Friday, June 26, 2009

ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စစ်သံရုံးရှေ့ ဆန္ဒပြပွဲ ( ကိုရီးယား )

ဖတ်ကြည့်ချင်သေးလား....

Pop legend Michael Jackson dies

- ပေါ့ပ်အဆိုကျော် မိုက်ကယ်လ်ဂျက်ဆင် ကွယ်လွန် link
- ကမ္ဘာကျော် ပေါ့ပ်အဆိုတော် မိုက်ကယ်ဂျက်ဆင် ကွယ်လွန် link
- မိုက်ကယ်လ်ဂျက်ဆင် အသက် (၅၀) အရွယ်တွင် ကွယ်လွန် link
- မိုက်ကယ်လ်ဂျက်ဆင်ရဲ့ သီချင်းအချို့ link
Pop legend Michael Jackson has died in Los Angeles, aged 50.

The phenomenal success of his album 'Thriller', released in 1982, established him as one of the most influential solo artists of the 20th century.

ဖတ်ကြည့်ချင်သေးလား....

Burma's 'secret tunnels' leaked


Several senior Burmese military officials have been detained for leaking pictures of secret tunnels under the new capital of the country.

The images were given to the Norwegian-based TV station, Democratic Voice of Burma.

It is thought the tunnels under Nay Pyi Daw could have been built with the help of experts from North Korea.

Jonathan Head reports from Bangkok.

ဖတ်ကြည့်ချင်သေးလား....

Thursday, June 25, 2009

မွေးနေ့ပွဲ ကျင်းပပေးသူများကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပေးသူများအား ဒေါ်စုမှ ပြည်တွင်း၊ပြည်ပမှ ဆုတောင်း မေတ္တာ ပို့သသူများအား တဦးချင်းစီ အကြောင်း မပြန်နိုင်ပေမယ့် ကျေးဇူးတင်ပါကြောင်း မှာကြားလိုက်ပါတယ် ။......။

ဖတ်ကြည့်ချင်သေးလား....

Wednesday, June 24, 2009

7 July အထိမ်းအမှတ်အခမ်းအနား ဂျပန်တွင်ကျင်းပမည်။

7 July

ဖတ်ကြည့်ချင်သေးလား....

Tuesday, June 23, 2009

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခမ်းအနား ( ကိုရီးယား )





21.6.2009 Daw Suu Birthday News[1]

ဖတ်ကြည့်ချင်သေးလား....

မြောက်ကိုရီးယားသင်္ဘောသတင်း

- သံသယရှိဖွယ် မြောက်ကိုရီးယားသင်္ဘော မြန်မာနိုင်ငံသို့ ဦးတည် link
- မြောက်ကိုရီးယားသင်္ဘော မြန်မာပြည်တွင် ဆိုက်ကပ်မည်ဟု ယူဆရ link
- သံသယရှိဖွယ် မြောက်ကိုရီးယားသင်္ဘော မြန်မာနိုင်ငံကို ဦးတည် link
- မြန်မာပြည်သို့ ဦးတည်ခုတ်မောင်နေဟန်ရှိတဲ့ မြောက်ကိုရီးယားသင်္ဘော link
- မြန်မာသို့ ဦးတည်ခုတ်မောင်းနေသည့် မြောက်ကိုးရီးယားသင်္ဘောအား ယူအက်စ်ဖျက်သင်္ဘောက နောက်မှ ကပ်လိုက် link

ဖတ်ကြည့်ချင်သေးလား....

Democracy & Peace Award ကို ကိုယ်စားလက်ခံရယူခဲ့သူတဦးနှင့်တွေ့ဆုံခြင်း

NLD MTHK tw23

ဖတ်ကြည့်ချင်သေးလား....

၂၂ ရက်နေ့ သတင်းများ ။.....။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများနှင့် တွေ့ဆုံ့ခွင့်ရရှိခဲ့ပါတယ်။

ယနေ့ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့အား ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ၄ဦးမှ တွေ့ဆုံခွင့် ရရှိခဲ့ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီး ဦးဥာဏ်ဝင်း မှပြောဆိုပါသည်။ယနေ့နေ့လည် ၃နာရီခွဲမှ ၅နာရီ ခွဲအထိ တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံ တွင်တရားဥပဒေ စိုးမိုးမှု မရှိတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ပြောဆိုခဲ့ပါတယ် ။ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ရင် နိုင်ငံထူထောင် လို့မရနိုင်ကြောင်း၊ နိုင်ငံရေး ၊အုပ်ချုပ်ရေး ဘယ်ဟာမှ မအောင်မြင် နိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။...။

ဒေါ်စုမွေးနေ့ ပြည်တွင်း ပြည်ပသို့ ဒေါ်စု၏ အမှာစကား.........။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပေးသူများအား ဒေါ်စုမှ ပြည်တွင်း၊ပြည်ပမှ ဆုတောင်း မေတ္တာ ပို့သသူများအား တဦးချင်းစီ အကြောင်း မပြန်နိုင်ပေမယ့် ကျေးဇူးတင်ပါကြောင်း မှာကြားလိုက်ပါတယ် ။......။

ဂျပန်အစိုးရရဲ့ ဒေါ်စု မွေးနေ့သဝဏ်လွှာ ။...။

မြန်မာနိုင်ငံ ဂျပန်သံရုံးမှ တဆင့် ဂျပန်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည် အတွက်မွေးနေ့ဆုတောင်း သဝဏ်လွှာ
ပေးပို့ခဲ့ပါတယ်။ သဝဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်း နှင့်အတူ မြန်မာအစိုးရအားလည်း အမှုကိုရပ်ဆိုင်းပြီး ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ်ပေးရန် အမှုစတင်သည်မှ စတင်၍ ယခုအထိ ဆက်တိုက် တောင်းဆိုနေကြောင်း ဖော်ပြပါရှိတယ်လို့ သိရှိရပါတယ် ။...   သတင်း။....။ဒီမိုဝေယံ.......

ဖတ်ကြည့်ချင်သေးလား....

Sunday, June 21, 2009

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ကိုရီးယားလွှတ်တော်အတွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ဖတ်ကြည့်ချင်သေးလား....

အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် မှ အရှင်သောပါက၏ ဒေါ်စုမွေးနေ့ ရောမမြို့ ဆုတောင်းပွဲ။


အရှင်သောပါကနှင့်ဒီမိုဝေယံတို့ မှပေးပို့ ပါသည် ၊၊

ဖတ်ကြည့်ချင်သေးလား....

အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် မှ အရှင်သောပါက၏ ဒေါ်စုမွေးနေ့ ရောမမြို့ ဆုတောင်းပွဲ။


အရှင်သောပါကနှင့်ဒီမိုဝေယံတို့ မှပေးပို့ ပါသည် ၊၊

ဖတ်ကြည့်ချင်သေးလား....

Saturday, June 20, 2009

ဂျပန်နိုင်ငံရှိ U N ရှေ့ ဒေါ်အောင်ဆန်စုကြည်မွေးနေ့ ဆုတောင်းပွဲ အခမ်းအနား


ဂျပန်နိုင်ငံရှိ U N ရှေ့ ဒေါ်အောင်ဆန်စုကြည်မွေးနေ့ ဆုတောင်းပွဲ အခမ်းအနား ကို ညနေ ၄း၃ဝ မှ ၆း၃ဝ အထိပြုလုပ်ခဲ့ရာ လူအင်အား ၂၀၀ ခန့်တက်ရောက်ကာ ဆုတောင်း မေတ္တာများ ပို့သခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ဂျပန်ပြည်သို့ သာသနာပြုကြွ ရောက်နေသော မြန်မာဘုန်းတော်ကြီးများ၊ အခြားဘာသာရေး အသင်းအဖွဲ့အသီးသီးမှ ခေါင်းဆောင်များ တက်ရောက်ကာ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည် အတွက် မေတ္တာပေး တရားများချီးမြှင့်ပေးခဲ့ပါသည်။
ထို့နောက် လွတ်လပ်ခြင်း အတိက်ကိုဆောင်သော ငှက်များကိုပေးခဲ့ပါသည်။ အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များမှ အမှာစကားများပြောကြား ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မိုးသောက်ကြယ် အဖွဲ့မှ FREEDOM သီချင်းကိုသီဆို ပေးခဲ့ကြောင်းသိရပါသည်။
သတင်းနှင့် ဓါတ်ပုံ-ကိုထွန်းလွင် FWUBC၊ ကိုစိုးအောင်ဝင်း NLD LA JB

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် စစ်သံရုံးရှေ့ ဆန္ဒပြပွဲ ( ကိုရီးယား )


သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲ

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အလှူတော် ( ကိုရီးယား )

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ကိုရီးယားဘုန်းတော်ကြီး လင်ယောင်ဒန် ကဆုတောင်းမေတ္တာပို့သပေး

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂမှ ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးဆု ပေးအပ်ပွဲ ဓာတ်ပုံ မှတ်တမ်း။...။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂမှ ဒီမိုကရေစီ နဲ့ငြိမ်းချမ်းရေးဆုကို ပေးအပ်ပါတယ်။ လက်ရှိ ဂျပန် လွှတ်တော်ရေးရာ ကော်မတီရဲ ဥက္ကဋ္ဌ လည်းဖြစ်ပြီး၊လက်ရှိ အာဏာရ ပါတီရဲ့လွှတ်တော် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂ ရဲ့ ဥက္ကဋ္ဌ မစ္စတာ TADAMORI OSHIMA မှ ဆုကိုပေးအပ်ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက် နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးမှ ကိုယ်စား လက်ခံရပါတယ်..။မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဂျပန် လွှတ်တော် အမတ်များ သမဂ္ဂ မှာ ပါတီပေါင်းစုံမှ လွှတ်တော်အမတ်များ ပါဝင်ပါသည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက် နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအကျဉ်းနဲ့ လှုပ်ရှားမှု ဆိုင်ရာ ဓာတ်ပုံများကို ပေးအပ်ရာ ဥက္ကဋ္ဌ မစ္စတာ TADAMORI OSHIMA မှဝမ်းမြောက်စွာ လက်ခံရယူပါသည်။ဆုပေးအပ်ပွဲ အခမ်းအနားသို့ ဂျပန် လွှတ်တော် အမတ်များ၊ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း အသီးသီးမှ တာဝန်ခံများ တက်ရောက်ကြပါသည်။...။ သတင်း...။ဒီမိုဝေယံ......

သတင်း၊ ဓာတ်ပုံ။....။ဦးသောင်းမြင့်ဦး အတွင်းရေးမှုး NLD (LA)JB
ဦးသာဇော်မောင်မောင် အတွင်းရေးမှုး ၂ NLD (LA)JB

ဖတ်ကြည့်ချင်သေးလား....

ဒီကနေ့ ဗဟိုတရားရုံး

ဒီကနေ့ ဗဟိုတရားရုံး NOTICE BOARD မှာ ဒေါ်အောင်ဆန်းစုကြည် သက်သေ ၂ဦး အတွက် ဗဟိုတရားရုံးမှာ နှစ်ဘက်ရှေ့နေများ လျှောက်လဲရမည့် ရက်ချိန်း ကို ၂၄ ရက်နေ့သို့ သတ်မှတ် ပေးထားကြောင်း သိရှိရပါတယ်။

ဖတ်ကြည့်ချင်သေးလား....

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ မနက်ပိုင်း အာရုံဆွမ်း ကပ်ရန် ကြိုလျှောက်ထားတဲ့ သံဃာတော်များအား သွားရောက် ပင့်ဆောင်ရာမှာ တစုံတရာဖိအားကြောင့် ကြွရောက်နိုင်ခြင်း မရှိဘဲ နားလည်ပေးကြပါ ဟူသော စကားသာရရှိ ခဲ့ပါတယ်။ထို့ကြောင့် အခြားကျောင်းမှ သံဃာတော် များကိုသာ ပင့်ဆောင် ခဲ့ရပါတယ်။....။
သတင်း။...။ဒီမိုဝေယံ...

ဖတ်ကြည့်ချင်သေးလား....

Friday, June 19, 2009

Happy Birthday!


Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

ဒေါ်စုကိုယ်တိုင် အလှု ဒါန

ဒေါ်အောင်ဆန်းစုကြည် (၆၄)နှစ်ပြည့် မွေးနေ့ အင်းစိန်ထောင် လုံခြုံရေး ဝန်ထမ်းများအား ဒေါ်စုကိုယ်တိုင် အလှု ဒါန ပြုလုပ်မည် ဖြစ်ကြောင်း ။
အာဏာပိုင်များ၏ သဘောတူညီချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် (၆၄)နှစ်ပြည့် မွေးနေ့ပွဲ အင်းစိန်ထောင်အတွင်း ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ဝန်းကျင်မှ ထောင်လုံခြုံရေး ဝန်ထမ်းများအား မွေးနေ့ အလှုဒါန ပြုလုပ်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်း မှပြောပါတယ်။ "ဒေါ်စုနေထိုင်ရာ ဝန်းကျင်က လူတွေ၊ အကျဉ်းထောင် လုံခြုံရေးဝန်ထမ်းတွေကို မွေးနေ့အထိမ်းအမှတ် အလှုဒါန ပြုဖို့အတွက် ဒံပေါက် အထုတ် ၄၀ မှာထားပါတယ် ၊ အန်ကယ်ကိုယ်တိုင် သွားပို့ပေးရမှာပါ အာဏာပိုင်တွေနဲ့ သဘောတူညီမှု ရရှိထားပြီးပါပြီ" ဟု ရှေ့နေကြီး ဦးဥာဏ်ဝင်း မှဆိုပါတယ်     သတင်း။...။ဒီမိုဝေယံ...... 

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂမှ ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးဆု ပေးအပ်မည်။..။

နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂမှ ဒီမိုကရေစီ နဲ့ငြိမ်းချမ်းရေးဆု ပေးအပ်မှာ ဖြစ်ပါတယ်။ လက်ရှိ ဂျပန် လွှတ်တော် ဥက္ကဋ္ဌ လည်းဖြစ်ပြီး၊ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂ ရဲ့ ဥက္ကဋ္ဌ မစ္စတာ OSHIMA မှပေးအပ်မှာ ဖြစ်ပါတယ်။ဆုပေးအပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ " အနှစ်၂၀လုံးလုံး ဒီမိုကရေစီ နဲ့ငြိမ်းချမ်ရေး ကို စွန့်လွှတ်အနစ်နာခံပြီး ကြိုးစားဆောင်ရွက်တဲ. အတွက် ဖြစ်ကြောင်း၊ သင့်ရဲ့ကြိုးစားမှုဟာ သင်တစ်ယောက် တည်းမဟုတ်ကြောင်း သင်နဲ့ အတူငါတို့ အားလုံးရှိတယ် " ဆိုတာ ပြသလိုတဲ့ အတွက် ပေးအပ်ချင်း ဖြစ်ကြောင်း သိရှိရပါတယ်။ ဤဆုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက် နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးမှ ကိုယ်စား လက်ခံရယူမှာ ဖြစ်ပါတယ်...။ ယခုဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးဆု ဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂမှ ပေးအပ်တဲ့ ပထမဦးဆုံး ဂုဏ်ပြုတဲ့ဆုလည်းဖြစ်ပါတယ်။
သတင်း။...။ဦးသောင်းမြင့်ဦး အထွေထွေ အတွင်းရေးမှုး NLD(LA)JB

ဖတ်ကြည့်ချင်သေးလား....

မနက်ဖြန် မှာပြုလုပ်မဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံး အစီအစဉ်များ။....။

မနက်ဖြန် ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ပြင်ဆင် နေကြပါတယ် ။

အခမ်းအနား အစီစဉ် တွေကတော့ ........
၁...မနက် ၅း၃၀ မှာ သံဃာတော်များအား မွေးနေ့ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပါမယ်။
၂....၁၀နာရီမှာ ငြိမ်းချမ်းရေးကို ရည်စူးပြီး ငြိမ်းချမ်းရေး ဂျိးဖြူများ လွှတ်ပါမယ်။
၃... ဆုမဲ ကျပ်ငွေ ၂၀၀၀၀ ပါတဲ့ မွေးနေ့ မိုးပျံဗူဘောင်း များလွှတ်တင်ပြီး ကံထူးရှင်ဟာ အဖွဲ့ချုပ်ရုံးမှာ လာရောက် ထုတ်ယူနိုင်ပါတယ်။
၎...နေ့လည် ၁နာရီမှာ ရန်ကုန်တိုင်း NLD မိသားစုများရဲ. ပညာရေး ထောက်ပံကြေး ပေးအပ်ပွဲ ပြုလုပ်မှာဖြစ်ကြောင်း သတင်းရရှိပါတယ် ။.....။ သတင်း။.....ဒီမိုဝေယံ...

ဖတ်ကြည့်ချင်သေးလား....

Thursday, June 18, 2009

၁၇-၀၆-၂၀၀၉ နောက်ဆုံးရ သတင်းများ။....

ဒေါ်အောင်ဆန်းစုကြည် သက်သေ ၂ဦး အယူခံ ဗဟိုတရားရုံးမှ ပထမအဆင့်လက်ခံ

ဗဟိုတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် သက်သေ ၂ဦး ဖြစ်တဲ့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး နဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် တို့၏ သက်သေ အယူခံကို ဗဟိုတရားရုံးမှာ ယနေ့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများက ၄၅မိနစ်ကြာ လျှောက်လဲချက် ပေးခဲ့ပြီး နေ့လည် ၂နာရီ ၃၀မှာ အမှုကို လက်ခံကြောင်း အကြာင်းပြန် လာကြောင်း အမှုကို လက်ခံလိုက်တဲ့ အတွက် နောက်ရုံးချိန်းမှာ ၂ဘက်ရှေ့နေများ အပြန်အလှန် လျှောက်လဲချက်ပေးပြီး သက်သေ ၂ဦး အင်းစိန် တရားခွင်မှာ သက်သေထွက်ဆိုခွင့် ရမရသိရှိရမှာ ဖြစ်ပါတယ်။ နောက်ရုံးချိန်းကတော့ ရက်သတ်မှတ် မပေးဘဲ သောကြာနေ့တိုင်း ထုတ်ပြန်တဲ့ အမှုရက်ချိန်း Notice Board မှာ ပါမပါ ကြည့်ရမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်း ကပြောပါတယ်။

