Monday, July 20, 2009

အဖွဲ့ချုပ်ရုံး၌ ၆၂နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပ။....။

ယနေ့ ကျရောက်တဲ့ ၆၂ပြည့်အာဇာနည်နေ့ အခမ်းအနားကို အဖွဲ့ချုပ်ရုံးနဲ့ မြန်မာပြည်တဝှမ်းကျင်းပ ပြုလုပ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

"ဒီကနေ့ ၆၂ပြည့်အာဇာနည်နေ့ အခမ်းအနားကို အဖွဲ့ချုပ်ရုံးနဲ့ နယ်မြို့တွေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့တော့ အာဇာနည်နေ့ အခမ်းအနားကို မနက်ကနေ ညနေအထိ အေးအေးဆေးဆေး အနှောက်အယှက် ကင်းစွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ မနက်ပိုင်းမှာ သံဃာတော်တွေကို အာရုဏ် ဆွမ်းကပ်ပါတယ်။ ၁၀နာရီ၃၇မိနစ် ဗိုလ်ချုပ်တို့ကျဆုံးတဲ့ အချိန်မှာ အဖွဲ့ချုပ်ရုံးမှာ ဥသြဆွဲအသံသွင်းခွေ ထုတ်လွှင့်ပြီး အာဇာနည်ခေါင်းဆောင် ကြီးများအား အလေးပြုကြပါတယ်။ ဒီကနေ့ ရန်ကုန်မှာ မိုးသီးထန်စွာ ရွာသွန်းတဲ့ ကြားထဲက အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံခြားသံတမာန်များ၊ဖိတ်ကြားထားတဲ့ ဧည်သည်တော်များ၊အဖွဲ့ ချုပ်ဝင်များနှင့် ပြည်သူလူထု ၈၀၀ခန့် ခန်းလုံးပြည့် တက်ရောက်ကြပါတယ် "လို့ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။ နေ့လည် ၁၂နာရီခွဲမှာ အခမ်းအနားကို စတင်ကျင်းပခဲ့ပြီး အာဇာနည် ခေါင်းဆောင်ကြီများ၏ သမိုင်းကြောင်းများနှင့် အာဇာနည်နေ့ ကြေငြာချက်များကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ယနေ့အာဇာနည်နေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ် NLD ဥက္ကဋ္ဌ၊ အတွင်းရေးမှုးနဲ့ အဖွဲ့ချုပ်ဝင် ၅၀ခန့် အာဇာနည်နေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အလားတူ နယ်မြို့ အသီးသီးမှာလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း ကြားသိရပါတယ်။

ဗိုလ်ချုပ်ပုံ၊ဒေါ်စုပုံပါတဲ့ တီရှပ်ဝတ်ဆင်ပြီး အာဇာနည်ဗိမာန် သို့သွားရောက် သွားရောက်ခဲ့တဲ့ NLD အဖွဲ့ဝင်၃၀ခန့် ခေတ္တထိန်းသိမ်းခံရ။.....။

ယနေ့ နေ့လည် ၁၂နာရီလာက်မှာ အာဇာနည်ဗိမာန်သို့ NLD အဖွဲ့ဝင်နဲ့ ပြည်သူလူထု ၅၀ခန့် သွားရောက်ဂါရဝ ပြုရန်သွားရောက် ခဲ့ကြပါတယ်။ အာဇာနည်ဗိမာန်သို့ ဂါဝရပြုရန် သွားရောက်တဲ့ အထဲက ဗိုလ်ချုပ်ပုံ၊ဒေါ်စုပုံပါတဲ့ တီရှပ်ဝတ်ဆင်တဲ့သူ ၃၀ခန့်အား နာရီဝက်ခန့် ထိန်းသိမ်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့ကြာင်း သိရှိရပါတယ်။ ရန်ကုန်မြို့မှာ လုံခြုံရေးများ တင်းတင်းကြပ်ကြပ် ချထားကြောင်း ကြားသိရပါတယ်။ စစ်အစိုးရ အာဏာယူချိန်က စပြီး အာဇာနည်နေ့ကို မှေးမှိန်ပျောက်ကွယ်အောင် ပြုလုပ်လာခဲ့ပါတယ်။ ယခင်ကကဲ့သို့ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးချိန်မှာ ဥသြဆွဲခြင်း၊အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်းများအား ဟောပြောပွဲများ ကျင်းပခြင်းများအား ပိတ်ပင်ခဲ့ပါတယ်။..။        သတင်း။....။ဒီမိုဝေယံ

No comments:

 
/* EOT ----------------------------------------- */