Sunday, August 30, 2009

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊(၇၅)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကျင်းပ။..။


၃၀-၈-၂၀၀၉
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၃လ၊(၇၅)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၃၀ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။


ဓါတ်ပုံ။ဗွီဒီယို။ ။ကိုပွား သတင်း။ ။ NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန

ဖတ်ကြည့်ချင်သေးလား....

Saturday, August 29, 2009

အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လူကြီးများ နှင့်အမေရိကန် ကွန်ကရက်ရဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ။...။


ယနေ့ ညနေ၄နာရီမှ ၅နာရီ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ အဖွဲ့ချုပ်CEC အဖွဲ့ဝင်လူကြီးများနဲ့ အမေရိကန်ကွန်ကရက်မှ ဝန်ထမ်းများ ၁နာရီခန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ အဖွဲ့ချုပ်ရုံးမှာ CEC အဖွဲ့ဝင် လေးဦး၊ပြန်ကြားရေးအဖွဲ့ဝင် အန်ကယ်အပါအဝင်နှစ်ဦး၊ ရုံးအဖွဲ့ဝင် တစ်ဦး တို့နဲ့ အမေရိကန်ကွန်ကရက် အမျိုးသားတဦး၊ အမျိုးသမီးနှစ်ဦး၊ ဒီကဋ္ဌာနေ နှစ်ဦးပေါင်းငါးဦး ၁နာရီလောက် တွေ့ဆုံခဲ့ပါတယ်။ အဓိကကတော့ သူတို့က မေးခွန်းတွေ အချက်အလက်တွေ လာရောက်မေးမြန်းတာပါ။

ပထမဦးဆုံး မေးတာကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ၂၀၀၀ကျော်ရှိတယ်လို့ သိရပါတယ်တဲ့။
အကျဉ်းထောင်ထဲက နိုင်ငံရေးသမားတွေရဲ့ နေထိုင်ရတဲ့အခြေနေတွေ သိချင်ပါတယ်လို့ မေးပါတယ်။ အဲ့ဒီ့မေးခွန်းကိုတော့ ဦးခင်မောင်ဆွေနဲ့ ဦးအုန်းကြိုင်တို့က ထောင်တွင်း အစားအသောက်၊ ကျန်းမာရေး လွတ်လပ်ခွင့် စတဲ့အခြေအနေတွေကို ရှင်လင်းပြောပြပါတယ်။

ဒုတိယ မေးခွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ အခြေအနေကို မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေထိုင်ရတဲ့ အခြေအနေ၊ ထိန်းသိမ်းထားတဲ့ ဥပဒေကို အန်ကယ်က ရှင်းပြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခုလိုနေအိမ် အကျယ်ချုပ်နေရတာ ဥပဒေအရ ထိန်းသိမ်းခံရတာ မဟုတ်ဘူး အမိန့်အာဏာအရ ထိန်းသိမ်းခံရတာ ဖြစ်ကြောင်း အန်ကယ် သေသေချာချာ ရှင်းပြတော့ သူတို့တော်တော် အံ့သြကြပါတယ်။

နောက်တခုက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ သဘောထားကို မေးပါတယ်။ လက်ရှိအခု နယ်စပ်ကတိုင်းရင်းသားတွေနဲ့ ပြဿနာဖြစ်နေတဲ့ကိစ္စ၊ ဒီရက်အတွင်းမှာ တချို့အဖွဲ့ အစည်းတွေက ရွေးကောက်ပွဲဥပဒေလည်းမရှိသေး၊ ပါတီဖွဲ့ဖို့ ကော်မရှင်ဖွဲ့ဖို့ ဥပဒေလည်း မထွက်သေးပဲနဲ့ ဆိုင်းဘုတ်တွေတင်နေတာကို အစိုးရက ဘာကြောင့်ခွင့်ပြုထား တယ်ဆိုတာ စဉ်းစားစရာတွေ ဖြစ်နေတဲ့ အကြောင်းတွေ ရှင်းပြပါတယ်။ ဒီလိုအခြေအနေတွေမှာ NLD အနေနဲ့ Yes Or No ပြောလို့မရသေးကြောင်း ဆရာဦးညွန့်ဝေက ဖြေကြားခဲ့ပါတယ်။

နောက်တချက်က လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေပေးဖို့ အချက်အလက်တွေ စုဆောင်းနေတာဖြစ်ပါတယ်။ နောက် Sanction နဲ့ပတ်သတ်တဲ့ သဘောထားကို မေးပါတယ်။ အဲ့ဒါကို NLD ရဲ့ရှိပြီးသားပေါ်လစီ ဖြစ်တဲ့ ရိုးသားပွင့်လင်းရမယ်၊ တာဝန်ယူမှုရှိရမယ် စတာတွေကို ရှင်းပြပါတယ်။

အမေရိကန် အစိုးရရဲ့မူဝါဒ အပြောင်းအလဲရှိမရှိ အန်ကယ်တို့က မေးပါတယ်။ သူတို့က အမေရိကန် အစိုးရနဲ့မသက်ဆိုင်ဘူး ကွန်ကရက်နဲ့တာ သက်ဆိုင်တယ်လို့ပြောပါတယ်။ မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံခြာရေး မူဝါဒ ပြောင်းလဲရေးအတွက် OBAMA အစိုးရက အလေးအနက်ထားတဲ့ အကြောင်း ဒါပေမယ့် အချိန်တို အတွင်းမှာတော့ ခပ်မြန်မြန် ပြောင်းလဲတဲ့မူဝါဒချစရာ မရှိသေးဘူးလို့ ပြောပါတယ်။

အဓိကကတော့ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေပေးဖို့ မြန်မာနိုင်ငံရေး အချက်အလက်တွေ စုဆောင်းနေတာဖြစ်တယ်လို့ အန်ကယ်မြင်ပါတယ်။

မစ္စတာဂျင်မ်ဝက်ဘ် ကိစ္စနဲ့ပတ်သတ်ပြီး မစ္စတာဂျင်မ်ဝက်ဘ်ဟာ အိုဘားမားအစိုးရရဲ့ ကိုယ်စားလှယ် မဟုတ်ကြောင်း၊ အစိုးရရဲ့တာဝန်ခံ ပြောနေတာမဟုတ်ကြောင်း အဲ့ဒီလိုပုံစံမျိုးပြောပါတယ်။

ဒီကနေ့တွေ့ဆုံပွဲသို့ NLD CEC မှ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးစိုးမြင့်၊ ဦးခင်မောင်ဆွေ၊ ပြန်ကြားရေးမှ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင် နဲ့ ရုံးအဖွဲ့မှ ဦးလှမင်းတို့ တက်ရောက်ခဲ့ပြီး အမေရိကန်ဘက်မှ ဒီမိုကရက်တစ် ကိုယ်စားလှယ် ၂ဦး၊ ရီပါပလေကန် ၁ဦးနဲ့ ဋ္ဌာနေကိုယ်စာလှယ် ၂ဦး တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။
ဆက်သွယ်မေးမြန်းချက်......ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

Tuesday, August 25, 2009

ဂျပန်နိုင်ငံခြားရေးရုံးရှေ့ ကြံ့ဖွတ်အတွင်းရေးမှုးဋ္ဌေးဦးအား ဖိတ်ခေါ်မှု ကန့်ကွက် ဆန္ဒပြပွဲ။....။



ဓာတ်ပုံ ဦးသန်းဝင်း။
ဗီဒီယို ကိုပွား။

ဖတ်ကြည့်ချင်သေးလား....

Sunday, August 23, 2009

ဂျပန်နိုင်ငံ တိုကျိုမြို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲ အခမ်းအနား ဓာတ်ပုံ မှတ်တမ်း



ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ချီတက်ဆန္ဒပြပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့၌ ယနေ့ ကျင်းပ ပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ မြန်မာနိုင်ငံသားများ၊ ဂျပန်နိုင်နိုင်ငံသားများ စုစုပေါင်း အင်အား ၅၀၀ ကျော်ခန့် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ မည်သည့်ပြစ်မှုမှ ကျူးလွန်ခြင်းမရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား နအဖစစ် အာဏာပိုင်တို့က မတရား အမှုဆင်ဖမ်းကာ ရာဇဝတ်သားအဖြစ် ပြစ်ဒဏ်ပေးခြင်းကို နိုင်ငံတကာ ဂျပန်ပြည်သူများနှင့် နိုင်ငံတကာပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါသည်။

ချီတက်ဆန္ဒပြပွဲကို နေ့လည် ၂း၃၀ ၌် Ebisu ပန်းခြံမှ စတင်ကျင်းပပါသည်။ နိုင်ငံတော်အလံအား အလေးပြုချင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲ အတွင်းကျဆုံးသွားကျသော အာဇာနည် သူရဲကောင်းများအား မိမိတို့ကိုးကွယ်ရာ ဘာသာအလိုက် ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများမှ အမှာစကားပြောကြားခြင်းများ ပြုလုပ်ပြီး နေ့လည် ၃နာရီ၌ ချီတက်ဆန္ဒပြခဲ့ကြပါသည်။ ချီတက်ဆန္ဒပြရာ လမ်းတလျှောက်ရှိ ဂျပန်ပြည်သူများနှင့် နိုင်ငံခြားသားများအား ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သတ်သည့် လက်ကမ်းကြော်ငြာများအား ဝေငှခဲ့ပြီး ညနေ၅နာရီခန့်၌ ချီတက်ဆန္ဒပြပွဲ ဂိတ်ဆုံး Sendagaya ပန်းခြံတွင် ကြွေးကြော်သံများတိုင်ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။...။
video link2
Video link3
ဗွီဒီယို၊ဓာတ်ပုံ။...။ကိုပွား၊
သတင်း။...။ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

၂၃-၈-၂ဝဝ၉ (တနင်္ဂနွေနေ့)တွင် ကျင်းပမည့် “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြမည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲ နှင့်ပတ်သက်၍ အောက်ပါအကြောင်းအရာများကို လေးစားစွာ အသိပေးအပ်ပါသည်။
1. စုရပ်အဖြစ် Ebisu ပန်းခြံအား နေ့လည် (၁)နာရီမှ (၃)နာရီထိ အသုံးပြုခွင့် ရရှိခဲ့ပါသည်။
2. ချီတက်ဆန္ဒပြပွဲနေ့တွင် ပါဝင်ဆင်နွှဲမည့်သူများအား မွန်းလွဲ (၁)မှ စတင်စုရုံးပါမည်။ မွန်းလွဲ (၁)နာရီခွဲ တွင် အခမ်းအနား စတင်လျက် မွန်းလွဲ (၂)နာရီခွဲတွင် စတင်ချီတက်ဆန္ဒပြပါမည်။
3. ချီတက်ဆန္ဒပြပွဲ ဂိတ်ဆုံး ပန်းခြံမှာ Sendagaya ဖြစ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆရာဝန်ဒေါက်တာတင်မျိုးဝင်းအစား တခြားဆရာဝန်အစားထိုး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကိုပုံမှန် စစ်ဆေးပေးနေကျ ဆရာဝန်ဒေါက်တာတင်မျိုးဝင်း အစား တခြားအမျိုးသမီးဆရာဝန် တဦးနဲ့အစားထိုး လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့မိမိကို နှစ်ရှည်လများ ပုံမှန်ကျန်းမာရေး ကြည့်ရှုပေးခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့ ပြန်လည်ကြည့်ရှုခွင့်ပြုရန် အာဏာပိုင်များထံ တောင်းဆိုထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒေါ်စုရဲ့ကျန်းမာရေး စစ်ဆေးတဲ့ ကိစ္စကတော့ ၁၁ရက်နေ့ ဒေါ်စုအိမ်ကိုပြန်ရောက်တဲ့ နေ့ကစပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက နေပြီးဒေါ်စုရဲ့ ကျန်းမာရေးပုံမှန် စစ်ဆေးဖို့ဆိုပြီး အမျိုးသမီး ဆရာဝန်တယောက်ကို ခေါ်လာပါတယ်။ ဒေါ်စုအနေနဲ့ မိမိရဲ့ကျန်းမာရေးကို ပုံမှန်နှစ်ရှည်လများ ကြည့်ရှုပေးလာတဲ့ ဒေါက်တာတင်မျိုးဝင်း ကိုပဲကျန်းမာရေး စစ်ဆေးခွင့်ပြုဖို့ သက်ဆိုင်ရာကို တောင်းဆိုထားပါတယ်။ မိမိကိုကြည့်ရှု့မယ့် ဆရာဝန်ကို မိမိအနေနဲ့ ရွေးချယ်ပိုင်ခွင့် ရှိရပါမယ်။ အခုထိတော့ ဒေါက်တာတင်မျိုးဝင်း သွားကြည့်ခွင့် ရတယ်လို့မကြားမိသေးပါဘူး။ မနေ့က ဒေါက်တာတင်မျိုးဝင်းနဲ့ တွေ့တဲ့အထိတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမပြောတဲ့ အတွက် သွားကြည့်ခွင့် မရသေးပါဘူး။ အန်ကယ်တို့ ရှေ့နေတွေနဲ့ နောက်တကြိမ်တွေ့ဖို့ ဒေါ်စုက တောင်းဆိုထားတယ် ပြောပါတယ်။ အခုထိတော့ တွေ့ခွင့်မရသေးပါဘူး။" ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒေါက်တာတင်မျိုးဝင်းဟာ ဒေါ်အောင်ဆန်းစုကြည် ယခင် နေအိမ်အကျယ်ချုပ် ကျခံရစဉ် တလတကြိမ် ပုံမှန်ကျန်းမာရေး စစ်ဆေးခွင့်ရခဲ့ပြီး အမေရိကန်နိုင်ငံသား မစ္စတာယက်တော ဒေါ်စုနေအိမ်သို့ ဝင်ရာက်ပြီး ဖမ်းဆီးခံရချိန်မှာ အာဏာပိုင်များရဲ့ ခေတ္တခေါ်ယူ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ ၂၀၀၈ခုနှစ် ပထမအကြိမ်မစ္စတာယက်တော ဒေါ်စုအိမ်သို့ ဝင်ရောက်လာစဉ်က ဒေါက်တာတင်မျိုးဝင်းမှ တဆင့် အသိပေး အကြောင်းကြားခဲ့သော်လည်း အာဏာပိုင်များမှ အရေးယူဆောင်ရွက်ပေးချင်း မရှိခဲ့ကြောင်းသိရှိရပါတယ်။
သတင်း၊......ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

Thursday, August 20, 2009

မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသော နိုဘယ်လ်ဆုရှင် သမ္မတဟောင်း ကင်ဒေဂျုံး ကွယ်လွန်သွားခြင်းအပေါ် လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်

ဖတ်ကြည့်ချင်သေးလား....

Monday, August 17, 2009

ယက်တော ဘန်ကောက်ရောက်ပြီ


ထောင်ဒဏ် ၇ နှစ် ကျခံနေရသည့် မစ္စတာ ဂျွန်ဝီလျံယက်တောသည် အမေရိကန် အထက် လွှတ်တော် အမတ် နှင့်အတူ ယနေ့ ဘန်ကောက်သို့ ရောက်လာသည်။

စစ်လေယာဉ်ဖြင့် ဘန်ကောက်သို့ ရောက်လာသော မစ္စတာ ယက်တောကို ဆေးရုံသို့ ပို့ဆောင်လိုက်သည်။

“သူက မလုပ်သင့်တာတွေ လုပ်ခဲ့တယ်လို့ ကျနော် ယူဆပါတယ်။ သူ့ယုံကြည်ချက်အတိုင်း ကူညီဖို့ ကြိုးစားခဲ့တဲ့ ပုဂ္ဂိုလ်အတွက်လည်း ထိခိုက်စေတယ် လို့ ကျနော် ယူဆပါတယ်” ဟု အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက်က ဘန်ကောက်ရှိ သတင်းထောက်များကို ပြောသည်။

“ဒါပေမဲ့ တချိန်တည်းမှာပဲ လူသားချင်း စာနာတဲ့ အနေနဲ့ ကျနော် တောင်းဆိုတဲ့အတိုင်း အစိုးရက သူ့ကို ကျနော်နဲ့ အတူ ပြန်ခွင့်ပေးတဲ့အတွက် ကျနော် ၀မ်းသာပါတယ်”

“ကျနော် ယုံပါတယ်၊ ဒါဟာ ကျနော်တို့ ဖြစ်ချင်တဲ့၊ တည်ဆောက်လို့ ရမယ်လို့ မျှော်လင့်ထားတဲ့ အရာအတွက် မြန်မာ အစိုးရက အချက်ပြလိုက်တာပါပဲ” ဟု ဆိုသည်။

ဆီးချို ရောဂါသည် မစ္စတာ ယက်တောသည် ဆေးရုံတွင် ဆေးစစ် ကုသမှု ခံယူနေသည်။

“သူ ကျန်းမာရေး မကောင်းဘူး။ ဒီမနက် သူ့ကို ပြည်နှင်ဒဏ်ပေးတဲ့ အမိန့် ဖတ်ပြတုန်းကလည်း အရေးပေါ် ဆေးကုပေးရသေးတယ်” ဟု မစ္စတာ ၀က်ဘ်က ပြောသည်။

မစ္စတာ ယက်တောသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ပြီးနောက် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

မစ္စတာ ယက်တော ဒေါ်စု၏ အိမ်သို့ ကျူးကျော် ၀င်ရောက် ခြင်းကြောင့် နေအိမ်အကျယ်ချုပ် ချိုးဖောက်ခြင်း ဖြစ်ပေါ်စေသည်ဟု မြန်မာအစိုးရက ဆိုသည်။

တရားရုံးတွင် မစ္စတာ ယက်တောက ထွက်ဆိုရာ ဒေါ်စုကို အကာအကွယ် ပေးရန်အတွက် ထိုသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အကြမ်းဖက်သမား အဖွဲ့တခုက ဒေါ်စုကို လုပ်ကြံသတ်ဖြတ်မည်ဟု သူ အိပ်မက်ရသည်ဟု ဆိုသည်။

သူသည် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ၊ စည်ပင်သာယာ အက်ဥပဒေ၊ ဒေါ်စု၏ နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှု ဥပဒေတို့ဖြင့် တရား စီရင်ခံရသည်။

တရားရုံးတွင် ဒေါ်စုကလည်း မစ္စတာ ယက်တောကို မသိကြောင်း၊ သူ၏ အစီအစဉ်ကိုလည်း မသိကြောင်း၊ မည်သည့် ပြစ်မှုမျှ ကျူးလွန်ခြင်း မရှိကြောင်း ထွက်ဆိုသည်။

ကျူးကျော် ၀င်ရောက်မှုကို သတင်းမပို့ခဲ့ခြင်းမှာ မစ္စတာ ယက်တောကိုသာမက မည်သည့်ကိုမျှ ဒုက္ခ မရောက်စေချင်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။

တရားရုံးက ဒေါ်စုကို ထောင် ၃ နှစ် ချခဲ့သည်။ နောက်ပိုင်းတွင် နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲသို့ ပြောင်းလဲ သွားသည်။ သူ နှင့် အတူနေ အမျိုးသမီး ၂ ဦးလည်း သူ့နည်းတူ စီရင်ချက် ချမှတ်ခံရသည်။

ယမန်နေ့က အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ၊ အရှေ့အာရှ နှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ မစ္စတာ ဂျင်ဝက်သည် ဒေါ်စု နှင့် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တို့ကို သီးခြားစီ တွေ့ဆုံမှု ပြုခဲ့သည်။

ဖတ်ကြည့်ချင်သေးလား....

Sunday, August 16, 2009

အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် CEC လူကြီးများ မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် တွေဆုံခဲ့။..။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင်လူကြီးများ မနေ့က နေပြည်တော်မှာ
အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။


မနေ့က နေပြည်တော်မှာ NLD CEC အဖွဲ့ဝင်လူကြီးတွေနဲ့ အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံခဲ့ပါတယ် ။ ဒီတခါ တွေ့ဆုံခွင့် အချိန်ရရှိခဲ့တယ် ပြောပါတယ်။ NLD အနေနဲ့တောင်းဆိုချက် ၃ခုတောင်းဆို ခဲ့ပါတယ်။

မစ္စတာ ဂျင်မ်ဝက်ဘ်က ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ပြောဆိုပေးမယ်လို့ ကတိပေးပါတယ်။ ဒီတခေါက် တွေ့ဆုံခွင့်ရတာကိုတော့ တစိတ်တပိုင်း ကျေနပ်မှု ရှိတယ်လို့ လူကြီးတွေက ပြောပါတယ်။ တင်ပြတောင်းဆိုခဲ့တဲ့ အချက်၃ချက်ကတော့


၁....ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး။
၂....အမျိုးသားရင်ကြားစေ့ရေး။
၃...
.၂၀၀၈ခုနှစ် အခြေခံဥပဒေကို ဒီမိုကရေစီဖော်ဆောင်နိုင်အောင် ပြန်လည် Rivew လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ မိနစ်၄၀လောက် တွေ့ခွင့်ရခဲ့တယ်လို့ သိရပေမယ့် ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေကိုတော့ အန်ကယ်တို့မသိရပါဘူး။ ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
သတင်း......ဒီမိုဝေယံ



ဖတ်ကြည့်ချင်သေးလား....

Thursday, August 13, 2009

ဩဂုတ်လ၁၂ရက်နေ့လည်၂နာရီမှ ၄နာရီ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီး စီရင်ချက်ချမှုအပေါ် ကန့်ကွက်ဆန္ဒပြပွဲ



アウンサンスーチー氏への不当な有罪判決に対し日本政府に訴える
ဓါတ်ပုံ..ဗီဒီယို... kopour

ဖတ်ကြည့်ချင်သေးလား....

Wednesday, August 12, 2009

ဒေါ်စု အမှုစီရင်ချက်ချသည့်နေ့ ဂျပန်နိုင်ငံစစ်အခွန်ရုံးရှေ့ ။...။(ရဲများနှင့်ထိပ်တိုက်တွေ့)





軍事政権は民主化運動指導者アウンサンスー

チー氏に対し又自宅軟禁一年半の判決にした。 内相は減刑の理由としてスー・チーさんが、同国独立の英雄アウンサンスー・チー将軍の娘であることを考慮し、「民主化への道の障害を取り除き、社会の安定と平和を維持する必要があるためだ」と語った。 この事を知りえた在日ビルマ活動家達がミャンマー大使館前で座り込みを始めた。 参加した人数は350人以上いた。
၂၀၀၉ဩဂုတ်လ၁၁ရက်။ ။

ယနေ့နေ့လည်၁၂နာရီမှစတင်၍နအဖအခွန်ရုံးရှေ့တွင် မြန်မာ့ဒီမိုကရေစီအင်အားစုများ စုဝေးကာ ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက် သတင်းကို မျှော်လင့်ချက်ကြီးစွာစောင့်ဆိုင်းနေခဲ့ကြပါသည်။ဒေါ်အောင်ဆန်းစုကြည်အားမတရား ဖမ်းဆီးထောင်ချမည့် လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြပွဲ နှင့် ယုံကြည်ချက်အတွက် မတရားဖမ်းဆီးခံထားရသည့် အကျဉ်းသားအားလုံးချွင်းချက်မရှိ ပြန်လွှတ်ပေးရေး တို့ကို တောင်းဆိုဆန္ဒပြရင်း စောင့်နေခဲ့ကြပါသည်။ထိုပွဲသို့ မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းအသီးသီးနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၊ဂျပန်နိုင်ငံသတင်းဌာနများဖြစ်ကြသော NHK,TBS,ASAHI,REUTER,AFP,KYODO စသည်တို့နှင့် မြန်မာ့ဒီမိုကရေစီ အရေးလိုလားသူ ဂျပန်လူမျိုးများအပါအဝင် အင်အားစုစုပေါင်း၃၀၀ခန့်ပါဝင်ခဲ့ကြပါသည်။၃နာရီခွဲခန့်တွင် ဒေါ်အောင်ဆန်းစုကြည် အားနေအိမ်အကျယ်ချုပ် တနှစ်ခွဲ သတ်မှတ်လိုက်သည့် သတင်းထွက်ပေါ်လာရာ ဆန္ဒပြသူအချို့ စိတ်လှုပ်ရှားခံပြင်းကြေကွဲမှုများ အပေါ်တာဝန်ကျ ရဲများက အထင်လွဲကာ ထိမ်းသိမ်းရန်ကြိုးစားရာမှ စတင်ကာ အနည်းငယ် လှုပ်ရှားသွားခဲ့သော်လည်း မြန်မာ့ဒီမိုကရေစီအင်အားစုများဖက်မှ တာဝန်ရှိသူများက အချိန်မှီ ထိမ်းသိမ်းနိုင်ခဲ့ ကြပါသည်။

ဦးသောင်းမြင့်ဦး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဂျပန်)မှအားလုံးစည်းကမ်းရှိစွာပူးပေါင်းဆောင်ရွက်ကြပါရန် ကို၎င်း၊ဦးသန်းဆွေ(JAC) ,မိုင်ကျော်ဦး(တိုင်းရင်းသားကိုယ်စားလှယ်)တို့ကလည်း တာဝန်ကျ ရဲများကို ရန်မပြုကြရန်၊ မြန်မာသံရုံးအတွင်း တစုံတရာ ဖြင့်ပစ်ပေါက်ခြင်း မပြုလုပ်ကြပါရန်၊ အားလုံး၏ စိုးရိမ်ပူပန်မှုနှင့် ခံပြင်းဒေါသဖြစ်မှုများကို ဂျပန် မီဒီယာနှင့် ဂျပန်အစီုးရသိအောင်ပြသရာတွင် စည်းကမ်းရှိကြပါရန် နှင့်သံရုံးဖက်အုတ်တံတိုင်းဖက်သို့လူခွဲ၍ ထိုင်သပိတ်စတင်ခဲ့ပါသည်။ထိုင်သပိတ်မှောက်ခြင်းကိုရုတ်သိမ်းပေးရန် တာဝန်ကျ ရဲအဖွဲ့မှ အကြိမ်ကြိမ် ဖိအားပေး တောင်းဆိုခဲ့သော်လည်းဆက်လက် ၍ဆန္ဒပြခဲ့ကြပါသည်။ဥိးသောင်းမြင့်ဦးမှ ဂျပန်နိုင်ငံအနေဖြင့်မြန်မာအစီုးရသံရုံးကိုကာကွယ်ရန် တာဝန်ရှိကြောင်း၊ဒီမိုကရေစီအင်အားစုဖက်မှမိမိတို့ ခေါင်းဆောင်၏အခြေအနေကို နအဖအခွန်ရုံးတာဝန်ခံက သတင်းထုတ်ပြန်ပေးစေလိုသော်လည်းတာဝန်မဲ့စွာ တိမ်းရှောင်နေခဲ့သောကြောင့် မိမိတို့ဖက်မှ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်သွယ်၍ သတင်းထုတ်ပြန်ပေးရန် တောင်းဆိုခဲ့ရာ တဖက်မှ အကြောင်းပြန်ချက်ကို ညနေ၅နာရီအထိ ထိုင်သပိတ်မှောက် အနေအထားဖြင့်စောင့်ဆိုင်းမည်ဖြစ်ကြောင်း၊ ၅နာရီတွင် မူလနေရာ သို့ပြန်လည်စုဝေးကြပါရန်နှင့် လိုလားချက်များကို စည်းကမ်းရှိစွာ ဆက်လက်တောင်းဆိုကြပါရန် မေတ္တာရပ်ခံခဲ့ပါသည်။ အားလုံးကလည်းညီညွတ်စွာ လိုက်နာဆောင်ရွက်ပေးခဲ့ကြရာ တာဝန်ကျရဲအဖွဲ့မှလည်း ထပ်မံအင်အားဖြည့်ထားမှုကို ပြန်လည် ရုတ်သိမ်းပေးခဲ့ပါသည်။ ဦးသောင်းမြင့်ဦးမှနောက်နေ့ ဩဂုတ်လ၁၂ရက်နေ့လည်၂နာရီမှ ၄နာရီ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ရှေ့တွင်ဆန္ဒပြမည်ဖြစ်ကြောင်း၊

MARUNOUCHI LINE ,KASUMIGASEKI STATION,EXIT A4&A8 တို့မှသွားရောက်နိုင်ကြောင်း

အသိ
ပေး ကြေငြာခဲ့ပါသည်။ ဒေါ်ကေသီသိန်း(လူမှုရေးရာမှူး၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဂျပန်)မှ ဂျပန် ဘာသာ ဖြင့် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ သဘောထားကြေငြာချက် ၃ရပ်ကို ဖတ်ကြားပေးခဲ့ပါသည်။

၁။ ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ နှင့် မြန်မာပြည်သူများ၏တောင်းဆိုချက်ကိုဥပက္ခာပြုကာ မမှန်ကန်သောစီရင်ချက်ချမှူကို မြန်မာ့ဒီမိုကရေစီအင်အားစုများက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
၂။ ထိုမမှန်ကန်သောစီရင်ချက်ကို ဂျပန်နိုင်ငံအစီုးရ နှင့် ဂျပန်ပြည်သူတို့က သဘောပေါက်နားလည်ပြီး ယခုထက်ပိုမို၍ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးကူညီရန် တောင်းဆိုလိုက်သည်။
၃။ စစ်အစီုးရ၏ ယခုလုပ်ရပ်ကြောင့် အခြေအနေ ပိုမိုဆိုးဝါးလာမှုများ မှာ စစ်အစိုးရ၏ တာဝန်သာဖြစ်သည်။
တို့ဖြစ်ပါသည်။ ညနေ ၅နာရီခွဲ တွင် ဆန္ဒပြပွဲ ပြီးဆုံ့းခဲ့ပါသည်။

သတင်း။..။စိုးအောင်ဝင်း

။..။ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

Tuesday, August 11, 2009

၈လေးလုံးမုန်တိုင်း

ငါတို့ ဘယ်ကစမှားခဲ့ကြသလဲ...
ငါတို့ ဘယ်ကစပြင်ကြရမလဲ..
တိုင်းပြည်ဟာ.. တော်လှန်ရေးမြူထဲမှာ.. မှောင်အတိကျခဲ့တယ်..။

ငါတို့ လိုအပ်နေတာဟာ...
ငါတို့ တောင်းဆိုနေတာဟာ...
သင်တို့ရူးသွပ်တဲ့ အာဏာမဟုတ်ပါဘူး...
ငါတို့ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေး.. အ၀၀
ငါတို့ ဆာလောင်နေခြင်းပူပင်သောက
ဒီ့ထက်မပိုတတ်ခဲ့ဘူး...
ဒီမိုကရေစီတဲ့...
ငါတို့.. ဆာဟာရထဲက အိုအေစစ်သံလို ချိုမြတယ်...
အောင်ဆန်းစုကြည်တဲ့
ငါတို့ ရဲ့အဟာရ အသစ်ဖြစ်ခဲ့တယ်...

ယုံကြည်ချက်နဲ့ဆန္ဒဆိုတာ
ထောင်သွင်းအကျဉ်းချလို့မရဘူး ကိုယ့်လူတို့..

သွေးစိမ်းတွေစွန်းပေခဲ့တဲ့ ပေတစ်ရာပေါ်က
ငါတို့ခြေရာတွေက ဟာ...
ဘယ်တော့မှ မခြောက်ဘူး...
သင်တို့ဘ၀တွေ လွင့်စင်သွားရမယ့်
မုန်းတိုင်းတွေအဖြစ်.. ရှင်ပြန်ထမြောက်မယ်..။

လင်းလင်းလတ် (တိုကျို)

ဖတ်ကြည့်ချင်သေးလား....

Sunday, August 9, 2009

ဂျပန်ရောက်မြန်မာများ (၈၈၈၈) လူထုအရေးတော်ပုံ အနှစ် (၂၁) ပြည့်နေ့ ချီတက်ဆန္ဒပြပွဲ


ဖတ်ကြည့်ချင်သေးလား....

( ၈၈၈၈ ) ၂၁ နှစ်ပြည့် စစ်သံရုံးရှေ့ ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ ( ကိုရီးယား )

ဖတ်ကြည့်ချင်သေးလား....

မုဆိုးမတစ်ယောက်ရဲ့..အခန်း။...။

ကြိုးအားလုံးပြတ်နေတဲ့ ဂစ်တာမှာ အသံရှိတယ်

ကြေမွနေတဲ့ မှန်စတွေပေါ်မှာ အသံရှိတယ်
သဲကြိုးပြတ် ဖိနပ်တစ်ရံမှာ အသံရှိတယ်
သွေးစွန်းတဲ့ အင်္ကျီတစ်စမှာ အသံရှိတယ် ။

ခိုင်မာတဲ့ ယုံကြည်မှု့မှာ အသံရှိတယ်
သံတိုင်တွေကြားမှာ အသံရှိတယ်
ထော့နေတဲ့ ခြေတစ်ဖက်မှာ အသံရှိတယ်
သွေဖီစည်းမျဉ်းတွေအောက်မှာ အသံရှိတယ် ။

မဲမှောင်တိုက်ခန်းငယ်မှာ အသံရှိတယ်
ဝါကျင်ကျင် မီးလုံးလေးမှာ အသံရှိတယ်
မျက်မှန်ဟောင်းကို စမ်းတဲ့လက်မှာ အသံရှိတယ်
ပင့်ကူမျှင်တွေနဲ့ မျက်နှာကျက်မှာ အသံရှိတယ် ။

ပုရွက်ဆိတ်တက် ထမင်းကြမ်းခဲမှာ အသံရှိတယ်
လွင့်တက်လာတဲ့ မြောင်းပုတ်နံ့မှာ အသံရှိတယ်
စိုနေတဲ့ ပါးနှစ်ဖက်မှာ အသံရှိတယ်
အသံမှာ အသံရှိတယ် ။

ဒါပေမဲ့.........
လင်သေ သားပျောက် မုဆိုးမတစ်ယောက်ရဲ့
မျှော်လင့်ချက်မှာ .. .. .. .. .. .. .. အသံမဲ့တယ် ။


ရင်ဘတ်ရှိသူတိုင်း အဲဒီ အသံတွေကို
ကြားနိုင်မယ်လို့ ယုံကြည်နေပါရစေ..........။
လေးစားထိုက်သူများကို လေးစားစွာဖြင့်..................

(ခင်လေးငယ်)

မခင်လေးငယ် ကဗျာအတိုင်း တိုက်ပွဲဝင်နေတဲ့ အာဇာနည်တိုင်းကို အသံဖြစ် ဂုဏ်ပြုအပ်ပါသည်။

ကိုရင်နော်ခင်လေးငယ်ဘလော့မှ (link) ရယူပါသည်။

ဖတ်ကြည့်ချင်သေးလား....

ဂျပန်ရောက်မြန်မာများ (၈၈၈၈) လူထုအရေးတော်ပုံ အနှစ် (၂၁) ပြည့်နေ့ ချီတက်ဆန္ဒပြပွဲ


ယနေ့သည်မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတစ်ရပ်လုံးမှ စစ်အာဏာရှင်အစိုးနှင့် ဆိုရှယ်လစ်လမ်းစဉ် တစ်ပါတီစနစ်အား ရှုတ်ချဆန့်ကျင်ခဲ့သော (၈၈၈၈)အရေးတော်
ပုံကြီး၏ (၂၁)နှစ်မြောက်နေ့ဖြစ်ပါသည်။
(၈၈၈၈) လူထုအရေးတော်ပုံ အနှစ် (၂၁) ပြည့်နေ့အဖြစ် ဂျပန်နိုင်ငံရောက် ဒီမိုကရေစီလူပ်ရှားသူများ ယနေ့ချီတက်ဆန္ဒပြကြရာ စုစုပေါင်း လူဦးရေ တထောင် ခန့် ဆန္ဒပြခဲ့ကြပါသည်။
あの悲しい歴史的なビルマ民主化活動から21年立ちましたビルマの歴史上最も悲しい歴史です。軍の武器に因って多くの人々が命を失い多くの国民が死の一歩手前でした。今尚も続いている独裁ミャンマー軍事政権がビルマの国民にそこに住むすべての民族は、これまで非人道的な軍事独裁政権の支配下に置かれてきた。そこには、民主的な権利も、少数民族への平等な人権もない。 その結果、経済、社会、教育、健康などさまざまな分野において衰退が進み、その衰退は、現在、極限にまで達している。2009年8月8日に年に一度8888(ビルマ語でシッ・レーロン=4つの8と呼ぶ)デモ行進を五反田からミャンマー大使館前から品川まで行いました。今回は1340人以上が参加しデモ行進行いビルマに起こっている事を日本の政府や皆様に訴えた�
携帯電話からこのアルバムにアクセスします。
ဓါတ်ပုံ-ကိုပွား

ဖတ်ကြည့်ချင်သေးလား....

Friday, August 7, 2009

NLD (LA) ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ၂၁နှစ်ပြည့် ထုတ်ပြန်ကြေငြာချက်

Statement for 21 Anniversary of 8888 Uprising Day

ဖတ်ကြည့်ချင်သေးလား....

Monday, August 3, 2009

DFB/FBF ဥက္ကဋ္ဌကိုမိုးသီးဇွန်၊ FBF ဗဟိုအလုပ်အမှုဆောင် ကိုမြတ်စိုးတို့နှင့် ဂျပန်နိုင်ငံရှိ ဒီမိုကရေစီ အင်အားစုများ တွေ့ဆုံပွဲ ဓာတ်ပုံမှတ်တမ်း။...။


ဓာတ်ပုံ။...။စိုးအောင်ဝင်း.....

ဖတ်ကြည့်ချင်သေးလား....

Saturday, August 1, 2009

Myanmar: Ban calls for Aung San Suu Kyi's release


United Nations, New York, 31 July 2009 - Noon briefing by the Office of the Spokesperson for the Secretary-General. The Secretary-General yesterday met with the Permanent Representative of Myanmar....

ဖတ်ကြည့်ချင်သေးလား....

ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ စစ်အခွန်ရုံးရှေ့တွင်ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြ လှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်း။....။


ယနေ့ နေ့လည်၁၂နာရီအချိန် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနာဂါဝါမြို့နယ် နအဖ အခွန်ရုံးရှေ့တွင် ဒီမိုကရေစီအင်အားစုများ ဆန္ဒပြခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ယနေ့ စီရင်ချက်ချမည့်မတရားမှုကို ကန့်ကွက်ဆန္ဒပြကြခြင်းဖြစ်ပါသည်။ ကိုစိန်ဌေး(မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်)မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်၍ ဂျပန်နိုင်ငံရှိ နိုင်ငံရေးအဖွဲ့အစည်းအသီးသီး၊ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီး၊ ဂျပန်နိုင်ငံသတင်းဌာနများ (NHK,TBS,ASAHI,APF) နှင့်နိုင်ငံတကာ မြန်မာ့ဒီမိုကရေစီအင်အားစု ကိုယ်စားလှယ်များ အင်အား စုစုပေါင်း ၂၅၀ခန့်တက်ရောက်ခဲ့ကြပြီး ညနေ ၄နာရီတွင် ဆန္ဒပြပွဲ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။ ဤအခမ်းအနားတွင်

ဦးကျော်ကျော်စိုး(မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်-ဥက္ကဌ) နှင့် ဦးသန်းဆွေ(JAC ကိုယ်စားလှယ်) တို့မှ ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက်ချရန် ဩဂုတ်လ ၁၁ရက်နေ့သို့ရွှေ့ဆိုင်းလိုက်ခြင်း ကို၎င်း၊ နအဖလက်ရှိရင်ဆိုင် နေရသောအကျပ်အတည်းများအပေါ် ဆက်လက်ဖိအားပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြပါသည်။

ကိုဆလိုင်းယောအောင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF)မှ ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများ ကို အားရကျေနပ်မိကြောင်း၊ အင်အား၃ရပ် (နယ်စပ်ဒေသ၊ နိုင်ငံတကာ၊ မြန်မာပြည်တွင်း) ဟန်ချက်ညီ လှုပ်ရှားမှ အောင်မြင်နိုင်ကြောင်း၊ နအဖ၏ နိုင်ငံရေး အကျပ်အတည်း၅ရပ် (ဒေါ်စုကိစ္စ၊ စစ်တပ်တွင်းမတည်ငြိမ်မှု၊ ကမ္ဘာ့စီးပွားပျက်ကပ်၊၂၀၁၀ ရွေးကောက်ပွဲ၏ စိန်ခေါ်မှု၊ အပစ်အခပ်ရပ်စဲရေး)တို့ကို ထောက်ပြ ဝေဖန်ခဲ့ပါသည်။

ကိုမိုးသီးဇွန်မှလည်း `၈၈` မှယနေ့ထိ ၂၁နှစ် တိုင်အောင် မြန်မာပြည်တွင် အဓမ္မဝါဒီတို့နှင့် တရားမျှတမှု တို့စစ် ဖြစ်နေရကြောင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီကလင်တန် မှ အပြုသဘော ကမ်းလှမ်းချက် ကို ငြင်းဆန်ခဲ့သော နအဖ၏လုပ်ရပ်ကိုဝေဖန်ရှုတ်ချ လိုက်ပြီး ယခင် မိမိလာရောက်ခဲ့သောနှစ်များထက် ဒီမိုကရေစီ အင်အားစုများ တိုးပွားလာသည်ကို မြင်ရ၍ အားတက်မိကြောင်း ပြောကြားခဲ့ပါသည်။ ကိုမြတ်စိုး (ဗကသ အဖွဲ့ဝင်ဟောင်း -အမေရိက)မှ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆန့်ကျင် သွေဖည်နေသော နအဖ၏ လုပ်ရပ်များကိုဝေဖန်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံရောက် တိုင်းရင်းသားအဖွဲ့အစည်းများ ကိုယ်စား ``မိုင်ကျော်ဦး `` မှ၂၁နှစ်ကြာ ဒီမိုကရေစီတော်လှန်ရေးဆက်လက်ကြိုးပမ်းကြရန်၊ စစ်အာဏာရှင်စနစ်ပြို ကွဲ ရန် အားလုံးသွေးစည်း ညီညွတ် ကြပါရန် တိုက်တွန်း ပြောကြားသွားခဲ့ပါသည်။

နောက်ဆုံးအစီအစဉ်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဒေါ်ကေသီသိန်းက (ဂျပန်ဘာသာဖြင့်)၊ ဦးထွန်းငြိမ်း(မြန်မာဘာသာဖြင့်) ဦးဆောင်၍ ကြွေးကြော်သံများ သံပြိုင် ရွတ်ဆိုကာ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။ ဩဂုတ်လ ၈ရက် စနေနေ့ နေ့လည် ၂နာရီခွဲ တိုကျိုမြို့ ဂိုတန်းဒ မြို့နယ် ပန်းခြံ တွင် စုဝေး၍ ၈၈၈၈ အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ ပြုလုပ်ပါမည်။...။

သတင်း၊ဓာတ်ပုံ။...။စိုးအောင်ဝင်း ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

ယနေ့ ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက် သြဂုတ်လ ၁၁ရက်နေ့သိုရွေှ့ဆိုင်း။...။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုစီရင်ချက်ကို သြဂုတ်လ ၁၁ရက်နေ့ မနက် ၁၀နာရီကို ရွှေ့ဆိုင်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုစီရင်ချက်ကို သြဂုတ်လ ၁၁ရက်နေ့ မနက် ၁၀နာရီကို ရွှေ့ဆိုင်းလိုက်ပါတယ်။ အကြောင်းပြချက်က ဥပဒေအကြောင်းအရ မှားယွင်းနေတာတွေ၊ မရှင်းလင်းတာတွေကို ပြန်လည်သုံးသပ်ဖို့လို့ပြောပါတယ်။ ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

NLD လူငယ် ၁၃ဦးခန့် အဖမ်းခံရတယ်လို့ ကြားသိရပါတယ်။ နယ်မှ ၈ဦး ရန်ကုန် ၂ဦးဟု ကြားသိရပါတယ်။ ကျန်တဲ့ ၃ဦး ကမသိရသေးပါ။ သတင်းဆက်လက် စုံစမ်းနေပါတယ်။
သတင်း။...။ဒီမိုဝေယံ

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */