Tuesday, May 5, 2009

နာမည်ကျော် ဂျပန်အဆိုတော်များမှ နာဂစ်ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်



သီချင်းများကို ကိုယ်တိုင်ရေးစပ်သီကုံးပြီး စန္ဒရားကို ကိုယ်တိုင်တီးခတ်ဖျော်ဖြေလေ့ရှိသည့် နာမည်ကျော် ဂျ ပန်အဆိုတော် Tomoe Sawa မှ ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန် တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် တိုကျို မြို့၊ Shibuya ရပ်ရှိ Tower Records Vedio and Books ရောင်းချ သည့် စင်တာတွင် မေလ ၂ ရက်(စနေနေ့)က အခမဲ့ သီဆိုဖျော်ဖြေသွားခဲ့သည်။

''Kokoro, Iiuta Iroiro, When I was most Beautiful'' စီးရီးများဖြင့် နာမည်ကျော် အဆိုတော်တဦးဖြစ်လာခဲ့ သည့် ကိုးရီးယားကပြားလူမျိုး Tomoe Sawa မှ ဂျပန်သီချင်း၊ ကိုယ်တိုင်ရေး ကိုးရီးယားနှင့် အင်္ဂလိပ်သီချင်း များအပါအဝင် သီချင်းစုစုပေါင်း ၉ ပုဒ်ကို အားပါးတရဖျော်ဖြေသွားပြီး သီးချင်းတပုဒ်နှင့်တပုဒ်ကြားတွင် သူမ လေ့လာထားသည့် မြန်မာပြည်အရေး၊ နအဖစစ်အာဏာရှင်တော်လှန်ရေး၊ သံဃာသပိတ်အရေးနှင့် နာဂစ်မုန် တိုင်းတိုက်ခတ်ခဲ့ခြင်းကြောင့် မြန်မာပြည်သူများ အတိဒုက္ခရောက်ရခြင်းအကြောင်းများကိုပါ ဟောပြောသွားခဲ့ သည်။

''ပရိသတ်ထဲက မြန်မာပြည်ကို ရောက်ဖူတဲ့သူများရှိပါသလား။ ကျမတော့ မရောက်ဖူးသေးပါဘူး။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာပြည်ကို ရောက်ဖူးတဲ့သူများရှိရင် ဂုဏ်ယူပါတယ်လို့ ပြောပါရစေရှင်၊ ပြီး တော့ ဒီ Concert ပွဲကိုလည်း ပြီးဆုံးတဲ့အထိ အားပေးကြပါလို့ ပြောပါရစေရှင့် ...'' ဟု ချိုသာစွာ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဂျပန်အနုပညာရှင် Ito Seiro San နှင့်တွဲဖက်၍ ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးစပ်ထား သည့် Free Daw Aung San Suu Kyi အမည်ရှိ ကဗျာရွတ်ဆိုမှုကိုပါ ပြုလုပ်သွားခဲ့သည်။

ဂျပန်ပရိသတ် ၂ဝဝ ကျော်မှ စိတ်ပါဝင်စားစွာ ခန်းလုံးပြည့်လာရောက်အားပေးခဲ့ကြပြီး သူမ၏ နာဂစ်ရန်ပုံငွေ စီဒီအခွေကို တချပ်လျှင် ယန်း ၁၈ဝဝ ဖြင့် ရောင်းချခဲ့သည်။ ရရှိသည့်အမြတ်ငွေများကို မုန်တိုင်းကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့ ပေးပို့လှူဒါန်းသွားမည်ဟု သိရှိရပြီး “မြန်မာ့ရေးရာပြည်သူ့အဖွဲ့ People Forum Of Burma (PFB-Japan)” တဆင့် စီစဉ်ပေးသွားမည်ဟု သိရှိရသည်။
Japanese singers SEIKO ITO & TOMOE SAWA 's new cd sold on 1800 yens/disc at TOWER RECORDS 5-2-2009 for nargis fund

No comments:

 
/* EOT ----------------------------------------- */