Saturday, October 31, 2009

ဂျပန်လွှတ်တော်အမတ် MR.SUEMATSUမှ မြန်မာ့ဒီမိုကရေစီအဖွဲ့ အစည်းအသီးသီးအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း။


ဂျပန်နိုင်ငံ၏ လက်ရှိအာဏာရ ပါတီလွှတ်တော်အမတ်နှင့် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေသော ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ -အတွင်းရေးမှူး MR.SUEMATSU မှ ဂျပန်နိုင်ငံ အထွေထွေရွေးကောက်ပွဲအတွက် ပါဝင်ကူညီဆောင်ရွက်ပေး ခဲ့ကြသော ဂျပန်နိုင်ငံရှိ မြန်မာဒီမိုကရေစီ အင်အားစုအဖွဲ့အစည်းအသီးသီးအား ညစာဖြင့်ကျွေးမွေးဧည့်ခံ၍ မြန်မာ့အရေးကို ပိုမိုဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဥက္ကဌဦးသန့်ဇင်ဦးနှင့်အဖွဲ့ချုပ်အဖွဲ့ဝင် များတက်ရောက်ခဲ့ ကြပါသည်။

ဓာတ်ပုံ... သတင်း....ကိုလှမျိုး(NLD(LA)JB)။..။

ဖတ်ကြည့်ချင်သေးလား....

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊(၇၇)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား


မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊(၇၇)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၅၀ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။

ဓါတ်ပုံ-ဗွီဒီယိုမှတ်တမ်း။ ။ကိုပွား, သတင်း။ ။ NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန

ဖတ်ကြည့်ချင်သေးလား....

Wednesday, October 28, 2009

Aung San Suu Kyi (On the road to Mandalay)


This is the dedicated song for "Aung San Suu Kyi" composed and sung by a famous American Red Indian Singer "Timo & The White Buffalo". Video by "Burma Democratic Concern (BDC).

ဖတ်ကြည့်ချင်သေးလား....

ကိုညီညီအောင်မှ ဝိုင်းဝန်းမေးမြန်းစုံစမ်း ကူညီပေးနေတဲ့ သူတွေအာလုံးကို ကျေးဇူးတင်ကြောင်း အမှာစကား ပြောကြား။( မနက်ဖြန်ကိုညီညီအောင် အသက်၄၀ပြည့်မွေးနေ့ပါ)။

NNA tw23
သတင်း...ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

Monday, October 26, 2009

U2 360° Walk On Aung San Suu Kyi Burma Myanmar


U2 360° Tour from Norman, OK, October 18, 2009. Excerpt of the song "Walk On" dedicated to Aung San Suu Kyi, the imprisoned leader of Burma (Myanmar) and 1991 Nobel Peace Prize recipient. Peace to all Peoples and Nations!

ဖတ်ကြည့်ချင်သေးလား....

Sunday, October 25, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်ကြေငြာချက်။...။

22-10-2009tw

ဖတ်ကြည့်ချင်သေးလား....

Sunday, October 11, 2009

မတရားဖမ်းဆီး အကျဉ်းချထားသည့် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ ဓာတ်ပုံမှတ်တမ်း.။....။(ဂျပန်နိုင်ငံ)




"ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် ပထမ" "ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် အဓိက" ဟူသော ဆောင်ပုဒ်ဖြင့် ဂျပန်နိုင်ငံရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူ မြန်မာလူမျိုးများ၊ မြန်မာ့ဒီမိုကရေစီအရေး စိတ်ဝင်စားသူ ဂျပန်လူမျိုးများ စုစုပေါင်း အင်အား(၃၅၀)ခန့်က ယနေ့ညနေ (၅)နာရီကဂျပန်နိုင်ငံ တိုကျိုမြို့ Otsuka ပန်းခြံမှ Ikebukuro ပန်းခြံအထိ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဂျပန်နိုင်ငံတွင် ခတ္တရောက်ရှိနေသော NCUB နှင့် FTUB အထွေထွေအတွင်းရေးမှုး ဦးမောင်မောင်မှ အဖွင့်အမှာ စကားပြောကြားပြီး အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက အမှာစကားများပြောကြားကြပါတယ်။ ယနေ့ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ၏ ကြွေးကြော်သံများတိုင်ကာ လူစည်ကားရာ Ikebukuro မြို့ကိုဖြတ်သန်းပြီး ဂျပန်ပြည်သူများအား ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်နိုင်ငံအကြောင်း ရေးသားထားသည့် စာရွက်စာတမ်းများကို ဝေငှခဲ့ပါတယ်။ ဆန္ဒပြပွဲ အခမ်းအနားကို ညနေ(၆)နာရီ တွင် Ikebukuro ပန်းခြံတွင် ကြွေးကြော်သံများတိုင်ကာ အောင်မြင်စွာရုတ်သိမ်းခဲ့ပါတယ်။...။
ဓာတ်ပုံ၊သတင်း.....ဒီမိုဝေယံ။...။

ဖတ်ကြည့်ချင်သေးလား....

Sunday, October 4, 2009

ဂျပန်နိုင်ငံ သံဃာ့ပဝါရဏာ ကံဆောင်ပွဲနှင့် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် ဓာတ်ပုံမှတ်တမ်း။...။



ဂျပန်နိုင်ငံ၌ သံယာပဝါရဏ ကံဆောင်ပွဲကို ဂျပန်လူမျိုးထေရဝါဒ ရဟန်းတော်များနှင့် သီတင်းကျွတ်လပြည့်နေ့ နံနက် ၉နာရီခွဲခန့်က အောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။ ယနေ့နေ့လည်ပိုင်းက မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ကို တိုကျိုမြို့ OOYAMA မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။....။

ဓာတ်ပုံ....သတင်း...ကိုမင်းဇော်၊ ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

Saturday, October 3, 2009

ဒေါ်အောင်ဆန်းစုကြည် အယူခံ ငြင်းပယ်ခံရ

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ၁လနှင့်၂၀ရက် ပြည့်တဲ့နေ့ဆန္ဒပြတောင်းဆိုပွဲ.. ။


アウンサンスーチー氏への不当な有罪判決から二ヶ月経った
ဓာတ်ပုံ....ကိုပွား

ဖတ်ကြည့်ချင်သေးလား....

Friday, October 2, 2009

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၎လ၊(၇၆)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကျင်းပပြီးစီးခြင်း....


၃၀-၉-၂၀၀၉
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၎လ၊(၇၆)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၂၀ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
2003年5月30日夜、ビルマ北部ザガイン管区の小さな町ディぺーイン附近の田舎道で、最大政党・国民民主連盟(NLD)の地方遊説隊が、USDA(連邦団結発展協会)メンバーを中心とする暴徒グルプに襲われ、この大事件により100人の死者が出ました。 軍政府はこの暴行事件に対して捜査もしないまま、民主化の指導者や党員達や参加者が逮捕されました。  国民民主連盟の副議長ウーティンウー氏と総書記長ドウアウンサンスーチー氏は自宅軟禁状態で現在も釈放には至っていません。 ディペーインの日を国民民主連盟(解放地域)日本支部がミャンマー大使館前で執り行い参加者は150人以上に居た。

ဓါတ်ပုံ-ဗွီဒီယိုမှတ်တမ်း။ ။ကိုပွား, သတင်း။ ။ NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */