အခုတလော ကျနော့်မိတ်ဆွေတွေနဲ့ အတူ သံရုံးတခုရှေ့ မှာ နေ့ စဉ်ရက်ခြားဆိုသလို ဆန္ဒပြပြနေဖြစ်ခဲ့ပါတယ်။
ဆန္ဒပြပြီးပြန်လာတိုင်းလဲ ကိုယ့်ကိုယ်ကို မေးခွန်းတခုမေးမိပါတယ်။
ငါ ဘာဆက်လုပ်သင့်သလဲ။ ငါတို့  ဘာဆက်လုပ်သင့်သလဲ။
အဖြေတချို့ ထွက်လာပါတယ်။
ခင်ဗျားတို့ လဲ ၀ိုင်းစဉ်းစားပေးကြပါအုန်း။
ပြည်ပရောက်မြန်မာတွေရဲ့  ဒီမိုကရေစီလိုလားမှု ထောက်ခံစာနာမှုတွေကို
ဒီလိုနည်းတွေနဲ့  ပြသနိုင်တယ်လို့ တွေးမိပါတယ်။
(၁) သပိတ်မှောက်ကံဆောင်ခဲ့တဲ့ ပြည်တွင်းကရဟန်းသံဃာတော်တွေကို
ဆွမ်းတနပ် သွားကပ်ကြမယ်။
(၂) အသက်စတေးသွားတဲ့ အာဇာနည်တွေရဲ့  ကျန်ရစ်သူမိသားစုတွေ၊ ငရဲစခန်းတွေမှာ
အကျဉ်းကျခံနေရတဲ့ သူရဲကောင်းတွေရဲ့  မိသားစုတွေကို ဆန်တပြည် သွားလှူကြမယ်။
(၃) မတရားဖမ်းဆီးခံနေရတဲ့ သူရဲကောင်းတွေအတွက် ဆေးလိပ်တစည်း သွားပေးကြမယ်။
ပြည်ပရောက်မြန်မာတွေ "တလ တစ်ဒေါ်လာ" လစဉ်စုသွားကြရင်
တစ်သောင်းလဲ ဖြစ်လာနိုင်ပါတယ်၊ တစ်သိန်းလဲ ဖြစ်လာနိုင်ပါတယ်။
ဆွမ်းတနပ်၊ ဆန်တပြည်၊ ဆေးလိပ်တစည်းကနေ ဒစ်ဂျစ်တယ်ကင်မရာတလုံး လက်ကိုင်ဖုန်းတလုံးလဲ ဖြစ်လာနိုင်ပါတယ်။ ဖြစ်လာနိုင်တာတွေအများကြီးပါပဲ။
ကျနော်တို့  တကယ်ဖြစ်ချင်ဖို့ ပဲလိုပါတယ်။
အန်တီစုရဲ့ စကားလေးတခု သတိရမိတယ်။
" ဒီမိုကရေစီ ဘယ်တော့ရမလဲလို့  ကျမကို ခဏခဏမေးကြတယ်။
ကျမတို့ ပြည်သူလူထုတွေအားလုံး ပူးပေါင်းပါဝင်တဲ့နေ့ မှာရမယ်လို့  ကျမဖြေချင်ပါတယ်"
အခု နိုင်ငံအနှံ့ အပြားမှာ တာဝန်ခံလှူဒါန်းပေးမယ့် အဖွဲ့ တွေရှိနေပါပြီ။
နီးစပ်ရာအဖွဲ့ တွေမှာ သွားလှူကြမယ်။
http://www.moemaka.com/donate.html
http://english.dvb.no/
http://www.scgeneralstrike.org/
မောင်မိုး
Wednesday, October 10, 2007
ဆွမ်းတနပ်၊ ဆန်တပြည်၊ ဆေးလိပ်တစည်း
Posted by Peaceful Walking at 4:46 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment