Friday, August 24, 2007

ဒေါ်စန်းစန်းမြင့် အဖမ်းခံရ - ဆန္ဒပြပွဲ ဦးဆောင်သူတဦး ပြောပြချက်

သြဂုတ် ၂၄ ရက်၊ ၂၀၀၇ ခုနှစ်

4:22 PM
ဒေါ်စန်းစန်းမြင့် အဖမ်းခံရ - ဆန္ဒပြပွဲ ဦးဆောင်သူတဦး ပြောပြချက်
“ကျနော်တို့ ဒီနေ့တာမွေ ရွှေဒဂုံ အနောက်မှာ ၁နာရီ အထိုးမှာ အစီအစဉ် လုပ်ထားတာပေါ့ဗျာ။ လုပ်ထားတဲ့ အစီအစဉ်မှာ လုံခြုံရေးအရ ကျန်နေတဲ့ အဖွဲ့တွေပါ ပျက်သွားတာ ပေါ့ဗျာ။ ပျက်တာကို ဒေါ်စန်းစန်းမြင့်တို့ အဖွဲ့က နေပြီးတော့ မြို့ထဲ ထွက်ပြီးတော့ သွားမယ် ဆိုပြီးတော့ ကျနော့် အရှေ့မှာတင် ထွက်သွားတယ်ဗျာ ။ ထွက်သွားပြီးတော့ သိပ်မကြာခင်မှာ ကျနော်တို့ဆီကို ဖုန်းပြန်ဝင်လာတာက ဒေါ်စန်းစန်းမြင့် အပါအ၀င် အမျိုးသမီး အချို့ အဆွဲခံလိုက်ရပြီလို့ ကျနော်တို့ကို တိုက်ရိုက် ဆက်သွယ် ထပ်ပြီး သတင်းပို့တာပါ ခင်ဗျာ။”

No comments:

 
/* EOT ----------------------------------------- */