Friday, July 31, 2009

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း ကိစ္စ ကန့်ကွက်စာပို့။...။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိ မြေကို မောင်နှမဝမ်းကွဲ တော်သူ ဦးခင်မောင်အေး က စိတ်ပိုင်း ရောင်းချထားခြင်းကို ၂၄ရက်နေ့ ကြေးမုံသတင်းစာတွင် ကြော်ငြာပါရှိမှုနဲ့ ပတ်သတ်၍ ယနေ့ ကန့်ကွက် စာ ပို့ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ အန်ကယ်တို့ ကြေးမုံသတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းအတွင်းက မြေအရောင်းအဝယ် ကိစ္စနဲ့ ပတ်သတ်ပြီး သတင်းစာထဲမှာ ပါတဲ့ ရှေ့နေဆီကို ကန့်ကွက်စာ ပေးပို့ခဲ့တယ်။ စာထဲမှာတော့ ဒီမြေဟာ ရောင်းဝယ်ခွင့် မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် လက်ထဲမှာရှိတဲ့ ပစ္စည်းဖြစ်တယ်။ ဒေါ်စုရဲ့ Position ထဲမှာရှိတဲ့ ပစ္စည်းဖြစ်တယ်။ ဦးခင်မောင်အေးကလည်း ရောင်းပိုင်ခွင့် မရှိတဲ့ အကြောင်း အဲ့ဒီရှေ့နေဆီ စာပြန်ပို့လိုက်တယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိ မြေကို မောင်နှမဝမ်းကွဲ တော်သူ ဦးခင်မောင်အေး က မိမိသဘောအတိုင်း စိတ်ပိုင်း ရောင်းချထားပြီးကို ၂၄ရက်နေ့ ကြေးမုံသတင်းစာတွင် လွှဲအပ်ထားသော ရှေ့နေမှတဆင့် ကန်ကွက်နိုင်ကြောင်း ကြော်ငြာပါရှိမှုနဲ့ ပတ်သတ်၍ ဒေါ်စု၏ ရှေ့နေမှယနေ့ ကန့်ကွက် စာပေးပို့ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေသည့် အချိန်နှင့် အချိန်ကိုက် မြေကိစ္စ ပေါ်ထွက်လာခြင်းသည် နိုင်ငံရေး ပယောဂ မကင်းဟု သုံးသပ်သူများက ပြောဆိုပါသည်။

သတင်း။..။ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၂လ(၇၄)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကျင်းပ


မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၂လ(၇၄)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၅၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
2003年5月30日夜、ビルマ北部ザガイン管区の小さな町ディぺーイン附近の田舎道で、最大政党・国民民主連盟(NLD)の地方遊説隊が、USDA(連邦団結発展協会)メンバーを中心とする暴徒グルプに襲われ、この大事件により100人の死者が出ました。軍政府はこの暴行事件に対して捜査もしないまま、民主化の指導者や党員達や参加者が逮捕されました。 国民民主連盟の副議長ウーティンウー氏、は自宅軟禁状態で現在も釈放には至っていません。総書記長ドウアウンサンスーチー氏は被害者で有りながら罪無く囚われ裁判に掛けられています。 ディペーインの日を国民民主連盟(解放地域)日本支部がミャンマー大使館前で執り行いました。
ဓါတ်ပုံ- ကိုပွား သတင်း-NLD(LA)JB လူငယ်ဌာန

ဖတ်ကြည့်ချင်သေးလား....

Wednesday, July 29, 2009

ဥပဒေ ရှုထောင့်က ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်မှာ လုံးဝအပြစ်မရှိဘူး လွတ်ကိုလွတ်ရမည်။....။

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုစီရင်ချက်ကို လာမည့် ၃၁ရက် သောကြာနေ့ မနက် ၁၀နာရီသို့ ချိန်းဆိုလိုက် ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။

" ဒီနေ့ မနက်၁၀နာရီ တရားရုံးမှာ အန်ကယ် လျှောက်လဲချက်ပေးတယ်။ ပြီးတော့ နောက်ထပ်ရှေ့နေ ၂ယောက် ထပ်ပြီး လျှောက်လဲချက်ပေးပါတယ်။ မနေ့က တင်ထားတဲ့ နိုင်ငံခြားရေးရုံးက သက်သေခေါ်ပေးဖို့ ကိစ္စကို အကျဉ်းရုံး လျှောက်လဲချက် ပေးခိုင်းပြီး ပယ်လိုက်ပါတယ်။ လာမည့်သောကြာနေ့ မနက်၁၀နာရီမှာ အမှုကို စီရင်ချက် ချပါမယ်။ ဒေါ်အောင်ဆန်းစုကြည်က အမှုအတွက် တုံ့ပြန်ပြောဆိုဖို့ အကြံဥာဏ်တွေ ပေးပါတယ်။ ၁၂နာရီမှာ ပြီးဆုံးပါတယ်။ ဒေါ်စုက ဥပဒေဆိုင်ရာ အချက်အလက်တွေကို အင်္ဂလိပ်လို ရေးပါတယ်။ ဥပဒေ ရှုထောင့်က ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်မှာ လုံးဝအပြစ်မရှိဘူး၊ လွတ်ကိုလွတ်ရပါမယ် "ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ယနေ့အင်းစိန် တရားခွင်သို့ အမေရိကန်၊ဂျပန်နဲ့ စင်ကာပူ အပါအဝင် သံရုံး ၅ရုံးခန့် တက်ရောက် နားထောင်ခဲ့သည်ဟု ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါသည်။
သတင်း၊.......ဒီမိုဝေယံ။....။

ဖတ်ကြည့်ချင်သေးလား....

