Wednesday, August 29, 2007

စစ်တွေမှာ သံဃာတော်များ ဆန္ဒပြပွဲ ထပ်မံပြုလုပ် မိတ္ထီလာတွင် ဆန္ဒပြ လှည်းတန်းတွင် ဆန္ဒပြရန် စုရုံးနေပြီ

သဂုတ် ၂၉ ရက်၊ ၂ဝဝ၇ ခုနှစ်

3:15 PM
မိတ္ထီလာ ဆန္ဒပြပွဲနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းလွင်၏ ပြောကြားချက်

“မနက်ပိုင်းမှာ ကျနော်တို့ ဘုန်းကြီး သံဃာ ၁ဝဝ လောက်ကို ဆွမ်းလောင်းတယ်။ အဓိက ကတော့ ဒေါ်အောင်ဆန်း စုကြည်အတွက် ဆုတောင်းပွဲပေါ့လေ။ ကျနော်တို့ ဆွမ်းလောင်းလှူပွဲပေါ့။ ကျနော့် အတွင်းရေးမှုး ဒေါ်မြင့်မြင့်အေးက ဦးဆောင်ပြီးတော့ အဲဒီမှာ ဆွမ်းလောင်း လှူတယ် ။ လောင်းလှူပြီးတော့ သူတို့ ဆန္ဒအရ ကျနော့်ကို လာပြီးတော့ ကျနော်တို့ ဒီလိုဒီလိုပဲ သွားချင်တယ်။ ဆိုတော့ ဟုတ်ပြီ အေးဆေး ထိန်းသိမ်းသွားဖို့ လူထု အနေထားကတော့ အဆင်သင့် မဖြစ်သေးဘူး ။ လူထု ပါဝင်လာဖို့ အနေအထား တခုတော့ ရမှာလည်း မဟုတ်ဘူး ကျနော်တို့ အနေနဲ့ကတော့ အန်အယ်ဒီနဲ့ တာဝန်ရှိလို့ တာဝန်ပေးယူပေါ့။ ရန်ကုန်မှာလဲ လူငယ်တွေ အဖမ်းခံရတယ်။ ဆန္ဒပြသူတွေ အဖမ်းခံရတာ ကြည့်ပြီးတော့ အဲဒီ အနေထားမှာ ကျနော်တို့ဘက် ကြည့်ပြီးတော့ ရပ်တည်ချက်တွေ ထိန်ထိန်းသိမ်းသိမ်းနဲ့ ပေါ့လေ ကျနော်တို့ အေးအေးချမ်းချမ်းပဲ စီတန်း လှည့်လည် ကြတာပေါ့လေ။ လူ ၂ဝ လောက်ပဲ ရှိတယ်။”

3:00 PM
အာဏာပိုင်များက ပြည်လမ်းမကြီးကို ပိတ်ပစ်ရန် လုပ်ဆောင်နေပြီဟု သိရသည်။

2:36 PM
ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင် ဆန္ဒပြမှု ထပ်မံ ပြုလုပ်ရန် စုရုံးရောက်ရှိမှု စတင်နေကြပြီဟု သိရသည်။

2:23 PM
မန္တလေးတိုင်း မိတ္ထီလာ မြို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၂ဝ ခန့်က ယနေ့ နံနက် ၁ဝ နာရီခန့်တွင် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

1:54 PM
စစ်တွေဆန္ဒပြပွဲတွင် ယခုအချိန်တွင် ဆန္ဒပြသူပေါင်း ၁ဝဝဝ ကျော် အထိရှိသွားပြီဟု မျက်မြင်သက်သေတဦးက ပြောသည်။

ဝင်္ကာပါဘောလုံးကွင်းမှစတင်ပြီး ဘုန်းကြီးအပါး ၂ဝဝ က ဦးဆောင်ဆန္ဒပြရာ အရပ်သားများ ပူးပေါင်းပါဝင်၍ လူ ၁ဝဝဝ ကျော်ဖြစ်သွားပြီဟု ဆိုသည်

1:17 PM
စစ်တွေမှာ သံဃာတော်များ ဆန္ဒပြပွဲ ထပ်မံပြုလုပ်

သံဃာတော် အများစု ပါဝင်သော ဆန္ဒပြသူ ၁ဝဝ ကျော်က ယနေ့နံနက် ၁ဝ နာရီက စတင်၍ စစ်တွေတွင် ကုန်ဈေးနှုန်း ကျဆင်းရေး ထပ်မံ ဆန္ဒပြကြသည်။ နောက်ဆုံး ရရှိသော သတင်းအရ ဆန္ဒပြသူများက လမ်းများကို ပိတ်ဆို့ ထားလိုက်ကြသည်ဟု ဆိုသည်။


သတင်း >>> မဇ္ဈိမ



1 comment:

MrB said...

၂၈၊ ၈၊ ၂၀၀၇ ရက်နေ့မှ စတင်၍ ကြံ့ဖွံ့လူ (၆၀) ဦးအား တ/ဒဂုံမြို့နယ်ခန်းမတွင် လူရိုက်နည်း၊ လူဆွဲတင်နည်း၊ သေကွင်းသေကွက်ကို ရှောင်ရိုက်ရန်၊ အမျိုးသားဆို ဘယ်နေရာရိုက်၊ အမျိုးသမီးဆို ဘယ်နေရာရိုက်ဟု သင်တန်းပေးသည်။ ကားပေါ်ဆွဲတင်နည်း၊ ချုပ်ကိုင်နည်း ကြံ့ဖွံ့ဗဟိုကသင်တန်းပေး၊ လူထုထဲကလူစုခွဲနည်းမှာ ရေဘူးနှင့် မုန့်များဝေရန်၊ ဝေသောရေဘူးများတွင် အမှတ်အသားပါရှိသည်။ ဆေးတစုံတခု ခပ်ထားရန်ရှိနိုင်သည်။ သင်တန်းကာလမှာ (၁၅) ရက်၊ ည (၁၀) နာရီမှ ည (၁) နာရီအထိ ပြုလုပ်။ နိုင်ငံလုံးဆိုင်ရာ သင်တန်းလည်း ဖွင့်လှစ်ရန်အစီအစဉ်ရှိ။
အမည်မဖော်လိုသူ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်တစ်ဦး
သြဂုတ်လ (၁)ရက်၊ ၂၀၀၇

 
/* EOT ----------------------------------------- */