Sunday, May 17, 2009

မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မူ အမေရိကန် နောက်ထပ် သက်တမ်း တနှစ်တိုး


အမေရိကန် နိုင်ငံက မြန်မာ အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမူကို နောက်ထပ် သက်တမ်း တနှစ်တိုးလိုက်ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ထုတ်ဖေါ် ပြောကြားလိုက်သည်။

မြန်မာ နအဖ စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ဖမ်းဆီးထားရာကနေ နောက်ထပ် စွဲချက် အသစ် တခုဖြင့် တရားစွဲဆိုရန် စီစဉ်နေစဉ် စီးပွားရေး ပိတ်ဆို့မူကို အမေရိကန် အစိုးရက နောက်ထပ် သက်တမ်းတိုးလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ထားသော စည်းကမ်းများကို ချိုးဖေါက်သည်ဟု စွပ်စွဲပြီး အင်းစိန်ထောင်တွင် ပုဒ်မ ၂၂ ဖြင့် စွပ်စွဲ တရားစွဲဆိုပြီးနောက် နိုင်ငံတကာတွင် မြန်မာ စစ်အစိုးရ အပေါ် ဝေဖန် ရှုတ်ချသံများ ပွတ်လောရိုက်နေချိန်တွင် ယခု သက်တမ်းတိုးမူ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အပေါ် စီးပွားရေး အရ ပိတ်ဆို့အရေးယူမူသည် မထိရောက်သည့် အပြင် သန်းပေါင်းများစွာသော မြန်မာပြည်သူများ၏ ဘ၀ကိုသာ ပိုမို မွန်းကျပ် နစ်နာစေသည့်ဟု ဆိုကာ စီးပွားရေး ပိတ်ဆို့မူကို ရုတ်သိမ်းရန် အမေရိကန် အစိုးရအပေါ် မြန်မာ စစ်အစိုးရနှင့် တချို့ နိုင်ငံရေး သမားများမှ တောင်းဆိုမူများ ပြုလုပ်ခဲ့သည်။

လက်ရှိ အမေရိကန် အစိုးရ အနေဖြင့် မြန်မာအရေးနှင့် ပတ်သက်ပြီး ယခင် ဂျော့ဘုရှ် အစိုးရ လက်ထက်က ချမှတ်ထားခဲ့သော ပေါ်လစီ အပေါ် အပြန်အလှန် သုံးသပ်နေစဉ် ယခု စီးပွားရေး အရေးယူ ပိတ်ဆို့မူကို သက်တမ်း တိုးလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးတွင် တာဝန် ထမ်းဆောင်ခဲဖူးသူ ရခိုင်ကျောင်းသားဟောင်း ကိုထွန်းစံက � ခုလို အခြေအနမျိုးမှာ အမေရိကန် အစိုးရက နောက်ထပ် စီးပွားရေး ပိတ်ဆို့ အရေးယူမူကို သက်တမ်း တနှစ်တိုးလိုက်တာဟာ လက်ရှိ မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြုမူဆက်ဆံနေတာနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ ခုလို နအဖ စစ်အစိုးရက ကမ္ဘာပြည်သူတွေ အလေးအနက် တောင်းဆိုနေတဲ့ ကြားထဲက ဒေါ်အောင်ဆန်းစုကြည်ကို မလွတ်တဲ့ အပြင် နောက်ထပ် အကွက်ဆင်ပြီး ဖမ်းဆီး ထောင်ချဖို့ စီစဉ်နေတဲ့ အချိန်မှာ အမေရိကန် အစိုးရ အနေနဲ့ ဘယ်လိုနည်းနဲ့မှ စီးပွားရေး ပိတ်ဆို့မူကို ရုတ်သိမ်းဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျနော် အနေနဲ့ မြင်ပါတယ်� ဟု ပြောသည်။

အမေရိကန် အစိုးရသည် မြန်မာနိုင်ငံ အပေါ် ၁၉၉၇ ခုနှစ်ကတည်းက စီးပွားရေး ပိတ်ဆို့ အရေးမူကို ပြုလုပ်လာခဲ့ပြီး မြန်မာ စစ်အစိုးရ အပေါ် ဒီမိုကရေစီနှင့် အခြေခံ လူ့အခွင့်အရေးများ အပေါ် လိုက်နာရန် အမြဲ တွန်းအားပေး တောင်းဆိုခဲ့သည်။

သို့သော်လည်း မြန်မာ စစ်အစိုးရသည် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ အရေးယူမူကို အလေးအနက် မထားသည့် အပြင် တိုင်းပြည်တွင်းရှိ သဘာဝ သယံဇာ ပစ္စည်းများကို တရုတ်သို့ ရောင်းချပြီင်္း တရုတ်အားကိုးဖြင့် အမေရိကန်နိုင်ငံ အပါအ၀င် အနောက်နိုင်ငံများကို အာခံခဲ့သည်။ ထိုကဲ့သို့ မြန်မာ စစ်အစိုးရ၏ � ဘယ်သူသေသေ ငတေမာပီးရော� ဆိုသည့် ပေါ်လစီ လမ်းစဉ်ကြောင့် မြန်မာ ပြည်သူလူထုမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိုပြီးနောက် အဆိုးဝါးဆုံး အမှောင်ခေတ်သို့ ရောက်ရှိခဲ့ကြရသည်။

No comments:

 
/* EOT ----------------------------------------- */