Tuesday, September 30, 2008

စစ်အစိုးရက မြန်မာသမိုင်းအဖွဲ့ဥပဒေကို ပြင်ဆင် ပြဌာန်း

ကိုစိုး | စက်တင်ဘာ ၂၉၊ ၂၀၀၈

စစ်အစိုးရက မြန်မာသမိုင်းအဖွဲ့ကို ပညာရေး ၀န်ကြီးဌာန လက်အောက်မှ ယဉ်ကျေးမှု ၀န်ကြီးဌာန လက်အောက်သို့ ပြောင်းလဲလိုက်သည့် ဥပဒေ ပြင်ဆင်ချက်ကို လွန်ခဲ့သည့် အပတ် စက်တင်ဘာ ၂၅ ရက်ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ မြန်မာသမိုင်းအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ကြေညာချက်အား စက်တင်ဘာ ၂၄ ရက်စွဲဖြင့် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် လက်မှတ် ထိုး၍ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယင်းမြန်မာသမိုင်းအဖွဲ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သိလိုသည့် ရှေးခေတ်မြန်မာမင်းများ၏ အုပ်ချုပ်ပုံနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ရှာဖွေဖော်ထုတ်ပေးရသည်ဟု သမိုင်းပညာရှင်များက ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူ့ကိုယ်သူ ရှင်ဘုရင် တံပါးကဲ့သို့ မှတ်ယူကျင့်သုံးနေကာ ၎င်း၏ အိမ်သို့ သွားရောက်လည် ပတ်သူများကိုလည်း အဆင့်နိမ့်ရာတွင် နေရာထိုင်ခင်းပေးသည့် ဆက်ဆံမှုများရှိကြောင်း မန္တလေး တက္ကသိုလ် သမိုင်း ပါမောက္ခ ဟောင်းတဦးက ပြောသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကိုယ်သူ ဘုရင်လို့ ထင်နေတာ၊ ဒါကြောင့် ရှေးခေတ်ရှင်ဘုရင်တွေ ကျင့်ကြံ နေထိုင် ပုံတွေကို သိချင်နေတာဖြစ်မှာပေါ့”ဟု ၎င်း က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၂ ခု ဧပြီလ ၂၃ ရက် ခန့်က စတင်၍ စစ်အစိုးရ အဖွဲ့ဝင်များအတွင်း သူ့ကိုယ်သူ အဆင့် အမြင့်ဆုံး ပုဂ္ဂိုလ်တဦးအဖြစ် ကျင့်ကြံနေထိုင်ခဲ့ကြောင်းလည်း သိရသည်။

၁၉၈၈ ခု နှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် သမိုင်းအမှန် ပြန်လည်ပြုစုရေးအတွက် ဟု ဆိုကာ စစ်အစိုးရက သမိုင်းကော်မတီ တရပ်ကိုလည်း ဖွဲ့စည်းခဲ့သေးသည်။

“ဒါဟာ စစ်အာဏာရှင်က သမိုင်းအမှန်ကို ဖုံးကွယ်ပြီး တိုင်းပြည်ကို လိမ်ဖို့ ကြိုးစားတာပဲ၊ သူတို့က စစ်တပ်ကို တိုင်းပြည်ရဲ့ စံပြပုံစံမျိုးလုပ်ချင်နေတာ”ဟု တခြားသော မြန်မာ သမိုင်းပညာရှင်တဦးကလည်း ပြောဆိုသည်။

မြန်မာသမိုင်းအဖွဲ့အား ၀န်ကြီးချုပ်ဟောင်း ဦးနု၏လက်ထက် ၁၉၅၅ ခုနှစ်တွင် မြန်မာသမိုင်းဆိုင်ရာ အချက် အလက် များကို စနစ်တကျပြုစုရန် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့ကို ၀န်ကြီးချုပ်ရုံးမှ တိုက်ရိုက် ကြီးကြပ် ကြောင်း သိရသည်။

၁၉၆၂ - ၁၉၈၈ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်၌ မြန်မာသမိုင်းအဖွဲ့သည် ယဉ်ကျေးမှု ၀န်ကြီးဌာန လက်အောက်တွင်ရှိခဲ့သော်လည်း ၁၉၈၅ ခုနှစ်၌ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် များ သမိုင်းသုတေသန ဦးစီးဌာနနှင့်တွဲဖက်ကာ ပြောင်းလဲထားခဲ့ခြင်းဖြစ်သည်။
မြန်မာသမိုင်း အဖွဲ့ဝင်များဖြစ်သော စစ်အာဏာရှင် သမ္မတဟောင်း ဦးနေ၀င်း၏ ဇနီး ဒေါ်နီနီမြင့်၊ ရန်ကုန် တက္ကသိုလ် သမိုင်းပါမောက္ခဟောင်း ဦးထွန်းအောင်ချိန်နှင့် ရန်ကုန် နိုင်ငံခြားဘာသာသင် တက္ကသိုလ်မှ ဦးစိုင်းအောင်ထွန်းတို့အပါအ၀င် အဖွဲ့ဝင် ၁၄ ဦး ကို စစ်အစိုးရက ထုတ်ပယ်လိုက်ကြောင်း ရန်ကုန် တက္ကသိုလ် သမိုင်းဌာနမှ တဆင့် သိရသည်။
http://www.irrawaddymedia.com/bur/news2008/September/Sep_29b_08.html

ဖတ်ကြည့်ချင်သေးလား....

Statement Of MPU

Read this document on Scribd: Statement Of MPU

ဖတ်ကြည့်ချင်သေးလား....

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၄)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၄)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ၃၀.၉.၂၀၀၈ နေ့လည် ၃း၀၀နာရီ မှ ၄း၀၀နာရီ အထိကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ မပျက်မကွက် တက်ရောက်ကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။
http://nldlajb.blogspot.com/

ဖတ်ကြည့်ချင်သေးလား....

NLD Statament

Read this document on Scribd: Nld Statament

ဖတ်ကြည့်ချင်သေးလား....

Read this document on Scribd: Computer Guide Written by Burmese

ဖတ်ကြည့်ချင်သေးလား....

Sunday, September 28, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း အနှစ်(၂၀)ပြည့် အထိမ်းအမှတ်ချီတက်ပွဲအခမ်းအနားကို ဂျပန်နိုင်ငံ၌ကျင်းပ (2)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း အနှစ်(၂၀)ပြည့် အထိမ်းအမှတ် ချီတက်ပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ကြီးမှုး၍ ဒီကနေ့ ၂၇-၉-၂၀၀၈(စနေနေ့)တွင် တိုကျိုမြို့ ရှိဘူရဘူတာအနီးရှိ မီယာရှိတ ပန်းခြံတွင် ကျင်းပခဲ့ပါသည်။ ထိုပန်းခြံမှစတင်၍ ရှိဘူရမြို့နယ် လူစည်ကားရာရပ်ကွက်များ၊ UN ရုံးရှေ့ကို လှည့်လည်၍ ချီတက်ဆန္ဒပြခဲ့ကြရာ မြန်မာဒီမိုကရေစီအရေးလိုလားသူများ၊ အဖွဲ့စည်း အသီးသီးမှ လူပေါင်း၅၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

ဖတ်ကြည့်ချင်သေးလား....

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း အနှစ်(၂၀)ပြည့် အထိမ်းအမှတ်ချီတက်ပွဲအခမ်းအနားကို ဂျပန်နိုင်ငံ၌ကျင်းပ (1)

ဖတ်ကြည့်ချင်သေးလား....

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထူထောင်ခြင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ်နေ့ အခမ်းအနားကို(2)


ဓာတ်ပုံ-မဇ္ဈိမ။

ဖတ်ကြည့်ချင်သေးလား....

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထူထောင်ခြင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ်နေ့ အခမ်းအနား(1)


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထူထောင်ခြင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ်နေ့ အခမ်းအနားကို စနေနေ့ စက်တင်ဘာလ ၂၇ စက်တင်ဘာလ၊ ၂၀၀၈ ခုနှစ်တွင် ပြုလုပ်သည်။

ဓာတ်ပုံ-မဇ္ဈိမ။

ဖတ်ကြည့်ချင်သေးလား....

အန်အယ်လ်ဒီ နှစ် ၂၀ ပြည့် အခမ်းအနားတွင် ပါတီဝင်တချို့ အဖမ်းခံရ

ကိုသက် | စက်တင်ဘာ ၂၇၊ ၂၀၀၈

ရန်ကုန်မြို့ အန်အယ်လ်ဒီ ဌာနချုပ်တွင်ပြုလုပ်သော ပါတီထူထောင်သည့် အနှစ် ၂၀ ပြည့် အခမ်းအနား၌ အဖွဲ့ဝင် ၉ ဦးကို အာဏာပိုင်တို့က ဖမ်းဆီးလိုက်သည်ဟု အန်အယ်လ်ဒီ သတင်းရပ်ကွက်က ပြောသည်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ အန်အယ်လ်ဒီ ပါတီဝင်များဖြစ်ကြသည့် မထက်ထက်ဦးဝေ၊ ဒေါ်ရှမ်းမတို့ အပါအ၀င် တခြားပါတီဝင် ၄ ဦးကို အခမ်းအနားမစမီနှင့် နောက်ထပ်ပါတီဝင် ၃ ဦးကို အခမ်းအနားမှအပြန် ပါတီဌာနချုပ်ရှေ့၌ပင် ဖမ်းဆီးခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်က အတည်ပြု ပြောဆိုသည်။


အဖမ်းခံရသူများအားလုံး၏ အမည်နှင့် ၎င်းတို့နေထိုင်ရာဒေသများကို အသေးစိပ် မသိရသေးပေ။

လုံခြုံရေးများတင်းကျပ်ထားသည့်ကြားက အန်အယ်လ်ဒီ ဌာနချုပ်ရှေ့တွင် ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့်အထိမ်း အမှတ်အဖြစ် အ၀ါရောင်အင်္ကျီများဝတ်ဆင်ထားသည့် လူငယ်တချို့က သရုပ်ပြ အစီအစဉ်တခုကို ပြုလုပ်ခဲ့ကြသည်။

“အခမ်းအနားမစခင်က ရုံးအရှေ့မှာ ၁၀ ဦးလောက်ရှိတယ်၊ အင်္ကျီအ၀ါတွေဝတ်ပြီး ဆန္ဒပြတဲ့ပုံစံမျိုးပေါ့ … အင်္ကျီအ၀ါဝတ် တယ်ဆိုတာကတော့ ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့်အထိမ်းအမှတ်ကို ရည်ညွှန်းတဲ့သဘောရှိတယ်” ဟု ဒေါက်တာ ၀င်းနိုင်က ပြောသည်။

အဆိုပါသရုပ်ပြအစီအစဉ်ကြောင့် ပါတီဝင်တချို့ အဖမ်းခံရသည်ဟုလည်း ယူဆရကြောင်း ၎င်းကဆိုသည်။

“အရင်တုန်းက အခမ်းအနားတွေလုပ်တိုင်း ရုံးရှေ့မှာ ချိုးငှက်တွေလွှတ်ပြီး ဆန္ဒပြတဲ့ပုံစံလေးတွေလုပ်တယ် .. ၅ မိနစ် လောက်ပေါ့၊ အဲဒီပွဲတွေမှာ မထက်ထက်ဦးဝေတို့က အမြဲတမ်းပါတယ်။ ဒါကြောင့်မို့ မထက်ထက်ဦးဝေတို့ကို လုပ်နေကျ လူတွေလို့ယူဆပြီး ကားပေါ်ကဆင်းတာနဲ့ ဖမ်းသွားတာ ဖြစ်မယ်” ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

မထက်ထက်ဦးဝေသည် ရွှေပြည်သာမြို့နယ် အန်အယ်လ်ဒီ အမျိုးသမီးအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ဒေါ်ရှမ်းမသည် ရွှေပြည်သာ မြို့နယ် အတွင်းရေးမှူး ဖြစ်သည်။

အနှစ် ၂၀ ပြည့် အခမ်းအနားပြုလုပ်နေချိန်တွင် လုံထိန်းကား ၅ စီးခန့်၊ စွမ်းအားရှင်များ၏ကား ၅ စီးခန့်၊ ၀ါရာလက်စ်ကား များ၊ အခြေအနေကိုကွပ်ကဲနေသည့် အရာရှိများနှင့် လန်ခရုဇာကားများ အန်အယ်လ်ဒီ ဌာနချုပ်ရှေ့အနီးတွင်ရပ်ကာ လုံခြုံရေးယူထားကြောင်း သိရသည်။

“ဘာအပြစ်မှမရှိ၊ ဘာမှမလုပ်ရဘဲ ဖမ်းတာကတော့ ဥပဒေမဲ့ ဖမ်းတာပဲ၊ ဒါမျိုး မဖြစ်သင့်ဘူး။ တိုင်းပြည်မှာ တကယ်ကို အကြပ်အတည်းတွေနဲ့ကြုံပြီး အချင်းချင်း ပြန်လည်သွေးစည်းညီညွတ်ရမယ့်အချိန်၊ တွေ့ဆုံဆွေးနွေးရမယ့် အချိန်မျိုးမှာ ဒီလို ဖမ်းတာဆီးတာ၊ ရိုက်နှက်တာတွေဟာ တိုင်းပြည်အတွက် ဘာမှဖြစ်လာမှာ မဟုတ်ဘူး” ဟု ဒေါက်တာဝင်းနိုင်က သုံးသပ်ပြောဆိုသည်။ [
http://www.irrawaddy.org/bur/news2008/September/Sep_27a_08.html

ဖတ်ကြည့်ချင်သေးလား....

ဒီမိုကရေစီအင်အားစုများ ညီညွတ်စွာပူးပေါင်းဆောင်ရွက်ရန် ဦးဝင်းတင် ပြောဆို

ကိုစိုး | စက်တင်ဘာ ၂၇၊ ၂၀၀၈

မကြသေးခင်က ပြန်လည်လွတ်မြောက်လာသည့် သတင်းစာ ဆရာကြီး ဦးဝင်းတင်က မြန်မာ့ဒီမိုကရေစီရေး အတွက် အန်အယ်လ်ဒီ တဖွဲ့တည်းနှင့် လုပ်ဆောင်၍မရကြောင်း တိုင်းရင်းသားများ အပါအ၀င် ဒီမိုကရေစီ အင်အားစုများ အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်၌ ယနေ့ ကျင်းပသော နှစ် ၂၀ ပြည့် အခမ်းအနားတွင် ပြောကြားလိုက်သည်။

ထို့အပြင် ထောင်ဝတ်စုံ အပြာရောင်ပုံစံအင်္ကျီ ၀တ်ဆင်ထားသော ဦးဝင်းတင်က စစ်အစိုးရ၏ ဖမ်းဆီးခံထားရဆဲ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိရာတွင် အားလုံး လွတ်မြောက်ခြင်း မဟုတ်ဘဲ ၎င်း လွတ်မြာက်လာရသည်ကို ရှက်ရွံ့ မိကြောင်း အခမ်းအနားမိန့် ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ဒေါက်တာ ၀င်းနိုင်က ပြောဆိုသည်။

“အဓိကသူပြောတာက အခု ဒီမိုကရေစီ တိုက်ပွဲက မပြီးဆုံးသေးဘူး၊ အန်အယ်လ်ဒီ တဖွဲ့ တည်းနဲ့လည်း မရနိုင် ဘူး၊ ဒါကြောင့် တိုင်းရင်းသား အင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး ညီညီညွတ်ညွတ် ဆောင်ရွက် ကြဖို့ လိုအပ်တယ်လို့ပြောပါတယ်၊ သူ အခုလို လွတ်မြောက်လာ ပေမယ့် ထောင်ထဲမှာ ရဲဘော်တွေ ၂၀၀၀ ကျော် လောက် ကျန်နေသေးတဲ့ အတွက် ရှက်ရွံ့တယ်တဲ့၊ သူ့အနေနဲ့ ၀မ်းသာရမယ့်အစား သူ့စိတ်ထဲမှာ ရဲဘော်တွေ အတွက် ခံစားရတယ်၊ သူရှက်တယ်တဲ့”ဟု ဒေါက်တာ ၀င်းနိုင်က ဧရာဝတီ သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စသည့် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်အရှင်မြတ် များ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရန် ၀ိုင်းဝန်း ကြိုးပမ်းကြရန်လည်း ဦးဝင်းတင်က တိုက်တွန်းပြောကြားသွားသည်ဟု ၎င်းကဆိုသည်။

အခမ်းအနားသို့ ပြီးခဲ့သည့် အင်္ဂါနေ့က စစ်အစိုးရ အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသော ဦးဝင်းတင် အပါ အ၀င် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေ တို့ လည်း တက်ရောက်လာ ကြပြီး အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေက သဘာပတိ မိန့်ခွန်း ပြောကြားရာတွင် ၎င်းတို့၏ မူလ တာဝန်များကို ပြန်လည် အပ်နှင်းကြောင်း ပြောကြားသည် ဟုလည်း သိရသည်။

“အခမ်းအနား မစခင်မှာ ဥက္ကဌ ဦးအောင်ရွှေက နေပြီးတော့ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြတဲ့ ဦးဝင်းတင် နဲ့ ဦးခင်မောင်ဆွေတို့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ တာဝန်ပြန်လည် ထမ်းဆောင်ဖို့၊ ဒေါက်တာ သန်းငြိမ်းကို လည်း ရန်ကုန်တိုင်းစည်းရုံးရေး ဒု ဥက္ကဌ တာဝန်ကို ပြန်လည် ထမ်းဆောင်ဖို့ ပန်ကြားပါတယ်၊ သူတို့အားလုံးက လည်း သဘောတူညီပါတယ်”ဟု ဒေါက်တာ ၀င်းနိုင်က ပြောပြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က“ဦးဝင်းတင်ဆိုရင် ကျနော်နဲ့ ရန်ကုန် ဆေးရုံကြီးမှာ လပေါင်းများစွာအကြာကြီး အတူတူနေလာတော့ သူရဲ့ ရပ်တည်ချက်၊ နိုင်ငံရေး အမြင် တွေကို တော်တော် လေး လေ့လာခွင့်ရခဲ့ပါတယ်၊ ဒေါက်တာ သန်းငြိမ်းလည်း ထို့အတူပါပဲ၊ ဒီလိုပုဂ္ဂိုလ်တွေ အန်အယ်လ်ဒီထဲမှာ ၀င်ရောက်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်မယ်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသား ခေါင်း ဆောင်များ၊ ပါတီများ အနေနဲ့လည်း အန်အယ်လ်ဒီကို ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ အရင်က ထက်တော့ နိုင်ငံရေး လှုပ်ရှားမှုတွေ ပိုလုပ်လာနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်၊ တကယ့်ကို အောင်အောင် မြင်မြင် ဆောင်ရွက်နိုင်ဖို့ကတော့ လူတဦးတယောက်တည်းအပေါ်မှာ မှုမတည်ဘူး၊ တိုင်းပြည် တခုလုံးနဲ့တကွ နိုင်ငံရေးဦးဆောင် အဖွဲ့အစည်း၊ ခေါင်းဆောင်အားလုံးအပေါ်မှာ တည်ပါတယ်”ဟု ပြောသည်။

ယင်းအခမ်းအနားတွင် စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုပြီး မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒကို ယနေ့ အထိ ငြင်းဆန်နေကြောင်း၊ပြီးခဲ့သည့် မေလက ပြုလုပ်သော အခြေခံဥပဒေ အတည်ပြု ဆန္ဒခံ ယူပွဲသည် ပြည်သူ့ဆန္ဒကို မရိုးမသား လိမ်လည်ရယူခြင်းဖြစ်၍ လက်မခံကြောင်း၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း အသိအမှတ်မပြုကြောင်း စသည့် အချက်များ ပါဝင်သည့် စာမျက်နှာ ၆ မျက်နှာပါ ကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်သည်။

အန်အယ်လ်ဒီ အနှစ် ၂၀ လှုပ်ရှားဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီ သည် ပြည်သူများနှင့် နိုင်ငံရေး အင်အားစု များ မျှော်မှန်းသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရန် မလုပ်ဆောင်နေသေးကြောင်း ဦးအေးသာအောင်က သုံးသပ်သည်။

