Sunday, August 16, 2009

အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် CEC လူကြီးများ မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် တွေဆုံခဲ့။..။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင်လူကြီးများ မနေ့က နေပြည်တော်မှာ
အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။


မနေ့က နေပြည်တော်မှာ NLD CEC အဖွဲ့ဝင်လူကြီးတွေနဲ့ အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံခဲ့ပါတယ် ။ ဒီတခါ တွေ့ဆုံခွင့် အချိန်ရရှိခဲ့တယ် ပြောပါတယ်။ NLD အနေနဲ့တောင်းဆိုချက် ၃ခုတောင်းဆို ခဲ့ပါတယ်။

မစ္စတာ ဂျင်မ်ဝက်ဘ်က ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ပြောဆိုပေးမယ်လို့ ကတိပေးပါတယ်။ ဒီတခေါက် တွေ့ဆုံခွင့်ရတာကိုတော့ တစိတ်တပိုင်း ကျေနပ်မှု ရှိတယ်လို့ လူကြီးတွေက ပြောပါတယ်။ တင်ပြတောင်းဆိုခဲ့တဲ့ အချက်၃ချက်ကတော့


၁....ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး။
၂....အမျိုးသားရင်ကြားစေ့ရေး။
၃...
.၂၀၀၈ခုနှစ် အခြေခံဥပဒေကို ဒီမိုကရေစီဖော်ဆောင်နိုင်အောင် ပြန်လည် Rivew လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ မိနစ်၄၀လောက် တွေ့ခွင့်ရခဲ့တယ်လို့ သိရပေမယ့် ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေကိုတော့ အန်ကယ်တို့မသိရပါဘူး။ ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
သတင်း......ဒီမိုဝေယံ



No comments:

 
/* EOT ----------------------------------------- */