၈၈ မျိုးဆက်သစ် ကျောင်းသား ခေါင်းဆောင် ကိုလှမျိုးနောင် မျက်စိအခြေအနေ ဆိုးဝါး။

မြစ်ကြီးနားထောင်မှာ နှစ်ရှည် မတရား အကျဉ်းကျ ခံနေရတဲ့ ၈၈မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင် ယခင် မျက်လုံး တဖက်ကောင်းမွန်စွာ ဆေးကုသခွင့် မရတဲ့ အတွက်ကွယ်သွားခဲ့ ပြီး၊ ယခုတဖန် ကျန်သည့် တဖက်မှာလည်း ကွယ်လုနီး ဖြစ်နေတဲ့ အတွက် အမြန်ဆုံး ဆေးကုသရန် လိုအပ်ကြောင်း ယခုအထိ ကုသခွင့် မရသေးကြောင်း ကြားသိရပါတယ်။

စနေနေ့ညမှာ အဖမ်းခံရတဲ့ အဖွဲ့ချုပ် ရုံးအဖွဲ့ဝင် ကိုလေးဝင်း တနင်္လာနေ့ ကပြန်လည်လွတ်မြောက်လာ။

အဖွဲ့ချုပ် ရုံးအဖွဲ့ဝင် ကိုလေးဝင်း ကို အာဏာပိုင်များက စနေနေ့ည မှာလာရောက် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါတယ်။ ဗဟန်းမြို့နယ်မှ NLD လူငယ် ၃ဦး ကိစ္စစစ်ဆေး မေးမြန်းရန် လာရောက် ခေါ်ဆောင်သွားပြီး တနင်္လာနေ့မှာ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။ှ NLD လူငယ် ၃ဦး ကိုလေးဝင်း နေတဲ့ အဆောင်မှာ လာရောက် အိပ်ဖူးချင်း ရှိမရှိ စုံစမ်း မေးမြန်းချင်း ဖြစ်ကြောင်း ကြားသိရပါတယ်။ ဗဟန်းမြို့နယ်မှ NLD လူငယ် ၃ဦး ကတော့ ရဲစခန်း မှာ အစစ်ဆေး ခံနေရဆဲ ဖြစ်ပြီး မည်သည့် အကြောင်းကြောင့် ဖမ်းဆီးခံထားရမှန်း မသိရှိ ရသေးကြောင်း သိရှိရပါတယ်။….။ သတင်း။…။ဒီမိုဝေယံ……

ဖတ်ကြည့်ချင်သေးလား....

Wednesday, June 17, 2009

မနက်ဖြန် ၁၇ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် သက်သေ၂ ဦး အယူခံ အမှုလျှောက်လဲချက်ပေးရမည်။

မနက်ဖြန် မနက် ၁၀နာရီ ဗဟိုတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် သက်သေ ၂ဦး ဖြစ်တဲ့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး နဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် တို့၏ အယူခံ အမှုလျှောက်လဲချက် ပေးရမှာဖြစ်ကြောင်း၊ အမှုလက်ခံမခံကို ညနေ ၄နာရီ လောက်မှာ သိရမှာဖြစ်ကြောင်း ၊အမှုလက်ခံပါက သက်သေ ၂ယောက် အတွက် တရားခွင်မှာ လျှောက်လဲခွင့် ရဖို့ထပ်မံ တင်သွင်းရမှာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောပါတယ်။NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဥပဒေပညာရှင် ဒေါ်ခင်မို့မို့၏ လျှောက်လဲချက် ကိုတော့ ယခုလ ၂၆ ရက်နေ့မှာ အင်းစိန် တရားရုံးမှာ ကြားနာမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်အားလည်း ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေများမှ ပြုပြင်သိမ်းဆည်းတာတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း ကြားသိရပါသည်။
သတင်း။......။ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

Tuesday, June 16, 2009

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား....


ဗီဒီယို-SNDJapan

ဖတ်ကြည့်ချင်သေးလား....

မြောက်ကိုရီးယားနှင့် မြန်မာ လျှို့ဝှက်ဆက်ဆံရေး link
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းမှုတွေ အရှိန်မြင့်လာ link
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ရန် နိုင်ငံရေးအကျဉ်းသားဟောင်း (၁၀၀) ကျော် တောင်းဆို link

ဖတ်ကြည့်ချင်သေးလား....

အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် မှ အရှင်သောပါက၏ မြန်မာ့အရေး စလိုဗေးကီးယားခရီး။


အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် အရှင်သောပါက၏ ဇွန်လ ၁၅ရက်နေ့ မြန်မာ့အရေး စလိုဗားကီးယား ခရီးစဉ် အတွင်း စလိုဗားကီးယား ပြည်သူများ၊ကျောင်းသားများ ၊မီဒီယာများနှင့် တွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာနိုင်ငံရေး အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်း။....။ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

Birthday Message for Ms. Aung San Suu Kyi


Singer, songwriter, pianist Tomoe Sawa tells Burma's democracy leader Aung San Suu Kyi, "please do not give up hope, because you're the hope youself."

Mizuho Fukushima, MP (House of Councillors) and leader of the Social Democratic Party of Japan, calls for the release of Burma's democracy leader Daw Aung San Suu Kyi.


"64 For Suu"message from Azuma Konno, MP (House of Councillors, the Diet of Japan), calling on Nobel Prize laureates to speak out for the release of Burma's democracy leader Daw Aung San Suu Kyi.
"64 For Suu"message from Azuma Konno, MP (House of Councillors, the Diet of Japan), calling on Nobel Prize laureates to speak out for the release of Burma's democracy leader Daw Aung San ...

ロック歌手のサンプラザ中野くんから、アウンサンスーチーさんへの「64メッセージ」が届きました。「64キャンペーン」は、ビルマの民主化リーダーでノーベル平和 賞受賞者のアウンサンスーチーさんの64歳の誕生日(6月19日)に合わせ、動画や画像、文、Twitterなどを使ってスーチ ーさんの解放を求め、スーチーさんを応援する「64語のメッセージ」を送ろうという企画です。世界の政治、音楽、...

衆議院議員で「ミャンマーの民主化を支援する議員連盟」事務局長 の末松義規さんから、アウンサンスーチーさんへの「64メッセー ジ」 が届きました。 「64キャンペーン」は、ビルマの民主化リーダーでノーベル平和 賞受賞者のアウンサン スーチーさんの64歳の誕生日(6月19日)に合わせ、動画や画 像、文、Twitte rなどを使ってスーチーさんの解放を求め、スーチーさんを応援す る「64語のメッ...

ဖတ်ကြည့်ချင်သေးလား....

Monday, June 15, 2009

ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိ

Brief Bio Dassk

ဖတ်ကြည့်ချင်သေးလား....

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မြောက် မွေးနေ့ ဘာသာပေါင်းစုံဆုတောင်းပွဲနှင့်ဇီဝိတဒါနငါး လွှတ်ပွဲ


2009年6月19日に64歳になるノーベル平和賞受賞者民民主連盟(NLD)書記長アウンサンスーチー氏ビルマの民主主義を確立するためアウンサンスーチー氏とティンウー氏と政治囚を無条件に即座に釈放のために彼女の誕生日会を2009年6月14日(日曜日)に国民民主連盟(解放地域)日本支部が
主催で南大塚ホールで執り行われた。一方民主化活動団体である(LDB)が主催で誕生日会を2009年6月14日(日曜日)に静岡県の富士仏舎利塔平和公園で
執り行われた。
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်(၆၄)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး
နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဘာသာပေါင်းစုံဆုတောင်းပွဲအား L.D.B မှဦးဆောင်၍ (JAPAN-SHIZUOKA)ရှိ
(GORTANBA)ငြိမ်းချမ်းရေးစေတီတွင် တိုကျို၊နာဂိုယာရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ လွတ်မြောက်ရေးဆုတောင်းပွဲအားကျင်းပခဲ့ကြပါသည်။ ။
ဓာတ်ပုံ-ကိုထွဏ်းမြင့်

ဖတ်ကြည့်ချင်သေးလား....

Sunday, June 14, 2009

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်(၆၄)နှစ်ပြည့် မွေးနေ့ဓာတ်ပုံ မှတ်တမ်း။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဦးစီးကျင်းပသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ မီနမိ အိုးစုက ခမ်းမ၌ ယနေ့ညနေ ၆နာရီခွဲမှစ၍ ည ၉နာရီကျော် အထိကျင်းပ ပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေငြာပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံအား အလေးပြုခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အလံအား အလေးပြုခြင်း ၊ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်များအား အလေးပြုခြင်း၊ဒီမိုကရေစီ အရေးတော်ပုံတွင် ကျဆုံးသွားသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းအား အလေးပြုခြင်းများ ပြုလုပ်ကျပါသည်။ထို့နောက် အမျိုးသားဒီမိုကရေစီ လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ အဖွဲ့ဝင်များက သစ္စာဝါဒီ သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြပါသည်။ထိုနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲ ဥက္ကဋ္ဌ ဦးသန့်ဇင်ဦး မှအဖွင့် အမှာစကား ပြောကြားပါသည်။မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂမှ အထွေထွေ အတွင်းရေးမှုး မစ္စတာ Yoshinori Suematsu မှအမှာစကား ပြောကြားရာမှာ မိမိတို့ လွှတ်တော်အမတ်များအား
မြန်မာစစ်အစိုးရက ဗီဇာငြင်းပယ်ထားခြင်းကိုဝေဖန် ပြောဆိုသွားပြီး ဒေါ်အောင်ဆန်းစုကြည် နှင်မတရားအကျဉ်းခံ နိုင်ငံရေးသမားများအား ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ထို့နောက် မြန်မာပြည်တွင်းမှာ ရှိကျတဲ့ ၇ရက် သားသမီးများ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့်ပြည့်စုံစေပြီး အာဏာရှင် လက်အောက်မှ အမြန် လွတ်မြောက်စေရန် ၇ည်ရွယ်ပြီး ငှက် ၇နှစ်ကောင်ကို မြန်မာလူမျိုးများ၊ဂျပန်လူမျိုးများ ဂျပန်လွှတ်တော်အမတ်များ နှင့်အတူဆုတောင်း လွှတ်ကြပါသည်။ထို့နောက် လွှတ်တော် အမတ်တဦးဖြစ်သည့် မစ္စတာ Azuma Konno ၏ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့သဝဏ်လွှာကို NLD(LA)JB မှလူမှုရေးရာမှုး ဒေါ်ကေသီသိန်းမှ ဖတ်ကြားပါသည်။ဂျပန် အလုပ်မား အဖွဲချုပ် (RENGO)မှ ညွန်ကြားရေးမှုး မစ္စတာMasayuki Shiota၊ တိုကျို မြူနီစီပယ် တိုင်းလွှတ်တော် အမတ်ဟောင်း မစ္စတာ Wada Munehara ၊ဗမာ့ရေးရာ ပြည်သူ့အဖွဲ့ (PFB) မှ မစ္စတာ Hisao Tanabe(ဦးရွှေဘ)၊မြန်မာ အမျိုးသမီး သမဂ္ဂ မှ တာဝန်ခံ ဒေါ်ချိုချိုအေး တို့မှ အမှာစကား ပြောကြားကြပါသည် ။ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိအား NLD(LA)JB အမျိုးသမီးရေးရာမှုး ဒေါ်ခင်ခင်စိုး မှ၎င်း အာဟာရစာစောင်မှ ကိုသက်လင်းမှ ကဗျာဖြင့် ဂုဏ်ပြုကြပါသည်။ထို့နောက် ဒေါ်အောင်ဆန်းစုကြည် ၏နိုင်ငံရေး လှုပ်ရှားမှုအား ဆလိုက်ထိုးပြသပါသည်။ NLD(LA)JB ဥက္ကဋ္ဌ ဦးသန်ဇင်ဦးမှ နိဂုံးချုပ် အမှာစကား ပြောကြားပါသည်။မိုးသောက်ကြယ် အဖွဲ့သားများဦးစီး ၍ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် PAUL MCCARTNEY ရေးသားသည့် FREEDOM သီးချင်းဖြင့် သီဆိုပြီး အခမ်းအနားကို ၉နာရီ၁၀မိနစ် အချိန်၌ ကြွေးကြော်သံများ ကြွေးကြော်ပြီး အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ယနေ့အခမ်းအနား သို. မြန်မာလူမျိုးများ၊ဂျပန်လူမျိုးများ စုစုပေါင်း ၈၀၀ ခန့် ခမ်းမ အပြည့်အလျှံလာရောက် ကျပါသည်။

သတင်း။ ။ဦးလင်းအောင် ဒုဥက္ကဋ္ဌ ၂ NLD(LA)JB
ဒီမိုဝေယံ
ဦးစိုးအောင်ဝင်း ပြန်ကြားရေးNLD(LA)JB
ဓါတ်ပုံ-demowaiyen

ဓာတ်ပုံ-ကိုထွဏ်းမြင့်

ဖတ်ကြည့်ချင်သေးလား....

AAPPဂျပန်ဋ္ဌာနခွဲမှဦးစီး၍ဂျပန်လွှတ်တော် အမတ်များနှင့်ပူးတွဲ၍သတင်းစာရှင်းလင်းပွဲvideo (3)

ဖတ်ကြည့်ချင်သေးလား....

AAPPဂျပန်ဋ္ဌာနခွဲမှဦးစီး၍ဂျပန်လွှတ်တော် အမတ်များနှင့်ပူးတွဲ၍သတင်းစာရှင်းလင်းပွဲvideo (2)

ဖတ်ကြည့်ချင်သေးလား....

AAPPဂျပန်ဋ္ဌာနခွဲမှဦးစီး၍ဂျပန်လွှတ်တော် အမတ်များနှင့်ပူးတွဲ၍သတင်းစာရှင်းလင်းပွဲvideo


ဗီဒီယို-ကိုဆန်နီ

ဖတ်ကြည့်ချင်သေးလား....

Voice of Burma (June 14 Issue)

VOB714KK

ဖတ်ကြည့်ချင်သေးလား....

Saturday, June 13, 2009

၂၁ရာစု ကျောက်ခေတ်ဂူအောင်း ဗိုလ်ချုပ်ကြီးများ။

Tunnels Tunnels tw23tinwin

ဖတ်ကြည့်ချင်သေးလား....

Friday, June 12, 2009


ဘက်ခမ်းလည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တောင်းဆို link
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဖိအားပေးခံနေရ link
ဒေါ်အောင်ဆန်းစုကြည်အမှု သက်သေနှစ်ဦးအတွက် ရုံးချိန်းရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်း link
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကုလအတွင်းရေးမှူးချုပ် ဦးစားပေးလုပ်မည် link

ဖတ်ကြည့်ချင်သေးလား....

Thursday, June 11, 2009

ဒေါ်အောင်ဆန်းစုကြည် ၏ရှေ့နေ ဦးလှမျိုးမြင့် ဇနီးတရားမဲ့စွာ အလုပ်ထုတ်ခံရချင်း။......။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုလိုက် ရှေ့နေကြီး တစ်ဦးဖြစ်သူ ဦးလှမျိုးမြင့်၏ ဇနီးဖြစ်သူ
ဗဟိုသမဝါယမ အကြီးတန်း မာန်နေဂျာ ဒေါ်ခင်ခင်အေး မနေ့က အလုပ်မှ ရပ်စဲချင်း ခံရကြောင်း
သိရှိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ဦးလှမျိုးမြင့် လိုက်ပါဆောင်ရွက်ခွင့် ရသည့်နေ့မှ
စ၍ ဒေါ်ခင်ခင်အေးအား သက်ဆိုင်ရာမှ စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့ပြီး မနေ့က အလုပ်မှ ရပ်စဲခဲ့ကြောင်း
ထိုမတရားမှုအား ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့သိရှိသွားခဲ့ပါတယ်။ဦးလှမျိုးုမြင့် မှမိမိအတွက် အရေး
မကြီးကြောင်းပြောဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည် မှ တရားဥပဒေစိုးမိုးမှု မရှိတာကိုသိအောင်
ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရှိရပါသည်။.......။

သတင်း။....။ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

အမျိုးသားရင်ကြားစေ့ရေးနှင့် ရွေးကောက်ပွဲကို မထိခိုက်စေလိုဟု စင်္ကာပူဝန်ကြီးချုပ်ဟောင်း ပြော link

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည် နှင့်ရှေ့နေများတွေ့ခွင့်ရ။

ယနေ့ နေ့လည် ၂နာရီခွဲ မှ ညနေ၄နာရီ အထိ ဒေါ်အောင်ဆန်းစုကြည်၊ဒေါ်ခင်ခင်ဝင်း၊ဒေါ်ဝင်းမမ
တို့အား ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ၄ဦးနှင့် တွေ့ဆုံခွင့် ရရှိခဲ့ကြောင်း
NLD ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီး ဦးဥာဏ်ဝင်း မှပြောပါသည်။
အဓိက အရေးကြီးဆုံး သက်သေ ၃ယောက် ကိစ္စအားဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှ ဥပဒေအရ
လိုအပ်သလို ပြဿနာကို လမိးဆုံးထိ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ဖတ်ကြည့်ချင်သေးလား....

AAPPဂျပန်ဋ္ဌာနခွဲမှဦးစီး၍ဂျပန်လွှတ်တော် အမတ်များနှင့်ပူးတွဲ၍သတင်းစာရှင်းလင်းပွဲပြုလုပ်။


ယနေ့ မြန်မာနိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကြီးမှုးကျင်းပသော ဒေါ်အောင်ဆန်းစုကြည်
နှင့်အဖမ်းဆီးခံ နိုင်ငံရေး သမားများ၊သတင်းသမားများ အမြန် လွတ်မြောက်ရေး ဓာတ်ပုံပြပွဲ နှင့်
သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ နေ့လည် ၁နာရီခန့်က ဂျပန်လွှတ်တော် အဆောက်အဦး
အမှတ် ၂ ၌ကျင်းပပြုလုပ်ရာ မြန်မာ့ အရေးဆောင်ရွက်နေသော ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂမှလွှတ်တော်
အမတ်များ၊သတင်းဋ္ဌာန အသီးသီးမှ သတင်းသမားများ၊အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၊မြန်မာ့အရေးစိတ်ပါဝင်စားသူများတက်ရောက်ကြပါသည်။မြန်မာနိုင်ငံ၏ ပကတိအခြေအနေကိုဂျပန်နိုင်ငံသားများ၊လွှတ်တော်အမတ်များနှင့်
သတင်းသမားများပိုမိုသိရှိနားလည်စေရန်ရှင်းလင်းပြောကြားခဲ့ပါသည်။
ဂျပန်လွှတ်တော်အမတ် မစ္စတာ YOSHINORI SUEMATSU နှင့်မစ္စတာ AZUMA KONNO တို့ကလည်းမြန်မာ့ဒီမိုကရေစီရရှိရေးဖက်မှထောက်ခံပြောကြားခဲ့ကြပါသည်။နော်ဝေအခြေစိုက်မြန်မာသတင်းသမဂ္ဂမှဂျပန်ဌာနေကိုယ်စားလှယ်ကိုသက်လင်း၊ဖမ်းဆီးခံနာဂစ်သတင်းထောက်ကိုကျော်ကျော်သန့်၏
ညီမမဇင်မာသန့်တို့ကလည်း လက်ရှိအခြေအနေများကိုရှင်းလင်းပြောကြားခဲ့ကြပါသည်။ဆက်လက်၍ AAPP ဂျပန်ဋ္ဌာနခွဲ တာဝန်ခံ ကိုဖုန်းမြင့်ထွန်းမှသတင်းစာဆရာမျာ၏မေးခွန်းများကိုရှင်းလင်းဖြေကြားခဲ့ပါသည်။ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးဆန္ဒပြု လူ၁၄၈၉၀ယောက်၏ လက်မှတ်ပါသောစာရွက်စာတမ်းများကို၊ကိုဖုန်းမြင့်ထွန်းမှ လွှတ်တော်အမတ် YOSHI NORI SUE MATSU ထံပေးအပ်ခဲ့ရာနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ပို့ပေးမည်ဟုပြောကြားခဲ့ပါသည်။
ကိုဖုန်းမြင့်ထွန်းကိုယ်တိုင်ြမန်မာနိုင်ငံတွင်ထောင်အတွင်းအနှိပ်စက်ခံခဲ့ ရပုံများကို
(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဂျပန်ဋ္ဌာနခွဲမှ)ကိုမြတ်သူမှလက်တွေ့သရုပ်ပြပေးခဲ့ပါသည်။သတင်းစာရှင်းလင်းပွဲနေ့လည်၂နာရီတွင်ပြီးဆုံးခဲ့ပြီးနောက်နာဂစ်မုန်တိုင်းနှင့်မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု့ဆိုင်ရာဓါတ်ပုံများပြပွဲကိုညနေ၆နာရီထိပြသခဲ့ပါသည်။ဤပွဲသို့မြန်မာ့အရေး
စိတ်ဝင်စားသူ ဂျပန်လူမျိုးများအပါအဝင် လူ၄၀ကျော် တက်ရောက်ခဲ့ကြောင်းသိရပါသည်။
သတင်း......စိုးအောင်ဝင်း (NLD)LA JB ဓာတ်ပုံ-ကိုထွဏ်းမြင့်

ဖတ်ကြည့်ချင်သေးလား....

Tuesday, June 9, 2009

တုန်လှုပ်စရာကောင်းတဲ့ သတင်းတပုဒ် (ပေးစာ) link


ဖတ်ကြည့်ချင်သေးလား....

Monday, June 8, 2009

ဒေါ်အောင်ဆန်းစုကြည် (၆၄)နှစ်ပြည့်  မွေးနေ့ ပွဲ အထိမ်းအမှတ် အခမ်းအနား ဖိတ်ကြားလွှာ။....။

DAW SUU 64

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စစ်သံရုံးရှေ့ တဦးချင်းဆန္ဒပြပွဲ ( ကိုရီးယား )

ဖတ်ကြည့်ချင်သေးလား....

Sunday, June 7, 2009

စစ်အစိုးရ၏ ထိုးစစ်ကြောင့် စစ်ဘေးဒုက္ခသည် ၄၀၀၀ ခန့် ထွက်ပြေးလာဟု KNU က ပြော link
မြန်မာစစ်အစိုးရကို အရေးယူကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ညီလာခံ ဆုံးဖြတlink
နိုင်ငံတကာစိုးရိမ်မှုကို မြန်မာစစ်အစိုးရ နားထောင်သင့်ကြောင်း ဂျပန်အစိုးရ ပြောဆို link
ဒေါ်အောင်ဆန်စုကြည်ဓာတ်ပုံ ဖြန့်ဝေရေးလှုပ်ရှားမှုများ link
ဒေါ်အောင်ဆန်းစုကြည် သိက္ခာကျစေမယ့် ပုံတွေ ဖြန့်နေ link

ဖတ်ကြည့်ချင်သေးလား....

မွေးနေ့ကတိ အမေသိစေ။.....။

ရမက်တွေထုံနေတဲ့ ခုံပေါ်မှာ
ဖင်ကြွဖို့ကိုတောင် ရင်လေးနေရတဲ့ ဘဝ
သာပါစ မာပါစ လို့ မေးရမှာတောင်ရွံရှာမိရ..။

မကြည့်ပဲ မြင်နေရတဲ့ မျက်စေ့ကိုဖောက်ထုတ်
ကိုယ်တိုင်သာ စုံလုံးကန်းချင်မိပေါ့...။

နားမထောင်ပဲ အတင်းဝင်လာတဲ့အသံ
ကြားရတဲ့ ကိုယ့်နားကိုတောင် စက်ဆုပ်ရပြန်ရဲ့...။
မရှုရက်ပါပဲ နှာခေါင်းဝမှာ တိုးတိုးလာတဲ့
သမိုင်းဟောင်းက သွေးစက်တို့ရဲ့ ရနံ့မှာ
မျက်ရည်ဝဲကာ ဦးညွှတ်မိရဲ့..။


ယုံကြည်ချက်တစ်ခုကိုပိုက်ရင်း
ဓါးအမိုးမှာ လည်စင်းပေးခဲ့တဲ့
သူရဲကောင်းတို့ရဲ့ သွေးတွေနဲ့
အနီရောင်အလံကို ပိုတောက်စေမယ် အမေ...။

ဖုတ်လိုက် ဖုတ်လိုက်နဲ့
အသက်မထွက်ခင် နင်နေတဲ့
အာဏာရူးတို့ အစွယ်ကိုချိုးဖို့
ကျွန်မတို့အလံကို ပိုမြင့်အာင်မြှင့်မယ် အမေ...။

ဆာလောင်ငြီးတွားရင်း
ကယ်သူကိုမျှော် ငိုကျွေးနေတဲ့
အနာဂါတ်မဲ့ ကလေးတွေအတွက်
ကျွန်မတို့ချွေးနဲ့ အလံကိုလွှင့် လေမှာဝင့်လို့
ဗမာ့မြေတဝှမ်း ခွပ်ဒေါင်းသံညံဖို့
အမေ့မွေးနေ့မှာ ကတိထပ်ပြုတယ် အမေ...။

လင်းလင်းလတ်(တိုကျို)

ဖတ်ကြည့်ချင်သေးလား....

June 4, 1989 Tiananmen Square protest have never forgot


Parents and student activists who witnessed and participated in June 4, 1989 Tiananmen Square protest have never forgot the brutal crackdown of the Chinese Communist government. Twenty years later, what do new generation in China think of the infamous Tiananmen uprising? Ma Su Myat Mon (VOA Burmese) presents the story.

ဖတ်ကြည့်ချင်သေးလား....

-နစက တပ်ဖွဲ့များ၏ ကျူးကျော်ဝင်ရောက်ပစ်ခတ်မူကြောင့် ဘင်္ဂလီငါးဖမ်းသမား (၁၁) ဦး ဒဏ်ရာရ link
- စစ်တွေတွင် လေယာဉ်ပြေးလမ်းချော်သွား၍ လေယဉ်မှူးနှင့် ခရီးသည်အမျိုးသမီးငယ်တဦး ဒဏ်ရာရ link
- လက်နက်ကိုင် အစိုးရ၀န်ထမ်းများကို ပေါကြွယ်စရိတ်အဖြစ် လစာတိုးပေး link
- ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုပ်ရှားမှုအသစ်များ စတင်ပြုလုပ် link

ဖတ်ကြည့်ချင်သေးလား....

Thursday, June 4, 2009

Statement by NLD Youths

ဖတ်ကြည့်ချင်သေးလား....

FDB-E Bulletin 5 2009

E Bulletin 5 2009

ဖတ်ကြည့်ချင်သေးလား....

Wednesday, June 3, 2009

FDB Media Release June 2 09_2

FDB Media Release June 2 09_2

ဖတ်ကြည့်ချင်သေးလား....

စစ်အုပ်စုဘက်က စုံစမ်းစစ်ဆေးရေးနှင့် လုံခြုံရေးများ အရှိန်မြှင့် ပြင်ဆင်နေ link
- နိုင်ငံတကာစိုးရိမ်မှုပပျောက်ရေး မြန်မာဝန်ကြီးချုပ်ကို တောင်ကိုရီးယားသမ္မတ တိုက်တွန်း link
- ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလျှင် ရွေးကောက်ပွဲပျက်နိုင်ဟု ဦးဝင်းတင်ပြော link
- စစ်အစိုးရတရားစီရင်ရေး မျှတမှုမရှိဟု ရှေ့နေများဝေဖန် link
- မြန်မာနိုင်ငံနှင့် အချင်းမများရန် ထိုင်းဗိုလ်ချုပ်ဟောင်း သတိပေး link
- သက်သေပယ်ချခံကိစ္စ ဒေါ်အောင်ဆန်းစုကြည် အကျိုးဆောင်ရှေ့နေတွေ တိုင်းတရားရုံး ပြင်ဆင်မှုဖွင့် link
- John Yettaw ရဲ့ ဘဝတစိတ်တပိုင်း link
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးကို လွှတ်ပေးရန် တောင်းဆို link


ဖတ်ကြည့်ချင်သေးလား....

Tuesday, June 2, 2009

ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်စေရေးအတွက် ချီတက်ဆန္ဒပြပွဲဂျပန်နိုင်ငံ(နာဂိုယာမြို့)တွင် ကျင်းပ


ဂျပန်နိုင်ငံနာဂိုယာမြို့ ရှိမြန်မာ့ဒီမိုကရေစီအင်အားစုများ NLD(LA)JBနာဂိုယာစည်းရုံးရေးဒေသနှင့် LDP မှဦးစီး၍ နေအိမ် အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျယ်ချုပ်ဖောက်
ဖျက်မှုဖြင့်ရုံးတင်တရားစွဲဆိုသည့်အပေါ်ဆန့်ကျင်သည့်အနေဖြင့်လည်းကောင်း၊အမြန်ဆုံးလွတ်မြောက်စေ
ရေးအတွက် ဂျပန်အစိုးရမှ ထိရောက်သည့်ဖိအားပေးဆောင်ရွက်မှုများ အမြန်ဆုံးအကောင်အထည်ဖော်
ဆောင်ရွက်ပေးရန် ၃၁.မေ.၂၀၀၉ ရက်နေ့၊ နေ့ လည် ၁၂း၀၀ တွင် ဂျပန်နိုင်ငံ (နာဂိုယာမြို့ ) SAKAE - ပန်းခြံ -(Chanel One TV station ဘေး)မှ စတင်ကာ နာဂိုယာမြို့တွင်း၌ လှည့်လည်ချီတက်ဆန္ဒပြခဲ့ရာ ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ မြန်မာအရေးစိတ်ဝင်စားသောဂျပန်များ၊ဂျပန်NGOအဖွဲ့အစည်းများ အယောက် ၇၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
သတင်း-NLD(LA)JB လူငယ်ဌာန/ ဓါတ်ပုံ-ကိုပွား

ဖတ်ကြည့်ချင်သေးလား....

A Brief Background of John Yettaw

ဖတ်ကြည့်ချင်သေးလား....

ဒလမြို့နယ်ရှိ ဓနုတ်စေတီကြီး ပြိုကျ၊ လူ (၅၀) ကျော် ဒဏ်ရာရ၊ မြေပိသေဆုံးသူများကို ရှာနေဆဲ

ဗိုလ်ချုပ်မှူးကြီးမိသားစု ကိုးကွယ်ပြုပြင်ထားသည့် စေတီပြို၍ ထိခိုက်သေဆုံးကြရ ဖတ်ရန်
- ဓနုတ်စေတီ သတင်းအမှောင်ချ၊ နိမိတ်ဆိုးဟု သုံးသပ် ဖတ်ရန်
- ဒလမြို့နယ်ရှိ ဓနုတ်စေတီကြီး ပြိုကျ၊ လူ (၅၀) ကျော် ဒဏ်ရာရ၊ မြေပိသေဆုံးသူများကို ရှာနေဆဲ ဖတ်ရန်

ဖတ်ကြည့်ချင်သေးလား....

Statement by the President Barack Obama on Aung San Suu Kyis detention


Statement by the President Barack Obama on Aung San Suu Kyis detention; UNSC press statement on Burma; Supporters outside Insein prison; Continous protests around the world; and responses from the leaders of the 9th ASEM Foreign Ministers' Meeting.

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */