Friday, July 31, 2009

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း ကိစ္စ ကန့်ကွက်စာပို့။...။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိ မြေကို မောင်နှမဝမ်းကွဲ တော်သူ ဦးခင်မောင်အေး က စိတ်ပိုင်း ရောင်းချထားခြင်းကို ၂၄ရက်နေ့ ကြေးမုံသတင်းစာတွင် ကြော်ငြာပါရှိမှုနဲ့ ပတ်သတ်၍ ယနေ့ ကန့်ကွက် စာ ပို့ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ အန်ကယ်တို့ ကြေးမုံသတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းအတွင်းက မြေအရောင်းအဝယ် ကိစ္စနဲ့ ပတ်သတ်ပြီး သတင်းစာထဲမှာ ပါတဲ့ ရှေ့နေဆီကို ကန့်ကွက်စာ ပေးပို့ခဲ့တယ်။ စာထဲမှာတော့ ဒီမြေဟာ ရောင်းဝယ်ခွင့် မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် လက်ထဲမှာရှိတဲ့ ပစ္စည်းဖြစ်တယ်။ ဒေါ်စုရဲ့ Position ထဲမှာရှိတဲ့ ပစ္စည်းဖြစ်တယ်။ ဦးခင်မောင်အေးကလည်း ရောင်းပိုင်ခွင့် မရှိတဲ့ အကြောင်း အဲ့ဒီရှေ့နေဆီ စာပြန်ပို့လိုက်တယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိ မြေကို မောင်နှမဝမ်းကွဲ တော်သူ ဦးခင်မောင်အေး က မိမိသဘောအတိုင်း စိတ်ပိုင်း ရောင်းချထားပြီးကို ၂၄ရက်နေ့ ကြေးမုံသတင်းစာတွင် လွှဲအပ်ထားသော ရှေ့နေမှတဆင့် ကန်ကွက်နိုင်ကြောင်း ကြော်ငြာပါရှိမှုနဲ့ ပတ်သတ်၍ ဒေါ်စု၏ ရှေ့နေမှယနေ့ ကန့်ကွက် စာပေးပို့ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေသည့် အချိန်နှင့် အချိန်ကိုက် မြေကိစ္စ ပေါ်ထွက်လာခြင်းသည် နိုင်ငံရေး ပယောဂ မကင်းဟု သုံးသပ်သူများက ပြောဆိုပါသည်။

သတင်း။..။ဒီမိုဝေယံ

No comments:

 
/* EOT ----------------------------------------- */