Tuesday, August 28, 2007

ပိတ်ဆို့ ဒဏ်ခတ်သူများ

၈၈ မျိုးဆက်ကျောင်းသားလူငယ်များအဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ) က စတင်လှုပ်ရှားမယ့် စီးပွားရေး ပိတ်ဆို့မှုဆန့်ကျင်ရေးအမျိုးသားလှုပ်ရှားမှုကို ၂၀၀၇ခုနှစ်မှာ စတင်လုပ်ဆောင်သွားဖို့ဆိုတဲ့ သတင်းစာရှင်း လင်းပွဲသတင်းကို ဖတ်လိုက်ရတဲ့အခါ ဖြစ်ပေါ်လာတဲ့သံသယများကိုမေးမြန်း ချင်တဲ့ အတွက် အခုဆောင်းပါးကို ရေးရခြင်း ဖြစ်ပါတယ်။ စာရေးသူဟာ မြန်မာနိုင်ငံနဲ့ အလှမ်းကွာ နေပြီး ကိုအေးလွင်ဆိုသူ ကို လည်း မသိတဲ့အ တွက်မဇ္ဈိမသတင်းဌာန ကတဆင့် မေးရတာ ဖြစ်ပါတယ်။ စာရေးသူရဲ့ရင်တွင်းသံသယ များကိုဖြေရှင်းကာမေး ခွန်း များကိုဖြေဆိုမည့် မည်သူကို မဆိုကျေးဇူးတင်ပါမည်။

၁။ မကြာသေးခင်ကာလမှာပြုလုပ်ခဲ့သော အဖြူရောင်လှုပ်ရှားမှုကြောင့်ရော၊ ထိုလှုပ်ရှားမှုပြီးဆုံးပြီး အချိန်တိုအ တွင်းမှာပင် မေးစရာရှိတယ်ပြောကာ ခေါ်သွားခံရပြီးမေးစရာမကုန်သေးလို့ ပြန်မလွှတ်နိုင်ဟန်ရှိသော ၈၈မျိုး ဆက်ကျောင်းသားလူငယ်အဖွဲ့ဆိုလျှင်ကိုမင်းကိုနိုင်တို့အပါအ၀င် ခေါင်းဆောင်ငါးဦး ဦးဆောင်သောအဖွဲ့ ဟုသာစာရေးသူကသိထားပါသည်။ ယခုကဲ့သို့ကိုမင်းကိုနိုင် နှင့်အဖွဲ့ ထိန်းသိမ်းခံနေရပြီး အခြားသူများစောင့် ကြည့်ခံနေရချိန်တွင် ပြည်သူကသတိထားမိနေသော၊ ပြည်သူ့ကိုးစားမှုရရှိနေသော ၈၈မျိုးဆက် ကျောင်းသား လူငယ်အဖွဲ့၏ အမည် ကိုသုံးနေပါလျက် ရှားရှားပါးပါး သတင်းစာ ရှင်းလင်းပွဲ လုပ်ခွင့်ရသော ၈၈မျိုးဆက် ကျောင်းသား လူငယ်များအဖွဲ့ ဆိုသည်မှာကိုမင်းကိုနိုင် တို့နှင့် တဖွဲ့ တည်းလော။ ကိုမင်းကိုနိုင်တို့၏ အဖွဲ့ ခွဲ လော။ စင်ပြိုင်အဖွဲ့လော။ ကွင်းခတ်ထားသော ( ပြည်ထောင်စု မြန်မာနိုင်ငံ) ဆိုသည် မှာမည် သည့် အတွက် ထည့်ထားပါ သနည်း။ မည်သည် ကို ဆိုလို ပါ သနည်း။
မြန်မာပြည်ရှိစစ်အစိုးရသည်မျက်လှည့်ပြသည်ကိုအလွန်အကျူးဝါသနာပါလေသည်။ ရှစ်လေးလုံးအရေးတော်ပုံ ကာလတွင် ရှေ့ဆုံးမှအလံကိုင်သပိတ်မှောက်သူရော၊ ကျန်သူများ ပါပစ်သတ် ခံရစဉ်က အလံကိုင်သူသည် စစ် ထောက်လှမ်းရေးအဖွဲ့မှတန်ပြန်သပိတ်ကော်မတီဝင်ဖြစ်ကာ လူထု ကိုသူ့နောက်လိုက်အောင်မျှားခေါ်ရသူ ဖြစ် ပါလျက် ထိုနေ့ကသပိတ်ပွဲကိုချေမှုန်းမည် ဖြစ်လျက်အချင်းချင်းကိုပင်အသိမပေးဘဲ အကွက်ဆင်မှု ရုပ်လုံး ပေါ်လွင် ပီပြင်အောင် ထိုသူကိုပါ ရောနှော ပစ်သတ်ခဲ့ရာ ကျန်ရစ်သူ မိသားစုမှာ စစ်ထောက်လှမ်းရေးမိသား စုဖြစ်လျက် အော့နှလုံး နာစွာခံစားခဲ့ရလေသည်ကို ကိုအေးလွင် ဥပမာယူသင့်လေ သည်။

၂။ အခြား အရေးကြီးသောအကြောင်းအရာ များကိုမဆွေးနွေးဘဲ ပြည်သူတစ်ရပ်လုံး ဆင်းရဲကြပ်တည်းနေ သည်မှာစီးပွားရေး ပိတ်ဆို့မှုကြောင့်ဟုဆိုရာ မည်သူကမည်သူ့ကိုပိတ်ဆို့သည်ကို ဆန့်ကျင်မှာလည်း ဆိုတာရှင်းရှင်းလင်းလင်းသိလိုပါသည်။ ကိုအေးလွင်၏ ပြောဆိုချက်များကိုဖတ်ရှုပြီးသောအခါ နိုင်ငံတကာမှ စီးပွား ရေး အရ ပိတ်ဆို့မှု ကို ရည်ညွှန်းကာ ဆန့်ကျင် လိုဟန် ရှိ သည် ကိုတွေ့ရပါသည်။
ကိုအေးလွင်ကိုယ်တိုင် ကရောမည်သူကမည်သူ့ကို စီးပွားရေးပိတ်ဆို့နေသည် ဆိုတာသိပါရဲ့လား။ နိုင်ငံ တကာမှစီးပွားရေးပိတ် ဆို့မှုသည်တိုင်း ပြည်အတွက် မည်သည့်အကျိုး သက်ရောက်မှုမှမရှိဘဲ နအဖစစ်အစိုးရ တစ်ခုကို သာ ထိခိုက်သည်ကို ကိုအေးလွင် တို့နှင့်တကွ ကျန်ပြည်သူ ပြည်သားများသိရှိပါရဲ့လား။ ဒေါ်အောင် ဆန်းစုကြည်နှင့်တကွနိုင်ငံတကာမှစီးပွားရေးအရပိတ်ဆို့မှု ပြုလုပ်ရန်တောင်းဆိုနေသူများကိုပြည်သူမှ အထင် လွဲအောင် တဖက်သတ် စွပ်စွဲ ဆွေးနွေး ရ သည်မှာ အ ဘယ်ကြောင့်နည်း။
ကျွန်တော်သည်နိုင်ငံရေးကိုအယုံအကြည်မရှိသောစီးပွားရေးသမားအဖြစ်နိုင်ငံပေါင်းစုံသို့ရောက်ဖူးကာထိုနိုင်ငံ အသီးသီးရှိကုမ္ပဏီကြီးများ၏အကြီးအကဲများနှင့်တွေ့ဆုံစကားပြောခွင့်ကြုံခဲ့ဖူးပါသည်။မြန်မာနိုင်ငံတွင် စီးပွားရေးလာမလုပ်တာဘာကြောင့်လဲ၊ sanction ကြောင့်လား ဟုမေးရာ အားလုံးက ရယ်ရယ်မောမောနှင့် အောက်ပါအတိုင်း ဖြေလေသည်။ "ကျွန်တော်တို့အစိုးရလခစားတွေမှ မဟုတ်တာ။ သူတပါး စကား ကိုဘာကြောင့်နားထောင်စရာလိုမလဲ။ အစိုးရဥပဒေ ကိုပဲလိုက်နာစရာလိုတာ။ စကားကို နား ထောင်စရာ မလိုဘူး။ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု မလုပ်တာ တစ်ချိန်လုံး ပြောင်းလဲနေတဲ့ပေါ်လစီနဲ့ ဥပဒေ ကြောင့် ရယ်၊ မတရားသဖြင့်လာဘ်စားပြီးလာဘ်ငွေမပေးရင်အလုပ်ဆက်လုပ်လို့မဖြစ်အောင်ထစ် ထားတဲ့အစိုးရအရာရှိတွေ ကြောင့်ပဲ”
စစ်အစိုးရ၏ ပြည်သူ အပေါ်စီးပွားရေးပိတ်ဆို့မှု သည်ကား လူမဆန်သောလုပ်ရပ်ထိတိုင်ပါသည်။ ပြည်သူကို စီးပွားရေး လုပ်ချင်လျှင် Business Plan ကို ဦးပိုင်မှာ ပြပြီး လျှောက်လွှာ တင်ခိုင်းသည်။ ထို့နောက်မှ လျှောက် လွှာ ငြင်းပယ်ခံရသည် ဟုအကြောင်းပြန်ပြီးထို business plan အတိုင်း ဦးပိုင်ကိုယ်တိုင် လုပ်စား လေ သည်။ ထိုင်း-မြန်မာ နယ်စပ် လမ်းဖောက် ရာတွင် Asia Development Bank မှ လမ်းဖောက်ရန် ငွေချေး သည်။ ထိုင်းနိုင်ငံက ဒီလမ်း ပေါက်မှသူ့ကုန်စည်များ မြန်မာပြည်တွင်ရောင်း နိုင်မည် ဖြစ်သောကြောင့် လမ်းကို အလ ကားဖောက်ပေးသည်။ သို့သော် စစ်အစိုးရ ကမူ သည် လမ်း ပေါက် လျှင် ပြည်သူများ ကူးသန်းသွား လာရေး ကောင်း မွန်ကာစီးပွားရေး ပိုကောင်းလာမည် ဆိုပြီး မက်လုံးပေးကာ ပြည်သူများထံမှလမ်း ဖောက်ရန် မြေသိမ်း သည်၊ လမ်းဖောက်ရာတွင် အဓမ္မလုပ်အားပေးခိုင်းသည်။ မြေတူး၊ မြေကော်စက် ကြီးများအတွက်စက် ဆီ ဟုဆိုကာ ငွေတောင်းသည်။ ထို့ နောက် စီးပွားရေး လုပ်ခွင့်လိုင်စင် ကို ရောင်းစား သည်။ စစ်အစိုးရ နှင့် ပတ်သက်သူတို့သာလိုင်စင်ရပြီး ကျန်ပြည် သူများမှာ အရိုးအရင်းပင်ကိုက်ခွင့်မရပါချေ။ မြန်မာ ပြည်တွင် ထုတ်ကုန် သွင်းကုန် လိုင်စင်များကို သာမန်ပြည် သူရဖူးရိုး ထုံးစံရှိသလော။ လုပ်ပိုင်ခွင့်ဆိုသည် ကို မည်သူက ထိန်းချုပ်ထားသနည်း။
နအဖ၏လက်အောက်တွင်သည်လိုလုပ်ပိုင်ခွင့်မရှိသော ပြည်သူများအတွက်နိုင်ငံတကာ မှ စီးပွား ရေးပိတ်ဆို့မှု ကြောင့် မည်သည့်အကျိုးသက်ရောက်မှုမှ ထူးခြားစွာမရှိပါချေ။ နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့သည်ဖြစ်စေ၊ ဖွင့်ပေးသည်ဖြစ်စေ၊ ပြည်သူများအတွက်အခွင့်အရေးကား သည်စစ်အစိုးရရှိနေသရွေ့ ပိတ်မြဲပိတ်လျက်ပင်။ တကယ်တော့ စီးပွားရေးပိတ်ဆို့မှုလုပ်ခဲ့သည်မှာ ကြာပြီဖြစ်ပါလျက် အပိုဒ်တစ်အရသည်လိုအခြေအနေမှာ စီး ပွားရေးပိတ်ဆို့မှုကြောင့် ပြည်သူများ ဆင်းရဲနွမ်းပါး ရပါသည်ဆိုကာ သည်လိုလှုပ်ရှားမှုလုပ်သည်ကို လုပ် ဇာတ် တစ်ခုအဖြစ်သာခံစားရပါသည်။ အကီဒိုသိုင်းပညာအရ ခွန်အားသုံးသူကို သူ့ခွန်အား နှင့် သူပြန်ခံရအောင် လှည့် သောသိုင်းကွက်ကို သုံးထားသော နအဖ၏ လုပ်ဇာတ်နှင့်သာတူပါသည်။ စီးပွားရေး ပိတ်ဆို့မှုကို စတင် တောင်းဆိုသူများနောက်တွင်ပြည်သူပါခဲ့ဖူးသောကြောင့်ထိုသူများကို ပြည်သူက မျက်မုန်းကျိုးအောင် တမင် သွေးခွဲသောလုပ်ရပ်သာဖြစ်ပါသည်။ နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ သော ကြောင့် စစ်အစိုးရခမျာ မြန်မာ့ သယံဇာတများကို အာဏာ ရှိခိုက် အကုန်အစင် ရောင်းစားကာကိုယ်ကျိုးရှာ ခွင့် လျော့နည်း သွားသောကြောင့်သာ သည်လို အကြံကို ကြံခြင်း ဖြစ်ပါသည်။

၃။ ကိုအေးလွင်၏စကားတွင်"တပ်မတော်အစိုးရကတိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ချင်မှာပါ"ဟုဆိုရာ ထိုသို့လုပ်ချင်ပါသည် ဟုကိုအေးလွင် ကို မည်သည့် တပ်မတော် အစိုးရ အကြီးအကဲကပြောဖူးပါသနည်း။ ယနေ့အထိ ၁၈နှစ် အတွင်းတပ်မတော်အစိုးရက မည်သည့်အရာများကို ပြည်သူအတွက် လုပ်ပေးသွား ဖူးပါ သနည်း။ ယခင်ကမှလှေနဲ့ ကူးလျက်ကုန်စည်ဈေး ကသည်လောက်မတက်၊ ကူးသန်းရောင်းဝယ်ရေး တိုးတက် အောင် တံတားဆောက်သည်ပြောကာ တံတားကူးခမတန်တဆတောင်းရင်း လှေနဲ့ကူးခွင့်ပိတ်ပင် သော ကြောင့်ကုန်စည်ဈေးတက်သည်ကသာမန်နမူနာ တစ်ခုမျှ သာဖြစ်ပါသည်။ သို့သော် ''တံတားရှည်၊ တစ်ဆွေ ၀ ' ဆိုသော စကားပုံ မှာမူကျော်ကြား လျက်ရှိဆဲ ဖြစ်ပါသည်။ တပ်မတော်အစိုးရ၏ ပြည်သူလူထု အပေါ် စီး ပွားရေး ပိတ်ဆို့မှု ကတော့ အထက်တွင် ပါရှိသည့်အတိုင်းပင်ဖြစ်ပါသည်။

၎။ စီးပွားရေးပိတ်ဆို့မှုကြောင့်တိုင်းပြည်စီးပွားဆုတ်ယုတ်မှုနှင့် စီးပွားရေး ဖွင့်ပေးမှုကြောင့်တိုင်းပြည် ပျက်စီး မှု မည်သည်ကပိုဆိုးသည်ဆိုသည်ကို ကိုအေးလွင်တစ်ယောက် စဉ်းစားတွက်ချက်ဖူးပါသလား။

၅။ ကိုအေးလွင်ရဲ့ပြောဆိုချက်မှာNLD ပါတီက မဲအားလုံး နီးပါးရလိုက်တဲ့ အတွက် တစ်ပါတီ တည်းက အားလုံး နိုင်သလိုဖြစ်လို့ တစ်ပါတီစနစ်လို ဖြစ်သွားတဲ့အတွက် လက်သင့်မခံနိုင်ဟန်ပြောရင်းပြည်သူကို မျက်လှည့်ပြ သွား တာတွေ့လိုက်ရပါတယ်။ သည်နေရာမှာ ကိုအေးလွင် ရောချသွား တဲ့အချက်က တော် တော်လေးအရေး ကြီး တဲ့အချက်ကို ရောကျော်လုပ်သွားတဲ့ပုံဖြစ်နေပါတယ်။ မဆလ တစ်ပါတီစနစ်ဟာဗိုလ်နေ၀င်း နှင့် လက်ပါးစေ များကြီးစိုး ချယ်လှယ်မှုကို ခံနေရတဲ့ တစ်ပါတီစနစ် ဖြစ်ပြီး NLD ရဲ့တစ်ပါတီဟာတော့ ပြည်သူ လူထုထဲက ပြည်သူကရွေးချယ်ထားသော ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူများကတဖန် ပြန်လည် မဲပေးပြီးထပ်ဆင့်ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ် စစ်စစ်များ သူ့အလိုလို စုစည်းမိသွားတဲ့ ပြည် ထောင်စုစည်းလုံးညီညွတ်မှုတစ်ခုဖြစ်ပါတယ်။ သည်သဘောတရားကိုကိုအေးလွင်ရှင်းရှင်းလင်းလင်း နား လည် သဘော ပေါက်ဖို့ လိုအပ် ပါ တယ်။ လူထုရဲ့ဘ၀တွေကို တာဝန်ယူရမည့် လူထု ကို ကိုယ်စား ပြုနိုင် လောက်တဲ့လူထုခေါင်းဆောင်တစ်ယောက်မှာ ရှင်းလင်းပြတ်သားတဲ့အတွေးအမြင်ရှိဖို့ အသက်တမျှအရေးကြီး ပါတယ်။

၆။ ကိုအေးလွင်က NLD ရဲ့လုပ်ဖော်ကိုင်ဖက်လို့ပြောနေလျက်နဲ့ နအဖပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော် ဆန်း နဲ့တစ်လေသံတည်းလိုက်ကာ ၉၀ရွေးကောက်ပွဲရဲ့နောက်မှာပြည်သူမရှိတော့ဘူးလို့ ပြောခဲ့တာ တွေ့ရ ပါတယ်။ ၉၀ ရွေးကောက်ပွဲရဲ့နောက်မှာပြည်သူမရှိတော့ရင် ဘာကြောင့် မိန်းမသားတစ်ယောက်ကို အကျယ် ချုပ်နဲ့ နှစ်ရှည်လများချုပ်နှောင်ပြီး ပြည်သူကိုစကားပြောခွင့်မပေးနိုင်၊ မပေးရဲဖြစ်နေရသလဲ ဆိုတာ တစ်ချက် ရှင်းပြပေးပါ။

၇။ ကိုအေးလွင်တို့ပုဒ်မတွေနဲ့အရေးယူခံခဲ့ရတယ်ဆိုတဲ့နေရာမှာကြုံ ကြိုက်တဲ့အတွက်သတင်း တစ်ပုဒ်အကြံ ပေးလိုပါတယ်။ကိုအေးလွင်ကိုရည်ရွယ်ခြင်းမဟုတ်ကြောင်းလည်းဝန်ခံပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းသား ဆိုလျှင် စစ်အစိုးရကသူပုန်ကျောင်းသား လို့ခေါ်ပါတယ်။ ခေတ်အဆက်ဆက် စက်မှု ကျောင်းသား များဟာ အာဏာရှင်ကိုအာခံရာမှာ နာမည်ကြီး တဲ့အတွက် စက်မှုကျောင်းသားများ ရဲ့လှုပ်ရှားမှုများကို စောင့်ကြည့် ဖို့ရော၊ ဦးတည်ချက် ပြောင်းအောင်လုပ်ဖို့ပါ စစ်အစိုးရ ကထောက်လှမ်းရေးနဲ့ စိတ်ဓာတ် စစ်ဆင်ရေး တပ်သား များကို ကျောင်းသား အဖြစ်ကျောင်းတက်ခိုင်းတာကလည်း ခေတ်အဆက်ဆက် ပါပဲ။ သို့ သော် ထိုကျောင်း သားများကိုအကင်းပါးတဲ့ စက်မှုကျောင်းသားများက“ထန်းရည်မူးတော့ ကျွဲခိုး ပေါ်”ဆိုတဲ့အတိုင်း အရက် ညာတိုက်ကာဖော်ကောင်လုပ်နိုင်ခဲ့ကြတာလည်း အစဉ်အလာပါပဲ။ ဒီနေရာမှာ စစ်ကြောရေးစခန်း မှာ အရိုက်ခံရလို့သေတဲ့ကျောင်းသားများ၊ နိုင်ငံရေးသမားများ ဟာအကြောင်းသိချင် လို့ရိုက် စစ်ခံရရင်း မတော် တဆ လက်လွန်မှုကြောင့်သေတယ်ဆိုတာကိုလုံးဝ မယုံကြည်နိုင်ပါ။ တမင်သက်သက်အသေရိုက်သတ် ခြင်း လို့သာယူဆပါတယ်။ ဘာကြောင့်လည်း ဆိုတော့စက်မှုကျောင်းသားများရဲ့ စစ်ကြောရေးစခန်း ဟာသာ မန်ဘီယာဆိုင်၊ အရက်ဆိုင်မျှသာဖြစ်ပြီး စစ်နေမှန်းကို အတူတူသောက်ဖော်သောက်ဖက်များပင် မရိပ်မိလိုက် ကြ အောင်ပင် ငြင်သာပါတယ်။
၉၃-၉၄ခန့်ကစတင်ကျောင်းတက်ခဲ့တဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုအောင်ကျော်မိုးဆိုသူဟာ ၁၉၉၆ ကျောင်းသားအရေးတော်ပုံမှာ အဖမ်းခံရပြီးထောင်ကျသွားခဲ့ပါတယ်။ သူဟာ ကျောင်းသားများကို တော်တော် လွှမ်းမိုးနိုင်တဲ့ ကျောင်းသား တစ်ယောက် အဖြစ် ကျန်ကျောင်းသားများကပါ လေးစားခြင်းခံရသူ ဖြစ်ပါတယ်။ သို့သော် တစ်ရက်မှာ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိပါရမီရိပ်သာနေထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးကြီး မောင်သန်းရဲ့နေအိမ်ကိုထိုထောင်ကျနေပါတယ်ဆိုသူကိုအောင်ကျော်မိုးဟာစစ်ဝတ်စစ် စား များ နဲ့ရောက်လာခဲ့ပြီး အထူးဧည့်ခန်း ထဲကိုဗိုလ်မှူးကြီးမောင်သန်း နဲ့အတူ ၀င်ရောက်သွားခဲ့ပါတယ်။ စစ်ဆင်ရေး တာဝန်များ နဲ့အလုပ်ရှုပ်နေခဲ့တဲ့ သူဟာ ၂၀၀၅ ရောက် မှထောင်ကလွတ်ပြီ ဟုဆိုကာလူဝင်လူထွက်များသော လုပ် ငန်းဖြစ်တဲ့ ကား ပစ္စည်းဆိုင်ကို အင်းစိန်မှာ AKM အမည်နဲ့ဖွင့်ပြီး သွင်းကုန်ထုတ် ကုန်လိုင်စင် များပါ ရရှိ သွား ခဲ့ပါတယ်။ နိုင်ငံရေးမှုနဲ့ထောင်ကျသူတိုင်း သူတပါး အခစား အဖြစ် အသက်မွေးဝမ်းကျောင်း ရင်တောင် အလုပ် ဖြုတ်ပစ် ဖို့အလုပ်ရှင် ဖိအားပေး ခံရကာ အရှင်လတ်လတ်ဘ၀သေ အောင် စစ် အစိုးရကအားထုတ် ခဲ့ လေ့ရှိပါလျက် ဤ စက်မှု ကျောင်းသားနိုင်ငံရေးအကျဉ်းသားဟောင်းကိုတော့ ဘာကြောင့်သည်လို အခွင့် ထူးပေးသလဲ ဆိုတာကို သတိရှိသောသူတိုင်း ကသံသယ ဖြစ်ကြမှာသေချာပါတယ်။ အကြောင်းမှန်ကတော့ အ ထက်ပါ အတိုင်း ပါပဲ။
သည်တော့ ကိုအေးလွင်အနေနဲ့၁၈နစ်တာ မျက်စိပိတ်ထားတိုင်းပြည်သူက ထုံထိုင်းကာ မျက်လှည့်ပြ တိုင်း ရမည် ထင်ပါက မှားမည် ဖြစ်ပေကြောင်း။

No comments:

 
/* EOT ----------------------------------------- */