Friday, August 24, 2007

ဧရာဝတီ မဂ္ဂဇင်းမှ သတင်းများ

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ | သြဂုတ် ၂၄၊ ၂၀၀၇

မြို့တော်ခန်းမရှေ့-ရန်ကုန်မြို့
နေ့လယ် ၂ နာရီခန့်က မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြသမား ၁၀၀ ခန့် ဆန္ဒပြရန်စီစဉ်နေခိုက် ၂၀ ခန့်ကို ရဲ၊ ကြံ့ဖွံ့များက အကြမ်းဖက် ဖမ်းဆီးကြောင်း ဆန္ဒပြအုပ်စုတွင်ပါဝင်သည့် မမျိုးမျိုးက ဧရာဝတီကိုပြောသည်။

ဘာမှတောင်သိပ်မလုပ်လိုက်ရဘူး၊ သူတို့ဘက်က (အာဏာပိုင်) လူတွေရောက်လာပြီး ၀ိုင်းထားလိုက်တာ။ အဖမ်းခံရသူ အများစုက အမျိုးသမီးတွေ” ဟု မမျိုးမျိုးကပြောသည်။

ဆန္ဒပြသမားများအား ဖမ်းဆီးခေါ်ဆောင်သွားသည့်ကားသည် မြို့တော်ခန်းမအတွင်းသို့ မောင်းဝင်သွားကြောင်းနှင့် အကြမ်းဖက်ဖမ်းဆီးသူများတွင် အမျိုးသမီးများလည်းပါသည်ဟု မမျိုးမျိုးကပြောသည်

ဒဂုံမြို့သစ်တောင်ပိုင်း-ရန်ကုန်မြို့
နံနက်ပိုင်းက ဒဂုံမြို့သစ်တောင်ပိုင်း၌ အန်အယ်လ်ဒီပါတီ လူငယ်အဖွဲ့ဝင်များဖြစ်ကြသည့် ကိုအောင်စောဦး၊ ကိုစောလွင်၊ ကိုသိန်းအောင်မြင့်နှင့် ကိုညွန့်ဝင်းတို့ လိုင်းကားဂိတ်တွင်ကားစောင့်နေစဉ် ဒေသအာဏာပိုင်တို့က အကြောင်းပြချက် တစုံတရာမပေးဘဲ ဖမ်းဆီးလိုက်သည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းက ဧရာဝတီကိုပြောသည်။

အဖမ်းခံရသူ ၄ ဦးကို မည့်သည့်နေရာ၌ ချုပ်နှောင်ထားသည်ကို စုံစမ်း၍မရသေးပေ။

No comments:

 
/* EOT ----------------------------------------- */