Saturday, October 11, 2008

ပညာရေးဆိုင်ရာဂျာနယ်များထုတ်ဝေမှု ရပ်ဆိုင်း

နန်းဒေဝီ (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁ဝ ရက်၊ ၂ဝဝ၈ ခုနှစ်။
နယူးဒေလီ။ ။ မြန်မာကျောင်းသားများ လက်စွဲသုံးနေသည့် ပညာရေးဆိုင်ရာ စာစဉ်ပါရှိသည့် ဂျာနယ် ၅ စောင်အား ထုတ်လုပ်ဖြန့်ချိမှု ရပ်ဆိုင်းလိုက်သည်။

မူလတန်းအဆင့်မှ အထက်တန်းအဆင့် ကျောင်းသားများအထိ အသုံးပြုနိုင်သည့် ပညာရေးဆိုင်ရာ စာစဉ်များပါရှိသော ဂျာနယ်များဖြစ်သည့် ပန်းတိုင်၊ Educator / Prime / Digital နှင့် အဝေးသင် တက္ကသိုလ် ကျောင်းသားများ အသုံးပြုနေသည့် ငြိမ်းပညာရေးစာစဉ်တို့အား ယခုနှစ် ဇူလိုင်လမှစတင်ကာ ထုတ်လုပ်မှုများ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်မှ ညွှန်ကြားချက်ဖြင့် ပိတ်ခြင်းဖြစ်သည်ဟု ယုံကြည်ရပြီး မည်သည့်အတွက်ကြောင့် ပိတ်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပါ။ ငြိမ်းပညာရေး စာစဉ်ကလည်း ဖြေကြားရန် ငြင်းဆိုထားသည်။

သူက ဆက်ပြီး "ငြိမ်းချမ်းရေး စာစဉ်ဆိုရင် အတွဲ ၆ မှာ ရပ်သွားတယ်။ Educator က အတွဲ ၈ အထိ၊ Prime နဲ့ Digital ဂျာနယ်ကဆို အတွဲ ၁၁ အထိပဲ ရှိတယ်။ ကျန်တာတွေ မထွက်လာတော့ဘူး။ လူတွေက လာလာမေးနေတယ်" ဟု ကမာရွတ်မြို့နယ် လှည်းတန်းရှိ အလိမ္မာ စာအုပ်ဆိုင်မှ ဝန်ထမ်းတဦးက ပြောသည်။

“စာပေလောက ၅” က တာဝန်ရှိသူကလည်း "ပြတ်သွားတာတော့ ကြာပြီ။ လာလာမေးနေကြတုန်းလေ" ဟု ပြောသည်။

ငြိမ်းပညာရေး စာစဉ်များသည် နားလည်လွယ်ကာ လက်ရှိ ပညာသင်ကြားနေသည့် ကျောင်းသားများကို အထောက်အကူ ဖြစ်စေသည်ဟု နာမည်ကျော်ကြားသည်။
http://www.mizzimaburmese.com/

No comments:

 
/* EOT ----------------------------------------- */