Saturday, December 13, 2008

အိုဘားမားလုပ်ကြံခံရမည့်ကိန်းအပါအ၀င် ၂၀၀၉ စီးပွားရေး၊ နိုင်ငံရေး ဟောကိန်းများထွက်



၂၀၀၉ နှစ်အတွက် စီးပွားရေး၊ နိုင်ငံရေး အလားအလာများကို ကမ္ဘာ့ဘဏ် ကုလသမဂ္ဂစသည့် အဖွဲ့များက ခန့်မှန်းထုတ်ပြန်နေချိန်တွင် ကမ္ဘာတလွှားရှိ ဗေဒင်နက္ခတ်ဆရာများကလည်း ၂၀၀၉ အတွက် ဟောကိန်း ထုတ်ကြရာ အမေရိကန်သမ္မတသစ် အိုဘားမား အလုပ်ကြံခံရနိုင်သည်ဆိုသည့်အချက်ကို ဟောကိန်း အတော်များများတွင် ပါဝင်နေကြာင်းတွေ့ရသည်။

နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးတိုင်း ပေါ်ပေါက်လာသည့် နှစ်သစ်ကူး ဟောကိန်းများအားလုံး မှန်လေ့မရှိသော်လည်း ၂၀၀၉ ခုနှစ်အတွက် ကမ္ဘာ့ဟောကိန်းအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။


အမေရိကန်သမ္မတသစ် ဘားရက်အိုဘားမား အလုပ်ကြံခံရမည့်ကိစ္စ မသေချာသော်လည်း ကမ္ဘာ့စီးပွားရေးတိုးတက်မှုမှာ (၂.၅) ရာနှုန်းမှ ၂၀၀၉ ခုနှစ်တွသ် (၁) ရာနှုန်းထိ ထိုးဆင်းသွားမည်ဟု ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်တို့၏ ၂၀၀၉ ခုနှစ် စီးပွားရေး အလားအလာ အစီရင်ခံစာများတွင် ဖော်ပြထားသည်။

၂၀၀၉ ခုနှစ်အတွင်း တိုးတက်သည့်နိုင်ငံများ စီးပွားကပ်ကြီးကြီးကျယ်ကျယ် ကြုံဖို့မှန်းထားသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာမူ ၂၀၀၂-၂၀၀၇ ခုနှစ်အတွင်း ရှိခဲ့သည့် စီးပွားတိုးတက်မှုနှင့် ပြောင်းပြန်ဖြစ်နေသည့် အတွက် ဆင်းရဲမှုလျော့ပါးရေး တိုးတက်အောင်လုပ်ဆောင်ချက်ကို သိသိသာသာ အဟန့်အတားဖြစ်စေမည့် လက္ခဏာရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

ပြီးခဲ့သည့်နှစ်များအတွင်း စီးပွားရေးအတန်အသင့်ကောင်းခဲ့သည့် LDC ခေါ် အဆင်းရဲဆုံးနိုင်ငံများအခြေအနေမှာ လည်း ရုတ်တရက် ယိုယွင်းလာနေသည်။ ၂၀၀၉ ခုနှစ်အတွင်း ကမ္ဘာ့ပြည်သူများ၏ တဦးချင်းဝင်ငွေ ကျဆင်းမည်ဟု ကုလသမဂ္ဂက မှန်းထားသည်။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည့် ၂၀၀၉ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ခန့်မှန်းချက်တွင်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုမှာ ဆိုးရွားလာသည်ဟု ထောက်ပြထားသည်။ အထူးသဖြင့် ၂၀၀၈ နှောင်းပိုင်းမှစပြီး ငွေကြေးစီးပွားကပ်ကြီးဆိုက်နေသည့်အတွက် တင်းကျပ်သည့် ဘဏ္ဍာရေးစည်းမျဉ်းများ ချမှတ်ရန် တိုက်တွန်းထားသည်။
http://www.khitpyaing.org/news/December_08/12-12-08d.php

No comments:

 
/* EOT ----------------------------------------- */