆိုးကြီးအား အမြစ်ပြတ် ချုပ်ငြိမ်းကွယ်ပျောက်စေရေးအတွက် ငြိမ်းချမ်းသောနည်းလမ်းများဖြင့် တိုက်ပွဲဝင်နိုင်ရေးအတွက် သံဃာထုဦးဆောင်သော လူထုတပ်ပေါင်းစုကြီး အလျင်အမြန်ဖွဲ့ စည်းနိုင်ရန် နှိုးဆော် တိုက်တွန်းချက်။

လက်ရှိဖြစ်ပေါ်နေသော အထွေထွေလူထုအကြပ်အတည်းကြီးမှာ လူထုလူတန်းစားတစ်ရပ်လုံးအား ဖိနှိပ်ချုပ်ချယ်ဗိုလ်ကျစိုးမိုးအုပ်ချုပ်သော စစ်အာဏာရှင်စနစ်ဆိုးကြီးကြောင့်သာ ဖြစ်သည်။ ထို့ ကြောင့် သံဃာထုအပါအ၀င် ကျွန်ုပ်တို့  လူထုလူတန်းစား အလွှာအသီးသီးအား ဆင်းရဲနိမ့်ကျစေသော၊ စုတ်ပြတ် နုံချာစေသော စစ်အာဏာရှင်စနစ်ဆိုးကြီးအား ကျွန်ုပ်တို့ နိုင်ငံသူနိုင်ငံသားအားလုံး.“ဘုံရန်သူ”အဖြစ် သတ် မှတ်ကြေငြာလိုက်သည်။ ထို့ ကြောင့် ကျွန်ုပ်တို့ အားလုံး.ဘုံရန်သူစနစ်ဆိုးကြီးအား မြန်မာ့မြေပေါ်မှအမြစ်ပြတ် ကွယ်ပျောက်ချုပ်ငြိမ်းသည်အထိ တိုက်ပွဲဝင်သွားနိုင်ရန်အတွက် ညီညွတ်သော “လူထုတပ်ပေါင်းစုကြီး” အလျှင်အမြန် ဖွဲ့ စည်းပေးနိုင်ရေးအတွက် ကျွန်ုပ်တို့  မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲကဏ္ဍကြီး မှဦးဆောင်ပြီး အောက်ပါအစီအစဉ်များဖြင့် လူထုတစ်ရပ်လုံးအား အဆင့်ဆင့်ဖွဲ့ စည်းပေးသွားမည်ဖြစ်သည်။ အနယ်နယ် အရပ်ရပ်ရှိသံဃာထုအပါအ၀င် လူထုတစ်ရပ်လုံးမှ ညီညွတ်ခြင်း၊ ယုံကြည်ခြင်း အပြည့်အ ဖြင့် လိုက်ပါလုပ်ဆောင်ကြရန် အထူး လေးလေးနက်နက် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

အဆင့်(၁)။ အချင်းချင်း မေတ္တာဓာတ်များ အားနည်းနေသော နိုင်ငံအား မေတ္တာဓာတ်များ အားကောင်းလာစေ ပြီး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ကြစေရန် ၂၀၀၇ ခုနှစ်။ စက်တင်ဘာလ(၂၃)ရက်နေ့  ည (၈)နာရီမှစတင်ကာ မိမိတို့ အိမ်ပေါက်ဝ၊ ကျောင်းပေါက်ဝ၊ ၀ရန်တာများသို့ ထွက်ကာ (လူအချင်းချင်းနှိပ်စက်ခြင်း၊ ကင်းရှင်းကြပါစေ၊ တို့ မေတ္တာစွမ်း၊ ကမ္ဘာလွှမ်း အေးချမ်းကြပါစေ) ဟူသောမေတ္တာပို့ စာနှစ်ပိုဒ်ကို (၈နာရီ ၁၅မိနစ်အထိ) (၁၅) မိနစ်တိတိ မိသားစုလိုက်၊ ကျောင်းတိုက်လိုက် ညီညီညာညာသံပြိုင်ဖျဖျရွတ်ဆိုကြပါရန်။

လူထုတပ်ပေါင်းစုဖြစ်မြောက်ရေးကော်မတီမြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ကြီး။

ဖတ်ကြည့်ချင်သေးလား....

