ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိ မြေကို မောင်နှမဝမ်းကွဲ တော်သူ ဦးခင်မောင်အေး က စိတ်ပိုင်း ရောင်းချထားခြင်းကို ၂၄ရက်နေ့ ကြေးမုံသတင်းစာတွင် ကြော်ငြာပါရှိမှုနဲ့ ပတ်သတ်၍ ယနေ့ ကန့်ကွက် စာ ပို့ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
" ဒီနေ့ အန်ကယ်တို့ ကြေးမုံသတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းအတွင်းက မြေအရောင်းအဝယ် ကိစ္စနဲ့ ပတ်သတ်ပြီး သတင်းစာထဲမှာ ပါတဲ့ ရှေ့နေဆီကို ကန့်ကွက်စာ ပေးပို့ခဲ့တယ်။ စာထဲမှာတော့ ဒီမြေဟာ ရောင်းဝယ်ခွင့် မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် လက်ထဲမှာရှိတဲ့ ပစ္စည်းဖြစ်တယ်။ ဒေါ်စုရဲ့ Position ထဲမှာရှိတဲ့ ပစ္စည်းဖြစ်တယ်။ ဦးခင်မောင်အေးကလည်း ရောင်းပိုင်ခွင့် မရှိတဲ့ အကြောင်း အဲ့ဒီရှေ့နေဆီ စာပြန်ပို့လိုက်တယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
ဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိ မြေကို မောင်နှမဝမ်းကွဲ တော်သူ ဦးခင်မောင်အေး က မိမိသဘောအတိုင်း စိတ်ပိုင်း ရောင်းချထားပြီးကို ၂၄ရက်နေ့ ကြေးမုံသတင်းစာတွင် လွှဲအပ်ထားသော ရှေ့နေမှတဆင့် ကန်ကွက်နိုင်ကြောင်း ကြော်ငြာပါရှိမှုနဲ့ ပတ်သတ်၍ ဒေါ်စု၏ ရှေ့နေမှယနေ့ ကန့်ကွက် စာပေးပို့ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေသည့် အချိန်နှင့် အချိန်ကိုက် မြေကိစ္စ ပေါ်ထွက်လာခြင်းသည် နိုင်ငံရေး ပယောဂ မကင်းဟု သုံးသပ်သူများက ပြောဆိုပါသည်။
သတင်း။..။ဒီမိုဝေယံ
Friday, July 31, 2009
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း ကိစ္စ ကန့်ကွက်စာပို့။...။
Posted by
yahutha
at
2:43 AM
0
comments
Labels: သတင်း
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၂လ(၇၄)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကျင်းပ
Posted by
yahutha
at
2:40 AM
0
comments
Labels: သတင်း
Wednesday, July 29, 2009
ဥပဒေ ရှုထောင့်က ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်မှာ လုံးဝအပြစ်မရှိဘူး လွတ်ကိုလွတ်ရမည်။....။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုစီရင်ချက်ကို လာမည့် ၃၁ရက် သောကြာနေ့ မနက် ၁၀နာရီသို့ ချိန်းဆိုလိုက် ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။
" ဒီနေ့ မနက်၁၀နာရီ တရားရုံးမှာ အန်ကယ် လျှောက်လဲချက်ပေးတယ်။ ပြီးတော့ နောက်ထပ်ရှေ့နေ ၂ယောက် ထပ်ပြီး လျှောက်လဲချက်ပေးပါတယ်။ မနေ့က တင်ထားတဲ့ နိုင်ငံခြားရေးရုံးက သက်သေခေါ်ပေးဖို့ ကိစ္စကို အကျဉ်းရုံး လျှောက်လဲချက် ပေးခိုင်းပြီး ပယ်လိုက်ပါတယ်။ လာမည့်သောကြာနေ့ မနက်၁၀နာရီမှာ အမှုကို စီရင်ချက် ချပါမယ်။ ဒေါ်အောင်ဆန်းစုကြည်က အမှုအတွက် တုံ့ပြန်ပြောဆိုဖို့ အကြံဥာဏ်တွေ ပေးပါတယ်။ ၁၂နာရီမှာ ပြီးဆုံးပါတယ်။ ဒေါ်စုက ဥပဒေဆိုင်ရာ အချက်အလက်တွေကို အင်္ဂလိပ်လို ရေးပါတယ်။ ဥပဒေ ရှုထောင့်က ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်မှာ လုံးဝအပြစ်မရှိဘူး၊ လွတ်ကိုလွတ်ရပါမယ် "ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
ယနေ့အင်းစိန် တရားခွင်သို့ အမေရိကန်၊ဂျပန်နဲ့ စင်ကာပူ အပါအဝင် သံရုံး ၅ရုံးခန့် တက်ရောက် နားထောင်ခဲ့သည်ဟု ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါသည်။
သတင်း၊.......ဒီမိုဝေယံ။....။
Posted by
yahutha
at
2:29 AM
0
comments
Labels: သတင်း
Tuesday, July 28, 2009
ဒေါ်စုအမှု အင်္ဂါနေ့ ထပ်မံ ရုံးချိန်း
Posted by
yahutha
at
2:48 AM
0
comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည် ၂၃ရက်နေ့ မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါး အပေါ် ဥပဒေအရ ဆောင်ရွက်ရန် ညွှန်ကြား။..။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် လျှောက်လဲချက်ကို ယနေ့ မနက်၁၀နာရီ၌ စတင်ကြားနာခဲ့ပြီး ညနေ၅နာရီ မှာပြီးဆုံးကာ မနက်ဖြန် ၁၀နာရီသို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။
" ဒီနေ့ အမှုလျှောက်လဲချက်မှာ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့အတွက် လျှောက်လဲချက်ကို အန်ကယ်တို့ ရှေ့နေ ဦးလှမျိုးမြင့်က လျှောက်လဲချက်ပေးပြီး မစ္စတာယက်တော အတွက်ကတော့ ဦးခင်မောင်ဦးက လျှောက်လဲချက်ပေးပါတယ်။ ၁၂ နာရီမှာ Break Time ပေးပြီး ၁နာရီမှာ ပြန်စပါတယ်။ ၁နာရီမှာ အစိုးရရှေ့နေ ဦးမြင့်ကြိုင်က လျှောက်လဲချက် ပေးပါတယ်။ ညနေ ၅နာရီ ထိုးသွားတဲ့ အတွက် မနက်ဖြန် မနက် ၁၀နာရီကို ပြန်ချိန်းလိုက်ပါတယ် ။မနက်ဖြန်မှာ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့အတွက် ရှေ့နေတွေ လျှောက်လဲချက် ပေးဖို့နဲ့ အစိုးရရှေ့နေ ဦးမြင့်ကြိုင်ရဲ့ လျှောက်လဲချက်ကို အန်ကယ်တို့က Reply ပြန်လုပ်ရပါမယ်။ "
" အန်ကယ်တို့ ဒီနေ့ တရားရုံးကို စာတစောင်တင်ပါတယ် စာကတော့ ဟိုတုန်းက နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးညွန့်မောင်ရှိန် က Working Group (Human Right)အဖွဲ့က မေးမြန်းချက်ကို ပြန်လည်ဖြေဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတာမဟုတ်ပါဘူး။ ခေတ္တခေါ်ဆောင် ထားခြင်းသာ ဖြစ်တယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အနေနဲ့ စာထုတ်ထားတာရှိတယ်။ ဒီအမှုနဲ့ပတ်သတ်ပြီး နိုင်ငံခြားရေးရုံးကို သက်သေ လာလျှောက်လဲဖို့ ခေါ်ယူခွင့်ပြုဖို့ တရားရုံးကို စာတင်ထားတယ်။ "
ယနေ့ အင်းစိန်တရားခွင်သို့ ပြီးခဲ့သည့် သောကြာနေ့က တက်ရောက်ခွင့် ရသည့် ဥရောပ နိုင်ငံ၅နိုင်ငံမှ အပ သံတမာန် ၂၀ ကျော်ခန့်တက်ရောက်ခွင့် ရရှိပြီး စကားပြန်များလည်း ပါဝင်ကြောင်းသိရှိရပါသည်။...။
သတင်း။......။ဒီမိုဝေယံ
Posted by
yahutha
at
1:59 AM
0
comments
Labels: သတင်း
Sunday, July 26, 2009
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန်ဋ္ဌာနခွဲ) ဒုတိယအကြိမ် ၆ လပတ်ညီလာခံ သတင်း၊ဓာတ်ပုံ။....။
Posted by
yahutha
at
4:04 PM
0
comments
Labels: သတင်း
Saturday, July 25, 2009
မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ဂျပန် ရတက်မအေး။...။
Posted by
yahutha
at
1:09 PM
0
comments
Labels: သတင်း
ရုံးချိန်းတွေ ဆက်ချိန်းနေတာ ဒေါ်အောင်ဆန်းစုကြည် သဘောမကျဟုပြောဆို။....။
"ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် နောက်ဆုံး လျှောက်လဲချက်ကို နေ့လည် ၂နာရီကနေ ညနေ ၄နာရီခွဲအထိ ကြားနာ စစ်ဆေးခဲ့တယ်။ အန်ကယ်တို့ ဘက်က ဦးကြည်ဝင်း တစ်ယောက်ပဲ ဒေါ်အောင်ဆန်းစုကြည် အတွက် လျှောက်လဲချက် ပေးနိုင်ခဲ့ပြီး အမှုကို လာမယ့် တနင်္လာနေ့ မနက်၁၀နာရီ ထပ်ပြီး ချိန်းဆိုလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တာ တခုကတော့ လျှောက်လဲချက်တွေ အားလုံးပြီးအောင် မဆောင်ရွက်ပဲ ရုံးချိန်းတွေ ဆက်ချိန်းနေတာ သဘောမကျဘူးလို့ ပြောဆိုပါတယ် "ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
ယနေ့ရုံချိန်းသို့ ဥရောပ ၅နိုင်ငံဖြစ်တဲ့ အင်္ဂလန်၊ပြင်သစ်၊ဂျာမဏီ၊အီတလီနှင့်နော်ဝေနိုင်ငံတို့မှ သံတမာန်များ စကားပြန်များနှင့်အတူ လာရောက် နားထောင်ခဲ့ကြောင်း၊ဒေါ်အောင်ဆန်းစုကြည်မှ သံတမာန်များအား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
သတင်း။....။ ဒီမိုဝေယံ
Posted by
yahutha
at
1:40 AM
0
comments
Labels: သတင်း
Friday, July 24, 2009
ယနေ့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများမှ တဆင့် ကုလသမဂ္ဂသို့ ပြောဆိုချက်။...။
နောက်ထပ် ကုလသမဂ္ဂနဲ့ ပတ်သတ်ပြီး ပြောဆိုတာကတော့ " မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ မလွတ်ဘဲ၊ အမျိုးသားရင်ကြားစေ့ရေး မပါဘဲ ကျင်းပတဲ့ ရွေးကောက်ဟာ တရားဝင်မှာ မဟုတ်ကြောင်း ကုလသမဂ္ဂ အနေနဲ့ ဆုံးဖြတ်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ် "ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
၂၂ရက်နေ့က တွေ့ဆုံခွင့် ရရန်တောင်းဆိုချက်ကို အာဏာပိုင်တွေက ငြင်းပယ်ခဲ့ပြီး ယနေ့နေ့လည် ၁၂နာရီခွဲမှ တွေဆုံခွင့်ပြုကြောင်း အကြောင်းကြားခဲ့ပါတယ်။ မနက်ဖြန် နေ့လည်၂နာရီမှာ ၂ဘက်လုံးမှ နောက်ဆုံး အပြီးသတ် လျှောက်လဲချက် ပေးရမှာ ဖြစ်ပြီး တပတ်မှ၂ပတ်အတွင်း စီရင်ချက်ချနိုင်ကြောင်း သိရှိရပါတယ်။....။ သတင်း။.....။ဒီမိုဝေယံ
Posted by
yahutha
at
1:24 AM
0
comments
Labels: သတင်း
Wednesday, July 22, 2009
(NCGUB) နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့် ဂျပန်သတင်း မီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲ ဓာတ်ပုံမှတ်တမ်း။....။
Posted by
yahutha
at
1:43 AM
0
comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၂ရက်နေ့ တွေ့ခွင့်ရရန် ရှေ့နေများ တောင်းဆိုချက် ငြင်းပယ်ခံရ။....။
၎ရက်နေ့မှာ အပြီးသတ် လျှောက်လဲချက် ပေးရန်အတွက် အပြီးသတ် လျှောက်လဲချက် နောက်ဆုံး အချောကို ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည် မှအတည်ပြုပေးရမှာ ဖြစ်တဲ့ အတွက် မနက်ဖြန် ၂၂ရက်နေ့၌ တွေ့ဆုံခွင့် ပေးရန် တောင်းဆိုချက်ကို လွန်ခဲ့တဲ့ နာရီပိုင်းက တွေ့ခွင့်မပြုနိုင်ကြောင်း အကြောင်း ပြန်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
"ဒီနေ့ မနက်ဖြန်၂၂ရက်နေ့မှာ အပြီးသတ် လျှောက်လဲချက် နောက်ဆုံး အချောကို ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည် မှအတည်ပြုပေးရမှာ ဖြစ်တယ်။ မနက်ဖြန် တွေ့ခွင့်တောင်းတာကို အကျဉ်းဦးစီးဋ္ဌာနက ပြီးခဲ့တဲ့ ၁နာရီလောက်က ခွင့်မပြုနိုင်ဘူးလို့ အကြောင်းပြန်လာတယ်။ အဲဒီ့အတွက်ကြောင့် လာမည့် ၂၄ရက်နေ့ နောက်ဆုံး လျှောက်လဲချက်ဟာ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည် တရားဝင် အတည်ပြုရခြင်း မရှိတဲ့ လျှောက်လဲချက်ကို ပေးရမှာဖြစ်နေတယ်။ ဒါဟာဘာကို ဆိုလိုသလဲဆိုတော့ ဥပဒေအရ ခုခံပိုင်ခွင့် အပြည့်အဝ မရှိဘူး၊ကန့်သတ်တဲ့ အဓိပ္ပါယ် ဖြစ်နေတယ်။"ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
သတင်း.......ဒီမိုဝေယံ။.....။
Posted by
yahutha
at
1:42 AM
0
comments
Labels: သတင်း
Monday, July 20, 2009
ဂျပန်-မြန်မာချစ်ကြည်ရေးတည်မြဲပါစေ ကျောက်စာတိုင်သို့ ဂျပန်နိုင်ငံရှိ ဒီမိုကရေစီအဖွဲ့များမှ သွားရောက် ဂုဏ်ပြုကြခြင်းနှင့်၊ အာဇာနည်နေ့အထိမ်းအမှတ် ဆွေးနွေ
Posted by
yahutha
at
11:48 PM
0
comments
Labels: သတင်း
အမျိုးသားညွန့်ပေါင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်နှင့် တွေ့ဆုံဆွေးနွေးပွဲ သတင်း၊ဓာတ်ပုံ။...။
Posted by
yahutha
at
2:01 PM
0
comments
Labels: သတင်း
အဖွဲ့ချုပ်ရုံး၌ ၆၂နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပ။....။
ယနေ့ ကျရောက်တဲ့ ၆၂ပြည့်အာဇာနည်နေ့ အခမ်းအနားကို အဖွဲ့ချုပ်ရုံးနဲ့ မြန်မာပြည်တဝှမ်းကျင်းပ ပြုလုပ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
"ဒီကနေ့ ၆၂ပြည့်အာဇာနည်နေ့ အခမ်းအနားကို အဖွဲ့ချုပ်ရုံးနဲ့ နယ်မြို့တွေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့တော့ အာဇာနည်နေ့ အခမ်းအနားကို မနက်ကနေ ညနေအထိ အေးအေးဆေးဆေး အနှောက်အယှက် ကင်းစွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ မနက်ပိုင်းမှာ သံဃာတော်တွေကို အာရုဏ် ဆွမ်းကပ်ပါတယ်။ ၁၀နာရီ၃၇မိနစ် ဗိုလ်ချုပ်တို့ကျဆုံးတဲ့ အချိန်မှာ အဖွဲ့ချုပ်ရုံးမှာ ဥသြဆွဲအသံသွင်းခွေ ထုတ်လွှင့်ပြီး အာဇာနည်ခေါင်းဆောင် ကြီးများအား အလေးပြုကြပါတယ်။ ဒီကနေ့ ရန်ကုန်မှာ မိုးသီးထန်စွာ ရွာသွန်းတဲ့ ကြားထဲက အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံခြားသံတမာန်များ၊ဖိတ်ကြားထားတဲ့ ဧည်သည်တော်များ၊အဖွဲ့ ချုပ်ဝင်များနှင့် ပြည်သူလူထု ၈၀၀ခန့် ခန်းလုံးပြည့် တက်ရောက်ကြပါတယ် "လို့ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။ နေ့လည် ၁၂နာရီခွဲမှာ အခမ်းအနားကို စတင်ကျင်းပခဲ့ပြီး အာဇာနည် ခေါင်းဆောင်ကြီများ၏ သမိုင်းကြောင်းများနှင့် အာဇာနည်နေ့ ကြေငြာချက်များကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ယနေ့အာဇာနည်နေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ် NLD ဥက္ကဋ္ဌ၊ အတွင်းရေးမှုးနဲ့ အဖွဲ့ချုပ်ဝင် ၅၀ခန့် အာဇာနည်နေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အလားတူ နယ်မြို့ အသီးသီးမှာလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း ကြားသိရပါတယ်။
ဗိုလ်ချုပ်ပုံ၊ဒေါ်စုပုံပါတဲ့ တီရှပ်ဝတ်ဆင်ပြီး အာဇာနည်ဗိမာန် သို့သွားရောက် သွားရောက်ခဲ့တဲ့ NLD အဖွဲ့ဝင်၃၀ခန့် ခေတ္တထိန်းသိမ်းခံရ။.....။
ယနေ့ နေ့လည် ၁၂နာရီလာက်မှာ အာဇာနည်ဗိမာန်သို့ NLD အဖွဲ့ဝင်နဲ့ ပြည်သူလူထု ၅၀ခန့် သွားရောက်ဂါရဝ ပြုရန်သွားရောက် ခဲ့ကြပါတယ်။ အာဇာနည်ဗိမာန်သို့ ဂါဝရပြုရန် သွားရောက်တဲ့ အထဲက ဗိုလ်ချုပ်ပုံ၊ဒေါ်စုပုံပါတဲ့ တီရှပ်ဝတ်ဆင်တဲ့သူ ၃၀ခန့်အား နာရီဝက်ခန့် ထိန်းသိမ်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့ကြာင်း သိရှိရပါတယ်။ ရန်ကုန်မြို့မှာ လုံခြုံရေးများ တင်းတင်းကြပ်ကြပ် ချထားကြောင်း ကြားသိရပါတယ်။ စစ်အစိုးရ အာဏာယူချိန်က စပြီး အာဇာနည်နေ့ကို မှေးမှိန်ပျောက်ကွယ်အောင် ပြုလုပ်လာခဲ့ပါတယ်။ ယခင်ကကဲ့သို့ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးချိန်မှာ ဥသြဆွဲခြင်း၊အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်းများအား ဟောပြောပွဲများ ကျင်းပခြင်းများအား ပိတ်ပင်ခဲ့ပါတယ်။..။ သတင်း။....။ဒီမိုဝေယံ
Posted by
yahutha
at
1:33 AM
0
comments
Labels: သတင်း
Sunday, July 19, 2009
၆၂နှစ်ပြည့် အာဇာနည်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာဘုန်းကြီးကျောင်း၌ ဆွမ်းဆက်ကပ် လှုဒါန်းပွဲ ဓာတ်ပုံမှတ်တမ်း။...။
Posted by
yahutha
at
4:40 PM
0
comments
Labels: သတင်း
အာဇာနည်နေ့  (သို့ ) နိုင်ငံတော် လုပ်ကြံမှုကြီး
Posted by
yahutha
at
2:15 AM
0
comments
Labels: မျှဝေခြင်း
Saturday, July 18, 2009
ယနေ့ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ၂နာရီခန့် တွေ့ခွင့်ရ။
အမှုနဲ့ ပတ်သတ်ပြီး ဒေါ်စုက ဒီပုဂ္ဂိုလ်(မစ္စတာယက်တော) ဝင်ရောက်လာတာ လုံခြုံရေး စည်းဖောက်လာတာ ဖြစ်တယ်။ လုံခြုံရေးစည်းက လူတွေကို အရေးမယူပဲ မိမိကိုတရားစွဲတာ ဘက်လိုက်တာဖြစ်တယ်။
ဒေါ်စုအင်းစိန်ထောင် အတွင်း အာဇာနည်နေ့ အလှုလုပ်မည်ဟု သိရှိရပါသည်။ ယခင် မွေးနေ့ပြုလုပ်ခဲ့သည့် အတိုင်း အနီးပတ်ဝန်းကျင်မှ လုံခြုံရေးဝန်ထမ်းများအား လှုဒါန်းမည်ဟုသိရှိရပါတယ်။ ဘုန်းတော်ကြီး ပင့်ခွင့်ရမရ မသိရှိရပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၆၂ပြည့်အာဇာနည်နေ့ အခမ်းအနား အစီအစဉ်။....။
မနက် သံဃာတော်များအား အာရုဏ်ဆွမ်းကပ်လှုပါမည်။
၁၀နာရီခွဲမှာ ငြိမ်းချမ်းရေး ချိုးငှက်လွှတ်ပြီး၊ ဗိုလ်ချုပ်တို့ကျဆုံးတဲ့အချိန် ဥသြဆွဲ အလေးပြုပါမည်။
၁၂နာရီခွဲမှာ အခမ်းအနား စတင်ပြီး အာဇာနည်နေ့ ထုတ်ပြန်ချက်၊သဘာပတိ မိန်ခွန်းပြောကြားပြီး အခမ်းအနား ကိုဖွင့်လှစ်မှာဖြစ်ကြောင်း သိရှိရပါတယ်။ သတင်း။.....။ဒီမိုဝေယံ.......
Posted by
yahutha
at
2:55 AM
0
comments
Labels: သတင်း
Thursday, July 16, 2009
အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု နအဖသံအမတ်က ပြော
UN Secretary General Ban Ki-moon on July 13 told the Security Council that during his recent visit to Burma, where he met Snr. Gen. Than Shwe, who has pledged to make the elections free and fair, but not granted Mr. Ban Ki-moon to meet the pro-democracy leader Aung San Suu Kyi. Burma's ambassador to the UN, U Than Swe, defended in saying his government is processing to grant amnesty to a number of political prisoners to allow them to participate in democratic elections scheduled for 2010
Posted by
yahutha
at
1:55 AM
0
comments
Labels: သတင်း
Wednesday, July 15, 2009
အမျိုးသားညွန့်ပေါင်းအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့် နှင့်တွေ့ဆုံ ဆွေးနွေးပွဲ ဖိတ်ကြားခြင်း
Posted by
yahutha
at
2:31 AM
0
comments
Labels: အခန်းအနားဖိတ်စာ
Wednesday, July 8, 2009
တက္ကသိုလ်ကျောင်းသားအရေးအခင်း ၄၇နှစ်မြောက်အထိမ်းအမှတ်ဆန္ဒပြပွဲ
Posted by
yahutha
at
3:30 PM
0
comments
Labels: သတင်း
၇ ဇူလိုင် စစ်သံရုံးရှေ့ သတင်းစာရှင်းလင်းပွဲ ( ကိုရီးယား )
Posted by
yahutha
at
2:34 AM
0
comments
Labels: သတင်း
ရှေ့နေများကောင်စီ ဥက္ကဌ ဦးသိန်းဦး နှင့် ကိုရီးယားနိုင်ငံရောက် ဒီမိုကရေစီအင်အားစုများ၏ မြန်မာ့အရေးဆွေးနွေးပွဲ
Posted by
yahutha
at
2:34 AM
0
comments
Labels: သတင်း
ယနေ့ဂျပန်နိုင်ငံ တိုကျိုမြို့ စစ်အခွန်ရုံးရှေ့တွင်ပြုလုပ်သော ၇ ဂျူလိုင်နေ့ အခမ်းအနား သတင်း၊ဓာတ်ပုံမှတ်တမ်း။
Posted by
yahutha
at
1:46 AM
0
comments
Labels: သတင်း
Tuesday, July 7, 2009
DN! At Least 140 Killed in China Clashes
At Least 140 Killed in China Clashes In China, at least 140 people have been killed and more than 800 wounded in the western Xinjiang region. On Sunday, hundreds of protesters clashed with police ...
Posted by
yahutha
at
2:43 AM
0
comments
Labels: သတင်း
Sunday, July 5, 2009
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်မစ္စတာဘန်ကီမွန်းနှင့် NLD CEC တွေ့ဆုံစဉ် တောင်းဆိုချက်များ။

Posted by
yahutha
at
10:27 PM
0
comments
Labels: ဆက်သွယ်မေးမြန်းချက်
မြောက်ကိုရီးယားသင်္ဘောတစ်စီး ဆန်တင်ရန် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာ
Posted by
yahutha
at
2:04 AM
0
comments
Labels: သတင်း ဓါတ်ပုံ
Saturday, July 4, 2009
UN SECRETARY BANKIMOON IN BURMA- 03 ,07, 2009
UN SECRETARY MR. BANKIMOON VISIT BURMA AND REQUEST TO MEET DAW AUNG SAN SUU KYI , RESUME DIOLUGE WITH OPPOSITIONS AND RELEASE ALL POLITICAL PRISONERS INCLUDING DAW AUNG SAN SUU KYI.
Posted by
yahutha
at
3:16 AM
0
comments
Labels: သတင်း
Japan's PM Meets U.N. Secretary General
United Nations secretary general Ban Ki-moon and Japanese prime minister Taro Aso met in Tokyo to discuss regional problems in Asia. At the forefront of the talks were the condition of one high pro...
Posted by
yahutha
at
3:15 AM
0
comments
Labels: သတင်း
ဘန်ကီမွန်းသတင်းများ
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဘန်ကီမွန်းကို တွေ့ခွင့်မပေး link
- ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တွေ့ဆုံဖို့ စစ်အစိုးရ ခွင့်မပြု link
- ဘန်ကီမွန်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရ link
- ဘန်ကီမွန်းခရီးစဉ် လုံခြုံရေးများ အထူးတင်းကြပ် link
- ဘန်ကီမွန်း မြန်မာပြည် ဒီကနေ့ရောက်မည် link
- ဘန်ကီမွန်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမရ မသေချာသေး link
- မြန်မာနိုင်ငံခရီးစဉ်သည် ခက်ခဲသည့် ခရီးစဉ်ဟု ဘန်ကီမွန်း ပြောဆို link
- နအဖကို ပိုမိုဖိအားပေးရန် ဘန်ကီမွန်း တိုက်တွန်းတောင်းဆို link
Posted by
yahutha
at
2:41 AM
0
comments
Labels: သတင်း