Sunday, November 25, 2007

အပြည်ပြည်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများနှင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့အား တိုက်တွန်းနှိုးဆော်ချက်။

အထူးကြေညာချက်။

ခရစ်နှစ် ၂၀၀၈ ဇန္န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် မြန်မာပြည် လွတ်လပ်ရေးနေ့တွင် နအဖ စစ်အစိုးရမှ လွတ်လပ်ရေးပွဲများ ကျင်းပမည်ဖြစ်သည်။ ထိုနေ့တွင် အပြည်ပြည်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ အနေဖြင့် မြန်မာပြည်သည် ၄၅ နှစ်ပတ်လုံး စစ်ကျွန်ဘ၀ အောက်၌ လွတ်လပ်မှူဆိတ်သုဉ်းကာ အဖက်ဖက်မှ အတိဒုက္ခရောက်နေသည်ကို ကမ္ဘာက သိရှိလာအောင် ၀ိုင်းဝန်း လုပ်ဆောင်ရမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ လာမည့် လွတ်လပ်ရေးနေ့တွင် -

၁။ ကျောင်းသားပြည်သူလူထုအားလုံး အနီရောင်ဝတ်စုံ (သင်္ကန်းရောင်ကိုယ်စားပြု)
ဝတ်ဆင်ကြရန်။

၂။ အပြည်ပြည်ဆိုင်ရာ ပြည်တွင်းပြည်ပ လူထုလှူပ်ရှားမှူသပိတ် သင်္ကန်းရောင်တော်လှန်ရေး (Saffron Revolution) ပြန်လည်ဆင်နွှဲကြရန်။

၃။ ကမ္ဘာ့ အသိုင်းအ၀ိုင်းအား မြန်မာပြည်သည် လက်ရှိအချိန်အထိ စစ်ကျွန်ဘ၀ ကျရောက်နေသည်ဖြစ်၍ လွတ်လပ်ရေးနေ့မှာ တကယ်မလွတ်လပ်သေးကြောင်း တရားဝင် ကြေညာချက်များ ထုတ်ပြန်ရန်။

ဖော်ပြပါ အချက် ၃ ချက်ကို အားလုံးအတူတကွ ဟန်ချက်ညီညီ ပူးပေါင်း ပြုလုပ် ကြပါရန် သာသနရက္ခိတ အဖွဲ့ (သာသနာ့ဥသျှောင် ကိုယ်စားပြုကော်မတီ) က တိုက်တွန်း လိုက်သည်။

သာသနရက္ခိတ အဖွဲ့ ။

(သာသနာ့ဥသျှောင် ကိုယ်စားပြုကော်မတီ)။

၂၀၀၇-ခု၊နိုဝင်ဘာလ ၂၄ ရက်။

၁၃၆၉-ခု တန်ဆောင်မုန်းလပြည့်နေ့ ။



1 comment:

Anonymous said...

Bir Türk askeri olarak, Birmanya (Birmanya means Burma in Turkish lang.) için ve barış için hergün dua ediyorum. Hiç bir zafere çiçekli yollardan gidilemez. Çok yaşa özgür Birmanya !

 
/* EOT ----------------------------------------- */