Saturday, July 25, 2009

ရုံးချိန်းတွေ ဆက်ချိန်းနေတာ ဒေါ်အောင်ဆန်းစုကြည် သဘောမကျဟုပြောဆို။....။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် နောက်ဆုံး လျှောက်လဲချက်ကို ယနေ့ နေလည် ၂နာရီမှ ၄နာရီခွဲအထိ ကြားနာခဲ့ပြီး လာမည့် တနင်္လာနေ့ ၂၇ ရက်နေ့ မနက်၁၀နာရီသို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။

"ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် နောက်ဆုံး လျှောက်လဲချက်ကို နေ့လည် ၂နာရီကနေ ညနေ ၄နာရီခွဲအထိ ကြားနာ စစ်ဆေးခဲ့တယ်။ အန်ကယ်တို့ ဘက်က ဦးကြည်ဝင်း တစ်ယောက်ပဲ ဒေါ်အောင်ဆန်းစုကြည် အတွက် လျှောက်လဲချက် ပေးနိုင်ခဲ့ပြီး အမှုကို လာမယ့် တနင်္လာနေ့ မနက်၁၀နာရီ ထပ်ပြီး ချိန်းဆိုလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တာ တခုကတော့ လျှောက်လဲချက်တွေ အားလုံးပြီးအောင် မဆောင်ရွက်ပဲ ရုံးချိန်းတွေ ဆက်ချိန်းနေတာ သဘောမကျဘူးလို့ ပြောဆိုပါတယ် "ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ယနေ့ရုံချိန်းသို့ ဥရောပ ၅နိုင်ငံဖြစ်တဲ့ အင်္ဂလန်၊ပြင်သစ်၊ဂျာမဏီ၊အီတလီနှင့်နော်ဝေနိုင်ငံတို့မှ သံတမာန်များ စကားပြန်များနှင့်အတူ လာရောက် နားထောင်ခဲ့ကြောင်း၊ဒေါ်အောင်ဆန်းစုကြည်မှ သံတမာန်များအား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

သတင်း။....။ ဒီမိုဝေယံ

No comments:

 
/* EOT ----------------------------------------- */