Friday, August 24, 2007

မလေးရှား နိုင်ငံမှာ ရဲဝံ့ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြသူတွေ

မလေးရှား နိုင်ငံမှာ ရဲဝံ့ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြသူတွေ ... ဖမ်းဆီး ထိန်းသိမ်းခံရပြီး ၊ သတင်းအသေချာ မထုတ်ပြန်နိုင်သေးပါ ။ ရဲဝံ့ခဲ့သူများရဲ့ ပုံရိပ်တွေကို ကို ဂုဏ်ယူစွာ ဝေမျှလိုက်ပါတယ် .....


တုန်လှုပ်မှု ကင်းမဲ့စွာနဲ့ အရာရာကို ဂရုမစိုက်ကြသလို ၊ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ် ...




တုန်လှုပ်မှု ကင်းမဲ့စွာနဲ့ အရာရာကို ဂရုမစိုက်ကြသလို ၊ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ် ...


အမျိုးမျိုး ရှင်းပြ ဆွေးနွေးခဲ့ကြပါတယ်


အမျိုးမျိုး ရှင်းပြ ဆွေးနွေးခဲ့ကြပါတယ်


ကားပေါ်ကို ဆွဲတင်ခြင်းခံခဲ့ ကြရပါတယ် ...


နောက်ဆုံး ကားပေါ်ကို တက်ရောက်နေစဉ် ...


1 comment:

wkthu said...

ဖအေတူသား
မင်းဘယ်မှာလည်း
အမေမျှော်နေတယ် မြန်မြန်လာလေကွယ်...
ရှိနေတဲ့သားတွေ
စိတ်မချလေနဲ့
သူတို့အတွက်သာ ကြည့်ကြတာဟဲ့...
အမေဆီမှာ ဘာတွေရှိလည်း
အမေဆီက ဘာတွေရမလည်း
အမေ့ဆီက ဘာယူရမလည်း
ရှိသမျှပြောင်လည်း လုပ်ချင်ရာလုပ်ကြမှာကွဲ့....
အမေ့အတွက် ဘာလုပ်ပေးရမလည်း
အမေကျန်းမာရေး ကောင်းပါရဲ့လား
အမေချမ်းသာစွာနေပါသလား
သူတို့စိတ်မှာ တစိုးတစိတောင် စိတ်မ၀င်စားပါသတဲ့....
ဖအေတူသား
မင်းလာပါကွယ်
အမေတမ်းတ မှန်းဆနေတယ်...
မင်းအဖေလိုဘဲ
မိသားစုကို စုစည်းပါကွယ်
နည်းနာပြောကာ ညွှန်ပြပါဟယ်....
မပျင်းမရိကြဖို့
မဖျင်းကြပါဖို့
အလွယ်မကြိုက် ရေမျောမလိုက်ဖို့
တက်လက်ကြွရွ လုံလရှိဖို့
နေရာတိုင်းမှာ သိတတ်လာဖို့....
အိမ်နီးချင်းမိသားစုတွေ
ကြီးပွားနေပကွဲ့
အမေမိသားစုဘဲ စုတ်ပြတ်နေပဟဲ့....
အမေရှိသမျှလည်း ကုန်တော့မဟဲ့...
ဒီမိသားစု ဒီအရေးတွေ
ဖအေတူသား မင်းလာမှဘဲ
ပြေလည်တိုးပွား
စည်ကားစုစည်း
သူများနည်းတူ ဆက်လှမ်းနိုင်မယ်
အမေမျှော်တယ်
အမေချစ်သော ဖအေတူသားလေး
မိသားစုအရေး လှည့်ကြည့်ပါ
သားဆိုးများကို ဆုံးမပါကွယ်
အိမ်ထောင်စုကြီး လှပစေအောင်
ရှေ့ဆောင်လမ်းပြ တည်ပြစမ်းကွယ်
အမေခေါင်းမော့ ရင်ကိုကော့ကာ
မော်ကြွားချင်ပြီ သည်းနှစ်ရင်းချာဖွား
ဖအေတူသားရေ.....

 
/* EOT ----------------------------------------- */