“အဓိကကတော့ အန်အယ်လ်ဒီ ဟာ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ တရှိန်ထိုး ပြည်သူတွေရဲ့ အားကိုး ယုံကြည်မှုကို ရခဲ့တယ်၊ ဒါပေမယ့် အန်အယ်လ်ဒီဟာ ပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေ မျှော်မှန်းသလို တကယ့် ဒီမိုကရေစီလမ်း ကြောင်းပေါ် ရောက်အောင်ယနေ့အထိ မလုပ်နိုင်သေးဘူး၊ အဲဒီမှာ ဘာပဲပြောပြော တဘက်မှာ စစ်အာဏာရှင်တို့ရဲ ဖိနှိပ်မှုတွေရှိသော် ငြားလည်း ဒီမိုကရေစီနိုင်ငံဖြစ်ဖို့၊ ဒီမိုကရေစီလမ်းကြောင်း ပေါ်ရောက်ဖို့ တကယ်ကို အောင်မြင်အောင် မဆောင်ရွက်နိုင်သေးဘူးဆိုတာကိုတော့ ၀န်ခံရလိမ့်မယ်”ဟု ဦးအေးသာအောင်က ပြောသည်။

၎င်းက ဆက်လက်ပြီး“အဲဒီအခါမှာကျနော်တို့အပါအ၀င် နိုင်ငံရေးပါတီတွေမှာ၊ နိုင်ငံရေးခေါင်းဆောင်တွေမှာ ဘာပဲဖြစ်ဖြစ် တစုံတခု အတိုင်းအတာအထိ ကြိုးပမ်းအားထုတ်မှုနဲ့ စွမ်းဆောင်မှုပိုင်းမှာ အားနည်းချက်ရှိတယ်လို့ ကျနော်အနေနဲ့ သုံးသပ်ပါ တယ်”ဟုလည်း ဆိုသည်။

အန်အယ်လ်ဒီ အနှစ် ၂၀ ပြည့် အခမ်းအနား မကျင်းပမီနှင့် ကျင်းပပြီးချိန်တွင် အဖွဲ့ဝင် ၉ ဦး ခန့် ဖမ်းဆီး ခံရ ကြောင်းနှင့် လုံခြုံရေးများ တင်းကျပ်စွာ ချထားကြောင်းလည်း သိရသည်။

ယနေ့ အန်အယ်လ်ဒီ အခမ်းအနားသို့ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့် ဒီမိုကရေစီပါတီစသည့် တခြားသော နိုင်ငံရေး အင်အားစုများက သ၀ဏ်လွှာများပေးပို့ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များ၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စသည့် နိုင်ငံခြားသံတမန်များနှင့် တခြားသောဖိတ်ကြားထားသူများ တက်ရောက် ကြကြောင်း အန်အယ်လ်ဒီက ပြောသည်။

စက်တင်ဘာ ၂၂ ရက်နေ့တွင် အန်အယ်လ်ဒီ က ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် ကြေညာချက်အား ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ရုပ်သိမ်းပေးရန် ကြာသပတေး နေ့က အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ခေါ်ယူပြောဆိုခဲ့သည်။

အန်အယ်လ်ဒီ သည် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပြည့် ပါတီစုံ အထွေ ထွေရွေး ကောက်ပွဲ၌ ၈၀ ရာခိုင်နှုန်းကျော် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သောပါတီဖြစ်သော်လည်း စစ်အစိုးရ က ယင်းရွေး ကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာလွှဲပြောင်းခြင်းမပြုခဲ့ပေ။ http://www.irrawaddy.org/bur/news2008/September/Sep_27b_08.html

ဖတ်ကြည့်ချင်သေးလား....

Saturday, September 27, 2008

အရေတော်ပုံ အောင်ရမည်။


ဖန်တီးသူ Kyaw Swa Linn
Head of Foreign Affairs Bureau.NLD (LA) Korea Branch

ဖတ်ကြည့်ချင်သေးလား....

Letter to 20th Anniversary of NLD by FDB


ဖတ်ကြည့်ချင်သေးလား....

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရမည်ဟု တစညပါတီမျှော်လင့်

သွင်ဇော်/ ၂၆ စက်တင်ဘာ ၂၀၀၈။ ။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) က အနိုင်ရ ရှိရန် မျှော်လင့်ထားကြောင်း ယင်းပါတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးက စက်တင်ဘာ (၂၄) ရက်က ရှားရှားပါးပါးပြုလုပ်သည့် တစညပါတီ သတင်းစာရှင်းလင်းပွဲ၌ ပြည်တွင်း ပြည်ပ သတင်းစာဆရာများကို ပြောကြားသည်။

ဦးခင်မောင်ကြီးက “၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျနော်တို့ ရှုံးခဲ့ရတယ်ဆိုတာ အဲဒီတုန်းက ပြည်သူတွေက ကျနော်တို့အပေါ်မှာ နာကြည်းချက်ရှိခဲ့ကြလို့ အန်အယ်လ်ဒီကို မဲပုံပေး ခဲ့ကြတာပါ။ အဲဒီလိုနာကြည်းချက်တွေ ရှိတဲ့ကြားထဲက ကျနော်တို့ပါတီဟာ မဲဆန္ဒနယ် (၁၂) ခုမှာ အနိုင်ရရှိခဲ့ပါ တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျနော်တို့ပါတီအပေါ်မှာ သံယောဇဉ်ရှိသူတွေ အများအပြားရှိနေ တယ်ဆိုတာ ထင်ရှားပါတယ်။ အခုအချိန်မှာ တိုင်းပြည်ရဲအခြေအနေဟာ အရင်အနှစ် (၂၀) က ထက်စာရင် အများကြီး ပြောင်းလဲတိုးတက်သွားပါပြီ။ ပြည်သူလူထုရဲ့သဘောထားဟာလည်း အများကြီးပြောင်းသွားပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲရဲ့ရလဒ်ကို တသမတ်တည်း ဖက်တွယ်ထားလို့ မရတော့ပါဘူး။ ဒါကြောင့်မို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျနော်တို့ပါတီ အနိုင်ရရှိလိမ့်မယ်လို့ မျှော်လင့် ထားပါတယ်” ဟု ပြောသည်။


ပါတီ၏ လက်ရှိတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးက သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရင်း ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို အန်အယ်လ်ဒီ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကျင်းပဖို့ အလားအလာ ရှိမရှိနှင့် တစည ပါတီ၏ စီးပွားရေးပေါ်လစီသည် ယခင် မဆလ စီးပွားရေးပေါ်လစီနှင့် အတူတူဖြစ်ပါသလား စသည့် မေးခွန်းများကို နိုင်ငံခြားသတင်းထောက်အချို့က မေးမြန်းရာ တစည ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ကြီးက ပြန်လည်ဖြေကြားနိုင်ခြင်း မရှိဟု စုံစမ်းသိရှိရသည်။

“ပြည်သူ့ဆန္ဒခံယူပွဲနဲ့ အတည်ပြုပြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နဲ့အညီ အကောင်အထည်ဖော် မယ့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို ချီတက်ကြတဲ့အခါ ကိုယ့်ပါတီအကျိုး၊ ကိုယ့်အစုအဖွဲ့ အကျိုး ထက် တိုင်းပြည်အကျိုးကို ဦးစားပေးဖို့လိုပါတယ်။ ဒါကြောင့်မို့ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကြီးမှာ နိုင်ငံရေးပါတီတွေအားလုံး တက်တက်ကြွကြွနဲ့ ပါဝင်ပြီး တရားသဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကြ ဖို့ကိုလည်း တိုက်တွန်းပါတယ်” ဟု ဦးခင်မောင်ကြီးက ဆက်လက်ပြောကြားသည်။

သို့သော် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကပင် တစညခေါင်းဆောင် ဗိုလ်ချုပ်ထွန်းရီနှင့်အဖွဲ့ကို စစ်အစိုးရက ပြည်တွင်း လွတ်လပ်စွာ စည်းရုံးခွင့်ပေးထားသော်လည်း အန်အယ်လ်ဒီပါတီကို မည်သည့်အတွက် စည်းရုံးခွင့်မပေးသည်ကိုမူ ဦးခင်မောင်ကြီးက ပြောဆိုခြင်းမရှိပေ။

ဦးခင်မောင်ကြီးသည် အမျိုးသားညီလာခံ တက်ရောက်နေစဉ်ကာလကပင် ၂၀၁၀ ရွေးကောက်ပွဲ၌ စစ်အစိုးရက ပါတီကြီးသုံးလေးခုသာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပေးမှာဖြစ်ပြီး အဖျက်ခံထားရသည့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများ ၀င်ရောက်ခွင့်မရှိဟု ပြောခဲ့သူဖြစ်သည်။ ထို့ပြင် ကြံ့ဖွံ့အဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် စစ်အစိုးရက ပြောင်းလဲမှာဖြစ်သည်ဟုပါ တစညပါတီ သတင်းစာရှင်းလင်းပွဲတခုတွင် ဦးခင်မောင်ကြီးက ပြောခဲ့သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) သည် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်ဖွဲ့စည်းခဲ့ သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို အမည်ပြောင်းလဲထားသော နိုင်ငံရေးပါတီတခု ဖြစ်သည်။ ၁၉၈၈ ခုတွင် ပေါ်ပေါက်ခဲ့သော ပြည်သူလူထု၏ ဒီမိုကရေစီ တောင်းဆိုအုံကြွမှုကြီး အတွင်း အာဏာကို စစ်တပ်လက်သို့ လွှဲပေးပြီးနောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဟူသောအမည်ကို ပြောင်းလဲခဲ့သည်။

ယင်းပါတီသည် ၁၉၉၀ ပြည့်နှစ် မေလရွေးကောက်ပွဲတွင် အဓိက ယှဉ်ပြိုင်ဘက် ပါတီဖြစ်သော ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန် အယ်လ်ဒီ) ကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည် တစညပါတီ၏ လက်ရှိဥက္ကဋ္ဌမှာ မဆလ ဗဟို ကော်မတီဝင်ဟောင်းလည်းဖြစ်၊ ဗိုလ်ချုပ်ဟောင်းလည်းဖြစ်သူ ဦးထွန်းရီ ဖြစ်သည်။

တစညပါတီသည် ပါတီဝင်ငွေရရန်အတွက် စီးပွားရေးလုပ်ငန်း အများအပြား လုပ်ကိုင်ခွင့်ရထား သကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမီးငယ်တဦးက ရန်ကုန်ရွှေတောင်ကြားရိပ်သာ(၁) ခေါ် ဗိုလ် ချုပ်ရွာရှိ တစညရုံးချုပ်ပိုင် မြေအချို့ကို ပိုင်းဝယ်ထားပြီး အိမ်ဆောက်ထားသည်ဟု စုံစမ်းသိရသည်။
http://www.khitpyaing.org/archives/4046

ဖတ်ကြည့်ချင်သေးလား....

လွှတ်တော်ခေါ်ယူပေးရေးတောင်းဆိုမှု ပြန်ရုပ်သိမ်းရန် ရဲချုပ်ဖိအားပေးမှုကို အန်အယ်လ်ဒီငြင်းဆန်

ပီတာအောင်/ ၂၆ စက်တင်ဘာ ၂၀၀၈။ ။

ပြည်သူ့လွှတ်တော်ခေါ်ယူ၍ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ကြရန် ကမ်းလှမ်းထားသည့် ကြေညာ ချက်ကို ပြန်ရုပ်သိမ်းရန် ရဲချုပ်၏ တောင်းဆိုမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက လက်မခံဘဲ ငြင်းဆန်လိုက်ကြောင်း ခေတ်ပြိုင်သို့ ပြောကြားသည်။

ယမန်နေ့ မွန်းလွဲ (၂) နာရီက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်ရွှေအပါအ၀င် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၆) ဦးကို ပြည်ထဲရေးဝန်ကြီးဌာန၌ ခေါ်ယူတွေ့ဆုံ ကာ ခေါ်ယူသတိပေးသည့်အပေါ် အန်အယ်လ်ဒီက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလဆန္ဒခံယူပွဲ၌ အာဏာပိုင်များကိုယ်တိုင် မမှန်မကန် လုပ်ဆောင်ခဲ့သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုအများစုနှင့် အန်အယ်လ်ဒီက လက်မခံနိုင်ကြောင်း အန်အယ်လ်ဒီ၏ ကြေညာချက်၌ ဖော်ပြခြင်းသည် ပြည်သူလူထုကို လှုံ့ဆော်ရာရောက်သဖြင့် ရုပ်သိမ်းပေးရန် ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက အန်အယ်လ်ဒီ ခေါင်းဆောင် များနှင့်တွေ့ဆုံရာ၌ သတိပေးပြောကြားခဲ့သည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကပြောသည်။

၎င်းက “မနေ့ကဆွေးနွေးတဲ့အထဲမှာ သုံးသပ်ရေးကော်မတီဖွဲ့ဖို့တို့ဘာတို့နဲ့ ပတ်သက်ပြီး တလုံးတပါဒမှမပြောပါဘူး။ No လည်းမပြောဘူး။ Yes လည်းမပြောဘူး။ ပြည်သူလူထုကို လှုံ့ဆော်တဲ့သဘောရှိတဲ့အတွက် ရုပ်သိမ်းပေးပါလို့ပဲ ပြော တယ်။ ကျနော်တို့ အဖွဲ့ချုပ်လူကြီးတွေကတော့ ဒီဥစ္စာတွေဟာ အကုန်လုံးအမှန်အကန်တွေ သက်သေ အထောက်အထား တွေလည်း အကုန်ရှိတယ်။ အဲတော့ ဒီဟာတွေနဲ့ပတ်သက်ပြီး ပြန်ပြီးရုပ်သိမ်းမပေးနိုင်ဘူးလို့ပဲ ဖြေကြားခဲ့ပါတယ်” ဟု ပြောကြားသည်။

ယခုကဲ့သို့ ကြေညာချက် ပြန်ရုပ်သိမ်းပေးရန် ခေါ်ယူသတိပေးမှုမျိုး ယခင်က မရှိခဲ့ဘူးကြောင်း၊ သတိပေးမှုကို ငြင်းဆန် လိုက်သဖြင့် နောင်အကျိုးဆက် မည်သို့ဖြစ်လာမည်ကို မပြောနိုင်သေးကြောင်းနှင့် အာဏာပိုင်တို့၏ ဆုံးဖြတ်ချက်အပေါ်၌ သာ မူတည်ကြောင်း အန်အယ်လ်ဒီက ပြောကြားသည်။

စက်တင်ဘာ (၂၂) ရက်က ထုတ်ပြန်သည့် အန်အယ်လ်ဒီ အထူးကြေညာချက်၌ ပြည်သူ့လွှတ်တော် အမြန်ဆုံး ခေါ်ယူ ဖွဲ့စည်းပေးရန်နှင့် ထိုလွှတ်တော်က တပ်မတော်၊ တိုင်းရင်းသားများနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ရေးကော်မတီဖွဲ့စည်းကာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ကြရန် တောင်းဆိုထားသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခဲ့ခြင်းမဟုတ်ဘဲ အာဏာပိုင်တို့ စိတ်ကြိုက်ရွေးချယ်ထားသည့် ပုဂ္ဂိုလ်များဖြင့် တဖက်သတ် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၀၈ မေလ ဆန္ဒခံယူပွဲ သည်လည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကို ချိုးဖောက်၍ အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိမ်လည် လှည့်ဖြားခြင်း၊ မလျော်သြဇာသုံးခြင်းတို့ပြုလုပ်၍ အတင်းအဓမ္မ အတည်ပြုထားသဖြင့် ပြည်သူလူထုအများစုက လက်မခံနိုင်ကြောင်းလည်း အချက်အလက်များဖြင့် ထောက်ပြဝေဖန်ထားသည်။

ထိုကြေညာချက်သည် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်ခြင်း၊ နိုင်ငံတော်အစိုးရအပေါ် ပြည်သူ များက အထင်မှားအကြည်ညိုပျက်စေခြင်း၊ နိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနှင့် ချစ်ကြည်ရင်း နှီးမှု၊ ပူးပေါင်းဆောင်ရွက်နေမှုများကို သိက္ခာကျဆင်းစေခြင်း၊ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသော အများပြည်သူများအား စော်ကားရာ ရောက်စေခြင်းတို့ ရေးသားဖော်ပြထားသဖြင့် ရဲချုပ်က ခေါ်ယူသတိပေး ပြောကြားခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရသတင်စာများတွင် ဖော်ပြသည်။

ယမန်နေ့က ရဲချုပ်က ခေါ်ယူတွေ့ဆုံရာသို့ ကျန်းမာရေးမကောင်းသည့် ဦးလွန်းတင်မှအပ အန်အယ်လ်ဒီပါတီမှ ဗဟို အလုပ်အမှု ဆောင်ကော်မတီဝင်များဖြစ်သည့် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေနှင့် သခင်စိုးမြင့်တို့ သွားရောက်ခဲ့ကြကြောင်း သိရ သည်။

၂၀၀၇ ခု ဖေဖော်ဝါရီ (၁၅) ရက်ကလည်း ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အတွင်းရေးမှူး ဦးအေးသာအောင်တို့ကို ခေါ်ယူတွေ့ဆုံကာ သဘောထား တောင်းဆိုချက်များ ထုတ်ပြန်ခြင်းမပြုလုပ်ရန်နှင့် စီအာပီပီသည် တရားဝင်အဖွဲ့အစည်းမဟုတ်ကြောင်း၊ ဥပဒေနှင့် ငြိစွန်းနေသဖြင့် ပြစ်ဒဏ် (၅) နှစ်အထိ ချမှတ်နိုင်ကြောင်း သတိပေးခဲ့ဖူးသည်။
http://www.khitpyaing.org/archives/4040

ဖတ်ကြည့်ချင်သေးလား....

ဆိုင်ကယ်မောင်မောင်နှင့် သူ၏ အိပ်မက်ဆိုးများ

အေးချမ်းမြေ့ | စက်တင်ဘာ ၂၆၊ ၂၀၀၈

“ငါ့ကိုမခေါ်နဲ့ …. မခေါ်ကြပါနဲ့” ဟူသော အသံနက်ကြီးကို ယမန်နှစ် နိုဝင်ဘာလလယ်ပိုင်း၊ တခုသောညက ဆိုင်ကယ် မောင်မောင်၏ အိမ်နီးနားချင်းများ အားလုံး စိတ်မချမ်းမြေ့ဖွယ်ရာ ကြားခဲ့ကြရသည်။

နောက်တနေ့ နံနက်တွင်တော့ သူ၏ အသက်မရှိတော့သော ခန္ဓာကိုယ်ကြီးကိုသာ သူ့အိပ်ရာထက်တွင် မြင်တွေ့ကြရ သည်ဟု အင်းစိန်မြို့နယ် ဖော့ကန်ရှိ သူ့အိမ်နား ပတ်ဝန်းကျင်တွင် နေထိုင်သူတို့က ပြောပြကြသည်။

“သူက စက်တင်ဘာ အရေးတော်ပုံတုန်းက ဘုန်းကြီးတွေကိုကော လူကြီးတွေကိုပါ အင်းစိန် ဂျီတီအိုင်ထဲမှာ ရိုက်ခဲ့ တာပေါ့ဗျာ” ဟု သူ့အိမ်နီးချင်း တဦးက ဆိုသည်။

ဆိုင်ကယ်မောင်မောင် ဆိုလျင် ဖော့ကန်တဝိုက်တွင် မသိသူမရှိ။ သူ့အမည်ရင်းက မောင်မောင်။ သို့သော်လည်း ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသောကြောင့် သူ့ကို ဆိုင်ကယ် မောင်မောင်ဟု ကွဲကွဲပြားပြားခေါ်ကြသည်။


“ပုံစံက အရပ်မြင့်မြင့်၊ ဘော်ဒီတောင့်တောင့်၊ နှုတ်ခမ်းမွေးနဲ့။ ကျော်ဟိန်းညီ ဇော်ဇော် တို့လိုပုံစံ” ဟု သူ့ကိုမြင်ဖူးသူ တဦးက ပုံဖော်ပြသည်။

ဆိုင်ကယ်မောင်မောင်ရဲ့ အပြင်ပန်းပုံစံက လူမိုက်တယောက်လို ဆိုပေမယ့် ရပ်ကွက်ထဲ တွင် ဆိုးသွမ်း မိုက်ကန်းနေသူ တယောက်တော့ မဟုတ်ပါ။ သို့သော်လည်း သူ့အကျိုး စီးပွားအတွက်ဆိုလျင် လက်ရဲဇက်ရဲ လုပ်ရဲကိုင်ရဲသူ တဦးဟုတော့ ဆိုရမည် ဖြစ်သည်။

“ကျနော့် ဆိုင်ကယ်ထဲက စက်ပစ္စည်းတွေတောင် ဖြောင်ဖူးတယ်ဗျ” ဟု သူနှင့် ဆက်ဆံ ဖူးသူတဦးက ပြောသည်။

ယခင်နှစ် စက်တင်ဘာ အရေးတော်ပုံကာလ မေတ္တာပို့ လမ်းလျှောက်ကြသည့် သံဃာများ နှင့် လူထုကို နှိမ်နင်းရန် “စွမ်းအားရှင်” ဆိုသည့် လက်ကိုင်တုတ် လူတန်းစားတရပ်ကို စစ် အာဏာရှင်များက ဖန်တီး မွေးထုတ်လိုက်ရာ ဆိုင်ကယ် မောင်မောင်သည်လည်း စွမ်းအားရှင် တဦးအဖြစ် ထိုဇာတ်လမ်းတွင် ပါဝင်ကပြခဲ့သည်။

စွမ်းအားရှင်ဆိုသည့် လူတန်းစားတွင် လက်ရဲဇက်ရဲ မိုက်ကမ်းရဲသူများသာ ပါဝင်သည်။ အပြစ်မရှိသည့် သံဃာနှင့် ပြည်သူ လူထုကို အသားလွတ် ရိုက်နှက်ကန်ကျောက်ဖို့ ဆိုသည်က အနည်းနှင့်အများ မိုက်မဲမှဖြစ်မည်။ ငွေရရုံ ဒါမှမဟုတ် အကျိုး စီးပွား တခုခုရရုံသက်သက်ဖြင့် တဖက်သားခိုင်းသမျှ ဆိုးဆိုးကောင်းကောင်း လုပ်ဖို့ဆိုသည်က ပုံမှန် အသိဥာဏ်ရှိသူ၊ စဉ်းစားတွေးခေါ်သူတို့ အတွက် မလွယ်လှ။

“ဆိုင်ကယ် မောင်မောင်က သိပ်ပြီး နလပိန်းတုံးတော့ မဟုတ်ဘူးဗျ။ လုံးဝ မတွေးတတ် မခေါ်တတ်တဲ့ သူမျိုးတော့ မဟုတ်ဘူး။ သူ့အကျိုးစီးပွားတခုခုကြောင့် ခိုင်းတာလုပ်ရင်း ကျွံသွားတာလို့ ထင်တယ်” ဟု သူနှင့် ဆက်ဆံဖူးသူတဦးက ပြောပြသည်။

ဆိုင်ကယ်မောင်မောင်၏ အဖြစ်အပျက်က တချို့သော အခွင့်အရေးမားများ၊ အကျင့်ပျက် ခြစားသူများ နည်းတူ သိပ်မထူး ဆန်းလှ။ သူ့အပေါင်းအသင်းများက ရဲများ၊ စစ်သားများ နှင့် ကြံ့ဖွံ့များဖြစ်သည်။ ထိုသူများနှင့် သူက အပေးအယူရှိသည်။ ထို့ကြောင့်ပဲသူက စွမ်းအားရှင်တဦး ဖြစ်လာခဲ့သည်။ စွမ်းအားရှင် တဦးအဖြစ် စစ်အာဏာပိုင်များထံမှ လက်ကိုင်ဖုန်း ပါမစ် အပါအဝင် တခြားသော အခွင့်အရေးများရသည်။

အချုပ်မှာတော့ မနှစ်က ယခုလိုအချိန် စက်တင်ဘာ ၂၆ ရက်နေ့ အပြစ်မဲ့ သံဃာများနှင့် ပြည်သူလူထုကို ရိုက်နှက် နှိမ်နင်းရာမှာ ဆိုင်ကယ်မောင်မောင်ပါလာခဲ့တော့သည်။ သူ့ အိမ်နီးချင်းများ၏ အဆိုအရ ဆိုင်ကယ်မောင်မောင့် လက်ချက်ဖြင့် သံဃာတပါး ပျံလွန် တော်မူရသည်ဟု သိရသည်။

သူ့ပုံကို ဂြိုဟ်တု ရုပ်မြင်သံကြားသတင်းများတွင် မြင်ရသည်ဟုလည်း ဆိုသည်။ ထိုသတင်း များတွင် သူက သံဃာများနှင့် လူထုကို ရက်ရက်စက်စက် ရိုက်နှက်နေသည်ကို မြင်ရသည် ဟု သူ့အိမ်နီးချင်းများက ပြော သည်။

အဲဒီနောက်မှာတော့ သူ့ပတ်ဝန်းကျင်က သူ့ကို စက်ဆုပ်ရွံ့ရှာကုန်ကြသည်။ ဗုဒ္ဓဘာသာဝင် တဦးဖြစ်လျှက် နှင့် လက်နက်မဲ့ သံဃာများကို ရိုက်ရက်သော ဆိုင်ကယ်မောင်မောင်ကို မည်သူတ ဦးတယောက်ကမှ အခေါ်အပြောမလုပ်ချင်ကြတော့။

ကောလာဟလများကလည်း ပျံ့နှံ့နေသည်။ အစိုးရက စက်တင်ဘာ အရေးတော်ပုံတွင် ပါဝင်သည့် သံဃာများနှင့် လူထုကို နှိမ်နင်းရန် တာဝန်ပေးထားသော စစ်သားများ၊ ရဲများ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင် များကို မူးယစ်ဆေးတချို့ ကျွေးထားသည် ဟူ၍ဖြစ်၏။ ဟုတ်မ ဟုတ်တော့မသိ။ ထိုသတင်း မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဆိုင်ကယ်မောင်မောင်ကို ပတ်ဝန်း ကျင်က လုံးဝကြဉ်လိုက်ကြပြီဖြစ်သည်။

တကိုယ်တည်း အထီးကျန်ဘဝဖြင့် ပတ်ဝန်းကျင်နှင့်ကင်းကွာစွာ နေခဲ့ရသော ဆိုင်ကယ် မောင်မောင်မှာ စက်တင်ဘာ သံဃာများနှင့် လူထုကို နှိမ်နင်းအပြီး ၆ ပတ်ခန့်အကြာတွင် ထူးဆန်းစွာ သေဆုံးခဲ့တော့သည်။

ပတ်ဝန်းကျင်ကတော့ သူ့ကို သရဲဖမ်းစားသည်ဟုပြောကြသည်။ နိုဝင်ဘာတညတွင် သူ့ကို ခွေးမည်းကြီး တကောင်က ခုန်အုပ်ကာ ကိုက်ခဲသဖြင့် လဲကျခဲ့ရသည်ဟု ဆိုသည်။ သို့ရာတွင် ပတ်ဝန်းကျင်ရှိ မည်သူ တစုံတဦးကမှ ထိုခွေးမည်းကြီး ကိုမတွေ့လိုက်ကြ။ သူ့ပတ်ဝန်းကျင်တွင် မည်သည့်ခွေး တကောင်မျှ မရှိဟု ဆိုကြသည်။

အဲဒီနောက်တွင်တော့ သူ့ပတ်ဝန်းကျင်က “ငါ့ကိုမခေါ်ကြပါနဲ့ … မခေါ်ကြပါနဲ့” ဟူသော ဆိုင်ကယ် မောင်မောင်၏ အသံနက်ကြီးကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြားကြရတော့၏။

ကျန်ရစ်သူမိသားစုက ဆိုင်ကယ်မောင်မောင်၏ အသုဘအတွက် သရဏဂုံတင်ရန် ဒေသခံ သံဃာတော်များ ကို ပင့်ဆောင်၍ မရရှိခဲ့ပေ။ တခြားသော ဒေသမှသံဃာတော်များကို ပင့် ဆောင်ရာ၌လည်း အခက်အခဲ ဖြစ်နေကြသည်။ အသုဘကို ၁ ပတ်ကျော်သည်ထိ မချရဘဲ ဖြစ်နေခဲ့သည်။ ရက်အနည်းငယ် အကြာမှ သံဃာတချို့ကို ပင့်ဆောင်နိုင်ခဲ့ပြီး အသုဘ အခမ်းအနား ကျင်းပခဲ့ရသည်ဟု သိရသည်။

ဆိုင်ကယ်မောင်မောင်၏ အသုဘအခမ်းအနားကို သူမသေခင်က ကြဉ်ခဲ့ကြသော ဖော့ကန် တရပ်ကွက်လုံး က အထူး အဆန်းသဖွယ် လိုက်ပါပို့ဆောင်ကြသဖြင့် သင်္ချိုင်းပင် လျှံထွက် သွားခဲ့သည်။ သို့ရာတွင် သူ့ဝိဥာဉ် ကတော့ အထီးကျန် စိတ်ကို ခံစားရင်း သေဆုံးခဲ့ရခြင်းဖြစ်သည်။

“သူက နည်းနည်း စဉ်းစားတွေးခေါ်တတ်တဲ့သူဆိုတော့ စိတ်ထဲမှာတနုံ့နုံ့ခံစားရင်း စိတ္တဇ ဖြစ်သွားတာ။ သရဲခေါ်သွားတာ လည်း မဟုတ်ဘူး၊ တခြားရောဂါကြီးတွေ ခံစားရတာလည်း မဟုတ်ဘူး၊ သူ့ရဲ့အရိပ်က သူ့ကိုပြန်သတ်သွားတာ” ဟု ဆိုင်ကယ်မောင်မောင်၏ အိမ်နီးချင်း တဦးကပြောပြသည်။

ဆိုင်ကယ်မောင်မောင်ကဲ့သို့သော ထိတ်လန့်တုန်လှုပ်နေသည့် အထီးကျန်ဝိဥာဉ်များက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လူသတ်စစ်အာဏာရှင်များ၏ အိပ်မက်များထဲကို ညစဉ်လည်ပတ်ရင်း ခြောက်လှန့်နေကြ သည်ဟု ဆိုလျင် မည်သူမျှ ငြင်းဆိုလိမ့်မည် မဟုတ်ပေ။ ။
http://www.irrawaddy.org/bur/print/Articles2008/September/14.html

ဖတ်ကြည့်ချင်သေးလား....

ဗိုလ်ကြီးဝင်းထိန်ကို ကသာထောင်မှာ မိသားစုက ထောင်ဝင်စာတွေ့

NEJ / ၂၆ စက်တင်ဘာ ၂၀၀၈။ ။

ထောင်မှလွတ်လာပြီးမှ ပြန်အဖမ်းခံရသည့် ဗိုလ်ကြီးဝင်းထိန်သည် စစ်ကိုင်းတိုင်း ကသာထောင်၌ ပြန်လည် အကျဉ်းကျ ခံနေရသည်ဟု ဗိုလ်ကြီးဝင်းထိန်၏ မိသားစုက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။

ယမန်နေ့က ထောင်ဝင်စာသွားတွေ့ခဲ့သည့် ဗိုလ်ကြီးဝင်းထိန်၏ ဇနီးဖြစ်သူက “အန်တီက မန္တလေးပဲ ရောက်သေးတယ်။ ရန်ကုန်ပြန်ဆင်းရမှာဆိုတော့ လောလောဆယ်တော့ အန်ကယ်လ်က နဂိုနေရာမှာပေါ့နော်။ အန်တီတို့က ထောင်ဝင်စာ သဘောမျိုး သွားတွေ့တာပဲရှိတယ်။ လောလောဆယ်တော့ ထောင်ဝင်စာသွားတွေ့တယ်လို့ ဒါပဲပြောလို့ရသေးတယ်။ အန်တီအချိန်မရလို့ပါ” ဟု ပြောသည်။
ဗိုလ်ကြီးဝင်းထိန်သည် စက်တင်ဘာ (၂၃) ရက်က အကျဉ်းသား (၉၀၀,၂) ဦးကို စစ်အစိုးရက ပြန်လွှတ်ပေးရာတွင် သတင်းစာဆရာကြီး ဦးဝင်းတင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်များဖြစ်သည့် ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးခင်မောင်ဆွေ စသူတို့နှင့်အတူ ပြန်လွတ်လာပြီး နေအိမ်သို့ပြန်မရောက်ခင် ကသာမြို့ရှိ ဧရာ ဟိုတယ်၌ ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက် ဗိုလ်ကြီးဝင်းထိန်ကို အာဏာပိုင်များက ပြန်ဖမ်းသည်ကိုမူ ယခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။



ထောင်မှပြန်လွတ်လာပြီးကာစပြုလုပ်ခဲ့သည့် ဒီဗွီဘီ အသံလွှင့်ဌာနနှင့် ဆက်သွယ်မေးမြန်းခန်းတွင် ဗိုလ်ကြီးဝင်းထိန်က လူတိုင်းနိုင်ငံရေးလုပ်ခွင့်ရှိရမည်ဖြစ်ကြောင်း၊ တဖက်စောင်းနင်း မလုပ်သည့်နိုင်ငံရေး၊ မျှမျှတတ လုပ်ပိုင်ခွင့်ရှိသည့် နိုင်ငံရေးစနစ်မျိုးဖြစ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဗိုလ်ကြီးဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့မှူးအဖြစ်တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ၁၉၉၆ မေလတွင် နိုင်ငံခြား သတင်းထောက်များကို မဟုတ်မမှန် သတင်းပေးပို့သည်ဆိုသော စစ်အစိုးရ၏ စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီး ထောင်ဒဏ် (၁၄) နှစ် အကျဉ်းကျခံခဲ့ရသည်။ စစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်ကြီးဝင်းထိန်သည် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး၏ ကိုယ်ရေးအရာရှိအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။


URL: http://www.khitpyaing.org/archives/4042

ဖတ်ကြည့်ချင်သေးလား....

Friday, September 26, 2008

1st Anniversary to commemorate the Saffron Revolution

Thursday, September 25, 2008
Dear friends,

The 1st Anniversary to commemorate the Saffron Revolution in Burma is being organized worldwide under the banner of the Sasana Moli International Burmese Monks Association on 27th September 2008.

As you are aware, last year, when a peaceful nationwide protest was courageously staged by Burmese Buddhist monks, they were brutally crackdown by the military regime. Many monks, students and civilians were killed, arrested and tortured.

On this day, the Sasana Moli International Burmese Monks Association would like to honour all those who sacrificed their lives during the Saffron Revolution and remind the people of Burma and world that the official ex-communication campaign is still valid.

In Delhi, on this day, the India branch of the Sasana Moli International Burmese Monks Association will organize a peaceful march from Mandi House to Jantar Mantar.

We invite you to join us at the march. We urge you to show your solidarity and support to the people of Burma struggling against the repressive regime; struggling to have a life of dignity and basic human rights.

Date : 27th September 2008 (Saturday)
Time : 11 am
Venue : Mandi House to Jantar Mantar (New Delhi)

Organized by:
The Sasana Moli International Burmese Monks Association (India)

Contact Person:
U Aemon (Monk) : 9810-807592
Mr. Htun Htun : 9891-280954

ဖတ်ကြည့်ချင်သေးလား....

ရန်ကုန်မြို့လယ် ဗုံးကွဲပြီးနောက် လုံခြုံရေး ထပ်မံတင်းကျပ်


အေးချမ်းမြေ့ | စက်တင်ဘာ ၂၅၊ ၂၀၀၈
ယနေ့နံနက် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးများ ကို ထပ်မံ တိုးမြှင့်ချထားလိုက်ပြီ ဖြစ်ပြီး ယနေ့ညတွင် ရှာဖွေရေးများတင်းကျပ်စွာ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ရဲ အသိုင်းအဝန်းမှ ကြားသိ ရသည်။

လက်ရှိရန်ကုန်တွင် လုံခြုံရေးအနေဖြင့် ရဲ တပ်ဖွဲ့ဝင် ၇၀၀၀ ကျော်ကို နေရာအနှံ့ ချထားပြီး အဝေးပြေးကားဂိတ်များတွင် ရှာဖွေရေးများ တင်းကျပ်စွာ ပြုလုပ်လျှက် ရှိသည်ဟု ရဲ ဝန်ထမ်းတဦးကပြောသည်။ ထို့ပြင် ရန်ကုန်မြို့ထဲတွင်လည်း ကားလမ်းများ ကိုပိတ်ကာ ရှာဖွေရေးများ ပြုလုပ်လျှက်ရှိကြောင်း ကြားသိရသည်။

“ယုဇန ပလာဇာရှေ့မှာ ကားလမ်းကို ပိတ်ပြီး ရှာနေတာ။ ရဲတွေကတော့ အများကြီးပဲ။ မှတ်ပုံတင်မပါရင် အပြင်သွားဖို့ တောင်မလွယ်ဘူး” ဟု မြို့တွင်း ခရီးသွား တဦးက ပြောသည်။
ရန်ကုန်တွင် နံနက်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် အစိုးရရုံးဌာနများရှိဝန်ထမ်းများမှာ အထိတ် တလန့်ဖြစ်ပြီး စောစီးစွာ ပြန်ရန် စီစဉ်ကြကြောင်း ဒေသခံများကပြောပြသည်။ ပတ်စ်ပို့စ် ရုံးကို ဗုံးခွဲမည်ဟူသော သတင်း ဖြစ်ပေါ်နေသောကြောင့်လည်း ရုံးကို စောစီးစွာ ပိတ်လိုက် ကြောင်းလည်း ကြားသိရသည်။

“အခု ဗုံးကွဲတဲ့ ကိစ္စကို အန်အယ်လ်ဒီ လူငယ်ကိုပဲစွပ်စွဲချင်ပုံရတယ်” ဟု ရန်ကုန် ရဲ အသိုင်း အဝန်းနှင့် နီးစပ်သူတဦးက သုံးသပ်သည်။

ဗုံးပေါက်ကွဲမှု တမှုဖြစ်ပွားလျင် စစ်အစိုးရက အတိုက်အခံများကို စွပ်စွဲသကဲ့သို့ ပြည်သူ လူထုကလည်း အစိုးရဟုသာ ထင်မြင်ယူဆကြောင်း တွေ့ရှိရသည်။

“လုံခြုံရေးတွေ များနေကတည်းက တခုခုဖြစ်တော့မယ်လို့ ထင်နေတာ။ အမြဲတမ်း အဲလိုပဲ လေ။ ဒါမျိုးက ရိုးတောင်နေပြီ” ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်းတဦးက ပြောသည်။

အခြားမြို့ခံတဦးကလည်း ယခုကဲ့သို့ ဗုံးခွဲသည့် လုပ်ရပ်ကို လုပ်မည့်သူမှာ အစိုးရသာ ဖြစ်နိုင်သည်ဟု ဆိုသည်။

“အဲဒီနေရာတွေမှာ ရဲတွေချည်းပဲ။ သူတို့ပဲဖြစ်မှာပဲ” ဟု ၎င်းကသုံးသပ်သည်။

လုံခြုံရေး ရဲများကို ယခုကဲ့သို့ တိုးမြှင့်ချထားခြင်းမှာ နောက်တကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားဦးမည်ဟူသော ကောလာဟလ သတင်းထွက်ပေါ်နေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံ တချို့က ပြောဆို နေကြသည်။

ယနေ့သည် စက်တင်ဘာ ၂၅ ရက်နေ့ဖြစ်ပြီး စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်များမှာ သံဃာ တော်များနှင့် ပြည်သူတို့ သွေးမြေ ကျခဲ့ရသည့် နှစ်ပတ်လည် နေ့များဖြစ်နေသည်။ ရန်ကုန်မြို့တွင် သြဂုတ်လကုန်ပိုင်းမှစ၍ လုံခြုံရေးများ တင်းကျပ်စွာ ချထားလျှက်ရှိရာ တဖြည်းဖြည်းနှင့် တိုးမြှင့်သည်ထက် တိုးမြှင့်ချထားသည်ကို တွေ့ရကြောင်း ရန်ကုန် ဒေသခံများက ပြောသည်။

ကြားနေရသော ကောလာဟလစကားများအရ နက်ဖြန် စက်တင်ဘာ ၂၆ ရက်နေ့တွင် သံဃာနှင့် ပြည်သူများ သွေးမြေကျခဲ့ ရသည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြ၊ လမ်းလျှောက် ရန် စီစဉ်မှုများရှိနေကြောင်း ကြားသိရသဖြင့် အစိုးရအနေနှင့် လုံခြုံရေး များကို တိုး၍ ချထားခြင်း ဖြစ်နိုင်သည်ဟု မြို့ခံများက ဆိုသည်။

ယမန်နှစ် စက်တင်ဘာ အရေးတော်ပုံအတွင်း သံဃာတော်နှင့် မယ်သီလရှင်များ အပါအဝင် ပြည်သူလူထု ၃၁ ဦး သေဆုံးခဲ့ ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ရန်ကုန်တွင်သာမက ရခိုင်ပြည်နယ်နှင့် ပခုက္ကူမြို့များတွင်လည်း စက်တင်ဘာ လဆန်းကတည်းက လုံခြုံရေးများ တင်းကျပ်စွာ ချထားလျှက်ရှိကြောင်း ကြားသိရသည်။

ယခုလက်ရှိတွင် ရန်ကုန်မြို့ပေါ်နှင့် အခြားဒေသများရှိ လူထုအုံကြွမှုများကို စစ်တပ်က မနှိမ်နင်းတော့ဘဲ ရဲကသာ နှိမ်နင်း တော့မည် ဖြစ်သောကြောင့် ရဲ အင်အားကို ထပ်မံ တိုးချဲ့မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦးက ၆/ ၂၀၀၈ ပြည်ထဲရေး ဝန်ကြီးဌာန စည်းရုံးရေး ကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ရဲအပြည့်နဲ့ ကားတွေ တခါ တခါ ဖြတ်သွားရင် ၅ စီး ၆ စီးပဲ။ မြို့ထဲမှာ အဲလိုတွေ မြင်နေရ တော့ မလုံခြုံသလို ခံစားရတယ်။ မနှစ်က စက်တင်ဘာအရေးအခင်း ပြီးခါစကလည်း အဲလိုပဲ။ နေရတာ ဘယ်လိုမှမပျော်ဘူး” ဟု ကုမ္ပဏီဝန်ထမ်း အမျိုးသမီး တဦးက ပြောပြသည်။

ယနေ့နံနက် ဗုံးပေါက်ကွဲမှုတွင် လူ ၈ ဦးဒဏ်ရာ ရရှိခဲ့ပြီး ၄ ဦးမှာ အသေးစား ထိခိုက်မှုသာ ရှိခဲ့ကြောင်း မျက်မြင်တဦးထံမှ သိရှိရသည်။

ဖတ်ကြည့်ချင်သေးလား....

Thursday, September 25, 2008

ရန်ကုန် မြို့တော်ခန်းမရှေ့ ဗုံးပေါက်ကွဲမှုဖြစ်

မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ စက်တင်ဘာလ 25 2008 11:37 - မြန်မာစံတော်ချိန်

ရန်ကုန်မြို့လယ် မြို့တော်ခန်းမအရှေ့ ဗန္ဓုလပန်းခြံအနီး ပေါက်ကွဲမှုတခု မြန်မာစံတော်ချိန် နံနက် ၁၀း၄၀ နာရီခန့်က ဖြစ်ပွားခဲ့သည်။ ဗုံးပေါက်ကွဲမှု ဖြစ်သည်ဟု ယုံကြည်ရပြီး လူ ၁ ဦးသေဆုံးကာ အနည်းဆုံး ၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း မျက်မြင်သက်သေ တဦးက ပြောသည်။

မဟာဗန္ဓုလ ပန်းခြံအနီးရှိ စားသောက်ဆိုင် ပိုင်ရှင်တဦးက ပေါက်ကွဲသံတခု ကြားခဲ့ကြောင်းနှင့် ပန်းခြံရှေ့ဘက် ဘတ်စ်ကားမှတ်တိုင်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး အနည်းဆုံး လူ ၃ ဦး ဒဏ်ရာ ရသွားခဲ့သည်ဟု ပြောသည်။


"ပေါက်ကွဲသံကြီး ကြားလိုက်ရတယ် ပြီးတော့ လူတွေတအုံးအုံးနဲ့ သွားကြည့်ကြတာပေါ့။ ကျနော်မြင်တာ ဒဏ်ရာရတဲ့ လူတွေ" ဟု သူက ပြောသည်။

အခင်း ဖြစ်ပွားရာသို့ ရဲများ ချက်ခြင်းရောက်ရှိလာပြီး ဗန္ဓုလလမ်းကို ပိတ်ဆို့လိုက်သည်။

ကျောက်တံတား ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ပေါက်ကွဲသံကျယ်ကြီး ကြားလိုက်ရတယ်။ ဒါပေမယ့် ဗုံး ဟုတ် မဟုတ် မသေချာဘူး။ စုံစမ်းနေတုံးပဲ" ဟု ပြောသွားသည်။

ချိန်ကိုက်ဗုံး အမျိုးအစား ဖြစ်သည်ဟု အခင်းဖြစ်ပွားရာ နေရာ ရောက်နေသော ရဲတပ်သားတဦးက ပြောသည်။ ထို့အပြင် မပေါက်ကွဲသေးသော ဗုံး ၁ လုံးကိုလည်း ထပ်မံ တွေ့ရှိခဲ့ရသည်ဟု သူက ပြောသည်။

ကက်ဆက်ထဲတွင် ထည့်ထားသော ဗုံးကို ရဲတဦးက ဗုံးမှန်း မသိဘဲ ယူဆောင်လာပြီးမှ ပေါက်ကွဲရန် ၅ မိနစ်အလိုတွင် စနက်တံ ဖြုတ်လိုက်နိုင်ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

ဖတ်ကြည့်ချင်သေးလား....

ဖတ်ကြည့်ချင်သေးလား....

ဆရာကြီး ဦးဝင်းတင် ဘယ်သူလဲ (11) b


မိုးမခ -အထူးအစီအစဉ်မှပြန်လည်ဖော်ပြသည်။

ဖတ်ကြည့်ချင်သေးလား....

ဆရာကြီး ဦးဝင်းတင် ဘယ်သူလဲ (11) a

ဖတ်ကြည့်ချင်သေးလား....

ဆရာကြီး ဦးဝင်းတင် ဘယ်သူလဲ (10)

ဖတ်ကြည့်ချင်သေးလား....

ဆရာကြီး ဦးဝင်းတင် ဘယ်သူလဲ (9)

ဖတ်ကြည့်ချင်သေးလား....

ဆရာကြီး ဦးဝင်းတင် ဘယ်သူလဲ (8)

ဖတ်ကြည့်ချင်သေးလား....

ဆရာကြီး ဦးဝင်းတင် ဘယ်သူလဲ (7)

ဖတ်ကြည့်ချင်သေးလား....

Wednesday, September 24, 2008

ဆရာကြီး ဦးဝင်းတင် ဘယ်သူလဲ (6)

ဖတ်ကြည့်ချင်သေးလား....

ဆရာကြီး ဦးဝင်းတင် ဘယ်သူလဲ (5)

ဖတ်ကြည့်ချင်သေးလား....

ဆရာကြီး ဦးဝင်းတင် ဘယ်သူလဲ (4)

ဖတ်ကြည့်ချင်သေးလား....

ဆရာကြီး ဦးဝင်းတင် ဘယ်သူလဲ (3)

ဖတ်ကြည့်ချင်သေးလား....

ဆရာကြီး ဦးဝင်းတင် ဘယ်သူလဲ (1)

ဖတ်ကြည့်ချင်သေးလား....

ဆရာကြီး ဦးဝင်းတင် ဘယ်သူလဲ (2)

ဖတ်ကြည့်ချင်သေးလား....

Tuesday, September 23, 2008

သံဃာတော်များကို အာဏာပိုင်များမှ အနီးကပ် စောင့်ကြည့်နေ

ရဲကျောင်း၊ ဆင်ဖြူ နှင့် စိန်မမကျောင်းသံဃာတော်များ ဆွမ်းကြီးလောင်းလှူခံရာမှာ အနီးကပ်စောင့်ကြည့်ခံရ

Mon 22 Sep 2008, လွတ်လပ်သောမွန်သတင်းအေဂျင်စီ

မွန်ပြည်နယ်တောင်ပိုင်းတွင်ရှိသော ဘုန်တော်ကြီးကျောင်းများစုပေါင်း၍ မုဒုံမြို့နယ်တွင် ဆွမ်းကြီး လောင်းလှူခံရာတွင် မော်လမြိုင်မြို့ ရွေဝါရောင် တော်လှန်ရေးကို ဦးဆောင်ခဲ့သော ရဲကျောင်း၊ ဆင်ဖြူနှင့် စိန်မမကျောင်းမှ သံဃာတော်များကို အာဏာပိုင်များမှ အနီးကပ် စောင့်ကြည့်နေခဲ့သည်။
ဒီကနေ့ မုဒုံမြို့နှင့် ယမန်နေ့ကမာဝက်တွင် ကျင်းပသော ၄၄ ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူပွဲတွင် သံဃာ တော်အပါး ၇၀၀၀ ကျော် ဆွမ်းလောင်းခံယူရာတွင် သံဃာတော်များမှ မေတ္တာသုတ်ရွတ်ဖတ်မှုများ ပြုလုပ် မည်ဖြစ်ကြောင်း ကောလဟာလ ထွက်နေခဲ့သည်။

ထိုသို့ကောလဟာလနှင့် လက်ကမ်းပေးစာများ ပြန့်နေခဲ့သဖြင့် ဒေသခံရဲတပ်ဖွဲ့ဝင်များ ရယကနှင့် ဘုရား ဒကာကျောင်းဒကာများကို ဆွမ်းလောင်းလှူမှုပြုလုပ်ရာ လမ်းတစ် လျှောက်တွင် လုံခြုံရေးအနေဖြင့် ချထား ခဲ့ သည်။
“ဘာမှ ဖြစ်မသွားဘူး၊ သံဃာတော်တွေလည်း ရွတ်ဖတ်မှုတွေ မရှိခဲ့ပါဘူး၊ ဆရာတော်ကြီး တွေက စိုးရိမ်နေကြ တာပါ၊ ဘာမှတော့ မဖြစ်ပါဘူး” ဟု အမည်မဖော်လိုသည့် ကမာဝက် ဘုရားဒါယကာတစ်ဦးက ရှင်းပြ သည်။

သို့သော်လည်း သံဃာထုအချင်းချင်းမှ ၎င်းးဆွမ်းကြီးလောင်းလှူပွဲကို မေတ္တာသုတ် ရွတ်ဖတ်သရဇ္ဇျာယ်ကြရန် တိုက်တွန်း မှုများရှိခဲ့သည်ဟု မွန်သံဃာတော်တစ်ပါးက ဆိုသည်။

လုံခြုံရေးအတွက် မွန်ပြည်နယ်ရဲမင်းကြီးနှင့် မုဒုံမြို့နယ် မယကဥက္ကဌတို့မှ ဦးဆောင်၍ ယမန်နှစ် မော် လမြိုင်မြို့ စက်တင်ဘာတော်လှန်ရေးတွင် ဦးဆောင်ခဲ့သော ကျောင်းများမှ သံဃာတော်များ ဆွမ်းခံသွားရာ လမ်းတစ်လျှောက်တွင် မျက်လုံးဒေါက်ထောက် လိုက်လံစောင့်ကြည့်နေခဲ့သည်ဟု ဆရာတော်များက မိန့်ဆို သည်။

“ဒီနှစ် ဆွမ်းလောင်းလှူပွဲမှာ သံဃာတော်များ မေတ္တာသုတ် ရွတ်ဖတ်မှုတွေ ပြုလုပ်မယ်ဆိုရင် နောင်နှစ်မှာ ဆွမ်း လောင်းမှုတွေ လုပ်ခွင့်ရတော့မှာ မဟုတ်ဘူး။ ဒါကတော့ စိုးရိမ်စရာပဲ” ဟု ဆွမ်းကြီးလောင်းလှူပွဲဦးဆောင်သော ဆရာတော်ဘဒ္ဒန္တအိန္ဒက မိန့်ကြားခဲ့သည်။

ယမန်နှစ်က သံဃာတော်များမှ ဦးဆောင်၍ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားခဲ့သည့်နောက်တွင် ဆွမ်းလောင်းလှူပွဲကို ကျင်းပခွင့် မရရှိခဲ့ပေ။ ယခုနှစ်တွင်လည်း အာဏာပိုင်များမှ ပထမတွင် ခွင့်ပြုချက်မပေး၍ ဒေသခံဆရာတော်များမှ ခရိုင်အဆင့် နှင့်တိုင်းအဆင့်သို့သွား၍ ခွင့်ပြုချက် တောင်းယူခဲ့ပြီး ဆန္ဒပြမှု မဖြစ်ပွားအောင် ဆရာတော်များ အာမခံထားခဲ့ရသည်ဟု ဆိုသည်။

ဖတ်ကြည့်ချင်သေးလား....

NLD ၏ ကျေညာချက် ၉.၂၂.၂၀၀၈





ဖတ်ကြည့်ချင်သေးလား....

ရွှေဝါရောင်တော်လှန်ရေး၏ နှစ်ပတ်လည်


ဒီဇိုင်းဆွဲပေးသူ ကိုမျိုးအား..ကျေးဇူးအထူးတင်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

အဝေးရောက် မြန်မာအမျိုးသမီးများက မနီလာသိန်းအတွက် စိုးရိမ်နေ

ဆော်လမွန် အင်္ဂါနေ့၊ စက်တင်ဘာလ 23 2008 11:38 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ က စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသော ဒီမီုကရေစီရေး တက်ကြွလှုပ်ရှားသူ မနီလာသိန်း၏ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ် ပူပန်လျက်ရှိကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော် ပြောကြားလိုက်သည်။

WLB အမျိုးသမီးများ အဖွဲ့၏ ထုတ်ပြန် ကြေညာချက်တွင် စက်တင်ဘာလ ၁၀ ရက်က စစ်အစိုးရမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆက်လက် ချုပ်နှောင်ထားဆဲ ဖြစ်သော တနှစ်ကျော်အရွယ် သမီးငယ်ကလေး၏ မိခင်ဖြစ်သူ မနီလာသိန်းသည် ညှင်းပန်းနှိပ်စက်ခြင်း၊ ရိုင်းပျစွာ ဆက်ဆံခြင်း စသော အန္တရာယ်များကြားထဲတွင် ရောက်ရှိနေခဲ့သည်ဟု ဖော်ပြ ပါရှိခဲ့သည်။

မနီလာသိန်း၏ မိသားစုများက သူ ဘယ်နေရာတွင် ရှိနေသည်ကို ယခုအချိန်ထိ မသိရှိရသေးဘဲ သူအတွက်ရော၊ မိဘမဲ့ဖြစ်နေရသည့် သမီးကလေး အတွက်ရော စိုးရိမ်နေကြရသည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က ဖြစ်ပွါးခဲ့သော လူထုအုံကြွမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်သူ မနီလာသိန်းသည် လွန်ခဲ့သည့်စက်တင်ဘာလ အတွင်းက စစ်အစိုးရမှ ဆန့်ကျင်ဆန္ဒပြသူများကို စတင် နှိမ်နင်းခဲ့ချိန်မှစ၍ ပုန်းရှောင်နေခဲ့ရသည်။

"ကျမတို့ သူ့အတွက် အရမ်း စိတ်ပူမိတယ်။ ပုန်းအောင်းနေတုန်းက လုပ်ဆောင်ခဲ့တဲ့ လှုပ်ရှားမှုတွေကြောင့် သူ့ကို ပိုပြီး အညိုးထားပြီးမှ လုပ်ဆောင်နိုင်တယ်။ အဲဒါကြောင့် သူ့အတွက် ပိုပြီး စိုးရိမ်နေရပါတယ်။" ဟု WLB ၏ အထွေထွေ အတွင်းရေးမှူး မနန်းယဉ်က ပြောသည်။

"တိမ်းရှောင်နေတုန်းက မနီလာသိန်းဟာ နိုင်ငံတကာကို အခြေအနေတွေနဲ့ ပတ်သက်ပြီး စာတွေပို့ထားတာ ရှိတယ်။ ကမ္ဘာ့ကုလသမ္မဂ္ဂ လုံခြုံရေး ကောင်စီကို မြန်မာနိုင်ငံရေး ပဋိပက္ခတွေ ဝင်ရောက် ဖြေရှင်းပေးဖို့ တိုက်တွန်းခဲ့တာတွေ ရှိတယ်"

"သူမကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ အတိအကျ မသိရသေးဘူး။ ဒါကြောင့် အရမ်း စိုးရိမ်နေရတယ်။ ဘာသတင်းမှလည်း အခုထိ မရသေးဘူးလေ။" ဟု မနန်းယဉ်က ထပ်ပြောသည်။

အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေကို စစ်ဆေးနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ အဖွဲ့တဖွဲ့ စေလွှတ်ပေးပါရန် လူ့အခွင့်အရေး အဖွဲ့များနှင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းသို့ WLB မှ ပန်ကြားထားသည်။

"မြန်မာပြည်ထဲကိုသွားပြီး အမျိုးသမီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေတွေကို စစ်ဆေးပြီး သတင်းပို့ အကြောင်းကြားနိုင်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့တွေ ဒါမှမဟုတ် ဘယ်အဖွဲ့မဆိုကို ကျမတို့ တိုက်တွန်းချင်ပါတယ်" ဟု သူကထပ်ပြော၏။

ချက်သမ္မတနိုင်ငံမှ ချီးမြှင့်သော လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် (Homo Homini Award) ဆု ရရှိထားသည့် မနီလာသိန်းသည် စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားသော လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူ ကိုအံဖွယ်ကျော်၏ မိခင်ထံသို့ စက်တင်ဘာလ ၁၀ ရက် နေ့က သွားရောက်ခဲ့စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက လေးလအရွယ် သမီးငယ်လေးအား မိဘများနှင့် ထားခဲ့ရပြီး ပုန်းရှောင်ခဲ့ရသော မနီလာသိန်းသည် သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် စောစောပိုင်းက နှစ်ကြိမ်တိုင်တိုင် အကျဉ်းချခြင်း ခံခဲ့ရဘူးသည်။ ၁၉၉၁-ခုနှစ်တွင် နှစ်လတိတိ ဖမ်းဆီး ချုပ်နှောင်ခြင်းခံခဲ့ရပြီး၊ ၁၉၉၆-ခုနှစ် မှ ၂၀၀၅-ခုနှစ်အထိ ကိုးနှစ်တိုင်တိုင် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။

သူမ၏ အမျိုးသားလည်းဖြစ်၊ လုပ်ဖေါ်ကိုင်ဖက်လည်း ဖြစ်သော ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီ သည် ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ထင်ရှားသော ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ လုပ်ဖေါ်ကိုင်ဖက် ၁၂ ဦးတို့နှင့်အတူ အဖမ်းခံခဲ့ရသည်။

ကိုမင်းကိုနိုင်နှင့် လုပ်ဖော်ကိုင်ဖက် ၁၂ ယောက် တို့သည် အစိုးရ၏ လောင်စာဆီဈေး ရုတ်တရက် မြှင့်တင်လိုက်မှုကြောင့် ကြီးမားစွာ ထိခိုက်ခံခဲ့ရသည့် ဆင်းရဲသားပြည်သူများနှင့် အတူ ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က တစည်းတလုံးတည်း ငြိမ်းချမ်းစွာ ဆန္ဒပြချီတက်ခဲ့ကြသည်။ http://www.mizzimaburmese.com/news/regional/1725-2008-09-23-05-22-16.html

ဖတ်ကြည့်ချင်သေးလား....

ရုံးထုတ်စဉ် အရှင် ဂမ္ဘီရ နေမကောင်းဖြစ်

ဇာနည် အင်္ဂါနေ့၊ စက်တင်ဘာလ 23 2008 14:58 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ တရားရုံးထုတ် စစ်ဆေးခြင်း ခံနေရသော အရှင်ဂမ္ဘီရသည် မလန်းမဆန်း ဖြစ်နေသည်ဟု သူ၏ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးခင်မောင်ရှိန် အပြောအရ သိရသည်။

စက်တင်ဘာ သံဃာ လှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်ခဲ့သော အရှင်ဂမ္ဘီရကို တင်္နလာနေ့ နံနက်က ရုံးထုတ် စစ်ဆေးချိန်တွင် အရှင်ဂမ္ဘီရမှာ နေထိုင်မကောင်း ဖြစ်နေခြင်း ဖြစ်သည်။

"အစာ အဆိပ်သင့်သလို ဖြစ်နေတယ်။ မနက်က အန်ထားတာ ၃ ခါ ရှိသွားပြီ တကာ၊ အနံ့အသက်တွေ ဆိုးနေတော့ အားတော့ နာပါတယ် တကာ" ဟု သူ့အား မိန့်ကြောင်း ရှေ့နေက မဇ္ဈိမကို ပြောသည်။

အမှုကြားနာနေစဉ် အချိန်တွင် အရှင်ဂမ္ဘီရမှာ မောပန်းနွမ်းနယ်နေပြီး မှိန်းနေသည်။

"သူ့ ညီမတွေက ပါလာတဲ့ ပရုတ်ဆီတွေ ပေးရှုတာ၊ ခြေတွေ လက်တွေ လိမ်းပေး ဆုပ်နယ်ပေးနေတာပဲ တွေ့ခဲ့ရတယ်" ဟု ရှေ့နေက ပြောသည်။

"ဘယ်တုန်းက ဘာစားမိလို့ ဘယ်လို ဖြစ်ရတယ် ဆိုတာကို လုံးဝ မသိခဲ့ရပါဘူး။ အစားမှားပြီး ဖြစ်တာ ထင်တယ်လို့ပဲ သူက မိန့်တယ်"

အတင်းအကြပ် ရဟန်းဝတ် ချွတ်ချခြင်း ခံထားရပြီး လက်ထိပ်ခတ် ခံထားရသော အရှင်ဂမ္ဘီရကို စွဲတင်ထားသည့် ပုဒ်မများမှာ လဝက ဥပဒေ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁၃၊၁၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁)၊ အသင်းအဖွဲ့ ပုဒ်မ ၆၊ နိုင်ငံတော်ကို ဆူပူမှုကို လှုံ့ဆော်မှု ၅ဝ၅(ခ)၊ ဘာသာတရားကို ညိုးနွမ်းစေမှု ၂၉၅ (က)၊ ဥပဒေနှင့် မညီညွတ်သဖြင့် လူစုခွဲရာ၌ မလိုက်နာမှု ၁၄၅၊ ၁၄၇၊ ပုံနှိပ်အက်ဥပဒေ ၁၇/၂ဝ နှင့် အီလက်ထရောနစ် ဥပဒေ ၃၃ (က)/၃၈ တို့ ဖြစ်သည်။

ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ဦးဆောင်ခဲ့သူ အရှင်ဂမ္ဘီရသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ (အိန္ဒိယ) မှ ချီးမြှင့်သော ဆရာတော် ဦးရေဝတ အမှတ်တရ ငြိမ်းချမ်းရေးဆုနှင့် လန်ဒန်အခြေစိုက် Index on Censorship အဖွဲ့ကြီးက ချီးမြှင့်သော "လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဆု ၂ဝဝ၈" တို့ကို ရရှိထားသူ ဖြစ်သည်။

ထိုနေ့တနေ့ထဲတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်အပါအ၀င် ၂၁ ဦးကိုလည်း ရုံးထုတ်ခဲ့သေးသည်။ ကိုမင်းကိုနိုင် အပါအ၀င် ၂၁ ဦးတို့မှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပြီး အမှုကြားနာရာသို့ မိသားစုဝင်များလည်း ၀င်ရောက် နားထောင်ခွင့်များ ရခဲ့သည်ဟု ရှေ့နေက ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/1728-2008-09-23-08-42-04.html

ဖတ်ကြည့်ချင်သေးလား....

ထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ စက်တင်ဘာလ 23 2008 12:49 - မြန်မာစံတော်ချိန်

စစ်အစိုးရက ယနေ့ လွှတ်ပေးသော အကျဉ်းသား ၉၀၀၂ ယောက်တွင် သတင်းစာဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၃ ဦး ပါရှိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

အသက် ၇၈ နှစ် အရွယ်ရှိပြီဖြစ်သော ဦးဝင်းတင်သည် အင်းစိန်ထောင်အတွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရပြီးနောက် လွတ်မြောက်လာခြင်း ဖြစ်သည်။ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ မေ၀င်းမြင့်နှင့် တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်ဦး တို့ကိုလည်း စစ်အစိုးရက လွှတ်ပေးခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဦးဝင်းတင်ကို ပုံမှန် ထောင်ဝင်စာ သွားရောက် တွေ့ဆုံလေ့ရှိသူ မိတ်ဆွေကြီး ဦးမောင်မောင်ခင်ကတော့ အင်းစိန်ထောင်ဗူးဝတွင် စောင့်ဆိုင်းလျှက် ရှိကြောင်း မဇ္ဈိမသို့ ပြောပြသည်။

တချိန်တည်းမှာပင် သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးအေးသိန်းသည် ကလေးအကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

ဖတ်ကြည့်ချင်သေးလား....

(၁၀)ကြိမ်မြောက် မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲ။

(၁၀)ကြိမ်မြောက် မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော်ကို ဒီကနေ့ စက်တင်ဘာ ၂၁ရက်၊၂၀၀၈ နေ့တွင် ဂျပန်၌ ကျင်းပခဲ့ရာ မြန်မာရိုးရာစားစရာရောင်းချသော ဆိုင်ခန်းများ၊ ခေတ်ပေါ်စင်တင်တေးဂီတ တီးဝိုင်းများ စုံလင်စွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ယနေ့မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ မြန်မာ၊ ဂျပန် ပရိတ်သတ် ၁၀၀၀ကျော် သီတင်းကျွတ် အလွမ်းပြေ လာရောက်အားပေးခဲ့ကြပါသည်။

ဖတ်ကြည့်ချင်သေးလား....

မြန်မာနိုင်ငံတွင် ဘာသာရေး လွတ်လပ်ခွင့် မရှိဟု အမေရိကန်ပြော

မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ စက်တင်ဘာလ 22 2008 20:22 - မြန်မာစံတော်ချိန်

မြန်မာနိုင်ငံကို အုပ်ချုပ်လျက်ရှိသော စစ်အစိုးရသည် အများစုဖြစ်သော ဗုဒ္ဓဘာသာဝင်များကိုရော၊ အခြားလူနည်းစု ဘာသာဝင်များကိုပါ စနစ်တကျ ဘာသာရေးအရ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်လျက် ရှိကြောင်းဖြင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စွပ်စွဲ ပြောဆိုလိုက်ပါသည်။

သောကြာနေ့က ထုတ်ပြန်ခဲ့သော ၁ဝ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့် နှစ်ပတ်လည် အစီရင်ခံစာတွင် ထိုသို့ မြန်မာနိုင်ငံကို “အထူးစိုးရိမ်ရသော နိုင်ငံများ” ၈ နိုင်ငံစာရင်းတွင် နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒို လီဇာရိုက်စ် က ထပ်မံထည့်သွင်း ဖေါ်ပြခဲ့ခြင်း ဖြစ်ပါသည်။ ဤအစီရင်ခံစာ ထုတ်ပြန်ခဲ့သည့် ၁ဝ ကြိမ်စလုံးတွင် မြန်မာနိုင်ငံကို ထိုသို့ ဘာသာရေး လွတ်လပ်ခွင့် မရှိသော နိုင်ငံအဖြစ် သတ်မှတ်ဖေါ်ပြခြင်း ခံခဲ့ရသည်။
ဤအစီရင်ခံစာတွင် ၂ဝဝ၇ ခုနှစ်က ဖြစ်ပွါးခဲ့သော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို အထူးရည်ညွှန်း ဖေါ်ပြထားပြီး၊ ဗိုလ်ချုပ်ကြီးများသည် "ဗုဒ္ဓဘာသာ ရဟန်းတော်များ ပြုလုပ်နေသည့် လူ့အခွင့်အရေးနှင့် နိုင်ငံရေး လွတ်လပ်ခွင့် မြှင့်တင်ရေး လုပ်ငန်းများကို စနစ်တကျ ကန့်သတ်ချုပ်ချယ်ရန် ကြိုးပန်းမှုများ ပြုလုပ်နေသည်" ဟု ဖေါ်ပြထားပါသည်။

ရွှေဝါရောင် တော်လှန်ရေး ပြီးကတဲက ရက်သတ္တပတ်ပေါင်းများစွာ၊ လပေါင်းများစွာ ဘုန်းကြီးကျောင်း အများအပြားကို ဝင်ရောက်၍ အကြိမ်ပေါင်းများစွာ စီးနင်းရှာဖွေ ဖမ်းဆီးခဲ့ခြင်းများကို ဤအစီရင်ခံစာတွင် ကိုးကား ဖေါ်ပြထားပြီး အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်တွင် ဘုန်းတော်ကြီး အများအပြား ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်မှုများ ခံခဲ့ရသေးကြောင်းလည်း ဆိုထားပါသည်။ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် နှင့် လွပ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် စသည့် ဘာသာရေး လွတ်လပ်ခွင့်များကို လျှော့ချဖြတ်တောက်မှုများ လုပ်နေသည်ဟုလည်း စစ်အစိုးရကို ဝေဘန် ပြစ်တင်ထားပါသည်။

"သံဃာတော်များ နိုင်ငံရေးနှင့် ဆက်နွယ်သည့် တရားများ ဟောကြားခြင်းကိုလည်း ခွင့်မပြုပါ။ ဘာသာရေး ဟောပြောချက်များ အားလုံးတွင် နိုင်ငံရေး အမြင်ကို ထင်ဟပ်ဖေါ်ပြသည့် စကားလုံး၊ စကားစု၊ ပုံပြင်ဇာတ်လမ်း စသည်တို့ကိုလည်း ထည့်သွင်း ဟောပြောခွင့်မပြု" ဟု အစီရင်ခံစာပါ တွေ့ရှိချက်များက ဆိုပါသည်။

ထိုအတောအတွင်း ဗုဒ္ဓဘာသာကို စစ်အစိုးရ၏ အကျိုးစီးပွါးနှင့်အညီ လိုက်နာကျင့်သုံးခြင်းများမှာမူ စစ်အစိုးရ၏ ရည်မှန်းချက် ပန်းတိုင်တခုအဖြစ် ဆက်လက် တည်ရှိနေပြီး၊ ထိုလမ်းကြောင်းအတိုင်း လိုက်နေသူများကလည်း မိမိတို့ပုဂ္ဂိုလ်ရေး တက်လမ်းများအတွက် အသုံးချလျက် ရှိကြောင်းဖြင့်လည်း ဆိုထားပါသည်။

အတင်းအကြပ် ဘာသာပြောင်းခိုင်းခြင်းများ မရှိတော့ဟု အစိုးရကို အစီရင်ခံစာတွင် အမှတ်ပေး ဖေါ်ပြထားသော်လည်း ဗုဒ္ဓဘာသာဝင်မဟုတ်သူများကို ဗုဒ္ဓဘာသာသို့ နည်းမျိုးစုံဖြင့် ပြောင်းခိုင်းခြင်းများမူ ရှိနေသေးကြောင်းဖြင့် အစီရင်ခံစာ တင်ပြသူများက စစ်အစိုးရကို ဝေဘန် ဖေါ်ပြထားပါသည်။

မြန်မာနိုင်ငံအတွင်း တင်းကြပ်စွာ ချုပ်ကိုင်ထားသော လူမှုရေး ကွန်ရက်အတွင်း ဗုဒ္ဓဘာသာဝင်များ ခံစားခွင့်ရနိုင်သော အကျိုးခံစားခွင့်များမှာ အစိုးရအလုပ်များ၌ ရာထူး တိုးပေးရာတွင် ဦးစားပေးခံရခြင်း၊ စစ်တပ်အတွင်း ရာထူးတိုးပေးခြင်း၊ ဘာသာရေးအရ သိမ်းသွင်းရာတွင် ဗုဒ္ဓဘာသာဝင်များကို အခြားဘာသာဝင်များ ဖြစ်သော ခရစ်ယန်၊ အစ္စလမ် ဘာသာဝင်တို့ကဲ့သို့ မဟုတ်ဘဲ ကန့်သတ်မှုများကို လျှော့ပေးခြင်း လုပ်သည်ဟုလည်း ဆိုထားပါသည်။

အစိုးရက ဗုဒ္ဓဘာသာကို အားပေးအားမြှောက် လုပ်ခြင်းသည် အခြား လူနည်းစု ဘာသာဝင်များကို ထိခိုက်နစ်နာစေခဲ့သည့် အဖြစ်အပျက်များမှာ မြန်မာခေတ်သစ် သမိုင်းတွင် အခိုင်အမာ အမြစ်တွယ်လျက် ရှိကြောင်းဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံခဲ့ရသည့် ဝန်ကြီးချုပ်ဦးနု၏ ၁၉၅ဝ စုနှစ်များ နှောင်းပိုင်းနှင့် ၁၉၆ဝ စုနှစ်များအစပိုင်းတွင် ရှိခဲ့သော ဗုဒ္ဓဘာသာကို ကျယ်ပြန့်လာအောင် ကြိုးပန်းခဲ့သည့် မြန်မာ့နိုင်ငံရေးကို ထောက်ပြ ပြောဆိုထားပါသည်။

နှိုင်းယှဉ်ချက်အရ အသစ်ဖြစ်ထွန်းလာသော ဖြစ်ထွန်းမှုများတွင် တောင်အာရှနိုင်ငံများမှ လာသော နိုင်ငံသားများအပေါ် အာဃာတ ထားသည့် အပြုအမူများကိုလည်း တွေ့ရှိလာရသည်ဟုလည်း အစီရင်ခံစာတွင် ဖေါ်ပြထားပါသည်။ ဤဒေသမှ လာသော လူအများစုသည် အစ္စလမ်ဘာသာကို ကိုးကွယ်ယုံကြည်ကြသူများ ဖြစ်ကြသည်။

ထိုအတောအတွင်း "ခရစ်ယာန်အုပ်စုများသည် ဒေသအများစုတွင် မြေဝယ်၍ ဘုရားရှိခိုးကျောင်းများ ဆောက်လုပ်ရာတွင် ခွင့်ပြုချက်ရယူရာ၌ အခက်အခဲများနှင့် ဆက်လက် ရင်ဆိုင်ရဆဲ ဖြစ်သည်" ဟုလည်း အစီရင်ခံစာတွင် တွေ့ရှိချက်ကို ဖေါ်ပြထားပါသည်။

ရိုဟင်ဂျာ မူဆလင်များမှာ စစ်အစိုးရ၏ ရွေးချယ် ပစ်မှတ်ထား နှိပ်ကွပ်ခြင်းကို ခံနေကြရပြီး၊ သူတို့မှာ မြန်မာ့ လူ့အဖွဲ့အစည်းဝင်များ ဖြစ်ကြောင်း သက်သေခံဖြစ်သည့် အမျိုးသား မှတ်ပုံတင်ကဒ်ပြားများကိုလည်း ရရှိခွင့် မရှိကြပါ။

ထို့ပြင် "၁၉၈၈ ခုနှစ်မှစ၍ ရိုဟင်ဂျာများ နေထိုင်ရာ အဓိကမြို့နယ်များ ဖြစ်သော ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်းတောနှင့် ဘူးသီးတောင် တို့တွင် ရွာတရွာလျှင် တနှစ်လျှင် မင်္ဂလာဆောင် ၃ ခုသာ အစိုးရက ခွင့်ပြုသည်" ဟုလည်း အစီရင်ခံစာက ထုတ်ဖေါ် ပြောဆိုထားပါသည်။ "မင်္ဂလာဆောင်တိုင်းသည် စစ်တိုင်းမှူး ခွင့်ပြုချက် လိုအပ်သည်" ဟုလည်း ဆက်လက် ဖေါ်ပြထားပါသည်။

"အမေရိကန် ပြည်ထောင်စုသည် ဘာသာရေး လွတ်လပ်ခွင့်ကို လူသားဂုဏ်သိက္ခာ၊ သန်မာတောင့်တင်းသော လူထု အခြေခံအဖွဲ့အစည်း၊ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းမှု တို့အတွက် မရှိမဖြစ် လိုအပ်ချက်တရပ်အဖြစ် တက်ကြွစွာ ဆက်လက် မြှင့်တင်သွားမည် ဖြစ်ကြောင်း" ဖြင့် မစ္စရိုက်စ်က ဝါရှင်တန်ဒီစီတွင် သတင်းထောက်များကို ပြောကြားသွားခဲ့ပါသည်။

"သ်ု့သော် မိမိတို့သည် ဘာသာရေး အယူအဆများကို အသရေဖျက်သည် ဟူသော ပြောဆိုချက်များကို အာပေး မြှင့်တင်နေခြင်းများ အတွက်လည်း စိုးရိမ်ပူပန်မိကြောင်း၊ ဘာသာရေး ဆောင်ရွက်မှုများကို ကာကွယ်ရေးနှင့် သည်းခံခြင်းတရားကို အားပေး မြှင့်တင်ရမည့်အစား လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ခြင်းသည် အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့်ကို ဖျက်လိုဖျက်ဆီး လုပ်ရာရောက်နေသည်" ဟု နိုင်ငံခြားရေးဝန်ကြီး မစ္စရိုက်စ် က ဆက်လက် ပြောဆိုသွားပါသည်။

ဤအစီရင်ခံစာတွင် တရုပ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ရုရှ နှင့် ဗီယက်နမ် နိုင်ငံတို့ကိုလည်း ဘာသာရေးအရ ညှဉ်းပန်းနှိပ်စက်မှုတွင် အမေရိကန်ပြည်ထောင်စု က “အထူး စိတ်ဝင်စားခြင်းခံရသော နိုင်ငံများ” အဖြစ် ရွေးချယ်ဖေါ်ပြထားပါသည်။ ဤ ၅ နိုင်ငံစလုံးသည် အကြပ်အတည်းများနှင့် ပြည့်နှက်နေသော ဤအရှေ့တောင်အာရှနိုင်ငံ မြန်မာနိုင်ငံအတွက် “မိတ်ဆွေ နိုင်ငံများအုပ်စု” အဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်း က ကုလ၏ ရှေ့ဆောင်ရှေ့ရွက်ပြု ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပစ်မှတ်ထား ဖေါ်ပြ ပြောဆိုခံရသည့် နိုင်ငံများ ဖြစ်ကြပါသည်။
http://www.mizzimaburmese.com/news/regional/1722-2008-09-22-14-06-48.html/

ဖတ်ကြည့်ချင်သေးလား....

