Tuesday, November 11, 2008

မြောက်ကိုရီးယားတပ်ဖွဲ့များ စစ်ဆေးနေသည့် ကင်ကျုံအီးဓါတ်ပုံအတုဖြစ်ကြောင်း ဘီဘီစီအင်္ဂလိပ်ပိုင်း ထုတ်ဖော်




BBC/ ၁၀ နိုဝင်ဘာ ၂၀၀၈
မြောက်ကိုရီးယားခေါင်းဆောင် ကင်ကျုံအီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ဖော်ပြရန် ရည်ရွယ်၍ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က စစ်တပ်ဖွဲ့ (၂) ခုကို စစ်ဆေးစဉ် ထုတ်ပြန်ခဲ့သည့် ဓါတ်ပုံမှာ အပြောင်းအလဲလုပ်ထားကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း အစီအစဉ်မှ ဖော်ထုတ်လိုက်သည်။

ဘီဘီစီ ဒီဇိုင်းပညာရှင်က အဆိုပါပုံကို အနီးကပ် စိစစ်လေ့လာရာ ဓါတ်ပုံပါ ကင်ကျုံအီး၏ ဘယ်ဖက်ခြေထောက်ရှိ ဓါတ်ပုံအရောင်ပါဝင်နှုန်းနှင့် အရည်အသွေးသည် ဓါတ်ပုံနှစ်ပုံ ဆက်စပ်ထားမှုကို ပြသနေ ကြောင်း တွေ့ရှိခဲ့သည်။

စစ်သားများကြား ရပ်နေသည့် ကင်ကျုံအီး၏ ညာဖက်ခြေထောက်အရိပ်အနေအထားမှာလည်း အနီးအနားရှိ စစ်သားများခြေထောက် အရိပ်ထွက်ပုံနှင့် ကွဲလွဲနေကြောင်း တွေ့ရသည်။ ထို့အပြင် ကင်ကျုံအီးဒူးဆစ်အောက်နောက်ဘက်ရှိ နောက်ခံတန်းမှ အမဲရောင်မျဉ်းသည် ဘယ်ညာ စစ်သားများနောက်တွင်သာရှိပြီး ကင်ကျုံအီး၏ ဘယ်ညာနှစ်ဘက်တွင် အဆက်ပြတ်ကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ကျုံအီး၏ ကျန်းမာရေး အသဲအသန်ဖြစ်နေပုံရသည်ဟု ယူဆကြသည်။

No comments:

 
/* EOT ----------------------------------------- */