Saturday, July 18, 2009

ယနေ့ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ၂နာရီခန့် တွေ့ခွင့်ရ။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဥပဒေအကျိုးဆောင် ရှေ့နေ ၄ဦးနေ့လည် ၁နာရီမှ ၃နာရီအထိ ၂နာရီခန့် အင်းစိန်ထောင် အတွင်း၌ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" အန်ကယ်တို့ ဒီကနေ့ နေ့လည် ၁နာရီမှ ၃နာရီထိ ၂နာရီကြာ တွေ့ဆုံခွင့်ရပါတယ်။ အဓိက ဆွေးနွေး ဖြစ်တာကတော့ လာမည့် ၂၄ရက်နေ့ အပြီးသတ်လျှောက်လဲချက် ဒုတိယမူကြမ်း အတွက်ဖြစ်တယ်။

အမှုနဲ့ ပတ်သတ်ပြီး ဒေါ်စုက ဒီပုဂ္ဂိုလ်(မစ္စတာယက်တော) ဝင်ရောက်လာတာ လုံခြုံရေး စည်းဖောက်လာတာ ဖြစ်တယ်။ လုံခြုံရေးစည်းက လူတွေကို အရေးမယူပဲ မိမိကိုတရားစွဲတာ ဘက်လိုက်တာဖြစ်တယ်။

နောက်တချက်က ဒေါ်စုက သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းမှု မရှိဘူးဆိုတာနဲ့ ပတ်သတ်ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာ၃၀ရက်နေ့ ပထမအကြိမ် ဝင်ရောက်လာကတည်းက သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြာင်းကြားခဲ့ပေမဲ့ အဲဒီ့ကိစ္စနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာမှ တခါမှ စုံစမ်းခြင်း၊ မေးမြန်းခြင်း ၊မရှိခဲ့ဘူး၊ နောင်မဝင်ရောက် နိုင်အောင် ဘယ်လိုဆောင်ရွက်မယ်ဆိုတာ ဘာမှမပြောဆိုခဲ့ဘူး ဒါကြောင့်သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းမှု ဆောင်ရွက်မှု မရှိဘူးဆိုပြီး ပြောဆိုတာ လုံးဝတရားမျှတမှု မရှိဘူးလို့ "ပြောဆိုတယ်လို့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒေါ်စုအင်းစိန်ထောင် အတွင်း အာဇာနည်နေ့ အလှုလုပ်မည်ဟု သိရှိရပါသည်။ ယခင် မွေးနေ့ပြုလုပ်ခဲ့သည့် အတိုင်း အနီးပတ်ဝန်းကျင်မှ လုံခြုံရေးဝန်ထမ်းများအား လှုဒါန်းမည်ဟုသိရှိရပါတယ်။ ဘုန်းတော်ကြီး ပင့်ခွင့်ရမရ မသိရှိရပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၆၂ပြည့်အာဇာနည်နေ့ အခမ်းအနား အစီအစဉ်။....။

မနက် သံဃာတော်များအား အာရုဏ်ဆွမ်းကပ်လှုပါမည်။

၁၀နာရီခွဲမှာ ငြိမ်းချမ်းရေး ချိုးငှက်လွှတ်ပြီး၊ ဗိုလ်ချုပ်တို့ကျဆုံးတဲ့အချိန် ဥသြဆွဲ အလေးပြုပါမည်။

၁၂နာရီခွဲမှာ အခမ်းအနား စတင်ပြီး အာဇာနည်နေ့ ထုတ်ပြန်ချက်၊သဘာပတိ မိန်ခွန်းပြောကြားပြီး အခမ်းအနား ကိုဖွင့်လှစ်မှာဖြစ်ကြောင်း သိရှိရပါတယ်။    သတင်း။.....။ဒီမိုဝေယံ.......

No comments:

 
/* EOT ----------------------------------------- */