Buddhist Monk's protest 2007


ဖတ်ကြည့်ချင်သေးလား....

Friday, September 21, 2007

ဒါသမိုင်းပေးရဲ့တာဝန်..မင်းလဲ..ပါဝင်ကာဆင်နွှဲစေ့ချင်


မြင်းခွါကလေး..တချက်ဘဲပေါက်..
မီးဟုန်းဟုန်းတောက်စေရမဟဲ့
ရဲရဲရင့်တဲ့ဗမာ..ဗိုလ်အောင်ကျော်ခေတ်အခါက..။

ကမ္ဘာမကြေဘူး..ရရင်ရ..မရရင်ချ..
၈၈၈၈ အချိန်တုန်းက..

အခုခေတ်အခြေအနေ..
ဒါးကိုခွေ..မီးကိုသေစေမဲ့
ငြိမ်းချမ်းရေးရဲ့လက်နက်..
အစွမ်းထက်တဲ့မေတ္တာတရား..
ပုရိတ္တံနဲ့ ချည်ကာပတ်..
သူတော်စင်များရဲ့အံ့မခမ်းလုပ်ရပ်.
ကဲ...သူငယ်ချင်းရေ..မင်းဘယ်ဘက်က..ရပ်နေမှာလည်း..
ဒို့ ခေတ်ကျမှ အညံ့ခံ..လက်မြောက်အရှုံးခံမလား..
အတောင်ကျိုး.နားမျက်စိကန်း.လူတန်းစေ့မ၀င်တဲ့ဘ၀..
မင်းမာနချတော့မလား..ဒီလောက်.ဒို့ များမစွမ်းကြတော့ဘုးလား

အမျိုးဘာသာရဲ့သာသနာရေး..၀ံသာနုစိတ်ဓါတ်ကလေးမွေး.
လင်းလက်မဲ့အနာဂတ်အရေး..မင်းချင့် တွေးစေချင်
မနှောင်းခင်အခါကောင်း.
ဒေါင်းအလံထူ..လာစစ်ကူပါလော့..

အားလုံးစည်ရုံးကြဖို့ လို..
အားလုံး ညီညွတ်ကြဖို့ လို..
အာဏာရှင်ကိုဖြိုဖို့ …တွဲလက်ခိုင်ကြစို့ ..
ကမ္ဘာတလွှား..လွင့်စင့်နေ..ဗမာများ…စုစည်းထားကြ.
ရံပုံငွေဖြည့်..media တွနဲ့  တိုက်စို့ ဟေ့...

ပြည်တွင်းကဖိနှိပ်ခံ.မောင်နှမငယ်များ..တောင့်ခံစည်းလုံးကြ..
ဒါအချိန်ကောင်း….မနှောင်းစေနဲ့..
ဒါအခွင့်ကောင်း….မတိမ်းစောင်းစေနဲ့..
သွေးစည်း..တူညီ..ထင်းစည်းများနဲ့ နွားတအုပ်..
ကျားစဉ်းလဲကိုမောင်းထုတ်..
ကြောက်ရင်..လွဲ..ရင်မင်းဖြစ်..
အမှောင်ကို..ဆက်ချစ်မလား..
အလင်းကို..နှစ်သက်မလား
ပြောင်းလဲမှုရဲ့..အနှစ်အရသာ.
ဒီမိုကရေစီတိုက်ပွဲ..ရဲရဲ ဆင်နွှဲ.
မင်းလည်းတဒေါင့်တနေရာ..ပုခုံးထမ်းဝင်နေရာယူပါ။.
မကြာခင်..မုန်တိုင်းစဲတော့မဲ့..ဒို့ များရဲ့ပြည်မြန်မာ..
ဒို့ ဘိုးဘွားအမွေအနှစ်မို့  ချစ်မြတ်နိုးကြဖို့ ရာ။

မသဒ္ဓါ (၉။၂၀။၂၀၀၇)

ဖတ်ကြည့်ချင်သေးလား....

Sunday, September 16, 2007

ဂုဏ်ယူပါသည်..သံဃာအရှင်သူမြတ်များ..


ကံ ကံ၏အကျိုးကို...ယုံကြည်သဒ္ဓါ
သက်ဝင်စေတနာ..ဗုဒ္ဓဘာသာဝင်တဦး
တပည့်တော်မ..အကျွန်ုပ်မသဒ္ဓါ
အရှင်ဘုရားတို့ ၏..၀ိနည်းတော်..
ကျင့်ကြံတရား.မေတ္တာတရားမြတ်ကိုလေးစား
ရှစ်ခိုးပူဇော်.ကန်တော့လိုက်ရပါသည်ဘုရား။

ရဟန်းစားရသော..ဆွမ်းတနပ်..ပြည်သူဘက်မှရပ်သော
သီလ..သစ္စာ..သမာဓိ.ဂုဏ်ယူမိပါသည်..အရှင်။

သမာအာဇီဝမတည်.လာဘ်လာဘမှရတဲ့ဆွမ်းကိုမစား
တပည့်တော်တို့ လေးစားပါတယ်ဘုရား။

တိုင်းရင်းသူများကို စော်ကား..မုဒိန်းစစ်သားရဲ့
ဝတ္တုကို..မခံယူမှု…သာဓု.. သာဓု.. သာဓု..။

ဘာသာမရှိ..လက်အုပ်ချီပြီး..လက်ကားယား
မေတ္တာစိတ်မဲ့သူ လူသတ်သမား..
သွေးစွန်းလက်နဲ့ ထိထားတဲ့ဆွမ်းခဲဘွယ်အစား
ပြည်သူများရဲ့သမာအာဇီဝသဒ္ဓါဆွမ်းနဲ့  အဟာရလုပ်
ကြီးမြတ်တင့်တယ်ပါတယ်ဘုရား။

သစ်ဝါးတပင်..ကျောင်းမည်ချင်..
ချိုးခြံအမှု..တကာများရဲ့ ဘ၀ကိုစာနာသမှု..
လေးစားဂုဏ်ပြုပါတယ်ဘုရား။

မှဲ့ ထင်မညစ်..နှစ်ထောင်ချီစေမဲ့သာသနာအမွေစစ်..
သန်စင်မှုပြု..ပီတိအမှု..အနုမောဓနာပါဘုရား။

တပြည်လုံးကိုဖျက်ဆီး.လူမိုက်ကြီးများရဲ့
ပုတ်ဟောင်အာခံတွင်းက..အရေခြုံငါးပါးသီလ..
ဘန္ထေအာမ.စကား..နားခါးတာ..မှန်ကန်ပါတယ်ဘုရား။

ဘာသာအရောင်ပြ..ယူနီဖောင်းဝတ်နဲ့ရေစက်ချ..
ရှေးမင်းအဆက်ဆက်တောင်
မင်းမြောက်တန်ဆာနတ္တိ
ဝတ်ဖြူစင်ကျယ်အတိနဲ့ မှ..ရေစက်ချရြဲက
အမြင်မတော်ခဲ့ ဆင်တော် နဲ့ခလောက်.
လားလားမှနိဗ္ဗါန်မရောက်နိုင်မဲ့ဒီလိုလူ
သပိတ်မှောက်အောင်လံတော်သာထူပါတော့ဘုရား.။

လူမမည်ကျောင်းသားတွေသတ်။
သာသနာကိုစော်ကား..သံဃာကိုညှင်းပန်း
ဆွမ်းကွမ်းမရအောင်..ကျောင်းတံခါးသော့ပိတ်
ဗလာနံလူမိုက်တွေကို..အစောင့်ချ..
အပြင်တွက် စင်္ကြန်လေးမှမလျှောက်ရ..
သဒ္ဓါကြည်ဖြူ..ကပ်လှုဆွမ်းကလေးမှမခံရ.
ပင့်သံဃာ..တနားရေအေးတိုက်ကြွေးခွင့်လည်း..မရ..
မေတ္တာပရိတ်တရား.ဆိုကြွေး.စည်းဖြန်းခွင့်လေးမှ..မရ..
ဆွမ်းတကာများရဲ့ လူမှုရေး..ဘုန်ကြီးရဲ့အရေးပါဘဲ
လူဘောင်ကြားစည်းကာလနားတွေရွံ့ မုန်း..
ကတုံးတုံးရိပ်ကြီးဝင်.သန့်စင်တဲ့ရဟန်းဘောင်..
သံဃာရဲ့ဝိနည်းဘဲဆောင်..မင်းဆိုးအာဏာစက်..
စီရင်..လိုက်နာချက်များမလို..
ရိုက်ပုတ်..ညှင်းပန်း..သိက္ခာချ လူဝတ်လဲ
ဘုန်းကြီးဘ၀တောင်ရဲရဲမနေရတဲ့ ဘ၀..
ပတ္တနိက္ကုဇ္ဇနသပိတ်ကံတော်ကိုဆောင်..
အမျိုးနဲ့ သာသနာ့ဘောင်..ထွန်းပြောင်နိုင်ပါစေဘုရား..

အရှင်ဘုရားတို့ နောက်မှာတပည့်တော်တို့ ပြည်သူ..
အတူတူလက်တွဲ
ဘာသာပျက်မင်းညစ်ကိုတော်လှန်မဲ့သပိတ်ပွဲ..
ရဲရဲသာ..ချီပါ့ဘုရား..
ဇွဲနဲ့ သာတိုက်ပါဘုရား..

တပည့်သားမြေးများ.ဂုဏ်ဝင့်မော်..
မွန်မြတ် သန့် စင်သော..
ဗုဒ္ဓသာသနာတော်..ရောင်ဝါနေသို့ လင်းပါစေသော်ဝ်

မသဒ္ဓါ ( ၉။၁၅။၂၀၀ရ)

ဖတ်ကြည့်ချင်သေးလား....

Tuesday, September 11, 2007

တွဲလက်ခိုင်ခိုင်..အနာဂတ်ပန်းတိုင်ဆီသို့ ..ညီညီညာလာကြစို့ 

ဖတ်ကြည့်ချင်သေးလား....

Monday, September 10, 2007

တော်လှန်ကြစို့..လက်တွဲခေါ်

ဖတ်ကြည့်ချင်သေးလား....

Thursday, September 6, 2007

ကျနော်တို့ ကိုးကွယ်တဲ့ ဘုန်းကြီးကို နအဖ စစ်ခွေးတွေ သတ်ပြီ

“ကြံ့ခိုင်ရေးနှင့် စွမ်းအားရှင်တွေက သံဃာတော်တွေကို နံပါတ်ဒုတ်နဲ့ နားထင်ကို ပစ်ရိုက် လိုက်ပါတယ်။ အဲဒီ သံဃာတပါးဟာ အထိနာပြီးတော့ ဆေးရုံ တင်လိုက်ရပါတယ်။ နောက် အဲဒီ သံဃာဟာ ပြန်လွန်တော်မူ သွားပါတယ်။ အဲဒီ သံဃာ ပြန်လွန်တော်မူ သွားတဲ့အတွက် သံဃာတော်များ ကျောင်းတိုက်ဌာန အသီးသီးမှာ ဒီသတင်း ပျံ့သွားပါတယ်။ ဘုရားရှင်၏ သားတော် သွေးနီ ကျခဲ့ရတဲ့ ပြည်သူလူထုရဲ့ ငတ်ပြတ်မှု ပြဿနာဒါဏ်၊ ငတ်တာကို ငတ်တယ်လို့ ရိုးသား အေးချမ်းစွာ လမ်းပေါ်မှာ ဆန္ဒပြပြီးတော့ ရိုးသားစွာ တောင်းဆိုတာကို ဒီလိုမျိုး နားထင်ကို နံပါတ်ဒုတ်နဲ့ ရိုက်သတ်တဲ့အတွက် တတိုင်းပြည်လုံး ခံစားရပါတယ်။ သံဃာတော်များကလည်း ခံစားရပြီး အားလုံး ဒီသဘောတရားကို ဘယ်လို ဖြေရှင်းမလဲ ဘယ်လို လုပ်ကြမလဲ ဒီအစိုးရကို ဘယ်လို တရားချမလဲ ဆိုတာ ဆွေးနွေးရင်း သံဃာတော်တွေရဲ့ ဆန္ဒကို ပွက်လောရိုက် နေပါတယ်။”

“ပြည်သူတွေကတော့ ဒကာကြီး၊ မနေ့က ကိစ္စမှာ သံဃာတွေက ငြိမ်းငြမ်းချမ်းချမ်းနဲ့ ဒါမြို့ကို ပတ်ပြီးတော့ မေတ္တာပို့၊ ပရိတ်ရွတ်တာပဲ။ မနေ့တုံးက သံဃာတွေက အထူးသဖြင့် နိုင်ငံရေးနဲ့ ပါတ်သက်ပြီးတော့ ဘယ်ပါတီ ဘယ်အဖွဲ့စည်းကိုမှ ဘယ်သူ ဘာဆိုတာမျိုး၊ သံဃာတွေက ဆန္ဒပြတာ တဲ့ အနေလဲ မဟုတ်ဘူး။ တကာကြီးတို့လဲ လက်တွေ့ ခံစားနေရတဲ့ စကားကို ပြည်သူတွေ မပြောရဲလို့၊ ဒါ သံဃာတွေက ပြည်သူကိုယ်စား ပြောပေးတဲ့ အနေနဲ့ပဲ ပုံသဏ္ဌာန်လေးပါတယ်။ လက်တွေ့ ကုန်ဈေးနှုန်းတွေ ချပေးဖို့ ဒါလောက်ရယ်။ ဒီကုန်ဈေးနှုန်း ချရေးအတွက် ဆန္ဒ ထုတ်ဖော်တဲ့ လူတွေ ဖမ်းဆီးထားတာကို လွတ်ပေးဖို့၊ ဒါလောက်ပဲ။ သံဃာတွေရဲ့ လက်ကမ်း ပုံသဏ္ဌာန် ပါတယ်လေ။ အဲ ပြောတာဆိုတာကလဲ ဦးပဉ္ဇင်းတို့ ဒို့အရေး ဘာညာ ဒီလိုအော်တာ မဟုတ်ပါဘူး။ မင်းကွန်း ဆရာတော်ကြီးရဲ့ မေတ္တာပို့ကို ပို့တာပဲလေ။ အဲဒါကို ဒီဦးပဉ္စင်းတို့ ဒီအရှေ့တိုက်က အထွက် ဒီပန်းခြံ မီးပွိုင့်ဆုံ လမ်းမှာ ဒါစစ်တပ်ရော၊ ကြံ့ဖွံ့ရော၊ စွမ်းအားရှင်ရောက မတရားကိုပဲ ဟိုအကြမ်းဖက်ပြီးတော့ သံဃာတွေ ဖမ်းတယ်၊ ရိုက်တယ်။ သံဃာကို ခင်ဗျား စဉ်းစားကြည့်ဗျာ။ ဘုန်ကြီးတပါးကို ဓါတ်တိုင်ချည်ပြီးတော့ ဟို ချည်တာလဲ ရိုးရိုးချည်တာလဲ မဟုတ်ဘူး။ လည်ပင်းတွေရော၊ အကုန်လုံးကိုပဲ ခွေးချည်၊ နွားချည်၊ ချည်ပြီးတော့ ပါးရိုက်တယ်၊ သေနတ်ဒင်နဲ့ ထိုးတယ် ခင်ဗျာ စဉ်စားကြည့်ပေတော့။ အဲဒါကို မြင်နေတဲ့ ပြည်သူတွေက ဘယ်လို ခံစားရမလဲဗျာ။ သူတို့က တကယ်တမ်းကျတော့ ပြည်သူတွေက ငြိမ်းငြမ်းချမ်းချမ်းနဲ့ ဒီလို ဟိုပြည်သူရဲ့ ဆန္ဒကို သံဃာတွေက ကိုယ်စား ပို့ပေးတဲ့ ဒီဘာမှ လက်နက် မပါတဲ့ သံဃာတွေကို နှိပ်နှိပ်စက်စက် လုပ်တယ်ဆိုတော့ သံဃာတွေက ဘယ်ခံနိုင်မလဲ။”
ရည်ညွှန်း။ ။http://69.64.67.53/breaking_news.php

ဖတ်ကြည့်ချင်သေးလား....

Monday, September 3, 2007

Walking for our Freedom

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */