Monday, May 25, 2009

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပြည်ပရောက်မြန်မာတို့ tokyo မြို့  ဆန္ဒပြပွဲ


ミャンマー軍事政権に不当に拘束された 民主化運動指導者アウンサンスーチー氏 釈放を求めるデモ行進
၂၄.၅.၂၀၀၉ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားမတရားဖမ်းဆီးချင်းမှ လွှတ်ပေးရန် ဂျပန်ရောက်မြန်မာများက တိုကျို အဲဘိစု မြို့ မှ ဆန်းဒဂါရ အထိ ချီတက်ဆန္ဒပြခဲ့ကြသည်။စစ်အစိုးရဧ။်ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ နိုင်ငံခြား
သားဧည့်သည်ကို ၀င်ခွင့်ပေးသည်ဆိုသောလုပ်ကြံဇာတ်လမ်းကို ဂျပန်ရောက်မြန်မာပြည်သူတို့ ကသရုပ်ဖော်(performance)များလည်းပြုလုပ်ရှတ်ချခဲ့ကြသည်။


ဂျပန်ရောက်မြန်မာလူမျိုးများ နှင့် ဂျပန်လူမျိုးများ သည် မေလ၊ ၂၄ ရက်နေ့ နေ့လည် ၂း၃ဝ မှ စတင်ကာ EBISU ပန်းခြံတွင် လူစုဝေးပြီး ၄းဝဝ တွင် စတင် ထွက်ခွာသွားရာ SENDAGAYA ဘူတာ အထိ ဒေါ်အောင်ဆန်းစုကြည် ချက်ခြင်း လွှတ်ပေးရေး ချီတက်ဆန္ဒပြခဲ့ကြပါသည်။
အဆိုပါ ချီတက်ဆန္ဒပြပွဲတွင် ဂျပန်ရောက်မြန်မာ လူမျိုးများ နှင့် ဂျပန်လူမျိုးများ စုစုပေါင်း လူဦးရေ ၈ဝဝ ကျော် ချီတက်ဆန္ဒပြ ခဲ့ကြပါသည်။
ဓါတ်ပုံ-ကိုထွဏ်းမြင့်

No comments:

 
/* EOT ----------------------------------------- */