Thursday, June 18, 2009

၁၇-၀၆-၂၀၀၉ နောက်ဆုံးရ သတင်းများ။....

ဒေါ်အောင်ဆန်းစုကြည် သက်သေ ၂ဦး အယူခံ ဗဟိုတရားရုံးမှ ပထမအဆင့်လက်ခံ

ဗဟိုတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် သက်သေ ၂ဦး ဖြစ်တဲ့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး နဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် တို့၏ သက်သေ အယူခံကို ဗဟိုတရားရုံးမှာ ယနေ့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများက ၄၅မိနစ်ကြာ လျှောက်လဲချက် ပေးခဲ့ပြီး နေ့လည် ၂နာရီ ၃၀မှာ အမှုကို လက်ခံကြောင်း အကြာင်းပြန် လာကြောင်း အမှုကို လက်ခံလိုက်တဲ့ အတွက် နောက်ရုံးချိန်းမှာ ၂ဘက်ရှေ့နေများ အပြန်အလှန် လျှောက်လဲချက်ပေးပြီး သက်သေ ၂ဦး အင်းစိန် တရားခွင်မှာ သက်သေထွက်ဆိုခွင့် ရမရသိရှိရမှာ ဖြစ်ပါတယ်။ နောက်ရုံးချိန်းကတော့ ရက်သတ်မှတ် မပေးဘဲ သောကြာနေ့တိုင်း ထုတ်ပြန်တဲ့ အမှုရက်ချိန်း Notice Board မှာ ပါမပါ ကြည့်ရမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်း ကပြောပါတယ်။

၈၈ မျိုးဆက်သစ် ကျောင်းသား ခေါင်းဆောင် ကိုလှမျိုးနောင် မျက်စိအခြေအနေ ဆိုးဝါး။

မြစ်ကြီးနားထောင်မှာ နှစ်ရှည် မတရား အကျဉ်းကျ ခံနေရတဲ့ ၈၈မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင် ယခင် မျက်လုံး တဖက်ကောင်းမွန်စွာ ဆေးကုသခွင့် မရတဲ့ အတွက်ကွယ်သွားခဲ့ ပြီး၊ ယခုတဖန် ကျန်သည့် တဖက်မှာလည်း ကွယ်လုနီး ဖြစ်နေတဲ့ အတွက် အမြန်ဆုံး ဆေးကုသရန် လိုအပ်ကြောင်း ယခုအထိ ကုသခွင့် မရသေးကြောင်း ကြားသိရပါတယ်။

စနေနေ့ညမှာ အဖမ်းခံရတဲ့ အဖွဲ့ချုပ် ရုံးအဖွဲ့ဝင် ကိုလေးဝင်း တနင်္လာနေ့ ကပြန်လည်လွတ်မြောက်လာ။

အဖွဲ့ချုပ် ရုံးအဖွဲ့ဝင် ကိုလေးဝင်း ကို အာဏာပိုင်များက စနေနေ့ည မှာလာရောက် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါတယ်။ ဗဟန်းမြို့နယ်မှ NLD လူငယ် ၃ဦး ကိစ္စစစ်ဆေး မေးမြန်းရန် လာရောက် ခေါ်ဆောင်သွားပြီး တနင်္လာနေ့မှာ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။ှ NLD လူငယ် ၃ဦး ကိုလေးဝင်း နေတဲ့ အဆောင်မှာ လာရောက် အိပ်ဖူးချင်း ရှိမရှိ စုံစမ်း မေးမြန်းချင်း ဖြစ်ကြောင်း ကြားသိရပါတယ်။ ဗဟန်းမြို့နယ်မှ NLD လူငယ် ၃ဦး ကတော့ ရဲစခန်း မှာ အစစ်ဆေး ခံနေရဆဲ ဖြစ်ပြီး မည်သည့် အကြောင်းကြောင့် ဖမ်းဆီးခံထားရမှန်း မသိရှိ ရသေးကြောင်း သိရှိရပါတယ်။….။ သတင်း။…။ဒီမိုဝေယံ……

No comments:

 
/* EOT ----------------------------------------- */