Sunday, June 14, 2009

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်(၆၄)နှစ်ပြည့် မွေးနေ့ဓာတ်ပုံ မှတ်တမ်း။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဦးစီးကျင်းပသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ မီနမိ အိုးစုက ခမ်းမ၌ ယနေ့ညနေ ၆နာရီခွဲမှစ၍ ည ၉နာရီကျော် အထိကျင်းပ ပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေငြာပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံအား အလေးပြုခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အလံအား အလေးပြုခြင်း ၊ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်များအား အလေးပြုခြင်း၊ဒီမိုကရေစီ အရေးတော်ပုံတွင် ကျဆုံးသွားသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းအား အလေးပြုခြင်းများ ပြုလုပ်ကျပါသည်။ထို့နောက် အမျိုးသားဒီမိုကရေစီ လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ အဖွဲ့ဝင်များက သစ္စာဝါဒီ သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြပါသည်။ထိုနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲ ဥက္ကဋ္ဌ ဦးသန့်ဇင်ဦး မှအဖွင့် အမှာစကား ပြောကြားပါသည်။မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂမှ အထွေထွေ အတွင်းရေးမှုး မစ္စတာ Yoshinori Suematsu မှအမှာစကား ပြောကြားရာမှာ မိမိတို့ လွှတ်တော်အမတ်များအား
မြန်မာစစ်အစိုးရက ဗီဇာငြင်းပယ်ထားခြင်းကိုဝေဖန် ပြောဆိုသွားပြီး ဒေါ်အောင်ဆန်းစုကြည် နှင်မတရားအကျဉ်းခံ နိုင်ငံရေးသမားများအား ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ထို့နောက် မြန်မာပြည်တွင်းမှာ ရှိကျတဲ့ ၇ရက် သားသမီးများ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့်ပြည့်စုံစေပြီး အာဏာရှင် လက်အောက်မှ အမြန် လွတ်မြောက်စေရန် ၇ည်ရွယ်ပြီး ငှက် ၇နှစ်ကောင်ကို မြန်မာလူမျိုးများ၊ဂျပန်လူမျိုးများ ဂျပန်လွှတ်တော်အမတ်များ နှင့်အတူဆုတောင်း လွှတ်ကြပါသည်။ထို့နောက် လွှတ်တော် အမတ်တဦးဖြစ်သည့် မစ္စတာ Azuma Konno ၏ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့သဝဏ်လွှာကို NLD(LA)JB မှလူမှုရေးရာမှုး ဒေါ်ကေသီသိန်းမှ ဖတ်ကြားပါသည်။ဂျပန် အလုပ်မား အဖွဲချုပ် (RENGO)မှ ညွန်ကြားရေးမှုး မစ္စတာMasayuki Shiota၊ တိုကျို မြူနီစီပယ် တိုင်းလွှတ်တော် အမတ်ဟောင်း မစ္စတာ Wada Munehara ၊ဗမာ့ရေးရာ ပြည်သူ့အဖွဲ့ (PFB) မှ မစ္စတာ Hisao Tanabe(ဦးရွှေဘ)၊မြန်မာ အမျိုးသမီး သမဂ္ဂ မှ တာဝန်ခံ ဒေါ်ချိုချိုအေး တို့မှ အမှာစကား ပြောကြားကြပါသည် ။ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိအား NLD(LA)JB အမျိုးသမီးရေးရာမှုး ဒေါ်ခင်ခင်စိုး မှ၎င်း အာဟာရစာစောင်မှ ကိုသက်လင်းမှ ကဗျာဖြင့် ဂုဏ်ပြုကြပါသည်။ထို့နောက် ဒေါ်အောင်ဆန်းစုကြည် ၏နိုင်ငံရေး လှုပ်ရှားမှုအား ဆလိုက်ထိုးပြသပါသည်။ NLD(LA)JB ဥက္ကဋ္ဌ ဦးသန်ဇင်ဦးမှ နိဂုံးချုပ် အမှာစကား ပြောကြားပါသည်။မိုးသောက်ကြယ် အဖွဲ့သားများဦးစီး ၍ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် PAUL MCCARTNEY ရေးသားသည့် FREEDOM သီးချင်းဖြင့် သီဆိုပြီး အခမ်းအနားကို ၉နာရီ၁၀မိနစ် အချိန်၌ ကြွေးကြော်သံများ ကြွေးကြော်ပြီး အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ယနေ့အခမ်းအနား သို. မြန်မာလူမျိုးများ၊ဂျပန်လူမျိုးများ စုစုပေါင်း ၈၀၀ ခန့် ခမ်းမ အပြည့်အလျှံလာရောက် ကျပါသည်။

သတင်း။ ။ဦးလင်းအောင် ဒုဥက္ကဋ္ဌ ၂ NLD(LA)JB
ဒီမိုဝေယံ
ဦးစိုးအောင်ဝင်း ပြန်ကြားရေးNLD(LA)JB
ဓါတ်ပုံ-demowaiyen

ဓာတ်ပုံ-ကိုထွဏ်းမြင့်

No comments:

 
/* EOT ----------------------------------------- */