ဂျပန်နိုင်ငံနာဂိုယာမြို့ ရှိမြန်မာ့ဒီမိုကရေစီအင်အားစုများ NLD(LA)JBနာဂိုယာစည်းရုံးရေးဒေသနှင့် LDP မှဦးစီး၍ နေအိမ် အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့်ရုံးတင်တရားစွဲဆိုသည့်အပေါ်ဆန့်ကျင်သည့်အနေဖြင့်လည်းကောင်း၊အမြန်ဆုံးလွတ်မြောက်စေရေးအတွက် ဂျပန်အစိုးရမှ ထိရောက်သည့်ဖိအားပေးဆောင်ရွက်မှုများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ၃၁.မေ.၂၀၀၉ ရက်နေ့၊ နေ့ လည် ၁၂း၀၀ တွင် ဂျပန်နိုင်ငံ (နာဂိုယာမြို့ ) SAKAE - ပန်းခြံ -(Chanel One TV station ဘေး)မှ စတင်ကာ နာဂိုယာမြို့တွင်း၌ လှည့်လည်ချီတက်ဆန္ဒပြခဲ့ရာ ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ မြန်မာအရေးစိတ်ဝင်စားသောဂျပန်များ၊ဂျပန်NGOအဖွဲ့အစည်းများ အယောက် ၇၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။သတင်း-NLD(LA)JB လူငယ်ဌာန/ ဓါတ်ပုံ-ကိုပွား
Post a Comment
No comments:
Post a Comment