Thursday, June 11, 2009

AAPPဂျပန်ဋ္ဌာနခွဲမှဦးစီး၍ဂျပန်လွှတ်တော် အမတ်များနှင့်ပူးတွဲ၍သတင်းစာရှင်းလင်းပွဲပြုလုပ်။


ယနေ့ မြန်မာနိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကြီးမှုးကျင်းပသော ဒေါ်အောင်ဆန်းစုကြည်
နှင့်အဖမ်းဆီးခံ နိုင်ငံရေး သမားများ၊သတင်းသမားများ အမြန် လွတ်မြောက်ရေး ဓာတ်ပုံပြပွဲ နှင့်
သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ နေ့လည် ၁နာရီခန့်က ဂျပန်လွှတ်တော် အဆောက်အဦး
အမှတ် ၂ ၌ကျင်းပပြုလုပ်ရာ မြန်မာ့ အရေးဆောင်ရွက်နေသော ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂမှလွှတ်တော်
အမတ်များ၊သတင်းဋ္ဌာန အသီးသီးမှ သတင်းသမားများ၊အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၊မြန်မာ့အရေးစိတ်ပါဝင်စားသူများတက်ရောက်ကြပါသည်။မြန်မာနိုင်ငံ၏ ပကတိအခြေအနေကိုဂျပန်နိုင်ငံသားများ၊လွှတ်တော်အမတ်များနှင့်
သတင်းသမားများပိုမိုသိရှိနားလည်စေရန်ရှင်းလင်းပြောကြားခဲ့ပါသည်။
ဂျပန်လွှတ်တော်အမတ် မစ္စတာ YOSHINORI SUEMATSU နှင့်မစ္စတာ AZUMA KONNO တို့ကလည်းမြန်မာ့ဒီမိုကရေစီရရှိရေးဖက်မှထောက်ခံပြောကြားခဲ့ကြပါသည်။နော်ဝေအခြေစိုက်မြန်မာသတင်းသမဂ္ဂမှဂျပန်ဌာနေကိုယ်စားလှယ်ကိုသက်လင်း၊ဖမ်းဆီးခံနာဂစ်သတင်းထောက်ကိုကျော်ကျော်သန့်၏
ညီမမဇင်မာသန့်တို့ကလည်း လက်ရှိအခြေအနေများကိုရှင်းလင်းပြောကြားခဲ့ကြပါသည်။ဆက်လက်၍ AAPP ဂျပန်ဋ္ဌာနခွဲ တာဝန်ခံ ကိုဖုန်းမြင့်ထွန်းမှသတင်းစာဆရာမျာ၏မေးခွန်းများကိုရှင်းလင်းဖြေကြားခဲ့ပါသည်။ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးဆန္ဒပြု လူ၁၄၈၉၀ယောက်၏ လက်မှတ်ပါသောစာရွက်စာတမ်းများကို၊ကိုဖုန်းမြင့်ထွန်းမှ လွှတ်တော်အမတ် YOSHI NORI SUE MATSU ထံပေးအပ်ခဲ့ရာနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ပို့ပေးမည်ဟုပြောကြားခဲ့ပါသည်။
ကိုဖုန်းမြင့်ထွန်းကိုယ်တိုင်ြမန်မာနိုင်ငံတွင်ထောင်အတွင်းအနှိပ်စက်ခံခဲ့ ရပုံများကို
(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဂျပန်ဋ္ဌာနခွဲမှ)ကိုမြတ်သူမှလက်တွေ့သရုပ်ပြပေးခဲ့ပါသည်။သတင်းစာရှင်းလင်းပွဲနေ့လည်၂နာရီတွင်ပြီးဆုံးခဲ့ပြီးနောက်နာဂစ်မုန်တိုင်းနှင့်မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု့ဆိုင်ရာဓါတ်ပုံများပြပွဲကိုညနေ၆နာရီထိပြသခဲ့ပါသည်။ဤပွဲသို့မြန်မာ့အရေး
စိတ်ဝင်စားသူ ဂျပန်လူမျိုးများအပါအဝင် လူ၄၀ကျော် တက်ရောက်ခဲ့ကြောင်းသိရပါသည်။
သတင်း......စိုးအောင်ဝင်း (NLD)LA JB ဓာတ်ပုံ-ကိုထွဏ်းမြင့်

No comments:

 
/* EOT ----------------------------------------- */