Monday, January 5, 2009

လွတ်လပ်ရေးနေ့အခမ်းအနား NLD (လွတ်မြောက်နယ်မြေ)မလေးရှား

ယနေ့ (၄.၁.၂၀၀၉) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ တရုတ်တန်းခန်းမ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) မလေးရှားဌာနခွဲမှ လွတ်လပ်ရေးနေ့ အခမ်းအနား ကို အောင်မြင်စွာ ကျင်းပခဲ့ သည်။ အခမ်းအနားသို့ မလေးရှား နိုင်ငံရှိ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာပြည်သူများလည်း တက် ရောက် ကျင်းပကြသည်။ ထိုအခမ်းအနား မှာ (၆၁) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်နှင့်အတူ မလေး ရှား ဌာနခွဲ ပါတီတည်ထောင်ခြင်း၊ (၃)နှစ် ပြည့်အခမ်းအနားလည်းဖြစ်သည်။ အခမ်းအနားတွင် ဥက္ကဌ ကိုကျော်ကျော်မှ အဖွင့်အမှားစကားပြောကြားပြီး အတွင်းရေးမှူးနှင့် အမှုဆောင် များမှ ယနေ့ နိုင်ငံရေးအခြေအ နေ နှင့် ရှေ့လုပ်ငန်းစဉ်များ မလေးရှားရှိ မြန်မာပြည်သူရွှေ့ပြောင်းအလုပ်သမားများ၏ အခက် အခဲများကို ပြောကြား ကြပြီးတက်ရောက် လာသော အဖွဲ့အစည်းအသီးသီးနှင့် ပြည်သူများမှလည်း ဒီမိုကရေစီအင်အားစုများ ညီညွတ်ကြရန်နှင့် နိုင်ငံရေး အမြင်များကို တင်ပြ ဆွေးနွေးကြပါသည်။ အခမ်းအနားကို (၁၂)နာရီတွင်စတင်၍ (၂) နာရီခွဲတွင် အဆုံးသတ်ပါသည်။

No comments:

 
/* EOT ----------------------------------------- */