သြဂုတ် ၂၄ ရက်၊ ၂၀၀၇ ခုနှစ်
2:30 PM
ယနေ့ထုတ် စစ်အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးရှင် ကျော်မင်းလူ (ရွှေပြည်သာ)က လောင်စာဆီ ဈေးနှုန်းများ မြင့်တက်ရာမှ ဆန္ဒပြမှုများကို တုံ့ပြန် ရေးသားရာတွင် အစိုးရ အနေဖြင့် ဆက်လက် အရှုံးခံ ရောင်းချပေးနေရကြောင်း ပြောဆိုထားသည်။ အစိုးရနှင့် ပြည်သူသည် မိဘနှင့် သားသမီးများ ဖြစ်သည်ဟု ပြောဆိုထားပြီး ဆန့်ကျင်ဘက် အုပ်စုများက မိဘနှင့် သားသမီးများအကြား ရန်တိုက် ပေးနေသည်ဟု ဆိုသည်။
“နိုင်ငံတော် အစိုးရဆိုတာ မိဘ၊ ကျွန်တော်တို့၊ ခင်ဗျားတို့ ပြည်သူတွေကတော့ သားသမီးတွေ ဆိုပါတော့။ ဒီလို စဉ်းစားကြည့်ရင် ဘယ်မိဘမှ ကိုယ့်သားသမီး ဆင်းရဲ ဒုက္ခရောက်တာ မြင်ချင် တွေ့ချင်ကြမှာ မဟုတ်ပါဘူး။” ဟု ရေးသားထားသည်။
1:58 PM
ပြည်တွင်း ဆန္ဒပြသူများနှင့် သဘောထားတူညီကြောင်း ပြသသည့်အနေဖြင့် ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားများက သြဂုတ်လ ၂၆ ရက်နေ့တွင် ဆိုးလ်ရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြရန် စီစဉ်နေကြသည်။
Friday, August 24, 2007
မဇ္ဈိမ သတင်းဌာနမှ သတင်းဖတ်မရသူများ အတွက်
Posted by
Peaceful Walking
at
5:33 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment