Wednesday, July 22, 2009

(NCGUB) နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့် ဂျပန်သတင်း မီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲ ဓာတ်ပုံမှတ်တမ်း။....။


ယနေ့ ညနေ၄နာရီ ဂျပန်နိုင်ငံ တိုကျိုမြို့ ချိယိုဒါ ကု၊ ခန်းဒ-စုရုဂါ့ဒိုက် ၃-၂-၁၁ ဆိုးဟျိုး ကိုက်ခန်း အဆောက်အဦး ၃ထပ်ရှိ ရင်ဂို အလုပ်သမားများ အဖွဲ့ချုပ်ရုံးခန်းမ၌ မြန်မာ့ဒီမိုကရေစီအရေး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။မြန်မာ့ရေးရာရုံး-ဂျပန်(Burma Office-Japan) မှ တာဝန်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်မှ ဂျပန်လူမျိုးများ နှင့် ဂျပန်နိုင်ငံရှိ မြန်မာပြည်သူများအား လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေ၊နအဖ စစ်အုပ်စုနှင့် မြောက်ကိုရီးယားဆက်ဆံရေး၊အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ နှင့်ကမ္ဘာ့ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ တို့ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ ဂျပန်သတင်းစာဆရာများ၏ မေးမြန်းချက်များကို ဦးဘိုလှတင့် နှင့် ဒေါက်တာ ဦးမင်းညိုတို့က ပြန်လည် ဖြေကြားခဲ့ပြီး၊ Mr Hisao Tanabe(ဦးရွှေဘ)မှ ဘာသာပြန်အဖြစ် ဆောင်ရွက် ပေးခဲ့ပါသည်။ စစ်အစိုးရ၏ စစ်ရေးဆိုင်ရာ ထိပ်တန်းလျွှို့ဝှက်ချက်များ ပေါက်ကြားရခြင်း အကြောင်းရင်း၊မေမြို့ စစ်တက္ကသိုလ်အနီး အဏုမြူစွမ်းအင် ဆိုင်ရာ သုတေသန လုပ်ဆောင်နေမှု၊မြောက်ကိုရီးယားနိုင်ငံနှင့် ယဉ်ကျေးမှု ဖလှယ်ရေး ကဏ္ဍတွင် စစ်ဖက်မှ မည်သည့်အတိုင်း အတာအထိ ဆက်စပ်မှုရှိနေခြင်း စသည့် မေးမြန်းချက်များ ကိုပြန်လည် ဖြေကြား ပေးခဲ့ပါသည်။ ယနေ့ အခန်းအနား၌ Mr Masa Yuki Shiota (ရင်ဂိုအလုပ်သမားသမဂ္ဂ) မှ အခန်းအနားမှုး အဖြစ်ဆောင်ရွက်ခဲ့ပြီး မြန်မာ့ ဒီမိုကရေစီရေး စိတ်ဝင်စားသူဂျပန်လူမျိုးများ၊ ဂျပန်သတင်းဌာနများမှ ကိုယ်စားလှယ်များ၊ဂျပန်နိုင်ငံရှိ မြန်မာ့ နိုင်ငံရေးအဖွဲ့ အစည်းအသီးသီး နှင့်တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးတို့မှ ကိုယ်စားလှယ်၄၀ခန့် တက်ရောက် ခဲ့ကြပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့် မှတက်ရောက် လာသူများအား ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ညနေ ၅နာရီ၂၀တွင် အခန်းအနား ပြီးဆုံးခဲ့ပါသည်။
သတင်း၊ဓာတ်ပုံ။.....။စိုးအောင်ဝင်း NLD(LA)JB ပြန်ကြားရေး။....။
ဒီမိုဝေယံ

No comments:

 
/* EOT ----------------------------------------- */