Thursday, September 6, 2007

ကျနော်တို့ ကိုးကွယ်တဲ့ ဘုန်းကြီးကို နအဖ စစ်ခွေးတွေ သတ်ပြီ

“ကြံ့ခိုင်ရေးနှင့် စွမ်းအားရှင်တွေက သံဃာတော်တွေကို နံပါတ်ဒုတ်နဲ့ နားထင်ကို ပစ်ရိုက် လိုက်ပါတယ်။ အဲဒီ သံဃာတပါးဟာ အထိနာပြီးတော့ ဆေးရုံ တင်လိုက်ရပါတယ်။ နောက် အဲဒီ သံဃာဟာ ပြန်လွန်တော်မူ သွားပါတယ်။ အဲဒီ သံဃာ ပြန်လွန်တော်မူ သွားတဲ့အတွက် သံဃာတော်များ ကျောင်းတိုက်ဌာန အသီးသီးမှာ ဒီသတင်း ပျံ့သွားပါတယ်။ ဘုရားရှင်၏ သားတော် သွေးနီ ကျခဲ့ရတဲ့ ပြည်သူလူထုရဲ့ ငတ်ပြတ်မှု ပြဿနာဒါဏ်၊ ငတ်တာကို ငတ်တယ်လို့ ရိုးသား အေးချမ်းစွာ လမ်းပေါ်မှာ ဆန္ဒပြပြီးတော့ ရိုးသားစွာ တောင်းဆိုတာကို ဒီလိုမျိုး နားထင်ကို နံပါတ်ဒုတ်နဲ့ ရိုက်သတ်တဲ့အတွက် တတိုင်းပြည်လုံး ခံစားရပါတယ်။ သံဃာတော်များကလည်း ခံစားရပြီး အားလုံး ဒီသဘောတရားကို ဘယ်လို ဖြေရှင်းမလဲ ဘယ်လို လုပ်ကြမလဲ ဒီအစိုးရကို ဘယ်လို တရားချမလဲ ဆိုတာ ဆွေးနွေးရင်း သံဃာတော်တွေရဲ့ ဆန္ဒကို ပွက်လောရိုက် နေပါတယ်။”

“ပြည်သူတွေကတော့ ဒကာကြီး၊ မနေ့က ကိစ္စမှာ သံဃာတွေက ငြိမ်းငြမ်းချမ်းချမ်းနဲ့ ဒါမြို့ကို ပတ်ပြီးတော့ မေတ္တာပို့၊ ပရိတ်ရွတ်တာပဲ။ မနေ့တုံးက သံဃာတွေက အထူးသဖြင့် နိုင်ငံရေးနဲ့ ပါတ်သက်ပြီးတော့ ဘယ်ပါတီ ဘယ်အဖွဲ့စည်းကိုမှ ဘယ်သူ ဘာဆိုတာမျိုး၊ သံဃာတွေက ဆန္ဒပြတာ တဲ့ အနေလဲ မဟုတ်ဘူး။ တကာကြီးတို့လဲ လက်တွေ့ ခံစားနေရတဲ့ စကားကို ပြည်သူတွေ မပြောရဲလို့၊ ဒါ သံဃာတွေက ပြည်သူကိုယ်စား ပြောပေးတဲ့ အနေနဲ့ပဲ ပုံသဏ္ဌာန်လေးပါတယ်။ လက်တွေ့ ကုန်ဈေးနှုန်းတွေ ချပေးဖို့ ဒါလောက်ရယ်။ ဒီကုန်ဈေးနှုန်း ချရေးအတွက် ဆန္ဒ ထုတ်ဖော်တဲ့ လူတွေ ဖမ်းဆီးထားတာကို လွတ်ပေးဖို့၊ ဒါလောက်ပဲ။ သံဃာတွေရဲ့ လက်ကမ်း ပုံသဏ္ဌာန် ပါတယ်လေ။ အဲ ပြောတာဆိုတာကလဲ ဦးပဉ္ဇင်းတို့ ဒို့အရေး ဘာညာ ဒီလိုအော်တာ မဟုတ်ပါဘူး။ မင်းကွန်း ဆရာတော်ကြီးရဲ့ မေတ္တာပို့ကို ပို့တာပဲလေ။ အဲဒါကို ဒီဦးပဉ္စင်းတို့ ဒီအရှေ့တိုက်က အထွက် ဒီပန်းခြံ မီးပွိုင့်ဆုံ လမ်းမှာ ဒါစစ်တပ်ရော၊ ကြံ့ဖွံ့ရော၊ စွမ်းအားရှင်ရောက မတရားကိုပဲ ဟိုအကြမ်းဖက်ပြီးတော့ သံဃာတွေ ဖမ်းတယ်၊ ရိုက်တယ်။ သံဃာကို ခင်ဗျား စဉ်းစားကြည့်ဗျာ။ ဘုန်ကြီးတပါးကို ဓါတ်တိုင်ချည်ပြီးတော့ ဟို ချည်တာလဲ ရိုးရိုးချည်တာလဲ မဟုတ်ဘူး။ လည်ပင်းတွေရော၊ အကုန်လုံးကိုပဲ ခွေးချည်၊ နွားချည်၊ ချည်ပြီးတော့ ပါးရိုက်တယ်၊ သေနတ်ဒင်နဲ့ ထိုးတယ် ခင်ဗျာ စဉ်စားကြည့်ပေတော့။ အဲဒါကို မြင်နေတဲ့ ပြည်သူတွေက ဘယ်လို ခံစားရမလဲဗျာ။ သူတို့က တကယ်တမ်းကျတော့ ပြည်သူတွေက ငြိမ်းငြမ်းချမ်းချမ်းနဲ့ ဒီလို ဟိုပြည်သူရဲ့ ဆန္ဒကို သံဃာတွေက ကိုယ်စား ပို့ပေးတဲ့ ဒီဘာမှ လက်နက် မပါတဲ့ သံဃာတွေကို နှိပ်နှိပ်စက်စက် လုပ်တယ်ဆိုတော့ သံဃာတွေက ဘယ်ခံနိုင်မလဲ။”
ရည်ညွှန်း။ ။http://69.64.67.53/breaking_news.php

No comments:

 
/* EOT ----------------------------------------- */