Tuesday, November 24, 2009

ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်သော ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲမှ ထုတ်ပြန်ကြေငြာချက်

Shwegondai Statement

ဖတ်ကြည့်ချင်သေးလား....

မြန်မာ့အရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး

Shwegondai News

ဖတ်ကြည့်ချင်သေးလား....

ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ အခမ်းအနား သို့ပေးပို့လာသော အဘဦးဝင်းတင် သဝဏ်လွှာ

UWT & SGD 23

ဖတ်ကြည့်ချင်သေးလား....

ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ အခမ်းအနားသို့ ပေးပို့လာသော ဦးအေးသာအောင်သဝဏ်လွှာ။

UATA & SGD 23

ဖတ်ကြည့်ချင်သေးလား....

Monday, November 23, 2009

ရွှေဂုံတိုင် ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲ ဂျပန်တွင်ကျင်းပး၊၊ ၊၊

(シュエゴンダイ宣言)シンポジウム



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ(၂၉-၄-၂၀၀၉)ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့သော
ရွှေဂုံတိုင် ကြေငြာစာတမ်းအား အကောင်အထည်ပေါ်လာနိုင်ရေးအတွက် ဂျပန်နိုင်ငံအတွင်း
နှီးနှောဖလှယ်ဆွေးနွေးပွဲကြီးကို ၂၃-၁၁-၂၀၀၉ ရက်နေ့တွင် Rengo အဆောက်အဦး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ အဓိကတာဝန်ယူ၍
အခြားမဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပပြုလုပ်ခဲ့ရာ ယ္ခုအချိန်အထိလူပေါင်း
၂၈၀ကျော်တက်ရောက်ခဲ့ပါသည်။သတင်းအသေးစိတ်ကိုဆက်လက်ဖော်ပြပါမည်။
ဓါတ်ပုံ.. ဗီဒီယို..kopour
သတင်း...NLD(LA)JB Youth

ဖတ်ကြည့်ချင်သေးလား....

VOICE OF BURMA စာစောင်။..။

VOB737KK

ဖတ်ကြည့်ချင်သေးလား....

Wednesday, November 18, 2009

ရွှေဂုံတိုင်ကြေငြာစာတမ်း မြန်မာ-ဂျပန်-အင်္ဂလိပ်.....။

ရွှေဂုံတိုင်ကြေငြာချက် မြန်မာ- ဂျပန်

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည်၏ စေ့စပ် ညှိနှိုင်းရေး

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည်မှ နအဖဥက္ကဋ္ဌထံပေးစာနှင့် အဖွဲ့ချုပ်ကြေငြာချက်။...။

Paid Letter 23

ဖတ်ကြည့်ချင်သေးလား....

မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ

21st PA

ဖတ်ကြည့်ချင်သေးလား....

Monday, November 16, 2009

ဒေါ်အောင်ဆန်းစုကြည်နောက်ဆက်တွဲနအဖသို့ပေးစာ ”

Su 2Nd Statement

ဖတ်ကြည့်ချင်သေးလား....

VOICE OF BURMA စာစောင်။..။(နိုဝင်ဘာ ၁၅ရက်နေ့)

VOB736KK

ဖတ်ကြည့်ချင်သေးလား....

Monday, November 9, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ(ဂျပန်ဋ္ဌာနခွဲ) မှကျင်းပပြုလုပ်သည့် (၈၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ဓာတ်ပုံမှတ်တမ်း။..။


ဓါတ်ပုံ.....kopour

ဖတ်ကြည့်ချင်သေးလား....

Sunday, November 8, 2009

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံဆွေးနွေးလျှင် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးမည်ဟု ဂျပန်ဝန်ကြီးချုပ်ပြောဆို။..။


ဂျပန်ဝန်ကြီးချုပ်ဟတိုယာမှ မဲခေါင်မြစ်ဝှမ်း(၅)နိုင်ငံ စီမံကိန်း အစည်းအဝေးသို့ တက်ရောက်လာသော စစ်အစိုးရဝန်ကြီးချုပ်သိန်းစိန်အား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံဆွေးနွေးလျှင် ဂျပန်အစိုးရမှ လူသားချင်းစာနာထောက်ထားသော အကူအညီများ ပေးအပ်မည်ဟု ယနေ့စနေ့နေ့ နောက်ဆုံးတွေ့ဆုံပွဲမှာ ပြောဆိုလိုက်ပါတယ်။ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးပြီး လာမည့် (၂၀၁၀)တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း နိုင်ငံရေးအင်အားစု အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်စေလိုကြောင်း ဝန်ကြီးချုပ်အိမ်တော်၌ သီခြားတွေ့ဆုံပွဲ တွင် ဂျပန်ဝန်ကြီးချုပ်မှ ဆက်လက်တိုက်တွန်း ပြောဆိုသွားပါတယ်။

မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ နိုင်ငံတွေ ဖြစ်တဲ့ မြန်‌မာ၊ ထိုင်း၊‌လော၊ ဗီယက်‌နမ်‌ နဲ့  ကမ္ဘောဒီးယား(၅)နိုင်ငံ‌ အတွက် (၃)နှစ်အတွင်း ဂျပန်အစိုးရမှ အကူအညီ ODA (Offical Development Assistance) အမေရိကန်ဒေါ်လာ ၅ဘီလီယံနဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ ပေးအပ်မှာဖြစ်ပါတယ်။ ဒီနေ့ထုတ်လွှင့်တဲ ရုပ်မြင်သံကြား သတင်းခေါင်းစဉ် တွေမှာတော့ မြန်မာစစ်အစိုးရ အနေနဲ့ ဒီမိုကရေစီ ဖြစ်စဉ်တွေ တိုးတက်ပြောင်းလဲလာမှ ပေးအပ်မယ့် ပုံစံရေးသားထားကြပါတယ်။

ယနေ့ စနေနေ့ည ဂျပန်ရုပ်မြင်သံကြား သတင်းများတွင် မဲခေါင်မြစ်ဝှမ်း ဒေသ(၅)နိုင်ငံ အစည်းအဝေး သတင်းများ၌ မြန်မာသတင်းကို အထူးအလေးထား ဖော်ပြကြပါတယ်။ စစ်အစိုးရဝန်ကြီးချုပ်သိန်းစိန်နှင့် နိုင်ငံခြားရေးဝန်ကြီးဥာဏ်ဝင်း တို့၏ မျက်နှာမသာမယာနှင့် ဓာတ်ပုံများအား အထူးအလေးပေး ဖော်ပြပြီး သတင်းကြေငြာသွားခဲ့ပါတယ်။
သတင်း၊ဓာတ်ပုံ ...ဒီမိုဝေယံ..။...။
鳩山総理大臣は、日本を訪れたミャンマーのテイン・セイン首相と総理大臣官邸で会談し、来年予定されている総選挙までに、民主化運動の指導者、アウン・サン・スー・チーさんを含む政治犯を釈放し、民主化をさらに進めるよう求めました。

ミャンマーのテイン・セイン首相は、日本と東南アジアのメコン川流域の5か国による「日・メコン首脳会議」への出席のため、日本を訪れました。会談で、テイン・セイン首相は、来年予定されているミャンマーの総選挙について「政府と考え方が違う政党や人であっても、選挙に参加できるよう、現在、法律の整備を進めている」と述べました。これに対し鳩山総理大臣は、「民主化のプロセスが進展することを期待しており、法律の整備を評価したい。総選挙にすべての関係者が参加することが必要で、総選挙までに、民主化運動の指導者、アウン・サン・スー・チーさんや、そのほかの政治犯が釈放されることがきわめて重要だ」と述べ、民主化をさらに進めるよう求めました。また鳩山総理大臣は、ミャンマー政府が、スー・チーさんとの対話を再開したことなどを受け、人道的な援助や人材育成の支援を段階的に拡大していく考えを示したうえで、「来年の総選挙が、われわれの期待する方向で行われたときには、日本として、さまざまな支援を強めていくことができる」と述べました。
http://www3.nhk.or.jp/news/k10013636741000.html#
စစ်အစိုးရဝန်ကြီးချုပ်သိန်းစိန်က ဂျပန်ဝန်ကြီးချုပ်နဲ့ သီခြားတွေ့ဆုံပွဲတွင် (၂၀၁၀) ရွေးကောက်ပွဲမှာ အစိုးရနဲ့ အမြင်မတူသူတွေ ပါဝင်နိုင်အောင် ဥပဒေကို ပြင်ဆင်နေပါတယ်လို့ ပြောဆိုသွားပါတယ်။

ဂျပန်သတင်း သီခြားတွေ့ဆုံပွဲ ဗီဒီယိုနဲ့စာကို ဖတ်ချင်ရင်တော့ အောက်က NHK Link မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

http://www3.nhk.or.jp/news/k10013636741000.html#

ဖတ်ကြည့်ချင်သေးလား....

Saturday, November 7, 2009

မြန်မာ့ရေးရာမူဝါဒအပြောင်းအလဲကိုအမေရိကန်ကရှင်းလင်းပြောပြ

mpc tw23 11-06-2009

ဖတ်ကြည့်ချင်သေးလား....

Thursday, November 5, 2009

- ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သံတမန်အဖွဲ့ တွေ့ဆုံ ......



The most senior US official to visit Myanmar for 14 years held talks with pro-democracy icon Aung San Suu Kyi Wednesday after the ruling junta granted the Nobel laureate a rare break from detention. Assistant Secretary of State for East Asian and Pacific Affairs Kurt Campbell also met Myanmar's prime minister as the administration of President Barack Obama seeks a new era of engagement with the military regime. Duration: 01:39.
news by ...YouTube - AFP

ဖတ်ကြည့်ချင်သေးလား....

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြည့်အဝ ထွန်းကားဖို့နဲ့ အစိုးရနဲ့ အတိုက်အခံတို့ တွေ့ဆုံနိုင်ဖို့ ရည်ရွယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်မြန်မာနိုင်ငံကို ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့ ဦးဆောင်သည့် အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်(၄)ဦးတို့ ယနေ့မနက် ၁၁နာရီမှ ၁နာရီအထိ အင်းလျားလိတ်ဟိုတယ်တွင် (၂)နာရိကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ နေ့လည်(၃)နာရီခွဲမှ(၄)နာရီခွဲ အထိ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ရုံးခန်း၌ အဘဦးဝင်းတင်၊ ဦးခင်မောင်ဆွေအပါအဝင် အဖွဲ့ချုပ်CEC (၆)ဦးနှင့် (၁)နာရီကြာထပ်မံ တွေဆုံခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ မနက်(၁၁)နာရီကနေ နေ့လည်(၁)နာရီအထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်ဘဲလ်င့်တို့ ကိုယ်စားလှယ်အဖွဲ့ဝင်(၄)ဦးတို့ (၂)နာရီကြာ အင်းလျားလိတ်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေတော့ မသိရပါဘူး။ နေ့လည်(၃)နာရီခွဲကနေ(၄)နာရီအထိ အဖွဲ့ချုပ်ရုံးမှာ မစ္စတာကာ့တ်ကမ်ဘဲလ် တို့ကိုယ်စားလှယ်လေးဦးရယ် ဒီကဋ္ဌာနေကိုယ်စားလှယ် နှစ်ဦးရယ် ပေါင်း(၆)ဦးနဲ့ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေအပါအဝင် အဖွဲ့ချုပ်CEC (၆)ဦးနဲ့ ထပ်မံတွေဆုံပါတယ်။ အန်ကယ်လည်းပါပါတယ်။ သူတို့လာတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အကျိုးစီးပွားကို သိပ်တော့မပြောပါဘူး။ အခုမှ အစပဲရှိသေးတာရယ်၊ နောက်ဆက်လုပ်ရမယ့် အလုပ်တွေကရှိသေးတာရယ် အခြေအနေက မဆုံးသေးတာရယ်ကြောင့်ပါ။

အဓိက သူတို့ရည်ရွယ်ချက်က မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြည့်အဝ ထွန်းကားဖို့နဲ့ မြန်မာပြည်အတွင်းနိုင်ငံသား အချင်းချင်း အစိုးရနဲ့ အတိုက်အခံတို့ တွေ့ဆုံနိုင်ဖို့ ရည်ရွယ်တယ်လို့ ပြောဆိုပါတယ်။ သူတို့ဘက်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်ဘဲလ် တစ်ယောက်ပဲအဓိကပြောဆိုပါတယ်။ အဖွဲ့ချုပ်ရုံးမှာ တွေ့ခွင့်ရတဲ့အတွက် အန်ကယ် ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံခွင့်ရတာပါ။ မကြာခင်အချိန်မှာ ထပ်လာဦးမယ်လို့ ပြောသွားပါတယ်။ သူတို့ဒီနေ့ ညနေ(၆)နာရီခွဲ ပြန်ဘို့စီစဉ်ထားပေမယ့် နေပြည်တော်က ထွက်လာတာနောက်ကျတဲ့ အတွက်ကြောင့် (၇)နာရီခွဲမှ ပြန်ဖြစ်မယ်ပြောပါတယ်။ လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်ပြောပါတယ်" ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

အိုဘားမားအစိုးရ၏ မြန်မာပြည်နှင့် ပတ်သတ်တဲ့ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒအသစ်ချမှတ်သည့် အချိန်မှစ၍ မြန်မာစစ်အစိုးရနှင့် အမေရိကန်အစိုးရကြား ထိတွေ့ဆက်ဆံမှု ပိုမိုများပြားလာပါတယ်။ ယခုအကြိမ်လာရောက်မှုသည် ၁၉၉၅ခုနှစ်က အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက် လာရောက်ပြီးသည့် နောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန် အစိုးရ၏ အဆင့်မြင့် ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံမှုဖြစ်ပါတယ်။
သတင်း....ဒီမိုဝေယံ။..။

ဖတ်ကြည့်ချင်သေးလား....

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ဆွေးနွေးပွဲ ဓာတ်ပုံများ။...။

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */