မတ်လ ၁၃ ရက် ၂၀၀၉ ခုနှစ်(သောကြာနေ့)
လွန်ခဲေ့ သာ အနှစ်နှစ်ဆယ်အချိန်က မတ်လ (၁၃)ရက်နေ့ဟာဆိုရင် မြန်မာနိုင်ငံ မဆလတပါတီအာဏာ
ရှင်အစိုးရရဲ့ ရက်စက်ဖိနှိပ်မှု ဖုံးကွယ်လိမ်ညာမှုတွေကို စက်မှုတက္ကသိုလ်ကျောင်းသားများ သွေးမြေကျပြီး
ကျောင်းသားကိုဖုန်းမော် အသက်နဲ့ရင်းနှီး မတရားမှုတွေကို ဖေါ်ထုတ်ခဲ့တာဟာ ယခုဆိုလျှင် အနှစ် (၂၀) တိုင်ခဲ့ပါပြီ၊
မဆလအစိုးရမှ ပြည်သူတွေအပေါ် မတရားဖိနှိပ်အုပ်ချုပ်မှုတွေကြောင့် ပြည်သူတွေ လူ့အခွင့်အရေး
ဆိတ်သုဉ်းပျောက်ကွယ်နေရခြင်း ကို မီးမောင်းထိုး ပြသခဲတဲ့ ကိုဖုန်းမော်ကျဆုံးခဲ့ရ တဲနေ့ရက်ကို မြန်မာနိုင်ငံ
လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် အကြိမ် (၂၀)မြောက် ရှိခဲ့ပါပြီ၊
မြန်မာနိုင်ငံ. လက်ရှိအခြေအနေအရ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ။ တရားဥပဒေမဲမှုတွေ။ မတရား
ဖမ်းဆီးမှုတွေ။ လူတန်းစားအလွှာအသီးသီး တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖိနှိပ်ချုပ်ချယ်ခံရမှုတွေ။ လူသားတဦး အဖြစ်
အသက်ရှင်ရပ်တည်နေမှုကို ဟန့်တားနှောင့်ယှက်မှုများအား လက်ရှိစစ်အစိုးရမှ ပြောင်ပြောင်တင်းတင်း
လုပ်ဆောင်နေမှုများကို ဂျပန်ပြည်သူပြည်သားများ သိရှိနားလည်လာစေရန် ဒီကနေ့ နေ့လည် ၂နာရီခွဲတွင် ရှီဘူယ။ မီယာရှိတာပန်းခြံ။ (Shibuya ဘူတာအနီး Miyashita Koen)မှစတင်ကာ UNရုံးရှေ့မှဖြတ်၍ ချီတက်ဆန္ဒပြ ခဲ့ရာ
ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများ၊ဂျပန်လူမျီုးများစုစုပေါင်း ၄၀၀ကျော် ပူးပေါင်းပါဝင်ခဲ့ပါသည်။
ဗီဒီယို ကိုဆန်နီ သတင်း-NLD(LA)JBလူငယ်ဌာန
Sunday, March 15, 2009
စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်ကျဆုံးခြင်း (၂၁)နှစ်ပြည့်။ (၂၀)ကြိမ်မြောက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ ချီတက်ဆန္ဒပြပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment