Monday, April 6, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် နိင်ငံရေးအကျဉ်းသား များအမြန်ဆုံးလွတ်မြောက်ရန် ဂျပန်လူမျိုးများနှင့် နိုင်ငံခြားသားများထံမှ လက်မှတ်များဆက်လက်ကောက်ခံစုဆောင်း


နေအိမ်အကျယ်ချုပ်ကျနေသည့် သူရဦးတင်ဦးနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ၊သံဃာတော်အရှင်သူမြတ်များ၊ ယုံကြည်ချက်ကြောင့် နအဖ အကျဉ်းထောင်များအတွင်း၌ မတရားဖမ်းဆီးခြင်းခံနေရသည့် ကိုမင်းကိုနိုင်အပါအ၀င် ၈၈မျီုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် NLD(LA)JB မှ ဦးဆောင်၍ ဂျပန်လူမျိုးများနှင့် နိုင်ငံခြားသားများထံမှ လက်မှတ်ကောက်ခံစုဆောင်းခြင်း လှုပ်ရှားမှုအား (၄-၀၄-၂၀၀၉)(၅-၀၄-၂၀၀၉)နေ့လည်၁နာရီမှ ညနေ ၄နာရီအထိ ဂျပန်နိုင်ငံတိုကျိုမြို့ ရှင်ဂျုကုဘူတာ တောင်ဘက်ထွက်ပေါက်ရှေ့တွင်ကောက်ခံခဲ့ပါသည်။
ဓါတ်ပုံ- ကိုပွား ဗွီဒီယိုမှတ်တမ်း-ကိုမင်းဂေါင်ကျော် သတင်း-NLD(LA)JB လူငယ်ဌာန

No comments:

 
/* EOT ----------------------------------------- */