Tuesday, July 28, 2009

ဒေါ်စုအမှု အင်္ဂါနေ့ ထပ်မံ ရုံးချိန်း

tue tw23
http://www.voanews.com/burmese/2009-07-27-voa4.cfm

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည် ၂၃ရက်နေ့ မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါး အပေါ် ဥပဒေအရ ဆောင်ရွက်ရန် ညွှန်ကြား။..။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် လျှောက်လဲချက်ကို ယနေ့ မနက်၁၀နာရီ၌ စတင်ကြားနာခဲ့ပြီး ညနေ၅နာရီ မှာပြီးဆုံးကာ မနက်ဖြန် ၁၀နာရီသို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။

" ဒီနေ့ အမှုလျှောက်လဲချက်မှာ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့အတွက် လျှောက်လဲချက်ကို အန်ကယ်တို့ ရှေ့နေ ဦးလှမျိုးမြင့်က လျှောက်လဲချက်ပေးပြီး မစ္စတာယက်တော အတွက်ကတော့ ဦးခင်မောင်ဦးက လျှောက်လဲချက်ပေးပါတယ်။ ၁၂ နာရီမှာ Break Time ပေးပြီး ၁နာရီမှာ ပြန်စပါတယ်။ ၁နာရီမှာ အစိုးရရှေ့နေ ဦးမြင့်ကြိုင်က လျှောက်လဲချက် ပေးပါတယ်။ ညနေ ၅နာရီ ထိုးသွားတဲ့ အတွက် မနက်ဖြန် မနက် ၁၀နာရီကို ပြန်ချိန်းလိုက်ပါတယ် ။မနက်ဖြန်မှာ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့အတွက် ရှေ့နေတွေ လျှောက်လဲချက် ပေးဖို့နဲ့ အစိုးရရှေ့နေ ဦးမြင့်ကြိုင်ရဲ့ လျှောက်လဲချက်ကို အန်ကယ်တို့က Reply ပြန်လုပ်ရပါမယ်။ "

" အန်ကယ်တို့ ဒီနေ့ တရားရုံးကို စာတစောင်တင်ပါတယ် စာကတော့ ဟိုတုန်းက နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးညွန့်မောင်ရှိန် က Working Group (Human Right)အဖွဲ့က မေးမြန်းချက်ကို ပြန်လည်ဖြေဆိုရာမှာ
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတာမဟုတ်ပါဘူး။ ခေတ္တခေါ်ဆောင် ထားခြင်းသာ ဖြစ်တယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အနေနဲ့ စာထုတ်ထားတာရှိတယ်။ ဒီအမှုနဲ့ပတ်သတ်ပြီး နိုင်ငံခြားရေးရုံးကို သက်သေ လာလျှောက်လဲဖို့ ခေါ်ယူခွင့်ပြုဖို့ တရားရုံးကို စာတင်ထားတယ်။ "

" နောက်တချက်က ဒေါ်စုရဲ့ ညွှန်ကြားချက်ဖြစ်တဲ့ ဒီလ ၂၃ရက်နေ့ မြန်မာ့အလင်း သတင်းစာ ဆောင်းပါးတခုမှာ ဒေါ်အောင်ဆန်းစုကြည် ပြစ်မှုကျူးလွန်လို့ တရားစွဲခံရတယ်လို့ ရေးထားတယ်။ ပြစ်မှုကျူးလွန်တယ်ဆိုတာ တရားရုံးကပဲ ပြောပိုင်ခွင့်ရှိတယ်။ အပြင်လူက ပြောပိုင်ခွင့်မရှိဘူး အပြင်လူက ပြောတယ်ဆိုတာ တရားရုံးအပေါ် လွှမ်းမိုးရာရောက်တယ်။ အဲဒါကြောင့် ဒေါ်စုဟာ တရားရုံးရဲ့ အကာအကွယ်ကို အပြည့်အဝမရသလို ဖြစ်နေတယ်။ အဲဒါနဲ့ပတ်သတ်ပြီး ဒေါ်စုက လိုအပ်သလို ဥပဒေအရ ဆောင်ရွက်ရန် ညွှန်ကြားပါတယ် " ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ယနေ့ အင်းစိန်တရားခွင်သို့ ပြီးခဲ့သည့် သောကြာနေ့က တက်ရောက်ခွင့် ရသည့် ဥရောပ နိုင်ငံ၅နိုင်ငံမှ အပ သံတမာန် ၂၀ ကျော်ခန့်တက်ရောက်ခွင့် ရရှိပြီး စကားပြန်များလည်း ပါဝင်ကြောင်းသိရှိရပါသည်။...။
သတင်း။......။ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

Sunday, July 26, 2009

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန်ဋ္ဌာနခွဲ) ဒုတိယအကြိမ် ၆ လပတ်ညီလာခံ သတင်း၊ဓာတ်ပုံ။....။


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန်ဋ္ဌာနခွဲ) ၂၀၀၈-၂၀၁၀ အလုပ်အမှုဆောင် သက်တမ်း၏ ဒုတိယအကြိမ် ၆ လပတ်ညီလာခံ အခမ်းအနားကို ယနေ့မနက် ၉နာရီမှညနေ၅ နာရီအထိ ဂျပန်နိုင်ငံ တိုကျိုမြို့ မီနာမီအိုစုက ခမ်းမ၌ ကျင်းပပြုလုပ်ရာ အဖွဲ့ဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန်ဋ္ဌာနခွဲ) ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးက သဘာပတိ အဖြစ်ဆောင်ရွက်ပြီး ၊အခမ်းအနားမှုး အဖြစ် တွဲဘက်အတွင်းရေးမှုး(၂) ဦးသာဇော်မောင်မောင် ကဆောင်ရွက်ပါသည်။

အခမ်းအနားကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအား မေတ္တာပို့သခြင်းများ ပြုလုပ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုခြင်းများပြီး သဘာပတိမှ အမှာစကားပြောကြားပြီး အခမ်းအနားကို ဖွင်လှစ်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန်ဋ္ဌာနခွဲ) ရေးရာမှုများမှ အစီရင်ခံစာများတင်သွင်းခြင်း၊နာဂိုယာ စည်းရုံးရေးဒေသ၏ အစီရင်ခံစာတင်သွင်းခြင်း၊ အဖွဲ့ဝင်များမှ ရှေ့လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးအကြံပြုခြင်းများ ပြုလုပ်ပြီး၊ အခမ်းအနား သဘာပတိမှ နိဂုံးချုပ် အမှာစကားပြောကြားကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန်ဋ္ဌာနခွဲ) ၂၀၀၈-၂၀၁၀ အလုပ်အမှုဆောင် သက်တမ်း၏ ဒုတိယအကြိမ် ၆ လပတ်ညီလာခံ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ဓာတ်ပုံ။....။စိုးအောင်ဝင်း၊ ဒီမိုဝေယံ။
သတင်း။....။ဒီမိုဝေယံ......

ဖတ်ကြည့်ချင်သေးလား....

Voice of Burma July 2009

VOB720KK

ဖတ်ကြည့်ချင်သေးလား....

Saturday, July 25, 2009

မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ဂျပန် ရတက်မအေး။...။

N k & MY tw23

ဖတ်ကြည့်ချင်သေးလား....

ရုံးချိန်းတွေ ဆက်ချိန်းနေတာ ဒေါ်အောင်ဆန်းစုကြည် သဘောမကျဟုပြောဆို။....။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် နောက်ဆုံး လျှောက်လဲချက်ကို ယနေ့ နေလည် ၂နာရီမှ ၄နာရီခွဲအထိ ကြားနာခဲ့ပြီး လာမည့် တနင်္လာနေ့ ၂၇ ရက်နေ့ မနက်၁၀နာရီသို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။

"ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် နောက်ဆုံး လျှောက်လဲချက်ကို နေ့လည် ၂နာရီကနေ ညနေ ၄နာရီခွဲအထိ ကြားနာ စစ်ဆေးခဲ့တယ်။ အန်ကယ်တို့ ဘက်က ဦးကြည်ဝင်း တစ်ယောက်ပဲ ဒေါ်အောင်ဆန်းစုကြည် အတွက် လျှောက်လဲချက် ပေးနိုင်ခဲ့ပြီး အမှုကို လာမယ့် တနင်္လာနေ့ မနက်၁၀နာရီ ထပ်ပြီး ချိန်းဆိုလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တာ တခုကတော့ လျှောက်လဲချက်တွေ အားလုံးပြီးအောင် မဆောင်ရွက်ပဲ ရုံးချိန်းတွေ ဆက်ချိန်းနေတာ သဘောမကျဘူးလို့ ပြောဆိုပါတယ် "ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ယနေ့ရုံချိန်းသို့ ဥရောပ ၅နိုင်ငံဖြစ်တဲ့ အင်္ဂလန်၊ပြင်သစ်၊ဂျာမဏီ၊အီတလီနှင့်နော်ဝေနိုင်ငံတို့မှ သံတမာန်များ စကားပြန်များနှင့်အတူ လာရောက် နားထောင်ခဲ့ကြောင်း၊ဒေါ်အောင်ဆန်းစုကြည်မှ သံတမာန်များအား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

သတင်း။....။ ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

Friday, July 24, 2009

ယနေ့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများမှ တဆင့် ကုလသမဂ္ဂသို့ ပြောဆိုချက်။...။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် နှင့်ဥပဒေအကျိုးဆောင် ရှေ့နေ ၄ဦးနေ့လည် ၂နာရီမှ ၄ နာရီခွဲ အထိ ၂နာရီခွဲခန့် အင်းစိန်ထောင် အတွင်း ဧည့်ရိပ်သာ၌ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

"ဒီနေ့ အန်ကယ်တို့ နေ့လည် ၂နာရီကနေ ညနေ ၄နာရီခွဲအထိ ၂နာရီခွဲလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အဓိက ကတော့ မနက်ဖြန် လျှောက်လဲချက် နောက်ဆုံးညှိနှိုင်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု ပေးဖို့အတွက် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က အန်ကယ်တို့ကို ညွှန်ကြားတာကတော့ အကြောင်း အချင်းအရာတွေ အချက်အလက်တွေကို အမှန်အတိုင်း ဖော်ပြဖို့နဲ့၊ဖော်ပြတဲ့ နေရာမှာ တစုံတယောက် ထိခိုက်နစ်နာစေတာမျိုး၊ ဒုက္ခရောက်စေတာမျိုး မပါစေဖို့ မှာကြားလိုက်တယ်။

နောက်ထပ် ကုလသမဂ္ဂနဲ့ ပတ်သတ်ပြီး ပြောဆိုတာကတော့ " မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ မလွတ်ဘဲ၊ အမျိုးသားရင်ကြားစေ့ရေး မပါဘဲ ကျင်းပတဲ့ ရွေးကောက်ဟာ တရားဝင်မှာ မဟုတ်ကြောင်း ကုလသမဂ္ဂ အနေနဲ့ ဆုံးဖြတ်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ် "ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

၂၂ရက်နေ့က တွေ့ဆုံခွင့် ရရန်တောင်းဆိုချက်ကို အာဏာပိုင်တွေက ငြင်းပယ်ခဲ့ပြီး ယနေ့နေ့လည် ၁၂နာရီခွဲမှ တွေဆုံခွင့်ပြုကြောင်း အကြောင်းကြားခဲ့ပါတယ်။ မနက်ဖြန် နေ့လည်၂နာရီမှာ ၂ဘက်လုံးမှ နောက်ဆုံး အပြီးသတ် လျှောက်လဲချက် ပေးရမှာ ဖြစ်ပြီး တပတ်မှ၂ပတ်အတွင်း စီရင်ချက်ချနိုင်ကြောင်း သိရှိရပါတယ်။....။     သတင်း။.....။ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

Wednesday, July 22, 2009

(NCGUB) နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့် ဂျပန်သတင်း မီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲ ဓာတ်ပုံမှတ်တမ်း။....။


ယနေ့ ညနေ၄နာရီ ဂျပန်နိုင်ငံ တိုကျိုမြို့ ချိယိုဒါ ကု၊ ခန်းဒ-စုရုဂါ့ဒိုက် ၃-၂-၁၁ ဆိုးဟျိုး ကိုက်ခန်း အဆောက်အဦး ၃ထပ်ရှိ ရင်ဂို အလုပ်သမားများ အဖွဲ့ချုပ်ရုံးခန်းမ၌ မြန်မာ့ဒီမိုကရေစီအရေး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။မြန်မာ့ရေးရာရုံး-ဂျပန်(Burma Office-Japan) မှ တာဝန်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်မှ ဂျပန်လူမျိုးများ နှင့် ဂျပန်နိုင်ငံရှိ မြန်မာပြည်သူများအား လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေ၊နအဖ စစ်အုပ်စုနှင့် မြောက်ကိုရီးယားဆက်ဆံရေး၊အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ နှင့်ကမ္ဘာ့ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ တို့ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ ဂျပန်သတင်းစာဆရာများ၏ မေးမြန်းချက်များကို ဦးဘိုလှတင့် နှင့် ဒေါက်တာ ဦးမင်းညိုတို့က ပြန်လည် ဖြေကြားခဲ့ပြီး၊ Mr Hisao Tanabe(ဦးရွှေဘ)မှ ဘာသာပြန်အဖြစ် ဆောင်ရွက် ပေးခဲ့ပါသည်။ စစ်အစိုးရ၏ စစ်ရေးဆိုင်ရာ ထိပ်တန်းလျွှို့ဝှက်ချက်များ ပေါက်ကြားရခြင်း အကြောင်းရင်း၊မေမြို့ စစ်တက္ကသိုလ်အနီး အဏုမြူစွမ်းအင် ဆိုင်ရာ သုတေသန လုပ်ဆောင်နေမှု၊မြောက်ကိုရီးယားနိုင်ငံနှင့် ယဉ်ကျေးမှု ဖလှယ်ရေး ကဏ္ဍတွင် စစ်ဖက်မှ မည်သည့်အတိုင်း အတာအထိ ဆက်စပ်မှုရှိနေခြင်း စသည့် မေးမြန်းချက်များ ကိုပြန်လည် ဖြေကြား ပေးခဲ့ပါသည်။ ယနေ့ အခန်းအနား၌ Mr Masa Yuki Shiota (ရင်ဂိုအလုပ်သမားသမဂ္ဂ) မှ အခန်းအနားမှုး အဖြစ်ဆောင်ရွက်ခဲ့ပြီး မြန်မာ့ ဒီမိုကရေစီရေး စိတ်ဝင်စားသူဂျပန်လူမျိုးများ၊ ဂျပန်သတင်းဌာနများမှ ကိုယ်စားလှယ်များ၊ဂျပန်နိုင်ငံရှိ မြန်မာ့ နိုင်ငံရေးအဖွဲ့ အစည်းအသီးသီး နှင့်တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးတို့မှ ကိုယ်စားလှယ်၄၀ခန့် တက်ရောက် ခဲ့ကြပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့် မှတက်ရောက် လာသူများအား ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ညနေ ၅နာရီ၂၀တွင် အခန်းအနား ပြီးဆုံးခဲ့ပါသည်။
သတင်း၊ဓာတ်ပုံ။.....။စိုးအောင်ဝင်း NLD(LA)JB ပြန်ကြားရေး။....။
ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၂ရက်နေ့ တွေ့ခွင့်ရရန် ရှေ့နေများ တောင်းဆိုချက် ငြင်းပယ်ခံရ။....။

၎ရက်နေ့မှာ အပြီးသတ် လျှောက်လဲချက် ပေးရန်အတွက် အပြီးသတ် လျှောက်လဲချက် နောက်ဆုံး အချောကို ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည် မှအတည်ပြုပေးရမှာ ဖြစ်တဲ့ အတွက် မနက်ဖြန် ၂၂ရက်နေ့၌ တွေ့ဆုံခွင့် ပေးရန် တောင်းဆိုချက်ကို လွန်ခဲ့တဲ့ နာရီပိုင်းက တွေ့ခွင့်မပြုနိုင်ကြောင်း အကြောင်း ပြန်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

"ဒီနေ့ မနက်ဖြန်၂၂ရက်နေ့မှာ အပြီးသတ် လျှောက်လဲချက် နောက်ဆုံး အချောကို ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည် မှအတည်ပြုပေးရမှာ ဖြစ်တယ်။ မနက်ဖြန် တွေ့ခွင့်တောင်းတာကို အကျဉ်းဦးစီးဋ္ဌာနက ပြီးခဲ့တဲ့ ၁နာရီလောက်က ခွင့်မပြုနိုင်ဘူးလို့ အကြောင်းပြန်လာတယ်။ အဲဒီ့အတွက်ကြောင့် လာမည့် ၂၄ရက်နေ့ နောက်ဆုံး လျှောက်လဲချက်ဟာ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည် တရားဝင် အတည်ပြုရခြင်း မရှိတဲ့ လျှောက်လဲချက်ကို ပေးရမှာဖြစ်နေတယ်။ ဒါဟာဘာကို ဆိုလိုသလဲဆိုတော့ ဥပဒေအရ ခုခံပိုင်ခွင့် အပြည့်အဝ မရှိဘူး၊ကန့်သတ်တဲ့ အဓိပ္ပါယ် ဖြစ်နေတယ်။"ဟု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
သတင်း.......ဒီမိုဝေယံ။.....။

ဖတ်ကြည့်ချင်သေးလား....

Monday, July 20, 2009

ဂျပန်-မြန်မာချစ်ကြည်ရေးတည်မြဲပါစေ ကျောက်စာတိုင်သို့ ဂျပန်နိုင်ငံရှိ ဒီမိုကရေစီအဖွဲ့များမှ သွားရောက် ဂုဏ်ပြုကြခြင်းနှင့်၊ အာဇာနည်နေ့အထိမ်းအမှတ် ဆွေးနွေ


မြန်မာ့ပြည် ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရဲဘော်သုံးကျိပ်တို့ကို စစ်ပညာသင်ပေးခဲ့သည့် ဗိုလ်မှူးကြီးဇူစူးကီး (မြန်မာအမည် ဗိုလ်မိုးကြိုး)နေရပ်ဖြစ်သည့် ဟာမမတ်စူမြို့တွင်တည်ရှိသည့် `ဂျပန်-မြန်မာချစ်ကြည်ရေးတည်မြဲပါစေ`ကျောက်စာတိုင်သို့ ဂျပန်နိုင်ငံရှိ မြန်မာဒီမိုရေစီအဖွဲ့အစည်းအသီသီးမှ သွားရောက်ဂုဏ်ပြုကြခြင်းနှင့်၊ အာဇာနည်နေ့အထိမ်းအမှတ် ဆွေးနွေး ဟောပြောခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါခရီးစဉ်ကို ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်ဌာနခွဲ)တို့မှ ဦးဆောင်၍ သွားရောက်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

ဓါတ်ပုံ-ကိုပွား သတင်း-နန်းအိမွန်ချစ်၊ စိုးအောင်ဝင်း(NLD-LA JB)

ビルマ民主同盟(LDB)が主催し62年目“殉難者の日”の記念式典が、静岡県浜松市において行われた。午前10時37分、日本とビルマ友好の碑の前に花輪がささげられ、一同が黙祷し哀悼の意を表した。その後、併設する会場に場所を移し、“アウンサン将軍の暗殺”と現在、軍事政権の下で弾圧されているビルマ本国について意見を交わした。参加者歯100人以上にのぼり、1時に過ぎに終了した。

ဖတ်ကြည့်ချင်သေးလား....

အမျိုးသားညွန့်ပေါင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်နှင့် တွေ့ဆုံဆွေးနွေးပွဲ သတင်း၊ဓာတ်ပုံ။...။


ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ မီနမီ အိုစုက ခန်းမ၌ အမျိုးသားညွန့်ပေါင်း အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့် နှင့် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသည့် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် နံနက်၉နာရီမှ နေ့လည်၁၂နာရီထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အခမ်းအနားသို့ အဖွဲ့အစည်း အသီးသီးမှ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၅၀ကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။
သတင်း၊ဓာတ်ပုံ။.....။ဒီမိုဝေယံ.....

ဖတ်ကြည့်ချင်သေးလား....

အဖွဲ့ချုပ်ရုံး၌ ၆၂နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပ။....။

ယနေ့ ကျရောက်တဲ့ ၆၂ပြည့်အာဇာနည်နေ့ အခမ်းအနားကို အဖွဲ့ချုပ်ရုံးနဲ့ မြန်မာပြည်တဝှမ်းကျင်းပ ပြုလုပ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

"ဒီကနေ့ ၆၂ပြည့်အာဇာနည်နေ့ အခမ်းအနားကို အဖွဲ့ချုပ်ရုံးနဲ့ နယ်မြို့တွေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့တော့ အာဇာနည်နေ့ အခမ်းအနားကို မနက်ကနေ ညနေအထိ အေးအေးဆေးဆေး အနှောက်အယှက် ကင်းစွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ မနက်ပိုင်းမှာ သံဃာတော်တွေကို အာရုဏ် ဆွမ်းကပ်ပါတယ်။ ၁၀နာရီ၃၇မိနစ် ဗိုလ်ချုပ်တို့ကျဆုံးတဲ့ အချိန်မှာ အဖွဲ့ချုပ်ရုံးမှာ ဥသြဆွဲအသံသွင်းခွေ ထုတ်လွှင့်ပြီး အာဇာနည်ခေါင်းဆောင် ကြီးများအား အလေးပြုကြပါတယ်။ ဒီကနေ့ ရန်ကုန်မှာ မိုးသီးထန်စွာ ရွာသွန်းတဲ့ ကြားထဲက အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံခြားသံတမာန်များ၊ဖိတ်ကြားထားတဲ့ ဧည်သည်တော်များ၊အဖွဲ့ ချုပ်ဝင်များနှင့် ပြည်သူလူထု ၈၀၀ခန့် ခန်းလုံးပြည့် တက်ရောက်ကြပါတယ် "လို့ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။ နေ့လည် ၁၂နာရီခွဲမှာ အခမ်းအနားကို စတင်ကျင်းပခဲ့ပြီး အာဇာနည် ခေါင်းဆောင်ကြီများ၏ သမိုင်းကြောင်းများနှင့် အာဇာနည်နေ့ ကြေငြာချက်များကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ယနေ့အာဇာနည်နေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ် NLD ဥက္ကဋ္ဌ၊ အတွင်းရေးမှုးနဲ့ အဖွဲ့ချုပ်ဝင် ၅၀ခန့် အာဇာနည်နေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အလားတူ နယ်မြို့ အသီးသီးမှာလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း ကြားသိရပါတယ်။

ဗိုလ်ချုပ်ပုံ၊ဒေါ်စုပုံပါတဲ့ တီရှပ်ဝတ်ဆင်ပြီး အာဇာနည်ဗိမာန် သို့သွားရောက် သွားရောက်ခဲ့တဲ့ NLD အဖွဲ့ဝင်၃၀ခန့် ခေတ္တထိန်းသိမ်းခံရ။.....။

ယနေ့ နေ့လည် ၁၂နာရီလာက်မှာ အာဇာနည်ဗိမာန်သို့ NLD အဖွဲ့ဝင်နဲ့ ပြည်သူလူထု ၅၀ခန့် သွားရောက်ဂါရဝ ပြုရန်သွားရောက် ခဲ့ကြပါတယ်။ အာဇာနည်ဗိမာန်သို့ ဂါဝရပြုရန် သွားရောက်တဲ့ အထဲက ဗိုလ်ချုပ်ပုံ၊ဒေါ်စုပုံပါတဲ့ တီရှပ်ဝတ်ဆင်တဲ့သူ ၃၀ခန့်အား နာရီဝက်ခန့် ထိန်းသိမ်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့ကြာင်း သိရှိရပါတယ်။ ရန်ကုန်မြို့မှာ လုံခြုံရေးများ တင်းတင်းကြပ်ကြပ် ချထားကြောင်း ကြားသိရပါတယ်။ စစ်အစိုးရ အာဏာယူချိန်က စပြီး အာဇာနည်နေ့ကို မှေးမှိန်ပျောက်ကွယ်အောင် ပြုလုပ်လာခဲ့ပါတယ်။ ယခင်ကကဲ့သို့ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးချိန်မှာ ဥသြဆွဲခြင်း၊အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်းများအား ဟောပြောပွဲများ ကျင်းပခြင်းများအား ပိတ်ပင်ခဲ့ပါတယ်။..။        သတင်း။....။ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

Sunday, July 19, 2009

၆၂နှစ်ပြည့် အာဇာနည်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာဘုန်းကြီးကျောင်း၌ ဆွမ်းဆက်ကပ် လှုဒါန်းပွဲ ဓာတ်ပုံမှတ်တမ်း။...။


၆၂နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာဘုန်းကြီးကျောင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ကြီးမှုး၍ ဆွမ်းဆက်ကပ် လှုဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ အားရည်စူး၍ သံဃာတော်များအား ဆွမ်းဆက်ကပ် လှုဒါန်းခြင်း၊ရေစက်ချ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

သတင်း၊ဓာတ်ပုံ ။....။ဦစိုးအောင်ဝင်း(ပြန်ကြားရေး)NLD(LA)JB
..........................ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

အာဇာနည်နေ့  (သို့ ) နိုင်ငံတော် လုပ်ကြံမှုကြီး

အာဇာနည်နေ့  (သို့ ) နိုင်ငံတော် လုပ်ကြံမှုကြီး

ဖတ်ကြည့်ချင်သေးလား....

Saturday, July 18, 2009

ယနေ့ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ၂နာရီခန့် တွေ့ခွင့်ရ။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဥပဒေအကျိုးဆောင် ရှေ့နေ ၄ဦးနေ့လည် ၁နာရီမှ ၃နာရီအထိ ၂နာရီခန့် အင်းစိန်ထောင် အတွင်း၌ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" အန်ကယ်တို့ ဒီကနေ့ နေ့လည် ၁နာရီမှ ၃နာရီထိ ၂နာရီကြာ တွေ့ဆုံခွင့်ရပါတယ်။ အဓိက ဆွေးနွေး ဖြစ်တာကတော့ လာမည့် ၂၄ရက်နေ့ အပြီးသတ်လျှောက်လဲချက် ဒုတိယမူကြမ်း အတွက်ဖြစ်တယ်။

အမှုနဲ့ ပတ်သတ်ပြီး ဒေါ်စုက ဒီပုဂ္ဂိုလ်(မစ္စတာယက်တော) ဝင်ရောက်လာတာ လုံခြုံရေး စည်းဖောက်လာတာ ဖြစ်တယ်။ လုံခြုံရေးစည်းက လူတွေကို အရေးမယူပဲ မိမိကိုတရားစွဲတာ ဘက်လိုက်တာဖြစ်တယ်။

နောက်တချက်က ဒေါ်စုက သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းမှု မရှိဘူးဆိုတာနဲ့ ပတ်သတ်ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာ၃၀ရက်နေ့ ပထမအကြိမ် ဝင်ရောက်လာကတည်းက သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြာင်းကြားခဲ့ပေမဲ့ အဲဒီ့ကိစ္စနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာမှ တခါမှ စုံစမ်းခြင်း၊ မေးမြန်းခြင်း ၊မရှိခဲ့ဘူး၊ နောင်မဝင်ရောက် နိုင်အောင် ဘယ်လိုဆောင်ရွက်မယ်ဆိုတာ ဘာမှမပြောဆိုခဲ့ဘူး ဒါကြောင့်သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းမှု ဆောင်ရွက်မှု မရှိဘူးဆိုပြီး ပြောဆိုတာ လုံးဝတရားမျှတမှု မရှိဘူးလို့ "ပြောဆိုတယ်လို့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒေါ်စုအင်းစိန်ထောင် အတွင်း အာဇာနည်နေ့ အလှုလုပ်မည်ဟု သိရှိရပါသည်။ ယခင် မွေးနေ့ပြုလုပ်ခဲ့သည့် အတိုင်း အနီးပတ်ဝန်းကျင်မှ လုံခြုံရေးဝန်ထမ်းများအား လှုဒါန်းမည်ဟုသိရှိရပါတယ်။ ဘုန်းတော်ကြီး ပင့်ခွင့်ရမရ မသိရှိရပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၆၂ပြည့်အာဇာနည်နေ့ အခမ်းအနား အစီအစဉ်။....။

မနက် သံဃာတော်များအား အာရုဏ်ဆွမ်းကပ်လှုပါမည်။

၁၀နာရီခွဲမှာ ငြိမ်းချမ်းရေး ချိုးငှက်လွှတ်ပြီး၊ ဗိုလ်ချုပ်တို့ကျဆုံးတဲ့အချိန် ဥသြဆွဲ အလေးပြုပါမည်။

၁၂နာရီခွဲမှာ အခမ်းအနား စတင်ပြီး အာဇာနည်နေ့ ထုတ်ပြန်ချက်၊သဘာပတိ မိန်ခွန်းပြောကြားပြီး အခမ်းအနား ကိုဖွင့်လှစ်မှာဖြစ်ကြောင်း သိရှိရပါတယ်။    သတင်း။.....။ဒီမိုဝေယံ.......

ဖတ်ကြည့်ချင်သေးလား....

Thursday, July 16, 2009

အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု နအဖသံအမတ်က ပြော


UN Secretary General Ban Ki-moon on July 13 told the Security Council that during his recent visit to Burma, where he met Snr. Gen. Than Shwe, who has pledged to make the elections free and fair, but not granted Mr. Ban Ki-moon to meet the pro-democracy leader Aung San Suu Kyi. Burma's ambassador to the UN, U Than Swe, defended in saying his government is processing to grant amnesty to a number of political prisoners to allow them to participate in democratic elections scheduled for 2010

ဖတ်ကြည့်ချင်သေးလား....

Wednesday, July 15, 2009

အမျိုးသားညွန့်ပေါင်းအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့် နှင့်တွေ့ဆုံ ဆွေးနွေးပွဲ ဖိတ်ကြားခြင်း

အမျိုးသားညွန့်ပေါင်းအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့် နှင့်တွေ့ဆုံဆွေးနွေးပွဲ ဖိတ်ကြားခြင်း။...။

ဖတ်ကြည့်ချင်သေးလား....

Wednesday, July 8, 2009

တက္ကသိုလ်ကျောင်းသားအရေးအခင်း ၄၇နှစ်မြောက်အထိမ်းအမှတ်ဆန္ဒပြပွဲ

tw23 7 JULY
http://www.nldlajpbranch.com/7JULY.pdf

ဖတ်ကြည့်ချင်သေးလား....

၇ ဇူလိုင် စစ်သံရုံးရှေ့ သတင်းစာရှင်းလင်းပွဲ ( ကိုရီးယား )

ဖတ်ကြည့်ချင်သေးလား....

ရှေ့နေများကောင်စီ ဥက္ကဌ ဦးသိန်းဦး နှင့် ကိုရီးယားနိုင်ငံရောက် ဒီမိုကရေစီအင်အားစုများ၏ မြန်မာ့အရေးဆွေးနွေးပွဲ

ဖတ်ကြည့်ချင်သေးလား....

ယနေ့ဂျပန်နိုင်ငံ တိုကျိုမြို့ စစ်အခွန်ရုံးရှေ့တွင်ပြုလုပ်သော ၇ ဂျူလိုင်နေ့ အခမ်းအနား သတင်း၊ဓာတ်ပုံမှတ်တမ်း။


ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနာဂါဝမြို့နယ်ရှိ မြန်မာသံရုံး (ခေါ်)စစ်အခွန်ရုံးရှေ့တွင် ၄၇နှစ်မြောက် ၇ ဂျူလိုင်နေ့ အခမ်းအနားကို ယနေ့ နေ့လည် ၃နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ ဂျပန်နိုင်ငံရှိ နိုင်ငံရေး အဖွဲ့အစည်း အသီးသီးနှင့် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးတို့မှ စုစုပေါင်းအင်အား၂၅၀ခန့် တက်ရောက်ခဲ့ ကြပါသည်။ ဆန္ဒပြပွဲ အခမ်းအနားမှူး အဖြစ် ကိုမြတ်သူ(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဂျပန်ဌာနခွဲ)က ဆောင်ရွက်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ အာဏာရှင်စနစ် နှင့် ခွပ်ဒေါင်းစိတ်ဓါတ်၏ အဓိပ္ပါယ်ကွဲပြားခြားနားပုံ ကို၎င်း၊ အလင်းအိမ်စာစောင်မှ ကိုရဲငြိမ်းမှ ဇူလိုင်(၇)ရက်သမိုင်း အကျဉ်းချုပ်ကို၎င်း၊ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုမောင်မောင်လှ ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှ ကိုဖုန်းမြင့်ထွန်းတို့မှ ကျောင်းသားများအခန်းကဏ္ဍ နှင့် ပတ်သက်၍၎င်း၊ လက်ရှိခေတ်လူငယ်ကဏ္ဍကို မကြည်ပြာဇော်ဝင်း (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဂျပန်ဌာနခွဲ)မှ၎င်း၊တိုင်းရင်းသားများနှင့်ပတ်သက်၍ ကိုမိုင်ကျော်ဦး က၎င်း၊ကိုမြင့်ဆွေ(မြန်မာ့အလုပ်သမားသမဂ္ဂ)မှ အလုပ်သမားအရေးတော်ပုံ သမိုင်းကို၎င်း ကိုယ်စားပြု ပြောကြားသွားခဲ့ပြီးနောက် အာဟာရစာစောင်မှ ကိုသက်လင်းက ကိုကျော်ကျော်ကို (ဗကသအဖွဲ့ချုပ်) ၏ကဗျာကို ကိုယ်စား ဖတ်ကြားပေးခဲ့ပါသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဒေါ်သန်းသန်းအေးက ကျောင်းသား များအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပန်းစည်းကို နအဖ အခွန်ရုံးအဝင်တံခါးဝ တွင်ထားရှိခဲ့ပြီးနောက် ကြွေးကြော်သံများ သံပြိုင်ရွတ်ဆိုကာ ညနေ ၄နာရီခွဲတွင် အခန်းအနား ပြီးဆုံးခဲ့ပါသည်။

သတင်းံ။....။ဦးစိုးအောင်ဝင်းNLD(LA)JB (ပြန်ကြားရေး)
............................။မောင်ထွန်းလွင်(FWUBC)
............................။ဒီမိုဝေယံ
ဓာတ်ပုံ-ကိုပွား

ဖတ်ကြည့်ချင်သေးလား....

Tuesday, July 7, 2009

မြန်မာပြည်မှာ တောင်နဲ့မြောက် ကွဲနေခြင်း။....။

South &North Korea

ဖတ်ကြည့်ချင်သေးလား....

DN! At Least 140 Killed in China Clashes


At Least 140 Killed in China Clashes In China, at least 140 people have been killed and more than 800 wounded in the western Xinjiang region. On Sunday, hundreds of protesters clashed with police ...

ဖတ်ကြည့်ချင်သေးလား....

Sunday, July 5, 2009

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်မစ္စတာဘန်ကီမွန်းနှင့် NLD CEC တွေ့ဆုံစဉ် တောင်းဆိုချက်များ။

၃ ရက်နေ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်မစ္စတာဘန်ကီမွန်းနဲ့ NLD CEC ၄ဦးတွေ့ဆုံခွင့် ရခဲ့စဉ် NLD မှအချက် ၄ချက် တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။ပထမဦးစွာ UN ဘက်မှ အချိန် အခက်အခဲကြောင့် ပါတီတခုလျှင် ၂မိနစ်စီသာ ပြောခွင့်ပြုကြောင်း NLD မှ ၂မိနစ်သာ ဆိုလျှင် ပြောစရာမရှိကြောင်း ပြောဆိုသည့် အတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တဖွဲ့တည်းအား ၁၅မိနစ်ပြောဆိုခွင့် ပြုခဲ့ပါတယ်။

Justify Full
NLD မှမစ္စတာဘန်ကီမွန်းထံသို့ အချက်၎ချက် တောင်းဆိုခဲ့ပါတယ်။
၁....ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး။
၂....အမျိုးသားရင်ကြားစေ့ရေး အတွက်တွေ့ဆုံ ဆွေးနွေးရေး။
၃....၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအား တနည်းနည်းဖြင့် အသိအမှတ်ပြုရေး။
၎....၂၀၀၈ခုနှစ် အခြေခံဥပဒေကို ပြန်လည် Rivew လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရှိရပါတယ်။
မစ္စတာဘန်ကီမွန်းမှ သူကြိုးစားပေးပါ့မယ်လို့ ပြောဆိုခဲ့တယ်လို့ သိရှိရပါတယ်။နေပြည်တော်သို့ ခေါ်ယူသည့် ဖိတ်စာတွင်လည်း မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ခွင့်ရမည်ဟု မပါရှိဘဲအရေးကြီးပုဂ္ဂိုလ် တဦးနှင့်တွေ့ခွင့်ရမည်ဟုသာ ရေးသားထားကြောင်း ထိုဖိတ်စာအားလည်း မစ္စတာဘန်ကီမွန်းအား ပြသခဲ့ကြောင်း သိရှိရပါတယ်။
သတင်း။....။ဒီမိုဝေယံ.....

ဖတ်ကြည့်ချင်သေးလား....

မြောက်ကိုရီးယားသင်္ဘောတစ်စီး ဆန်တင်ရန် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာ

North Korea Merchant Ship Tw23

ဖတ်ကြည့်ချင်သေးလား....

Saturday, July 4, 2009

UN SECRETARY BANKIMOON IN BURMA- 03 ,07, 2009


UN SECRETARY MR. BANKIMOON VISIT BURMA AND REQUEST TO MEET DAW AUNG SAN SUU KYI , RESUME DIOLUGE WITH OPPOSITIONS AND RELEASE ALL POLITICAL PRISONERS INCLUDING DAW AUNG SAN SUU KYI.

ဖတ်ကြည့်ချင်သေးလား....

Japan's PM Meets U.N. Secretary General


United Nations secretary general Ban Ki-moon and Japanese prime minister Taro Aso met in Tokyo to discuss regional problems in Asia. At the forefront of the talks were the condition of one high pro...

ဖတ်ကြည့်ချင်သေးလား....

ဘန်ကီမွန်းသတင်းများ

- ဒေါ်အောင်ဆန်းစုကြည်နှင့် ဘန်ကီမွန်းကို တွေ့ခွင့်မပေး link
- ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တွေ့ဆုံဖို့ စစ်အစိုးရ ခွင့်မပြု link
- ဘန်ကီမွန်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရ link
- ဘန်ကီမွန်းခရီးစဉ် လုံခြုံရေးများ အထူးတင်းကြပ် link
- ဘန်ကီမွန်း မြန်မာပြည် ဒီကနေ့ရောက်မည် link
- ဘန်ကီမွန်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမရ မသေချာသေး link
- မြန်မာနိုင်ငံခရီးစဉ်သည် ခက်ခဲသည့် ခရီးစဉ်ဟု ဘန်ကီမွန်း ပြောဆို link
- နအဖကို ပိုမိုဖိအားပေးရန် ဘန်ကီမွန်း တိုက်တွန်းတောင်းဆို link

ဖတ်ကြည့်ချင်သေးလား....

သောကြာနေ့ည နောက်ဆုံးရ သတင်းများ။.....

tw23 3-7

ဖတ်ကြည့်ချင်သေးလား....

၂ ရက်နေ့ည နောက်ဆုံးရ သတင်းများ။....။

tw23 2-7

ဖတ်ကြည့်ချင်သေးလား....

Friday, July 3, 2009

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ရုံးရှေ့တွင် ပြုလုပ်သော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်း ထံတောင်းဆိုဆန္ဒပြပွဲ ဓာတ်ပုံမှတ်တမ်း။...။


ယနေ့ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်း ဂျပန်နိုင်ငံ၌ ရောက်ရှိနေချိန် အတွင်း ဂျပန်နိုင်ငံခြားရေးရုံးရှေ့၌ သွားရောက်ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါ ဆန္ဒ္ဒပြ တောင်းဆိုပွဲသို့ ဂျပန်နိုင်ငံရောက် မြန်မာဒီမိုစီ အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းစည်း အသီးသီးမှ အင်အား၁၀၀ကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။ သတင်း ၊ ဓာတ်ပုံ။....။ဒီမိုဝေယံ။စိုးအောင်ဝင်း NLD (LA)JB

ဖတ်ကြည့်ချင်သေးလား....

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၁လ(၇၃)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား


၃၀.၆.၂၀၀၉
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၁လ(၇၃)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၂၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
ဓါတ်ပုံ- ကိုပွားသတင်း-NLD(LA)JB လူငယ်ဌာန

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */