Thursday, November 27, 2008

မျိုးဆက်သစ်လူငယ်နှစ်ဦး ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ

သန်းထိုက်ဦး ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 26 2008 18:01 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave) အဖွဲ့ဝင် ၂ ဦးအား အာဏာပိုင်များက ယခုလ ၂၄ ရက်၊ တနင်္လာနေ့က ထောင်ဒဏ် ၈ နှစ်စီ ချမှတ်လိုက်သည်။

၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် အဖမ်းခံခဲ့ရသူ ကိုတင်မျိုးထွတ် (ခ) ကျော်ကျော်ဦးနှင့် ကိုစောမောင်တို့အား ကြည့်မြင်တိုင်မြို့နယ် တရားရုံးက လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဌာန်းချက် ပုဒ်မ ၁၃/၁၊ မတရားအသင်း ဖွဲ့စည်းမှု ပုဒ်မ ၁၇/၁ ဖြင့် စွဲချက်တင်ကာ ယခုလို ထောင်ဒဏ် ၈ နှစ်စီ ချမှတ်သည်ဟု အဖွဲ့တာဝန်ခံ ကိုမိုးသွေးက မဇ္ဈိမကို ပြောပြခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှ ကိုတင်မျိုးထွတ် (ခ) ကိုကျော်ဦးကို စက်တင်ဘာလ ၃ ရက်နေ့တွင် ဘုရင့်နောင် လမ်းဆုံအနီး အမေ့ရွာ လက်ဖက်ရည်ဆိုင်သို့ သွားရောက်နေစဉ် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ မှော်ဘီမြို့နယ်မှ ကိုစောမောင်အား မည်သည့်နေရာတွင် ဖမ်းဆီးခဲ့သည်ကို မသိရသေးပါ။

ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် GW ၏ ကြေညာချက်တွင် မျိုးဆက်သစ် လူငယ်များကို ယခုကဲ့သို့ မတရား ဖမ်းဆီးထောင်ချနေရုံဖြင့် ပဋိပက္ခများ ပြေလည်မည် မဟုတ်ဘဲ ပိုမို အင်အားကြီးမားသော လှုပ်ရှားမှုများနှင့်သာ ရင်ဆိုင်ရမည်ဟု စစ်အစိုးရအား သတိပေး ရေးသားထားသည်။

GW ကို ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမျိုးသားရေး နိုးကြားတက်ကြွသော လူငယ်များကို စုစည်းကာ ဆက်လက် လှုပ်ရှားသွားရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

http://www.mizzimaburmese.com/news/breaking-newsbrief/2053-2008-11-26-11-44-04.html

No comments:

 
/* EOT ----------------------------------------- */