Killing Festival
DepayinreportNo2
Preliminary Report
InterviewZawZawAung
Eyewitness Report
Posted by
yahutha
at
11:41 PM
0
comments
Labels: မျှဝေခြင်း
ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး တိုက်တွန်း ဖတ်ရန်
ဒီပဲယင်း (၆) နှစ်ပြည့်ချိန် ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံနေရ ဖတ်ရန်
ဒီပဲယင်းအကြမ်းဖက်မှု ၆ နှစ်ပြည့်တိုင် အရေးမယူသေး ဖတ်ရန်
ဒီပဲယင်းအရေးအခင်း (၆) နှစ်ပြည့် အန်အယ်လ်ဒီပါတီမှာ ဆွမ်းသွတ် ဖတ်ရန်
ဒီပဲယင်းဖြစ်ရပ်မှန်အပေါ် ဥပဒေရှုထောင့်မှ သုံးသပ် ဖတ်ရန်
Posted by
yahutha
at
3:40 AM
0
comments
Labels: သတင်း
Posted by
yahutha
at
3:28 AM
0
comments
Labels: သတင်း
Posted by
yahutha
at
3:01 AM
0
comments
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ၃၀.၅.၂၀၀၉ နေ့လည် ၃း၀၀နာရီ မှ ၅း၀၀နာရီ အထိကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ (မပျက်မကွက်) ၊ ဂျပန်ရောက် မြန်မာဒီမိုကရေစီလိုလားသူများအားလုံး တက်ရောက်ကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။
Posted by
yahutha
at
3:52 PM
0
comments
Labels: ကျေညာချက်
စုအတွက် ၆၄ အမည်ရ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အင်တာနက်လှုပ်ရှားမှု ထွက်ပေါ်လာ ဖတ်ရန်
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ရုံးတင်တရားစွဲတာ အာဆီယံ သိက္ခာကျ ဖတ်ရန်
စစ်အစိုးရကြောင့် အာဆီယံ မျက်နှာပျက် ဖတ်ရန်
ဒေါ်အောင်ဆန်းစုကြည်အမှု စစ်ဆေးသည့် (၉) ရက်မြောက်နေ့ သတင်းများ ဖတ်ရန်
ဒေါ်အောင်ဆန်းစုကြည်အမှု အပြီးသတ်လျှောက်လဲရန် ရက်သတ်မှတ်၊ အင်းစိန်ဈေးရှေ့ တကိုယ်တော်ဆန္ဒ ပြသူတဦး ဖမ်းဆီးခံရ ဖတ်ရန်
ဒေါ်အောင်ဆန်းစုကြည်ကို ဆက်အရေးယူမည်ဟု နအဖတုံ့ပြန် ဖတ်ရန်
ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင်ထွက်ဆိုချက်များ နအဖသတင်းစာတွင် အပြည့်အစုံ မဖော်ပြ ဖတ်ရန်
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအားနည်း ဖတ်ရန်
ဒေါ်အောင်ဆန်းစုကြည်လွှတ်ရေး ဆန္ဒပြသူ အဖမ်းခံရ ဖတ်ရန်
Posted by
yahutha
at
1:59 AM
0
comments
Posted by
yahutha
at
3:55 PM
0
comments
Posted by
yahutha
at
3:21 PM
0
comments
Posted by
yahutha
at
2:43 AM
0
comments
Posted by
yahutha
at
4:00 PM
0
comments
Labels: မျှဝေခြင်း
Posted by
yahutha
at
3:49 PM
0
comments
Labels: မျှဝေခြင်း
Posted by
yahutha
at
2:33 AM
0
comments
Labels: သတင်း
Posted by
yahutha
at
2:32 AM
0
comments
Labels: မျှဝေခြင်း
Posted by
yahutha
at
2:29 AM
0
comments
Labels: (သုံးသပ်ချက်)
Posted by
yahutha
at
3:02 AM
0
comments
Labels: သတင်း
Posted by
yahutha
at
2:03 AM
0
comments
Labels: သတင်း ဓါတ်ပုံ
Posted by
yahutha
at
1:28 AM
0
comments
Labels: သတင်း
Posted by
yahutha
at
1:25 AM
0
comments
Labels: သတင်း
Posted by
yahutha
at
3:55 PM
0
comments
Labels: သတင်း
*ရေးသူ-အရှင်ထေရ၀ံသ*
ယနေ့ တရားခွင် ပြီးဆုံး
အင်္ဂါနေ့၊ မေလ 19 2009 15:10 - မြန်မာစံတော်ချိန်
“ အချိန်ပိုင်းသာ အလုပ်လုပ်နေရတဲ့ အတွက် အခက်ခဲရှိတာ အမှန်ပါ- လတ်တလော ဖြစ်ပေါ်နေတဲ့ သတင်းကို ပြည်ပရောက်
အတိုက်ခံအင်းအားစုများ သိရှိစေရန်တင်ပြခြင်းဖြစ်ပါတယ် ”
*အရှင်ထေရ၀ံသ*
ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်း - မနက်ဖြန်ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို မနက်ဖြန် ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီတွင် ဆက်လက် စစ်ဆေးမည် ဖြစ်သည်။
ရန်ကုန်ပြည်သူလူထုအခြေနေ့ကတော အရမ်းကို စိတ်လှုပ်ရှားနေ့ပြီး စစ်အာဏာရှင်တွေကို ရရာလက်နက်များတိုက်ဖို့ ပြောဆိုနေကြသလို
ရဟန်းသံဃာကျောင်းသားကျောင်းသူတွေကတော့ စစ်အာဏာရှင်တွေကို တိုက်ခိုက်ဖို့ ပြည်သူလူထုကို ၀ိုင်းရန်းပေးကြဖို့
စာရွက်တွေကို နည်းမျိုးစုံဖြင့် ဖြန်ဝေသွားတယ်လို့သိရပါတယ် ။
န အ ဖ စစ်အာဏာရှင်များကတော့ ပြည်သူလူထုကို ဘောလုံးပွဲတွေနဲ့ အာရုံပြောင်းပြုလုပ်ကြောင်းကြားသိရပါတယ်
စစ်အာဏာရှင်များက ဘောလုံးပွဲတွေနဲ့လူထုကြီးကိုအာရုံပြောင်းဖို့ကြိုးစားနေတာကို
ကျနော်တို့အဲ့ဒီအခွင့်အရေးကို အသုံးချနိုင်ရင်ကောင်းမယ်။ဖြစ်နိုင်ရင်ပြည်သူတွေကိုဘောလုံးပွဲမကြည်ဖို့ စည်းရုံးရမယ်။
အတိုက်အခံခေါင်းဆောင်ကြီးများအနေဖြင့်စစ်အာဏာရှင်တွေကိုချိန်းဆိုနေတဲ့ရက်လတွေကို စောင့်ပြီး
စစ်အာဏာရှင်ပြောသမျှကိုလက်ခံဆွေးနွေးရေစုံမျှောနေကြရင်တော့စစ်အာဏာရှင်လက်အောက်ကနေဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူး။
ဒါကြောင့်ခေါင်းဆောင်ကြီးများအနေဖြင့်ရဲရင့်ပြတ်သားတဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့လိုအပ်နေပြီဖြစ်ကြောင်းတင်ပြုအကြံပြုခြင်းဖြစ်ပါတယ်
*အရှင်ထေရ၀ံသ* မှကျေးဇူးပြုပါတယ်။
Posted by
yahutha
at
2:40 AM
0
comments
Labels: မျှဝေခြင်း
၁၈-၅-၂၀၀၉
နေအိမ် အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲဆိုသည့်အပေါ် ဆန့်ကျင်သည့်အနေဖြင့် ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ဆန္ဒပြခဲ့ကြ ပါသည်။ ထို့နောက်ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုသည့်အပေါ် ဆန့်ကျင်ကြောင်း ငြာချက်ကို မြန်မာသံရုံး (အခွန်ရုံး) မှ တာဝန်ရှိသူများကို ရှေ့ဝင်ပေါက်မှ အော်ခေါ်၍ ပေးအပ်မည်ပြုသော်လည်း သံအမတ်နှင့်တာဝန်ရှိသူများ ထွက်မလာရဲကြ၍ စာတိုက်ပုံးအတွင်းထည့်ထားခဲ့ရပါတယ်။ ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ မြန်မာအရေးစိတ်ဝင်စားသောဂျပန်အဖွဲ့အစည်းများနှင့် ဂျပန်ဘုန်းတော်ကြီးများ အယောက် ၄၅၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
May 18, 2009
東京都品川区ミャンマー大使館
写真: 109·枚 – 33 MB
一般公開
独裁ミャンマー軍事政権より不当に拘束した、民主化運動指導者、アウンサンスーチー氏を 起訴した事に対しミャンマー大使館前で抗議デモが行われた参加者450人以上が抗議活動を行い、早期釈放などを訴えた。
ဓါတ်ပုံ-ကိုထွဏ်းမြင့်
Posted by
yahutha
at
2:50 AM
0
comments
Labels: သတင်း ဓါတ်ပုံ
နေအိမ်အကျယ်ချုပ်ကျနေသည့် သူရဦးတင်ဦးနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ၊သံဃာတော်အရှင်သူမြတ်များ၊ ယုံကြည်ချက်ကြောင့် နအဖ အကျဉ်းထောင်များအတွင်း၌ မတရားဖမ်းဆီးခြင်းခံနေရသည့် ကိုမင်းကိုနိုင်အပါအ၀င် ၈၈မျီုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် NLD(LA)JB မှ ဦးဆောင်၍ ဂျပန်လူမျိုးများနှင့် နိုင်ငံခြားသားများထံမှ လက်မှတ်ကောက်ခံစုဆောင်းခြင်း လှုပ်ရှားမှုအား (၁၇-၀၅-၂၀၀၉)နေ့လည်၁နာရီမှ ညနေ ၄နာရီအထိ ဂျပန်နိုင်ငံတိုကျိုမြို့ ဟာရာဂျူကု ဘူတာ အနီး ဟာရာဂျူကု ပန်းခြံရှေ့ တွင်ကောက်ခံခဲ့ပါသည်။ လက်မှတ်ပေါင်း ၁၄၉၀ ရရှိခဲ့ပါတယ်။
ဓါတ်ပုံ-ကိုထွဏ်မြင့်
Posted by
yahutha
at
2:49 AM
0
comments
Labels: သတင်း ဓါတ်ပုံ
၁၈၊ မေလ ၂၀၀၉။ ကြည်ဝေ ဧရာဝတီ။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ၎င်း၏အိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသားနှင့် ပတ်သက်ပြီး ယနေ့ အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ရုံးတင်စစ်ဆေးမည် ဖြစ်သောကြောင့် အင်းစိန်ဈေးနှင့် အနီးတ၀ိုက်ကို လည်းကောင်း၊ အင်းစိန်ထောင် ရှေ့ပတ်ဝန်းကျင်မှ ဆိုင်ခန်းများအား လည်းကောင်း ယမန်နေ့ညပိုင်းမှ စတင်၍ အာဏာပိုင်များက ပိတ်ခိုင်းထား ကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်း စုကြည်အား အင်းစိန်ထောင်သို့ ပြောင်းရွေ့ထားသော နေ့ကတည်းကပင် မြို့ခံလူအများမှာ စိတ်ဝင်စားစွာဖြင့် အင်းစိန်ထောင်အနီးသို့ လာရောက်ကြည့်ရှု နေကြခြင်းကြောင့် ယခုကဲ့သို့ ပိတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ အင်းစိန်မြို့နယ်၊ ရွာမအနောက် ရပ်ကွက်မှ ရယက အဖွဲ့ဝင်တဦးက ပြောဆိုသည်။ “ကျနော်တို့လည်း အဲဒီနေ့ကစပြီး ညတိုင်း လုံခြုံရေး တာဝန်ယူရတယ်၊ မနေ့ည ၁၇ ရက်နေ့ ညတုန်းကတော့ အထူးတာဝန်ပေါ့၊ အင်းစိန်ဈေးရှေ့ကနေ အင်းစိန် ပန်းခြံရှေ့အထိ ပိတ်လိုက်တာ အဲဒီထဲမှာ နေတဲ့သူတွေကိုလည်း အ၀င်အထွက် ခွင့်မပြုတော့ဘူး”ဟု သူက ပြောဆိုသည်။ အင်းစိန်ဈေးအား ပိတ်လိုက်သောကြောင့် ထိုဈေးမှ ဈေးသည်များမှာ ယနေ့နံနက်တွင် ဈေးအတွင်းသို့ ၀င်မရဘဲ ပြန်သွားကြရသည်ဟု ၎င်းက ဆိုသည်။ “ကျမတို့ကို ဈေးပိတ်မယ်လို့လည်း မပြောဘူး၊ ဒီနေ့ မနက် ဈေးလာတော့ ဈေးထိပ် ပေါက်တောဝက စပြီး လမ်းပိတ်ထားတယ်၊ ရဲတွေက သေနတ်တွေကိုင်ပြီး စောင့်နေတယ်၊ သွားမေးတော့လည်း ဒီလမ်းထဲကို ဘယ်သူမှ မ၀င်ရဘူးလို့ပဲ ပြောတယ်၊ ကျမတို့က အင်းစိန်ဈေးထဲကို သွားမလို့ပါလို့ ပြောတော့လည်း မ၀င်ရဘူးလို့ဘဲ ပြောတယ်”ဟု အင်းစိန်ဈေးမှ ဈေးသည်တဦးက ပြောပြသည်။ ထို့ပြင် အင်းစိန် ပေါက်တောဝမှ အင်းစိန်ပန်းခြံလမ်းအထိ မည်သူကိုမှ ဖြတ်သန်းခွင့်မပြုဘဲ ပိတ်လိုက်ခြင်းကြောင့် ထိုလမ်းထဲတွင် နေထိုင်သူများမှာ အပြင်သို့ ထွက်ခွင့်မရသလို၊ အပြင်မှ ပြန်လာသူများမှာလည်း လမ်းပိတ်ချိန်မှ စပြီး အတွင်းသို့ ၀င်ခွင့်မရသောကြောင့် လမ်းအတွင်း နေထိုင်သူများမှာ အခက်အခဲ ဖြစ်လျက်ရှိကြောင်းလည်း သိရှိရသည်။ “မနေ့ညက အလုပ်ကအပြန် လမ်းထိပ်လည်း ရောက်ရော ခုလို သံဆူးတပ်ထားတဲ့ ဘာရီတွေနဲ့ ပိတ်ထားပြီး အစောင့်ရဲက ၀င်လို့မရဘူးလို့ ပြောတယ်၊ ကျနော်က အိမ်ကို ပြန်မလို့ ဘာလို့လဲ ပြောတော့လဲ ပေးမ၀င်ဘူး၊ အဲဒါနဲ့ကျနော် မရမ်းကုန်းထဲက သူငယ်ချင်းအိမ် သွားအိပ်ရတယ်” ဟု အဆိုပါ လမ်းအတွင်း နေထိုင်သူ တဦးက ပြောဆိုသည်။ ၎င်းကဲ့သို့ပင် ညအိမ်ပြန်သူများမှာ လမ်းပိတ်ထားပြီး ၀င်ခွင့်မရသောကြောင့် အခြားအိပ်စရာ နေရာရှာ၍ အိပ်ခဲ့ရကြောင်း၊ ယနေ့မနက် အလုပ်သွားမည့် သူများမှာလည်း လမ်းအတွင်းမှ ထွက်ခွင့်မရသောကြောင့် မသွားရကြောင်း သူက ပြောပြသည်။ အဆိုပါ ပိတ်ထားသော အင်းစိန်ပေါက်တောဝနှင့် အင်းစိန်ပန်းခြံလမ်းသည် လိုင်းကားများ အများဆုံး အသုံးပြုနေသော လမ်းဖြစ်ပြီး အမှတ် ၄၈၊ ၄၈ အထူး၊ အမှတ် ၉၆၊ အမှတ် ၁၂၅၊ အမှတ် ၁၀၂၊ အမှတ် ၁၃၄၊ အမှတ် ၁၅၆ စသည့် လိုင်းကားများ အသုံးပြုနေသော လမ်းဖြစ်သည်။ ယခုအခါ ထိုလိုင်းကားများမှာ အင်းစိန်ပေါက်တောဝမှ ဘုရင့်နောင်လမ်းဘက်သို့ လှည့်သွားနေရ သောကြောင့် ဘုရင့်နောင်လမ်းမကြီးမှာ နံနက်ခင်းကတည်းကပင် ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှု ဖြစ်လျှက်ရှိသည်။ အင်းစိန်လမ်းမနှင့် ဘုရင့်နောင်လမ်းမကြီး ဆုံရာ လမ်းဆုံမှ လက်ဖက်ရည်ဆိုင် ၀န်ထမ်း တဦးကလည်း ၎င်းတို့ ဆိုင်တွင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များ၏ အခြေအနေကို ပြောပြသည်။“တဆိုင်လုံး ရဲတွေချည်းပဲ အခြားလူ ၀င်လာရင်ကို သေချာကြည့်ပြီး ဟိုမေးဒီမေး မေးနေတော့ တော်ရုံလူက လက်ဖက်ရည်တောင် မသောက်တော့ဘဲ ပြန်ထွက်သွားရတယ်”ဟု ဆိုသည်။
အဆိုပါ ဆိုင်တွင် ယူနီဖောင်းဝတ်ရဲများ အရပ်ဝတ်နှင့် ရဲများအပြင် မီးသတ်များ၊ ရယကများပါ လက်ဖက်ရည် လာသောက်သူများအား စစ်ဆေး မေးမြန်းခြင်း၊ မှတ်ပုံတင် ပြခိုင်းခြင်းများ ပြုလုပ်လျှက် ရှိကြောင်း သိရှိရသည်။ အင်းစိန်ထောင် အနီးရှိ ညောင်ပင်သာ ဘုန်းတော်ကြီးကျောင်း၊ ဆရာတော်ကြီး ဘုန်းကြီးကျောင်းစသည့် အင်းစိန် ထောင်ရှေ့ရှိ ဘုန်းတော်ကြီး ကျောင်းဝင်းများ အတွင်း စစ်တပ်က တပ်စွဲထားလျက် ရှိပြီး အင်းစိန်ထောင် ဘေးပတ် ပတ်လည်တွင်လည်း လုံထိန်းအပြည့် တင်ထားသော ရဲကားများအား လုံခြုံရေးဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲသော မေလ ၁၄ ရက်နေ့ ကတည်းကပင် ချထားကြောင်း သိရှိရသည်။.
Posted by
yahutha
at
2:02 AM
0
comments
Labels: သတင်း ဓါတ်ပုံ
အမေရိကန် နိုင်ငံက မြန်မာ အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမူကို နောက်ထပ် သက်တမ်း တနှစ်တိုးလိုက်ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ထုတ်ဖေါ် ပြောကြားလိုက်သည်။
မြန်မာ နအဖ စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ဖမ်းဆီးထားရာကနေ နောက်ထပ် စွဲချက် အသစ် တခုဖြင့် တရားစွဲဆိုရန် စီစဉ်နေစဉ် စီးပွားရေး ပိတ်ဆို့မူကို အမေရိကန် အစိုးရက နောက်ထပ် သက်တမ်းတိုးလိုက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ထားသော စည်းကမ်းများကို ချိုးဖေါက်သည်ဟု စွပ်စွဲပြီး အင်းစိန်ထောင်တွင် ပုဒ်မ ၂၂ ဖြင့် စွပ်စွဲ တရားစွဲဆိုပြီးနောက် နိုင်ငံတကာတွင် မြန်မာ စစ်အစိုးရ အပေါ် ဝေဖန် ရှုတ်ချသံများ ပွတ်လောရိုက်နေချိန်တွင် ယခု သက်တမ်းတိုးမူ ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ အပေါ် စီးပွားရေး အရ ပိတ်ဆို့အရေးယူမူသည် မထိရောက်သည့် အပြင် သန်းပေါင်းများစွာသော မြန်မာပြည်သူများ၏ ဘ၀ကိုသာ ပိုမို မွန်းကျပ် နစ်နာစေသည့်ဟု ဆိုကာ စီးပွားရေး ပိတ်ဆို့မူကို ရုတ်သိမ်းရန် အမေရိကန် အစိုးရအပေါ် မြန်မာ စစ်အစိုးရနှင့် တချို့ နိုင်ငံရေး သမားများမှ တောင်းဆိုမူများ ပြုလုပ်ခဲ့သည်။
လက်ရှိ အမေရိကန် အစိုးရ အနေဖြင့် မြန်မာအရေးနှင့် ပတ်သက်ပြီး ယခင် ဂျော့ဘုရှ် အစိုးရ လက်ထက်က ချမှတ်ထားခဲ့သော ပေါ်လစီ အပေါ် အပြန်အလှန် သုံးသပ်နေစဉ် ယခု စီးပွားရေး အရေးယူ ပိတ်ဆို့မူကို သက်တမ်း တိုးလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးတွင် တာဝန် ထမ်းဆောင်ခဲဖူးသူ ရခိုင်ကျောင်းသားဟောင်း ကိုထွန်းစံက � ခုလို အခြေအနမျိုးမှာ အမေရိကန် အစိုးရက နောက်ထပ် စီးပွားရေး ပိတ်ဆို့ အရေးယူမူကို သက်တမ်း တနှစ်တိုးလိုက်တာဟာ လက်ရှိ မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြုမူဆက်ဆံနေတာနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ ခုလို နအဖ စစ်အစိုးရက ကမ္ဘာပြည်သူတွေ အလေးအနက် တောင်းဆိုနေတဲ့ ကြားထဲက ဒေါ်အောင်ဆန်းစုကြည်ကို မလွတ်တဲ့ အပြင် နောက်ထပ် အကွက်ဆင်ပြီး ဖမ်းဆီး ထောင်ချဖို့ စီစဉ်နေတဲ့ အချိန်မှာ အမေရိကန် အစိုးရ အနေနဲ့ ဘယ်လိုနည်းနဲ့မှ စီးပွားရေး ပိတ်ဆို့မူကို ရုတ်သိမ်းဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျနော် အနေနဲ့ မြင်ပါတယ်� ဟု ပြောသည်။
အမေရိကန် အစိုးရသည် မြန်မာနိုင်ငံ အပေါ် ၁၉၉၇ ခုနှစ်ကတည်းက စီးပွားရေး ပိတ်ဆို့ အရေးမူကို ပြုလုပ်လာခဲ့ပြီး မြန်မာ စစ်အစိုးရ အပေါ် ဒီမိုကရေစီနှင့် အခြေခံ လူ့အခွင့်အရေးများ အပေါ် လိုက်နာရန် အမြဲ တွန်းအားပေး တောင်းဆိုခဲ့သည်။
သို့သော်လည်း မြန်မာ စစ်အစိုးရသည် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ အရေးယူမူကို အလေးအနက် မထားသည့် အပြင် တိုင်းပြည်တွင်းရှိ သဘာဝ သယံဇာ ပစ္စည်းများကို တရုတ်သို့ ရောင်းချပြီင်္း တရုတ်အားကိုးဖြင့် အမေရိကန်နိုင်ငံ အပါအ၀င် အနောက်နိုင်ငံများကို အာခံခဲ့သည်။ ထိုကဲ့သို့ မြန်မာ စစ်အစိုးရ၏ � ဘယ်သူသေသေ ငတေမာပီးရော� ဆိုသည့် ပေါ်လစီ လမ်းစဉ်ကြောင့် မြန်မာ ပြည်သူလူထုမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိုပြီးနောက် အဆိုးဝါးဆုံး အမှောင်ခေတ်သို့ ရောက်ရှိခဲ့ကြရသည်။
Posted by
yahutha
at
1:41 PM
0
comments
Fri May 15, 1:01 PM ET Myanmar citizens hold portraits of Daw Aung San Suu Kyi as they shout slogans during in front of the Myanmar embassy in Tokyo on May 15, 2009. Myanmar faced intense international pressure Friday to free pro-democracy icon Suu Kyi after she was imprisoned.
Free Daw Aung San Suu Kyi. Video Myu Tsaw and Soe Aung Win NEWS AND INFORMATION
Myanmar citizens hold portraits of Daw Aung San Suu Kyi as they shout slogans during in front of the Myanmar embassy in Tokyo on May 14, 2009. Myanmar faced intense international pressure Friday to free pro-democracy icon Suu Kyi after she was imprisoned
Vide Myo tsaw and Soe Aung Win News and Information
Posted by
yahutha
at
2:10 PM
0
comments
Posted by
yahutha
at
3:26 PM
0
comments
Labels: ကျေညာချက်
Myanmar opposition leader Aung San Suu Kyi is facing the prospect of years in prison after being charged with breaching the conditions of her house arrest. Al Jazeera's Azhar Sukri reports.
Posted by
yahutha
at
2:50 AM
0
comments
Labels: သတင်း
Posted by
yahutha
at
2:47 AM
0
comments
Labels: သတင်း
Posted by
yahutha
at
2:33 AM
0
comments
Labels: ကျေညာချက်
မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ မေလ 14 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ အကျယ်ချုပ်မှ အင်းစိန် ထောင်သွင်းသို့ ယနေ့ ပြောင်းရွှေ့ကာ ချုပ်နှောင်ခံ ထားရသည့် ဒေါ်အောင်ဆန်း စုကြည်က မြန်မာ စစ်အစိုးရက ယနေ့ စွဲတင် လိုက်သည့် အမှုကို မကျူး လွန်ကြောင်း သူ၏ ရှေ့နေ မှတဆင့် ပြောကြား လိုက်သည်။ အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် တရားရုံးသို့ ရုံးထုတ်ရာတွင် ရှေ့နေ ဦးကြည်ဝင်းနှင့် တွေ့ဆုံသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟု ပြောဆိုခဲ့ကြောင်း ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။ သူက ဆက် ပြီး “မကျူးလွန်ဘူး ဆိုတာကိုလည်း သူက ဘလိုင်းပြောတာ မဟုတ်ဘူး။ သူက သူ့ကိုစွဲတဲ့ ပုဒ်မကို သိတယ်။ ဖတ်ပြီးပြီ” ဟု ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၊ သူနှင့်အတူနေထိုင်ကာ ကူညီစောင့်ရှောက်ပေးနေသည့် ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမနှင့် နေအိမ်အတွင်း တိတ် တဆိတ် ဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောကို ယနေ့တွင် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် တရား ရုံးတွင် အတူတကွ ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။ ( ဆက်ဖတ်ရန် ) ရှေ့နေဦးကြည်ဝင်း၏ လက်ထောက်ရှေ့နေနှင့် ယနေ့ တရား ရုံးသို့ ဝင်ရောက်ခွင့် ရရှိခဲ့သူ ရှေ့နေ ဦးလှမျိုးမြင့်က “အမှုနံပါတ် ၄၇/၂၀၀၉ ။ သူတို့ ၄ ယောက် တပြိုင်ထဲ ရုံး ထုတ် တယ်” ဟု မဇ္ဈိမကို ပြော သည်။ ယနေ့နံနက်ပိုင်းတွင် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်းတို့ သားအမိအား တက္ကသိုလ် ရိပ်သာ လမ်း နေအိမ်မှ အင်းစိန် ထောင်သို့ လုံခြုံရေးအစောင့်အကြပ်များဖြင့် ခေါ်သွားခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် ကို ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေးအတွက် တားဆီး ကန့်သတ် ထားသည့် အမိန့်ကို ချိုးဖောက်ခြင်း၊ မလိုက်နာခြင်းတို့ဖြင့် တရားစွဲထားသည်။
ယင်း ဥပဒေ ပြဌာန်း ချက်အရ ထောင်ဒဏ်အားဖြင့် အနည်းဆုံး ၃ နှစ်မှ ၅ နှစ်ထိ ကျခံနိုင်ပြီး၊ ငွေဒဏ် ၅၀၀၀ ကျပ်၊ သို့မဟုတ် ပြစ်ဒဏ် နှစ်ခုစလုံးလည်း ချမှတ်နိုင်သည်။ ပါတီပြော ခွင့်ရပုဂ္ဂိုလ်နှင့် ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “ဟို .. ရေကူးတဲ့ လူက သူ့ဘာသာ သူလာ တာ။ လူသားချင်း စာနာထောက်ထားမှုနဲ့ ခဏ နေရာပေးတယ်ဆိုတာပဲ ရှိတာ။ ဒီဟာက သူတို့ စည်းကမ်းချက်မှာ ဒါနဲ့ ပတ်သက်ပြီး ဘာမှ မပါဘူးလေ။ ဒါကို စည်းကမ်း ချမှတ်ထားတာမှ မရှိဘဲနဲ့ ဘယ်လိုလုပ် ဖောက်ဖျက်ရမှာလဲ။ အဲဒါကြောင့် ပြစ်မှု မကျူးလွန်ဘူးလို့ ပြောတာပါ” ဟု ပြောဆိုသည်။ နေအိမ်တွင် ထိန်းသိမ်းကြောင်း တားဆီးမိန့်ချစဉ်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သံရုံးများ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးပါတီများ နှင့်ဆက်နွယ် သူများနှင့် မဆက်သွယ်ရန်၊ နေအိမ်မှ ပြင်ပသို့ ထွက်ခွာခွင့် လုံးဝ မပြုရန်နှင့် အခြားသို့ စာဖြင့်သော်လည်းကောင်း၊ စကားပြော ကြေးနန်းဖြင့်သော်လည်းကောင်း ဆက်သွယ်ခြင်း မပြုရန် ကန့်သတ်ပိတ်ပင်ထားသည်။
ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ ဒေါ်ဝင်းမမ ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူကို ကူညီမှု - ပုဒ်မ ၂၂/၁၀၉ ဖြင့် တရားစွဲသည်။ နေအိမ်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တော အား နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူကို ကူညီမှု၊ ကန့်သတ်နယ်မြေကို ဝင်ရောက်မှုဖြင့် ရန်ကုန် မြူနီစပယ် အက်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတို့ဖြင့် တရားစွဲလိုက်သည်။
ဂျွန်ဝီလီယံ ယက်တောကိုမူ ပုဒ်မ ၂၂/၁၀၉၊ လူဝင်မှုကြီးကြပ်ရေးမှု ပုဒ်မ ၁၃(၁)၊ မြူနီစီပယ် ဥပဒေ ပုဒ်မ ၂၈ အမှုနံပတ်က ၄၉/၂၀၀၉ တို့ဖြင့် တရားစွဲဆို လိုက်သည်။ မြူနီစပယ် ဥပဒေမှာ အင်္ဂလိပ်ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး၊ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်း ကန့်သတ်နေရာများသို့ ဝင်ရောက်ပါက အရေးယူနိုင်သည့် ဥပဒေ ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ တာဝန်ရှိသူတဦးက မစ္စတာယက်တော ရုံးထုတ်ရာ အင်းစိန်ထောင်သို့ စကားပြန်နှင့် လာရောက်ခဲ့ သည်။ ယနေ့ တရားရုံးတွင် တရားသူကြီး ဦးသောင်းညွန့်၊ အကြံပေး တရားသူကြီးအဖြစ် ဦးညီညီစိုး၊ ခရိုင် ဥပဒေအကြံပေး အရာရှိက ဦးမြင့်ကြိုင်တို့ တက်ရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံး ရမန်ဖြင့် ယခုအခါ အင်းစိန်ထောင်ထဲတွင် ဆက်လက် ထိန်းသိမ်းထားကာ၊ ယခုလ ၁၈ ရက်နေ့တွင် တရားရုံးထုတ်မည်ဖြစ်ပြီး၊ ဒ်ါအောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ အမှုအတွက် ရှေ့နေ ဦီးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနှင့် ဦးလှမျိုးမြင့်က လိုက်ပါဆောင်ရွက်သွားမည်။ သတင်း မဇ္ဈိမသတင်းဌာန
Posted by
yahutha
at
2:28 AM
0
comments
Labels: သတင်း
Posted by
yahutha
at
2:19 AM
0
comments
Posted by
yahutha
at
2:16 AM
0
comments
Labels: ကျေညာချက်
Posted by
yahutha
at
1:09 AM
0
comments
Labels: သတင်း ဓါတ်ပုံ
သီချင်းများကို ကိုယ်တိုင်ရေးစပ်သီကုံးပြီး စန္ဒရားကို ကိုယ်တိုင်တီးခတ်ဖျော်ဖြေလေ့ရှိသည့် နာမည်ကျော် ဂျ ပန်အဆိုတော် Tomoe Sawa မှ ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန် တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် တိုကျို မြို့၊ Shibuya ရပ်ရှိ Tower Records Vedio and Books ရောင်းချ သည့် စင်တာတွင် မေလ ၂ ရက်(စနေနေ့)က အခမဲ့ သီဆိုဖျော်ဖြေသွားခဲ့သည်။
''Kokoro, Iiuta Iroiro, When I was most Beautiful'' စီးရီးများဖြင့် နာမည်ကျော် အဆိုတော်တဦးဖြစ်လာခဲ့ သည့် ကိုးရီးယားကပြားလူမျိုး Tomoe Sawa မှ ဂျပန်သီချင်း၊ ကိုယ်တိုင်ရေး ကိုးရီးယားနှင့် အင်္ဂလိပ်သီချင်း များအပါအဝင် သီချင်းစုစုပေါင်း ၉ ပုဒ်ကို အားပါးတရဖျော်ဖြေသွားပြီး သီးချင်းတပုဒ်နှင့်တပုဒ်ကြားတွင် သူမ လေ့လာထားသည့် မြန်မာပြည်အရေး၊ နအဖစစ်အာဏာရှင်တော်လှန်ရေး၊ သံဃာသပိတ်အရေးနှင့် နာဂစ်မုန် တိုင်းတိုက်ခတ်ခဲ့ခြင်းကြောင့် မြန်မာပြည်သူများ အတိဒုက္ခရောက်ရခြင်းအကြောင်းများကိုပါ ဟောပြောသွားခဲ့ သည်။
''ပရိသတ်ထဲက မြန်မာပြည်ကို ရောက်ဖူတဲ့သူများရှိပါသလား။ ကျမတော့ မရောက်ဖူးသေးပါဘူး။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာပြည်ကို ရောက်ဖူးတဲ့သူများရှိရင် ဂုဏ်ယူပါတယ်လို့ ပြောပါရစေရှင်၊ ပြီး တော့ ဒီ Concert ပွဲကိုလည်း ပြီးဆုံးတဲ့အထိ အားပေးကြပါလို့ ပြောပါရစေရှင့် ...'' ဟု ချိုသာစွာ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဂျပန်အနုပညာရှင် Ito Seiro San နှင့်တွဲဖက်၍ ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးစပ်ထား သည့် Free Daw Aung San Suu Kyi အမည်ရှိ ကဗျာရွတ်ဆိုမှုကိုပါ ပြုလုပ်သွားခဲ့သည်။
ဂျပန်ပရိသတ် ၂ဝဝ ကျော်မှ စိတ်ပါဝင်စားစွာ ခန်းလုံးပြည့်လာရောက်အားပေးခဲ့ကြပြီး သူမ၏ နာဂစ်ရန်ပုံငွေ စီဒီအခွေကို တချပ်လျှင် ယန်း ၁၈ဝဝ ဖြင့် ရောင်းချခဲ့သည်။ ရရှိသည့်အမြတ်ငွေများကို မုန်တိုင်းကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့ ပေးပို့လှူဒါန်းသွားမည်ဟု သိရှိရပြီး “မြန်မာ့ရေးရာပြည်သူ့အဖွဲ့ People Forum Of Burma (PFB-Japan)” တဆင့် စီစဉ်ပေးသွားမည်ဟု သိရှိရသည်။
Japanese singers SEIKO ITO & TOMOE SAWA 's new cd sold on 1800 yens/disc at TOWER RECORDS 5-2-2009 for nargis fund
Posted by
yahutha
at
12:13 AM
0
comments
Labels: ဗီဒီယို
၃၀.၄.၂၀၀၉
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ အယောက် ၁၂၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
2003年5月30日夜、ビルマ北部ザガイン管区の小さな町ディぺーイン附近の田舎道で、最大政党・国民民主連盟(NLD)の地方遊説隊が、USDA(連邦団結発展協会)メンバーを中心とする暴徒グルプに襲われ、この大事件により100人の死者が出ました。軍政府はこの暴行事件に対して捜査もしないまま、民主化の指導者や党員達や参加者が逮捕されました。 国民民主連盟の副議長ウーティンウー氏、総書記長ドウアウンサンスーチー氏は自宅軟禁状態で現在も釈放には至っていません。 ディペーインの日を国民民主連盟(解放地域)日本支部がミャンマー大使館前で執り行いました。
ဓါတ်ပုံ-ကိုထွဏ်းမြင့် ဗီဒီယို-ကိုဆန်နီ
Posted by
yahutha
at
11:20 PM
0
comments
Posted by
yahutha
at
2:36 PM
0
comments
Labels: သတင်း
Posted by
yahutha
at
2:19 PM
0
comments
Labels: ကျေညာချက်
Posted by
yahutha
at
2:11 PM
0
comments
Labels: ကျေညာချက်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ မှ ဦးတင်ဦး/ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး
အကျင်းသား များလွတ်မြောက်ရေး အတွက် ဂျပန် နိုင်ငံ အလုပ်သမားနေ့ ချီင်္တက်ပွဲ သို့ တက်ရောက် လာကြသော လုပ်သားပြည်သူ များထံမှ လက်မှတ် ကောက်ခံ ခဲ့သည်။
ဗီဒီယို-ကိုဆန်နီ
Posted by
yahutha
at
1:41 PM
0
comments
Labels: သတင်း
Posted by
yahutha
at
2:33 AM
0
comments
Labels: မျှဝေခြင်း
၃၀.၄.၂၀၀၉
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ အယောက် ၁၂၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
ဓါတ်ပုံ-ကို ထွဏ်းမြင့် သတင်း-NLD(LA)JB လူငယ်ဌာန
Posted by
yahutha
at
2:23 AM
0
comments
Labels: သတင်း