Friday, August 24, 2007

မဇ္ဈိမ သတင်းဌာနမှ နောက်ဆုံးရသတင်း

ဆန္ဒပြပွဲလုပ်မည့် အစီအစဉ် ဖျက်သိမ်း
(၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုအောင်နိုင် ပြောကြားချက်)

ကျနော်ပြောတယ်လေ ပွဲလုပ်မယ့် ကိစ္စလေ၊ တာမွေမှာ လုပ်မယ့် ကိစ္စကို ကြံ့ဖွံ့အင်အားက တော်တော် သုံးတယ်ဗျ။ ဒုတ်၊ ဓားတွေနဲ့။ ဒီနေ့  ၀င်ပြီး ခုတ်မယ်၊ ရိုက်မယ်လို့ သတင်းကြားတယ်။ ပြီးတဲ့အခါကျတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယူနီဖောင်းတွေ ၀တ်ပြီးတော့ ကျနော်တို့ အုပ်စုကြားကို ၀င်ရောပြီးတော့ သူတို့ တင်ချင်တဲ့ စလိုဂရမ်တွေ (ကြွေးကြော်သံတွေ) တင်မယ်၊ ပြီးတော့ ကျနော်တို့ အချင်းချင်းကြားမှာ ပြဿနာဖြစ်အောင် လုပ်မယ်ဆိုတဲ့ သတင်းလည်း ကြားနေရတယ်။ မြင်လည်း မြင်နေရတယ်။ အဲဒါကြောင့် ကျနော်တို့ အင်အားကို အဆုံးအရှုံး မခံနိုင်တာကြောင့် ဒီကနေ့ လုပ်မယ်ဆိုတဲ့ အစီအစဉ်ကို ဖျက်လိုက်ပြီ။ ဒါပေမဲ့ ဒီကောင်တွေကတော့ တာမွေ အ၀ိုင်းထိပ်တို့၊ ကျနော်တို့ လုပ်မယ့်နေရာမှာ အင်အား ၂၀၀ ကျော်၊ ၃၀၀ ကျော်နဲ့ စောင့်နေကြတယ်။ ကျနော်တို့ မလုပ်တော့ဘူး ဆိုတာ သူတို့ မသိသေးဘူး။




မနေ့က ကျနော်တို့က ဒီကနေ့မှာ အကြီးကြီးလုပ်မယ် ဆိုပြီးတော့မှ၊ ကြိုကြား ကြိုကြား လုပ်နေတဲ့သူတွေကို အားလုံး စုပြီးတော့ တနာရီကို ချိန်းလိုက်တာပါ။ အဲဒါကြောင့် မနက်ပိုင်းတုန်းက ကြိုကြားကြိုကြား လုပ်မယ်ဆိုတဲ့ ဟာတွေဟာ မလုပ်ဖြစ်တော့ဘူးပေါ့နော်။” ဟု သူက ထပ်ပြောသည်။
1:31 PM

No comments:

 
/* EOT ----------------------------------------- */