အင်တာနက် အသုံးပြုသူ များကို စစ်အာဏာပိုင်များက ပိုမို တင်းကျပ်

ဧရာဝတီ | စက်တင်ဘာ ၂၂ ၊ ၂၀၀၈
မြန်မာပြည်တွင်း၌ အင်တာနက် ဆက်သွယ်ရေး အမြန်နှုန်းများနှင့် အင်တာနက် အသုံးပြုသူ များကို စစ်အာဏာပိုင်များက ပိုမို တင်းကျပ်မှုများပြုလုပ်နေကြောင်း အသုံးပြုသူများနှင့် အင်တာနက်ကဖီးဆိုင် လုပ်ငန်း ရှင်များက ပြောသည်။

အင်တာနက် အမြန်နှုန်းများကို သက်ဆိုင်ရာက လျှော့ချထားသည့်အတွက် ၎င်းတို့ အနေနှင့် ဗီဒီယိုဖိုင်များ၊ ဓာတ်ပုံများ အပါအ၀င် ဆိုဒ်ကြီးဖိုင်များ ပေးပို့၍ မရကြကြောင်း ရန်ကုန်မြို့တွင်းရှိ အင်တာနက် အသုံးပြုသူများ က ပြောဆိုသည်။

ပြီးခဲ့သည့် သောကြာနှင့် စနေနေ့များအတွင်း အင်တာနက်အမြန်နှုန်းများမှာ ၁၀ မိနစ် တကြိမ်ခန့် သိသာစွာ လျော့ကျခဲ့ကြောင်း၊ အင်တာနက်ကဖီးဆိုင်များတွင် အင်တာနက်အသုံးပြုသူများအား အစိုးရ ဆန့်ကျင်သည့် ပြည်ပ သတင်းမီဒီယာ ၀က်ဘ်ဆိုက်များ အသုံးပြုမပြုကို အရပ်ဝတ် ရဲများက စောင့်ကြည့်မှုများပြုလုပ်နေကြောင်း လည်း သိရသည်။

အင်တာနက် အသုံးပြုသူများ၏ မှတ်ပုံတင်မှတ်တမ်းနှင့် အင်တာနက် အသုံးပြုမှုမှတ်တမ်းများကို ၂ ပတ်တကြိမ် ပေးပို့ရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် ရဲ ထောက်လှမ်းရေးများက ညွှန်ကြားထားသည်ဟု ရန်ကုန်မြို့လယ်ရှိ အင်တာနက် ကဖီးဆိုင် လုပ်ငန်းရှင်များကလည်း ပြောပြသည်။

ယင်းကဲ့သို့ သတင်းပေးပို့ အကြောင်းကြားခြင်း မပြုလုပ်ပါက ပြဿနာ တစုံတရာဖြစ်ပေါ်လာလျင် ကိုယ့်တာဝန် ကိုယ်ယူရမည် ဖြစ်ကြောင်း အာဏာပိုင်များက မကြာသေးခင်က အမိန့်ထုတ်ပြန်ညွှန်ကြားသည်ဟုလည်း အင်တာနက် ကဖီးဆိုင် လုပ်ငန်းရှင် တဦး ကပြောသည်။

အင်တာနက်ဆိုင်များတွင် နိုင်ငံရေး လှုပ်ရှားသူများအပါအ၀င် ပြည်ပသတင်းဌာနများသို့ သတင်းပေးပို့သူများကို စောင့်ကြည့် စုံစမ်းရန် အရပ်ဝတ်ရဲများကို ချထားကြောင်း ရန်ကုန်မြို့ခံများကလည်း ပြောသည်။

စစ်အစိုးရက မကြာမီ အကြီးဆုံး အင်တာနက်ဆက်သွယ်ရေးလုပ်ငန်း တခုဖြစ်လာနိုင်သည့် ဟံသာဝတီ အင်တာနက် ဆယ်သွယ်ရေး ဌာနတခုကို လွန်ခဲ့သည့် ဇူလိုင်လအတွင်းက တည်ဆောက်ခဲ့သော်လည်း အများပြည်သူ သိရှိရန် ထုတ်ဖော်ကြေညာခြင်းမပြုကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း တာဝန်ရှိသူတဦး က ဆိုသည်။

ယင်းဟံသာဝတီ အင်တာနက်ဌာနသည် ရန်ကုန်တိုင်းအပါအ၀င် နိုင်ငံတ၀န်း အသုံးပြုလိုသူများအတွက် ၀န်ဆောင်မှုပေးရန် ရည်ရွယ်ထားကြောင်းနှင့် လတ်တလောတွင် စစ်တပ် ဦးစားပေး အသုံးပြုနေကြောင်းလည်း သိရသည်။

ဟံသာဝတီ ဌာန တည်ဆောက်ရာတွင် တရုတ်နိုင်ငံ ရှန်ဟဲ ဘဲလ် ကုမ္ပဏီနှင့် နာမည်ကြီး မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးတေဇ တို့က ထောက်ပံ့ကူညီခဲ့ကြောင်း၊ ဟံသာဝတီကို မန္တလေး ရတနာပုံ တယ်လီပို့နှင့် ချိတ် ဆက်ထားကြောင်း၊ နိုင်ငံတကာ အင်တာနက် ၀န်ဆောင်မှုဌာနများနှင့် အချိန်အဆက်ရှိသည့် ဟောင်ကောင် နိုင်ငံနှင့်ပါ ချိတ်ဆက်မှုရှိကြောင်းလည်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း တာဝန်ရှိသူက ပြောဆို သည်။

မြန်မာနိုင်ငံတွင် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်း(MPT)၊ အစိုးရနှင့် ဖက်စပ်လုပ်သည့် ယခင် ပုဂံနက် ကို ပြောင်းလဲထားသော မြန်မာတယ်လီပို့ နှင့် ယခု ဟံသာဝတီ ဟူ၍ အင်တာနက် ဆက်သွယ်ရေးဌာနတို့ လက်ရှိ လည်ပတ်လျှက် ရှိကြောင်း သိရသည်။

ဖတ်ကြည့်ချင်သေးလား....

Monday, September 22, 2008


ဖတ်ကြည့်ချင်သေးလား....

Sunday, September 21, 2008

ူအမဲရောင်အဆိုးခံရလည်း...ဆက်လက်ရွန်းပနေဆဲရွှေဝါရောင်။

အော်..နွေ မိုးဆောင်း..
ပြောင်းတလီ
နှစ်ဟောင်း ရက်စွဲတစ်နှစ်
သိပ်မကြာ ဖြစ်သလိုဘဲ..

ပြုသူမှာ အသစ်..
ဖြစ်သူကအဟောင်း..
ဘုန်းကြီး သွေးစီးကြောင်းတွေ..
ခုထိ မြန်မာ့ ရင်ထဲရှိနေဆဲ။
မေ့ဖျောက်ရမလား..အနိဌာရုံနေ့ 
မေတ္တာကို..သေနတ်ယမ်းနဲ့ သတ်တဲ့နေ့ 
ရွှေဝါရောင်တော်လှန်ရေး..သမိုင်းမှာမမေ့။
ဗုဒ္ဓသာသာ အရောင်မဲ လွှမ်းခဲ့တာ လက်တွေ့ ။

ချောင်းပေါ်က..ပုပ်လို့ ပေါ်တဲ့ ကိုယ်တော်..
စိတ်ယုတ်ညစ်..ဟုတ်လို့ ကျော်တဲ့ စစ်အစိုးရ..
ကမ္ဘာက သိကြ..
ခုထိ အရှက်မရှိကြဘူး။

အော်..သာသနာဟာ
ဗမာပြည်နဲ့ အိုးစားကွဲပါပေါ့
ဒီရန်စမီး..ပြာပူလိုအုံးနေခဲ့တော့…
တနေ့  မီးခိုးအူတာ ပျောက်..
မီးဟုန်းဟုန်း တဖန် ပြန်တောက်ရမည်.။
ထစ်ချုန်းမိုး တဖန် ရွာသွန်းရမည်.။
ဗမာမှန်ရင်..ရဲစိတ်မာန်ရှိမှ
ဗုဒ္ဓဘာသာ..ရောင်ဝါထွန်းစေကြ
ဒေါင်းအလံနီ..သွေးစွန်းစမ်းပစေ။

အမျိုးဘာသာ..သာသနာ..
ဗမာမှန်ရင်..အသက်ကိုစွန့် ကြစို့ ။
သစ်ခေါင်းအောင်းမြွေများသည်..
အရေးညီ..ညီညာပေါက်ကြစို့ ။
လုပ်သားပျားပီပီ..အသေခံ..ရန်သူကို တုတ်ကြစို့ ။
ရရာလက်နက် ကိုင်ဆွဲ..တော်လှန်ကြပါစို့ ။

မြန်မာ့ သမိုင်းကြောင်း တစေ့တစောင်း..
ရှိနေတဲ့ ဘိုးဘွားမြေ တလက်မ..
ဘိုးဘွားရဲ့သွေးစက်ပေါင်းများစွာ..ရင်းနှီးထားရ..
ဒို့ သွေးတွေ အပေါ်ကထပ်..
ဒို့  မြေးမြစ်တွေ.လွတ်လပ်ဖို့ 
သင် ဘာတွေ တွေဝေနေလည်း..
သင် ဘာကြောက်နေသလည်း။

ကြောက်တတ်တဲ့သူ ကျွန်လုပ်.
အရိုးစုတ်.လူအလာဟောင်
ကျုပ်တို့ အဟောင်းစား ခွေးတစ်ကောင်မဟုတ်ဘူး။
ရာဇ၀င် အဆက်ဆက်
ဓါးထက်ထက်နဲ့ ဗမာ..
သခင်မျိုးဟေ့ ဒို့ ဗမာ။
ဝံသာနု အရေး တိုက်ရဲတဲ့ ဒို့ ဗမာ။
ဝံ့ကြွား အစဉ်အလာ.

ကဲ ပြောနေကြာတယ် သူငယ်ချင်း
လာလေ..ပေးလက်..
ဆုတ်ကိုင်..အရှေ့တက်ခဲ့စမ်း
အမိမြေ လွတ်လပ်ရေးအတွက်
ကြိုးပမ်းရာ ပန်းတိုင်လမ်း.
သွေးခင်းလမ်း..ဆူးပြွမ်းလမ်း.
ငရဲလမ်း..ကန္တာရကြမ်း
မလျှော့တမ်း..ဒို့ လှမ်းကြမည်။

ဗမာမှန်ရင် ဗျတ္တိရှိ..
မတုန်လှုပ်ဘူး ပကတိ.
ယုံကြည်ချက် သမာဓိ.
ဗမာ့သွေးကတိ..ကမ္ဘာကသိရမည်။
ဒို့ မြေ ဒို့ ပိုင်ရမည်။

မပြီးတဲ့ ရွှေဝါရောင် တော်လှန်ရေး..
တာဝန်ကျပြီ သမိုင်းပေး
ဒို့ သွေးနဲ့ ဆက်ရေးဖို့ 
လာလေ…ဆက်တိုက်စို့ ။

မသဒ္ဓါ (၉။၁ရ။၂၀၀၈)
တနှစ်ပြည့် ရွှေဝါရောင် တော်လှန်ရေးသို့ ..သွေးတစက်ဘဲကျန်ကျန်..ဒို့ တွန်းလှန်မည်။

ဖတ်ကြည့်ချင်သေးလား....

Read this document on Scribd: UWINNAING-retirefrompolitice

ဖတ်ကြည့်ချင်သေးလား....

ဒီအန္တရယ်ကိုဘယ်လို ကျော်လွားမလဲ

ကျောက်မြောင်းဘက်က အင်တာနက်ဆိုင်တွေမှာ စစ်ဆင်ရေးလုပ်နေတယ်။ ဆိုင်တဆိုင်မှာဆိုရင် လူတွေအင်တာနက်သုံးနေတုံး ကား၃စီးလောက်နဲ့ရဲတွေရောက်လာပြီး ဆိုင်ထဲကလူတွေကို အခုလက်ရှိဖွင့်ထားတဲ့ဝက်ဘ်ဆိုက်တွေကို မပိတ်ဘဲ အကုန်ထခိုင်းတယ်။ သူတို့က အဲဒီဝက်ဘ်ဆိုက်တွေကို စက်တလုံးခြင်း လိုက်မှတ်တယ်။ အဲဒီနောက် လူတယောက်ချင်းကို သုံးနေတဲ့ဆိုက်နဲ့ပတ်သက်ပြီး မေးတယ်။ ဂျီမေးလ်သုံးနေတဲ့လူဆိုရင် ဟိုဘက်ကလူက ဘယ်ကလဲ ဘယ်သူလဲ ဘယ်နိုင်ငံကလဲ ဘာအကြောင်းပြောနေတာလဲ ဝက်ဘ်ဆိုက်ကြည့်နေတဲ့လူဆိုရင်လဲ ဒီဆိုက်က ဘာအတွက်လဲ ဘာလုပ်ဖို့ကြည့်တာလဲ အကုန်လျှောက်မေးပါတယ်။ အဲဒီမှာ ကောင်မလေးတယောက်က ကြောက်ပြီး သူသုံးနေတဲ့ဆိုက်တွေကို ပိတ်ပစ်လိုက်တယ်။ အဲတာကိုလည်း ဘာလို့ပိတ်တာလဲဆိုပြီး အကုန်ပြန်ဖွင့်ခိုင်းတယ်။ နောက်တော့ သုံးနေတဲ့လူတွေကို ပြန်လွှတ်လိုက်ပေမယ့် အဲဒီကောင်မလေးကိုတော့ ဆက်စစ်နေသေးတယ် နောက်ဆုံး ဆိုင်ပိုင်ရှင်ကိုလည်း ခေါ် သွားတယ် ... အခုတော့ အဲဒီဆိုင် ပိတ်ထားရတယ်တခြားဆိုင်တွေကိုလည်း အဲဒီလိုဝင်တယ်ကြားပေမယ့် ကျနော်သိတဲ့တဆိုင်ကတော့ သေချာပေါက် ပိတ်ထားရပါတယ်။
ဒီအန္တရယ်ကိုဘယ်လို ကျော်လွားမလဲ -
ဒါကိုကြည့် ရင် နအဖ က အင်တာနက်သုံးစွဲတဲ့သူတွေ ကိုအန္တရယ်ပေးနေတယ်။ လူတွေကို မျက်စိပိတ်နားပိတ်လုပ်နေတယ်။ အသိညဏ်တွေတုံးအောင်လုပ်နေပါတယ်။ ဒါကြောင့်အင်တာနက်သုံးစွဲတဲ့သူတွေအနေနဲ့  လုံခြုံရေးကိုအထူးဂရုစိုက်ပါ။ အင်တာနက်ဆိုင်မှာသုံးစွဲမယ်ဆိုရင်- ကိုယ်သွားခဲ့တဲ့ Website တွေ အီးမေးလ်တွေ ကို သဲလွန်စမကျန်အောင် ဖျေက်ဖျက်ခဲ့ပါ။ တတ်နိင်ရင်တော့ အင်တာနက်ဆိုင်ကိုသွားရင် လူနစ်ယောက်သွားသင့်ပါတယ်။ တယောက်က လုံခြုံရေးကိုကြည့် ပေးဖို့ တယောက်က ဆက်သွယ်ဖို့ ။ ဒါဆိုရုတ်တရက်အလှစ်အငိုက်ဝင်ဖမ်းတာတွေကိုရှောင်တိမ်းနိင်မယ်။
http://komoethee.blogspot.com/

ဖတ်ကြည့်ချင်သေးလား....

ရန်ကုန်မြို့တွင် သံဃာတော်၅ ပါးစုပြီး မသွားရဲ

ဧရာဝတီ-ကိုသက် | စက်တင်ဘာ ၂၀၊ ၂၀၀၈

ရန်ကုန်မြို့ရှိလမ်းမများတွင် သံဃာတော် ၄ … ၅ ပါးခန့်သွားလာနေလျှင် အာဏာပိုင်များနှင့် ကြံဖွံ့၊ စွမ်းအားရှင်များက အချင်းချင်းစကားပြောစက်ဖြင့်ဆက်သွယ်ကာ အဆင့်ဆင့်အသိပေးစောင့်ကြည့်မှုများ ပြုလုပ်နေသကဲ့သို့ စုံစမ်းမေးမြန်းမှုများ ပြုလုပ်လျက်ရှိသည်ဟု ရန်ကုန်ရှိ သံဃာ အသိုင်းအ၀န်းက ဆိုသည်။အဆိုပါလုပ်ဆောင်မှုများကြောင့် သံဃာများဆွမ်းခံထွက်ချိန်နှင့် ဒါယကာ၊ ဒါယကာမများပင့်ဖိတ်သည့် ဆွမ်းသွပ် အလှူပွဲများကို တစုတဝေးတည်းသွားခွင့်မရကြောင်း သိရသည်။

လမ်းမတော်မြို့နယ်ရှိ သရက်တောကျောင်းတိုက်နှင့် နီးစပ်သူတဦးက “ကိုယ်တော်တွေ ဆွမ်းခံတောင် သိပ်မထွက်ရဲတဲ့ပုံစံမျိုး ဖြစ်နေတယ်။ နာရေးတို့ .. အာရုဏ်ဆွမ်းတို့ကပ်တဲ့အခါကျရင် ၅ ပါးစုပြီး မသွားရဲဘူး။ ဘုန်းကြီးတွေ အစုခွဲပြီး ကြွနေရတယ်” ဟု ဧရာဝတီကို ပြောသည်။

ရန်ကုန်ရှိ ဓမ္မာစရိယ စာချကိုယ်တော်တပါးက “သုံးလေးငါးပါးသွားလာတာမျိုးတွေ့ရင် စကားပြောစက်တွေနဲ့ အဆင့်ဆင့်လှမ်းပြီးပြောနေကြတယ် … ဘယ်သူတွေလဲဆိုတော့ ရဲတို့၊ စွမ်းအားရှင်တို့ပေါ့ … ယူနီဖောင်းတော့ မ၀တ်ထားဘူး … အဲဒီလိုလူတွေ အများကြီးရှိတယ်” ဟု မိန့်ကြားသည်။

လွန်ခဲ့သည့်နှစ်က ပေါ်ပေါက်ခဲ့သော သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့် ကာလဖြစ်သောကြောင့် လှုပ်ရှားမှုများ ထပ်မံမပေါ်ပေါက်အောင် အာဏာပိုင်တို့က လုံခြုံရေးကို တင်းကျပ်ထားပြီး သံဃာတော်များ၏ သွားလာလှုပ်ရှားမှုများကို အထူးစောင့်ကြည့်နေခြင်း ဖြစ်သည်။

လွန်ခဲ့သည်လကစ၍ ရန်ကုန်နှင့် တခြားမြို့ကြီးများရှိ ကျောင်းတိုက်များတွင် အာဏာပိုင်တို့က သီတင်းသုံး သံဃာစာရင်းကောက်ခံထားပြီး သံဃာလှုပ်ရှားမှုများပေါ်ပေါက်ပါက ကျောင်းထိုင်များ၏တာဝန်ဖြစ်သည်ဟု ဖိအားပေးမှုများ ပြုလုပ်သည်ဟုလည်း ဓမ္မာစရိယ စာချကိုယ်တော်က မိန့်ကြားသည်။

“ဦးပဉ္ဇင်းတို့မှာ ဘုရားပေးတဲ့ဝိနည်းနဲ့ မနေရဘဲ နအဖ ပေးတဲ့ဝိနည်းနဲ့နေနေရတယ်။ အလွန်တရာကို စိတ်ပျက်ဖို့ ကောင်းပါတယ် .. နောက်တခုက စစ်သားက လေးသိန်းကျော်ရှိပြီး ဘုန်းကြီးက ငါးသိန်းကျော် ခြောက်သိန်း ရှိတယ်ဆိုပြီး အင်အားယှဉ်သလို ဖြစ်နေတယ်” ဟု ဓမ္မာစရိယ စာချကိုယ်တော်က ဆက်၍ မိန့်ကြားသည်။

လွန်ခဲ့သည့်အပတ်ကစ၍ လယ်စည်းအနီများတပ်ဆင်ထားသည့် လက်နက်ကိုင်လုံထိန်းရဲများက သရက်တောကျောင်းတိုက်အ၀နှင့် ကျောင်းတွင်း၌ စောင့်ကြပ်နေသည်ဟုလည်း အဆိုပါ ကျောင်းတိုက်နှင့် နီးစပ်သူက ပြောသည်။

အန်အယ်လ်ဒီ ဌာနချုပ် ပတ်ဝန်းကျင်ဖြစ်သည့် ရွှေဂုံတိုင်လမ်းစုံရှိ မြန်မာ့အလင်းသတင်းစာတိုက်တွင် စစ်သားများ အရံသင့်နေရာယူထားကြောင်းလည်း သိရသည်။

“လုံခြုံရေးတွေကို မြို့နယ်တိုင်းမှာ ဖွက်ထားတာ နည်းတာမဟုတ်ဘူး။ ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ၊ လှိုင်၊ တံတားဖြူ သံလမ်းဘက်မှာ တိုက်အဟောင်းတွေ၊ တိုက်ကြို၊ တိုက်ကြားတွေမှာ ..မြို့ထဲမှာဆိုလည်း တော်တော်များတယ်။ သာကေတကုန်းမှာဆို အငှားကားတွေကို နောက်ဖုံးတွေဖွင့်ရှာ .. ဖုန်းပါလာရင် အဲဒီလူကိုဆင်းခိုင်းပြီး စစ်တာ ..” ဟု ရန်ကုန်မြို့ခံတဦးက ဧရာဝတီကို ပြောဆိုသည်။

ဖတ်ကြည့်ချင်သေးလား....

မြန်မာနိုင်ငံကိစ္စ ကုလကိုယ်စားလှယ် စိစစ်ရေး ကော်မတီ ဆုံးဖြတ်မည်

ဆော်လမွန် စနေနေ့၊ စက်တင်ဘာလ 20 2008 20:37 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ကုလသမဂ္ဂတွင် မြန်မာစစ်အစိုးရက အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုကို စိန်ခေါ်ထားသည့် တင်ပြချက်သည် ဤကမ္ဘာ့ အဖွဲ့အစည်းကြီး၏ အကြီးအကဲက အထွေထွေ ညီလာခံသို့ ဆက်လက် ပေးပို့လိုက်ပြီ ဖြစ်သဖြင့် ချောမောစွာ ရှေ့တဆင့် တက်သွားပြီ ဖြစ်ကြောင်းဖြင့် ပြည်ပရောက် မြန်မာ့ အတိုက်အခံ အုပ်စုများက ပြောကြားလိုက်ပါသည်။
"ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ကျနော်တို့ ပန်ကြားလွှာကို သူ့စာနဲ့အတူ အထွေထွေ ညီလာခံကို လက်ခံဘို့ ဆက်လက် ပေးပို့လိုက်ပါပြီ။ ဘာကန့်ကွက်မှုမှ မရှိပါဘူး၊ ဒါကြောင့် ပထမအဆင့်တော့ အောင်မြင်ပါပြီ" ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) ဦးမျိုးဝင်းက ပြောဆိုသွားပါသည်။ NCUB သည် ဤလှုပ်ရှားမှုကို ဦးဆောင်နေသည့် မြန်မာ အတိုက်အခံတို့၏ ထီးရိပ်အဖွဲ့အစည်း တခု ဖြစ်ပါသည်။

"ကျနော်တို့ ပန်ကြားချက်ကို အထွေထွေ ညီလာခံက လက်ခံလိုက်ပါပြီ။ ဒါကို ကိုယ်စားလှယ် စိစစ်ရေး ကော်မတီက ဆွေးနွေးပါလိမ့်မယ်" ဟု သူက ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ပြည်ပရောက် မြန်မာအတိုက်အခံ အဖွဲ့အစည်းများ ဖြစ်ကြသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ၊ ပါလီမန် အမတ်များအဖွဲ့ (MPU) ၊ နှင့် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ အဖွဲ့ သာသနာ့မောလိ (IBMO) တို့က မြန်မာ စစ်အစိုးရ၏ ကိုယ်စားလှယ်ဖြစ်မှုကို စိန်ခေါ်သည့် ပန်ကြားချက် တရပ်ကို ကုလသမဂ္ဂသို့ စက်တင်ဘာ ၉ ရက်နေ့က တင်သွင်းခဲ့ကြပါသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က စတင် ကျင်းပသည့် ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက အဖွဲ့ဝင် ၉ ဦး ပါ ကိုယ်စားလှယ် စိစစ်ရေး ကော်မတီကို အဖွင့်နေ့တွင် ဖွဲ့စည်း တာဝန်ပေးလိုက်ရာ ထိုကော်မတီတွင် ဘော့ဆွာနာ၊ တရုပ်၊ ဆိုက်ပရပ်၊ အမေရိကန်၊ ရုရှ၊ လူဇင်းဘာ့ခ်၊ မက္ကဆီကို၊ မိုဇမ်းဘစ်၊ စိန့်ကစ်၊ နှင့် နီဗစ်စ် တို့ ပါဝင်ကြပါသည်။

ဤတင်ပြချက်အပေါ် ဆုံးဖြတ်ချက် မချမီ အဆိုပါ ကော်မတီက ဤစိန်ခေါ်သည့် ပန်ကြားလွှာကို သုံးသပ် ဆွေးနွေးကြမည် ဖြစ်ပြီး ကော်မတီက ဆက်လက် ပေးပို့ရန် ဆုံးဖြတ်မှသာ အထွေထွေ ညီလာခံက အပြီးသတ် အဆုံးအဖြတ်ပေးမည် ဖြစ်သည်။

"ကိုယ်စားလှယ်စိစစ်ရေး ကော်မတီမှာပါတဲ့ နိုင်ငံတချို့က လွဲရင် အဖွဲ့ဝင်အများစုက ကျနော်တို့အပေါ် သွေးစည်း ညီညွတ်မှု ရှိကြပါတယ်။ ဒါကြောင့် ကျနော်တို့ အကောင်းမြင်ပါတယ်" ဟု ဦးမျိုးဝင်းက ပြောသွားပါသည်။

"ဒါပေမဲ့ တရုတ်နဲ့ ရုရှတို့က ကျနော်တို့ ပန်ကြားချက်ကို ကန့်ကွက်ကြလိမ့်မယ်လို့ သိထားပါတယ်။ ဒါပေမဲ့ ဒီကော်မတီ ထဲမှာ ဗီတိုအာဏာ သုံးစွဲခွင့် မရှိပါဘူး" ဟု ဦးမျိုးဝင်းက ပြောပါသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး၊ မြန်မာ သံတမန်တဦး ဖြစ်သော ဦးသန့်က ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးအဖြစ် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံသည် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်ထိ ယာယီမျှ ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ခဲ့ပါသည်။ သို့သော် ၁၉၆၂ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော စစ်တပ်မှ အာဏာ သိမ်းယူခဲ့ပြီး တိုင်းပြည်ကို ဆိုရှယ်လစ် နိုင်ငံအဖြစ် ပြောင်းလဲ အုပ်ချုပ်ခဲ့သည်။

သို့သော် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ ပြည်သူများက ဆိုရှယ်လစ်စနစ်ကို ပယ်ချခဲ့ပြီး ဦးနေဝင်း၏ တပါတီ အာဏာရှင်စနစ်ကို လူထုလှုပ်ရှားမှုဖြင့် ဖြုတ်ချခဲ့ပါသည်။ သို့သော် စစ်အုပ်စု၏ အမွေသည် လက်ရှိ ဗိုလ်ချုပ်ကြီးများ ၁၉၈၈ ခုနှစ် စက်တင်ဘာတွင် အာဏာ သိမ်းသည့်အခါ ဆက်လက် တည်ရှိနေခဲ့ပါသည်။

စစ်အစိုးရက ၁၉၉ဝ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး ထိန်သိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့ပါသည်။ သို့သော် စစ်အစိုးရက အာဏာ လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ပြီး၊ တိုင်းပြည်ကို တင်းကြပ်စွာ ဆက်လက် အုပ်ချုပ်ခဲ့ပါသည်။

စစ်အစိုးရကို ကုလသမဂ္ဂမှ ဖယ်ရှားရန် ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများက ကိုယ်စားလှယ်ဖြစ်မှုကို စိန်ခေါ်သည့် လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ ပန်ကြားချက်တွင် ဗိုလ်ချုပ်ကြီးများသည် အာဏာကို မတရား အတင်းအကြပ် ရယူထားခဲ့ကြပြီး၊ တရားမဝင် အုပ်ချုပ်လျက် ရှိသည်၊ ထို့ကြောင့် စစ်အစိုးရ၏ ကိုယ်စားလှယ်ဖြစ်မှုကို ကုလသမဂ္ဂက ပြန်လည် စဉ်းစား သုံးသပ်သင့်ပါသည်ဟု ဖေါ်ပြထားခဲ့ကြပါသည်။

"ဒီ လှုပ်ရှားမှုက မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခကို မီးမောင်းထိုးပြနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်" ဟု ဦးမျိုးဝင်းက ပြောသွားပါသည်။
http://www.mizzimaburmese.com/news/regional/1712-2008-09-20-14-26-16.html

ဖတ်ကြည့်ချင်သေးလား....

Saturday, September 20, 2008

ဒေါ်စု အားဆေး သွင်းပေးရသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့

ဧရာဝတီ-ကိုထွေး | စက်တင်ဘာ ၁၉၊ ၂၀၀၈

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ လတ်တလော ထွက်ပေါ်နေသော သတင်းများသည် ခန့်မှန်း ပြောဆိုနေသော သတင်းများသာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အားအင်နည်းပါး နေသည့်အတွက် မိသားစု ဆရာဝန်က အားဆေး သွင်းပေးရသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။

ထိုသတင်းများနှင့် ပတ်သက်၍ အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက “လက်ရှိထွက်ပေါ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းတွေက ခန့်မှန်းပြောဆိုနေတဲ့ သတင်းတွေလို့ ထင်ပါတယ်၊ ကျန်းမာရေးနဲ့ ပတ်သက် ပြီးတော့ တကယ့် အဖြစ်အပျက်ကို ကျနော်မသိဘူး၊ ဒေါက်တာ တင်မျိုးဝင်းနဲ့လည်း ကျနော်တို့ အဆက် အသွယ်မရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း အန်အယ်လ်ဒီ ပါတီဝင်များအား ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေသည် ဟူသော သတင်းများ ထုတ်လွှင့်ပြီး ပြည်တွင်းပြည်ပ တုံ့ပြန်မှုများအပေါ် သွေးတိုး စမ်းသည့် အနေအထားမျိုး ဖြစ်ကြောင်း ရေးသားထားသည်။

စက်တင်ဘာ ၁၆ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ပြင်ပအစားအစာ လက်မခံခြင်းသည် အစာငတ်ခံ ဆန္ဒပြနေခြင်း မဟုတ်ဘဲ ၎င်းနှင့်အတူနေပြီး စောင့်ရှောက်ပေးနေသည့် ကျန်းမာရေး ချိုတဲ့နေသော ဒေါ်ခင်ခင်ဝင်းအား ငဲ့ညှာသည့် အနေဖြင့် အစားအစာကို ခြိုးခြံချွေတာ စားသောက်ခဲ့သည့်အတွက် အားအင် နည်းနေခြင်း ဖြစ်ကြောင်း အန်အယ်လ်ဒီ က ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ပမှပေးပို့သော အစားအစာများကို ရက်သတ္တ ၄ ပတ်ခန့် ငြင်းပယ်ခဲ့ပြီးနောက် အဟာရချို့တဲ့နေကြောင်း ၎င်း၏ မိသားစုဆရာဝန် သွားရောက် တွေ့ဆုံ ချက်အရ သိရှိရသည်ဟု ရှေ့နေကြီး ဦးကြည်ဝင်းကလည်း စက်တင်ဘာ ၁၅ရက်နေ့က ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ပ အစားအစာများကို ယခုသီတင်းပတ် တနင်္လာနေ့က စတင်လက်ခံ ခဲ့ကြောင်း၊ တိုင်း မဂ္ဂဇင်း(Time magazine)၊ နယူးစ်ဝိခ် မဂ္ဂဇင်း (Newsweek magazine) စသော မဂ္ဂဇင်းကြီး များနှင့် မြန်မာ သတင်းစာများ အပါအ၀င် နိုင်ငံရပ်ခြားရှိ သားထံမှ ပေးပို့စာများကို ၎င်းထံပေးပို့ရန် အစီအစဉ် များလည်း ပြုလုပ်နေကြောင်း အန်အယ်လ်ဒီက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော် ပြီ ဖြစ်သည်။
http://soneseayar.blogspot.com/2008/09/blog-post_2496.html

ဖတ်ကြည့်ချင်သေးလား....

US criticises Burma religious freedom record

20 September, 2008 - Published 00:35 GMT
The U.S. State Department's annual International Religious Freedom report condemned Burmese military government for restricting spiritual activities and abusing its citizens' rights.

China and Burma have been classified among "Countries of Particular Concern" since the first religious freedom report came out in 1999.

In Burma, the government continued to infiltrate and monitor activities of virtually all organizations, including religious ones, the report said; Christians faced restrictions and Muslims suffered violence and close monitoring.
http://www.bbc.co.uk/burmese/news/story/2004/12/041201_saturday_dawn.shtml

ဖတ်ကြည့်ချင်သေးလား....

အနောက်ပိုင်းတိုင်း တိုင်းမှူး မှ ရခိုင်ပြည်နယ် အတွင်းတည်ရှိသော မြို့များ၏ အခြေအနေများကို နာရီပိုင်းအတွင်းသတင်း ပေးပို့ရန် ညွှန်ကြား

နိရဉ္စရာ-မောင်သစ်အောင် ၊ စက်တင်ဘာလ ၁၈ ရက် ၂၀၀၈

ရခိုင်ပြည်နယ် ပယက ဥက္ကဌ အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းအေးမှ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်နေ့နှင့် နီးကပ်လာ သဖြင့် ယနေ့မှ စတင်ပြီး ရခိုင်ပြည်နယ် အတွင်းတည်ရှိသော မြို့များ၏ အခြေအနေများကို နာရီပိုင်းအတွင်း သတင်း ပေးပို့ရန် သက်ဆိုင်ရာ မယက၊ ရယကနှင့် သက်ဆိုင်ရာ အစိုးရ အုပ်ချုပ်ချုပ်ရေး ဌာနများသို့ ညွှန်ကြားလိုက်ကြောင်း သတင်းရရှိသည်။
စစ်တွေ ရပ်ကွက်ကောင်စီ ဥက္ကဌ တဦးက “ဒီကနေ့က စတင်ပြီး ခရိုင်၊ မြို့နယ်နဲ့ ရပ်ကွက် ကောင်စီ အဖွဲ့ဝင်တွေ အပါအ၀င် တခြားစစ်အစိုးရ လက်ကိုင်တုတ်တွေကို နာရီပိုင်း အတွင်း သတင်းတွေကို ပုံမှန် ပေးပို့ရမယ်ဆိုပီး တိုင်းမှူးကိုယ်တိုင် ညွှန့်ကြားထားတာပါ။ အဓိကတော့ စစ်တွေမြို့၊ တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ သံတွဲနဲ့ ရွှေဝါရောင်တော် လှန်ရေးကာလက နာမည်ကြီး ရပ်ကွက်နဲ့ မြို့နယ်တွေကို ညွှန်ကြားချက် ထုတ်ထားတာပါ။ အချိန်မရွေး ထူးခြားချက်ရှိရင် ချက်ချင်းနီးစပ်ရာ အာဏာပိုင်များထံသို့ သတင်း ပေးပို့ရမယ်။ တကယ်လို့ မိမိနဲ့ နီးစပ်တဲ့ နေရာ တခုခုမှာ လူထု အုံကြွတဲ့ လှုပ်ရှားမှု ဖြစ်လာရင် သတင်း မပေးနိုင်သူသာ တာဝန်ဖြစ်မယ်ဆိုပီး ခြိမ်းခြောက် ထားတွေလည်း ပါဝင်ပါတယ်။” ဟု ပြောသည်။

တခြားတဖက်တွင်လည်း အနောက်ပိုင်းတိုင်းမှူးမှ သက်ဆိုင်ရာ တပ်ရင်း အသီးသီးသို့ ရွှေဝါရောင် တော်လှန်ရေးနေ့ နှစ်ပတ်လည်နေ့ နှင့် နီးကပ်လာသဖြင့် လှုပ်ရှားမှုများ ဖြစ်ပေါ်လာက အချိန်နှင့် တပြေးညီ လူထုကို ဖြိုခွင်းနိုင်ရန် အဆင်သင့် ရှိရန်အတွက်လည်း တပ်လှန့် ထားသည်ဟု ၎င်းကဆိုသည်။

အခုအခါ ရခိုင်ပြည်နယ် အတွင်း အဓိက လူစုလူဝေး ဖြစ်ပေါ်နိုင်သော နေရာများအား စစ်အာဏာပိုင်များက အနီရောင် သင်္ကေတဖြင့် သတ်မှတ်ထားပြီး လူစုလူဝေးများ ဖြစ်ပေါ်လာပါက အချိန်နှင့် တပြေးညီ ဖြိုခွင်းနိုင်ရန် ရဲ၊ ထောက်လှမ်းရေးနှင့်၊ စစ်တပ်နှင့် ပြည်သူ့စစ်များကိုပါ အဆင်သင့် လုပ်ထားကြောင်း သတင်းရရှိသည်။
http://soneseayar.blogspot.com/2008/09/blog-post_1113.html

ဖတ်ကြည့်ချင်သေးလား....

မုံပီး၊ သဲသဲ
သောကြာနေ့၊ စက်တင်ဘာလ 19 2008 17:03 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နာမကျန်းဖြစ်နေသော ကလေးအရေအတွက်များ တိုးပွားလာနေစဉ်မှာပင် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ရောဂါ ဖြစ်စေနိုင်သော နို့မှုန့်များကို မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲ ၅ နိုင်ငံသို့ ထိုနို့မှုန့် ထုတ်လုပ်သော ကုမ္ပဏီမှ တင်ပို့ ရောင်းချခဲ့သည်ဟု ကြာသပတေးနေ့တွင် ၀န်ခံ ပြောကြားလိုက်သည်။

ကြာသပတေးနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ "ဇိယန်ယု" က တရုတ်ကုမ္ပဏီ ၂ ခုမှ ထုတ်လုပ်သော ဘေးဖြစ်စေနိုင်သည်ဟု စစ်ဆေး တွေ့ရှိခဲ့သည့် နို့မှုန့် များကို ယီမင်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဂါဗွန်းနှင့် ဘူရွန်ဒီနိုင်ငံမျာသို့ တင်သွင်းခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

ထိုနို့မှုန့်များကြောင့် တရုတ်နိုင်ငံတွင် ကလေးပေါင်း ၆၂၀၀ ကျော် ဖျားနာနေရပြီး တတိယမြောက် ကလေးတဦးပင် သေဆုံးသွားရပြီ ဖြစ်သည့်တိုင် ထိုပြောရေးဆိုခွင့် ရှိသူက အထက်ပါ နို့မှုန့်တင်သွင်းခဲ့သော နိုင်ငံများတွင် ယခုအချိန်အထိ မည်သည့် ပြဿနာ တစ်စုံတစ်ရာမျှ မရှိသေးပါဟု ပြောကြားခဲ့ပါသည်။

ဆယ်စုနှစ်လေးခုမျှ စစ်တပ်၏ အုပ်ချုပ်မှုကို ခံနေရသော မြန်မာနိုင်ငံမှ အစိုးရသတင်းစာများကမူ စားသုံးသူများကို အိမ်နီးချင်း တရုတ်နိုင်ငံမှ ထိုနို့မှုန့်များကို ရှောင်ကျဉ်ရန် ယခုထိ လုံးဝ သတိပေးကြေညာခြင်း မရှိသေးပေ။ သို့သော် ဝေဖန် သုံးသပ်သူများက မြန်မာပြည် အစားအစာ ဈေးကွက်အတွင်းသို့ ထိုအန္တရာယ်ရှိသော နို့မှုန့်များ ၀င်ရောက်နေခဲ့ပြီဟု ယုံကြည်ကြသည်။

ပျားပန်းခတ်မျှ နယ်ခြားကုန်သွယ်မှုများ တည်ရှိနေသည့် ၀င်လမ်းထွက်လမ်း များပြားလှသော တရုတ်ပြည်နှင့် ထိနေသည့် မြန်မာနယ်စပ် တလျှောက်၏ အခြေအနေအရဆိုလျှင် ဘေးဖြစ် စေတတ်သော နို့မှုန့်များသည် မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာနိုင်ရန် အခွင့်အလမ်းများလှသည်ဟု လေ့လာသူများက သုံးသပ်ပြောကြားသည်။

New Zealand, နယူးဇီလန်ရှိ Pep တံဆိပ် နို့မှုန့်ထုတ်လုပ်သော Red Horse စက်မှုအုပ်စုမှ ကုမ္ပဏီ မန်နေဂျာက တရုတ်နိုင်ငံထုတ် နို့မှုန့်အများစုဟာ တခြားနို့မှုန့်တွေနဲ့ နှိုင်းယှဉ်ရင် ဈေးသက်သာတဲ့အတွက် မြန်မာနိုင်ငံသား အများစု အဓိကထား သုံးစွဲကြပါတယ်ဟု ပြောသည်။

ရန်ကုန်မှ ထို Red Horse စက်မှုအုပ်စု၏ တံဆိပ် သုတေသန မန်နေဂျာ ကိုထွန်းထွန်းက မည်သည့် တရုတ်နိုင်ငံထုတ် နို့မှုန့်က ကလေးငယ်များကို နာမကျန်း ဖြစ်စေသည်ဟု အတိအကျ မသိခင်ကတည်းကလည်း မြန်မာနိုင်ငံသားများ သုံးစွဲနေကြသော တရုတ်နို့မှုန့်များမှာ ငယ်ရွယ်သော ကလေးများအား အနည်းနှင့် အများ အန္တရာယ် ဖြစ်စေနိုင်သည်ဟု ပြောသည်။

"၆ လအထိ ဒါမှမဟုတ် တနှစ်သားလောက်ထိ ကလေးငယ်များကို မိဘတွေက နို့မှုန့်တံဆိပ် တမျိုးတည်းကိုပဲ တိတိကျကျ တိုက်ကျွေးသင့်ပါတယ်။ ကြုံသလို အမျိုးမျိုးပြောင်း တိုက်ကျွေးမယ် ဆိုရင်တော့ အစာ မကြေတဲ့ ပြဿနာကြောင့် အဲဒီ့ကလေးတွေမှာ အစာအိမ်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်"ဟု ကိုထွန်းထွန်းက ဆက်လက်ရှင်းပြသည်။

တချိန်ထဲမှာပင် တရုတ်အစိုးရက နို့မှုန့် ထုတ်ကုန်များတွင် ဓာတုမယ်လမင်းဓာတ် တွေ့ရှိသည်ဟု စစ်ဆေးတွေ့ရှိရသော နို့ထွက်ပစ္စည်းကုမ္ပဏီ အနည်းဆုံး ၂၂ ခုကို တပြိုင်နက်ပိတ်သိမ်းရန် အမိန့်ပေးရမည့် ကိစ္စမှာလည်း ကိုင်တွယ်ရ ခက်ခဲသည့် ကိစ္စတခု ဖြစ်နေသည်ဟု ဆိုသည်။

ရိုက်တာသတင်းဌာန၏ သတင်းပို့ချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ စံညွှန်းနှင့် စမ်းသပ်မှုသိပ္ပံက တရုတ်နိုင်ငံမှ တင်သွင်းလာသော ထိုနို့မှုန့် နမူနာ အနည်းငယ်ကို ယူ၍ စစ်ဆေးနိုင်ရန်အတွက် စမ်းသပ်ခန်းသို့ ပို့လိုက်ပြီ ဖြစ်သည်။ "ကျနော် အရမ်း စိုးရိမ်နေကြတယ်။ (တင်သွင်းလာသော ဘေးဖြစ်စေသည့် နို့မှုန့်များနှင့် ပတ်သက်၍)။ ဒီကိစ္စကို တကယ့်ကို လေးလေးနက်နက်ကိုင်တွယ်မှ ဖြစ်မယ်"ဟု ထိုသိပ္ပံကျောင်း၏ ညွှန်ကြားရေးမှူး "လု(တ) ဖော်ရာမန်" ၏ စကားကို ရိုက်တာမှ ကိုးကားဖော်ပြသည်။

အလားတူပင် တောင်ကိုရီးယားနိုင်ငံ အစားအစာနှင့် ဆေးဝါး ကြီးကြပ်ရေးအဖွဲ့မှလည်း တရုတ်နိုင်ငံထုတ် နို့မှုန့်များနှင့် အသုံးပြုထားသည့် ပစ္စည်းများကို စစ်ဆေးနေပြီဖြစ်ပြီး နောက်အပတ်ထဲတွင် အဖြေထွက် မည်ဟု မျှော်လင့်ရသည်။

သို့သော် မြန်မာနိုင်ငံရှိ ကျန်းမာရေး ၀န်ကြီးဌာန အောက်မှ အစားအစာနှင့် ဆေးဝါး ကြီးကြပ်ရေးအဖွဲ့ (FDA) ကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းရာ တရုတ်မှ တင်သွင်းလာသည့် အန္တရာယ်ရှိသော နို့မှုန့်ကို စစ်ဆေးမှုနှင့် ၄င်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှုတို့ကို မရရှိခဲ့ပေ။

အရာရှိများက သတင်းအချက်အလက် မပေးနိုင်ခဲ့ပဲ ခွင့်ယူထားသည်ဟုသာ ပြောဆိုနေ၍ ရန်ကုန် FDA ရုံးမှ အချက်အလက် ထည့်သွင်း ကြီးကြပ်ရသူ အမျိုးသမီးကလည်း မဇ္ဈိမကို ထိုကိစ္စနှင့် ပတ်သက်၍ သူ ဘာမှမသိပါဟု ပြောသည်။

ထိုတချိန်တည်းမှာပင် တရုတ်နို့မှုန့်များ ရောင်းချသူ အမျိုးသမီးတဦးကလည်း စားသုံးသူများသည် တရုတ် နို့မှုန့်များကိုပင် ၀ယ်ယူနေဆဲ ဖြစ်ပြီး တရုတ်နို့မှုန့် ရောင်းချမှုမှာ သိသာစွာ ကျဆင်းသွားခြင်း မရှိသေးဟု မဇ္ဈိမအား ပြောပြ၏။

ဝေဖန် သုံးသပ်သူများကမူ မြန်မာနိုင်ငံသား အများစုသည် အိမ်နီးချင်း တရုတ်နိုင်ငံမှ အန္တရာယ်ဖြစ်စေသော နို့မှုန့်နှင့် ပတ်သက်၍ ဖြစ်ပွားနေဆဲ သတင်းဆိုးများနှင့် ပတ်သက်၍ သော်လည်းကောင်း၊ ထိုနို့မှုန့် စားသုံး ခြင်းမှရရှိသည့် ဆိုးဝါးသော အကျိုးဆက်များကို သော်လည်းကောင်း ကောင်းစွာ မသိရှိကြသေးဟု ယုံကြည်နေကြသည်။
http://www.mizzimaburmese.com/news/regional/1707-2008-09-19-10-49-53.html

ဖတ်ကြည့်ချင်သေးလား....

Friday, September 19, 2008

Fourteen activists arrested

Irrawaddy: Lawi Weng
Wed 17 Sep 2008
Filed under: News, Inside Burma

As part of its ongoing campaign to preempt a repeat of last year’s massive monk-led protests, Burma’s ruling junta has arrested 14 activists over the past week, according to the Thailand-based Assistance Association for Political Prisoners-Burma (AAPP).
The AAPP reported that six people were arrested on September 9 in the former capital Rangoon, while another eight activists were taken into custody on September 11 in Meikhtila, Mandalay Division.

A local member of Burma’s main opposition party, the National League for Democracy (NLD), said that one of the eight people arrested in Meikhtila was activist Aung Ko Ko Lwin, the younger brother of prominent activist-monk U Gambira, who played leading role during last year’s protests.

According to the NLD source, five plainclothes security officers raided Aung Ko Ko Lwin’s home last Thursday at 10:30 a.m., arresting him and his wife. A second group of security officers appeared later in the day to conduct a thorough search of Aung Ko Ko Lwin’s residence. His wife was released that evening.

AAPP secretary Tate Naing told The Irrawaddy on Tuesday that six activists who were arrested in Rangoon last week are now being held in Insein Prison. One of the detained activists was identified as U Gambira’s brother-in-law, Ko Moe Htet Hlyan. He was arrested at his home in Rangoon at 7:30 p.m. On September 9.

Tate Naing said that the authorities arrested the 14 democracy activists because of concerns about the possibility of protests like the ones that occurred last September, when tens of thousands of people took part in the largest uprising in nearly 20 years. According to the United Nations, at least 31 people were killed in the subsequent crackdown.

Sources said that security has been stepped up in many areas that were at the centre of last year’s demonstrations, including Burma’s second-largest city, Mandalay; Sittwe Township in Arakan State; Pegu Division; and Pakokku Township in Magwe Division.

In Sittwe, the authorities have imposed a curfew on three monasteries. Around 500 monks have been told that they must not go out at night unless they have permission from the abbots of their monasteries.

A monk in Sittwe told The Irrawaddy on Monday that there has been an increased security presence around Pa Thein, Nan Tha Yar Ma and Sein Than Thu Ka Monasteries. He said that monks are under close scrutiny, and that officials sometimes visit at night to see if any monks have left their monasteries without authorization.

In Pegu Division, the authorities have also deployed nighttime security at monasteries. Mon monasteries in Pegu have been told to inform the authorities if guests stay overnight.
သတင်း http://www.burmanet.org/news/2008/09/17/irrawaddy-fourteen-activists-arrested-lawi-weng/

ဖတ်ကြည့်ချင်သေးလား....

အန္တရာယ်ရှိ တရုတ်နို့မှုန့်များအကြောင်း စစ်အစိုးရ ရှင်းလင်းစွာ သတိပေးခြင်းမရှိ

အေးချမ်းမြေ့ | စက်တင်ဘာ ၁၈၊ ၂၀၀၈
မြန်မာပြည်အပါအဝင် နိုင်ငံ ၅ နိုင်ငံသို့ တင်သွင်းနေသော တရုတ်ကုမ္ပဏီ ၂ ခုမှ နို့မှုန့်တံဆိပ် ၃ မျိုးကို တရုတ်အစိုးရက အသက် အန္တရာယ်ဖြစ်စေသော အဆိပ်များ ပါဝင်သည်ဟု ဆုံးဖြတ်၍ ဈေးကွက်အတွင်းမှ စတင် သိမ်းဆည်းပြီဖြစ်ကြောင်း မကြာသေးမီက ကြေညာချက် ထုတ်ပြန်လိုက်သော်လည်း မြန်မာ အစိုးရပိုင် သတင်းစာများတွင် သတိပေးကြေညာမှုများ မလုပ်သေးသည်ကို တွေ့ရှိရသည်။
Yashili၊ Sancarl နှင့် Suokang ဆိုသည့် တရုတ်နို့မှုန့် ၃ မျိုးတွင် အဆိပ်သင့် မယ်လမင်း ပါဝင်နေသည်ကို တွေ့ရပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ယီမင်၊ ဘာရန်တီနှင့် ဂါဗွန်းနိုင်ငံများကို တင်သွင်းခဲ့သည်။ ယခုအခါ အဆိပ်ပါဝင်သည်ဟု စစ်ဆေးတွေ့ရှိချက် ကြောင့် ယီမင်၊ ဘာရန်တီနှင့် ဂါဗွန်းနိုင်ငံများမှ ၎င်းတံဆိပ် နို့မှုန့်များကို ပြန်လည်သိမ်းဆည်း နေပြီဖြစ်သည်။
မြန်မာစစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် နိုင်ငံတကာသတင်း ကဏ္ဍ၌ ၎င်းနို့မှုန့် သတင်းကို ဖော်ပြထားသော်လည်း မြန်မာပြည်သို့ တင်သွင်းနေကြောင်း ဖော်ပြခြင်း မရှိပေ။
“ပြောရရင် ဒါနိုင်ငံတော်လျှို့ဝှက်ချက်လည်း မဟုတ်ဘူး။ ဘာမူဝါဒမှ ချိုးဖောက်တာလည်း မဟုတ်ဘူး။ ထိမ်ချန်လို့ ဘာအကျိုးစီးပွား ရမှာလည်း။ ပြည်သူကို အသိပေးသင့်တဲ့ကိစ္စ သေချာပြောသင့်တယ်” ဟု ကုမ္ပဏီဝန်ထမ်း လူငယ်တဦးကပြောသည်။

အင်္ဂလိပ်ဘာသာထုတ် သည်နယူးလိုက်အော့ဖ် မြန်မာ သတင်းစာတွင်မူ နို့မှုန့်များကို တင်သွင်းသည့် နိုင်ငံများ စာရင်း၌ မြန်မာပြည် ပါဝင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

“သတင်းစာက စုစုပေါင်းမှ မြန်မာလို ၂ စောင် အင်္ဂလိပ်လိုတစောင်ရှိတာ အရေးကြီးတဲ့ ကိစ္စဆို လုံးဝ မဖော်ပြလို့မဖြစ်မှ တစောင် လောက်မှာပဲ ခပ်ဝါးဝါးအဲလို ဖော်ပြနေကျ” ဟု ၎င်း လူငယ်ကဆက်ပြောသည်။

မြန်မာပြည်တွင် လူအများစုမှာ တရုတ်ပြည်မှ တင်သွင်းနေသော နို့မှုန့်များကိုသာ အားကိုးနေရသည်ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက သုံးသပ်သည်။

“နို့မှုန့်တံဆိပ်တွေက အများကြီးပဲ။ အားလုံးက တရုတ်ကသွင်းတာချည်းပဲ။ အများစုက ဘယ်တံဆိပ်ရယ် ဘာရယ်မဟုတ်ဘူး ဈေးသက်သာတာ ဝယ်သုံးနေကြတာ” ဟု သူကပြောသည်။

၎င်း အန္တရာယ်ရှိနို့မှုန့်များ စားသုံးမှုကြောင့် ကလေး ၃ ဦး သေဆုံးကာ ၁၅၈ ဦး ကျောက်ကပ် ဝေဒနာ အပြင်းအထန် ခံစားနေရသည်ဟု တရုတ်ပြည် ကျန်းမာရေးဝန်ကြီးချန်ဇူးက မနေ့ကထုတ်ပြန်ကြေညာ လိုက်သည်။ ထိုကြေညာချက်တွင် ကလေး ၆ ထောင်ကျော်မှာ ထိုနို့မှုန့်များကြောင့် နာမကျန်းဖြစ်လျှက် ရှိသည်ဟု ပါဝင်သည်။

“တကယ်အန္တရာယ်ရှိတယ်လို့ တရုတ်ကတောင် ကြေညာနေပြီဆိုရင် မြန်မာသတင်းစာတွေ၊ ရုပ်မြင်သံကြား တွေ၊ ဂျာနယ်တွေကနေ သေသေချာချာ ဖော်ပြပေးသင့်တယ်။ အဲလို ဖော်ပြမယ်ဆိုရင်လည်း သတင်းစာနဲ့ ရုပ်မြင်သံကြားသတင်းမှာထက် လူဖတ်များတဲ့ ဂျာနယ်တွေနဲ့ လူကြည့်များတဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေ ဘောလုံးပွဲတွေမှာ ကြားဖြတ်ပြီး ကြေညာပေးသင့်တယ်။ သတင်းစာက ဘယ်သူမှ မဖတ်ဘူး။ ရုပ်မြင်သံကြား သတင်းကလည်း ဘယ်သူမှကြည့်တာမဟုတ်ဘူးလေ” ဟု ရန်ကုန်မြို့နေ ကလေးဖခင် တဦးကပြောသည်။

မြန်မာပြည်ရှိ အပတ်စဉ်ထုတ် ဂျာနယ်များတွင်မူ ၎င်းသတင်းကို နိုင်ငံတကာသတင်း အနေနှင့် ဖော်ပြ မည်ဖြစ်သော်လည်း မြန်မာပြည်နှင့် ပတ်သက်နေသည့် ကိစ္စရပ်ကိုမူ ဖော်ပြခွင့်ရ မရ မသိသေးဟု ရန်ကုန်အခြေစိုက် သတင်းသမား တဦးကပြောသည်

ဖတ်ကြည့်ချင်သေးလား....

ပြည်ပ မြန်မာသတင်းဌာနများ၏ ဝဘ်ဆိုဒ်များ တိုက်ခိုက်ခံနေရ

ဇာနည် ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008 19:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ပြည်ပတွင် အခြေစိုက်သော မြန်မာသတင်းဌာနများ ဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)၊ ဧရာဝတီ၊ ခေတ်ပြိုင် တို့၏ အင်တာနက် ၀ဘ်ဆိုဒ်များ တပြိုင်နက်ဆိုသလို DDOS attack ဖြင့် တိုက်ခိုက်ခြင်း ခံနေရသည်။

အဆိုပါ သတင်းဌာနများ၏ အင်တာနက် ၀ဘ်ဆိုဒ်များမှာ ယနေ့ နေ့လည်ပိုင်းမှ စတင်ကာ ကြည့်ရှုမရ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

"ကျနော်တို့ ဆိုဒ် (www.dvb.no) က အတိုက်ခိုက်ခံရတယ် ဆိုတာ သေချာပါတယ်။ ဒီနေ့ နေ့လည် ၁၁ နာရီလောက်က စပြီး ဖြစ်တာပါ" ဟု DVB ထိုင်းဌာန တာဝန်ခံ ဦးတိုးဇော်လတ်က မဇ္ဈိမကို ပြောသည်။

အလားတူ ချင်းမိုင်မြို့ အခြေစိုက် ဧရာဝတီ သတင်းဌာန ၀ဘ်ဆိုဒ်လည်း တိုက်ခိုက်ခြင်းခံရကြောင်း သိရသည်။

"ကျနော်တို့ ဆိုဒ် (www.irrawaddy.org) က မနေ့ကတည်းက ဖြစ်နေတာ ဒါပေမယ့် ဒီနေ့မှ တိုက်ခိုက်ခံရတယ် ဆိုတာ နည်းပညာပိုင်းက သေချာ သိလိုက်ရတယ်" ဟု ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်က ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ သတင်းဌာနတခု ဖြစ်သော ခေတ်ပြိုင် သတင်း ဂျာနယ် ၀ဘ်ဆိုဒ် (www.khitpyaing.org) လည်း ယနေ့ နံနက်ကတည်းက ကြည့်ရှုမရ ဖြစ်နေပြီး တိုက်ခိုက်ခြင်းခံရခြင်း ဖြစ်သည်ဟု သိရသည်။

ယခု DVB ၀ဘ်ဆိုဒ် အတိုက်ခိုက်ခံရခြင်းမှာ ဒုတိယ အကြိမ်ဖြစ်ပြီး မဇ္ဈိမ ၀ဘ်ဆိုဒ် မှာလည်း အလားတူ တိုက်ခိုက်ခြင်းမျိုးကို ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ကြုံခဲ့ရသေးသည်။ ယခုကဲ့သို့ ပြည်ပသတင်းဌာန ဝဘ်ဆိုဒ်များ ကြည့်ရှုမရမှု ဖြစ်နေသောကြောင့် မဇ္ဈိမ ဝဘ်မာစတာကလည်း မဇ္ဈိမ ဝဘ်ဆိုဒ်များကို အနီးကပ် စစ်ဆေးစောင့်ကြည့်နေကြောင်း သိရသည်။

တိုက်ခိုက်ခံရမှု အတိုင်းအတာ မည်မျှအထိ ရှိသည်၊ မည်သည့်အချိန်တွင် ပြန်လည် ကြည့်ရှုရနိုင်မည်ကို အတိအကျ မသိရနိုင်သေးဟု နော်ဝေနိုင်ငံ အော်စလိုမြို့မှ DVB မှ ၀ဘ်ဆိုဒ် နည်းပညာပိုင်းဆိုင်ရာ တာဝန်ရှိသူက ပြောသည်။

အဆိုပါ (Distributed Denial of Services – DDoS) တိုက်ခိုက်မှုမှာ သတင်း အချက်အလက်များကို တပြိုင်တည်း အလွန်အကျွံ စုပြုံ၍ ပေးပို့လိုက်ပြီး ဝဘ်ဆိုဒ်က လက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်သွားစေကာ အချက်အလက်များကို ပြန်လည် မပေးပို့နိုင်ပဲ ရပ်ဆိုင်းသွားစေခြင်း ဖြစ်သည်။

ဤတိုက်ခိုက်နည်း၏ အဓိက ရည်ရွယ်ချက်မှာ ဝဘ်ဆိုဒ်ကို ကြည့်ရှု၍မရအောင် ပြုလုပ်ရန် ဖြစ်သည်။

"အခုလို လုပ်တာက ဘယ်အဖွဲ့အစည်းရယ်လို့တော့ အတိအကျ မပြောနိုင်ပေမယ့် တမင် ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတာပါပဲ" ဟု ဦးတိုးဇော်လတ်က ပြောသည်။
http://www.mizzimaburmese.com/news/regional/1693-2008-09-17-13-39-03.html

ဖတ်ကြည့်ချင်သေးလား....

Sunday, September 14, 2008

သံဃာ့ အာဇာနည်..ဦးဥတ္တမ

ဖတ်ကြည့်ချင်သေးလား....

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */