သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြ၏ ။
ထို့ အပြင် ဤအချိန်ကာလသည် မြန်မာတို၏တစ်ဦးကို တစ်ဦး ရိုသေလေးစားတတ်သောသဘော ၊မာန်မာနကို နှိမ့်ချတတ်သော သဘော၊ အပြန်အလှန် မေတ္တာစေတနာ ထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့ ၏ယဉ်ကျေးသိမ်မွေ့ သော စိတ်နေစရိုက် ကိုဖော်ကျူး ပြသနေ သော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာ အစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ ကျွန်တော်၏အစ်ကို၊အစ်မ များ ညီငယ် ညီမငယ်များအားလုံးတို့  သည်လည်း ..`ကောင်းသောအကြံ ၊မှန်သောအကျင့် ၊ သင့်သောအယူ ၊ဖြူသောနှလုံး ´ တို့ ဖြင့် သီတင်းကျွတ်လမီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟုဆန္ဒပြုလိုက်ပါသည်.
ကိုယ်၊ စိတ် နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေလို့အဝေးကနေ ဆုတောင်းမေတ္တာပို့လိုက်တယ်'
photo by http://www.masumon.blogspot.com/
Monday, October 13, 2008
သီတင်းကျွတ် လပြည့် ( အဘိဓမ္မာ အခါတော်နေ့ )
Posted by
Peaceful Walking
at
2:17 PM
Labels: မျှဝေခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment