Saturday, January 31, 2009

On 6 February 2009, the United Nations Postal Administration will issue three commemorative stamps on the theme “100th Anniversary U Thant”, in the denominations of US$ 0.94, CHF 1.30 and € 1.15.




The year 2009 marks the centenary of the birth of U Thant, who served as Secretary-General of the United Nations from 1961 to 1971. He was selected to head the world body when Secretary-General Dag Hammarskjöld was killed in an air crash in September 1961.

U Thant was born at Pantanaw, Myanmar (formerly called Burma), on 22 January 1909, and was educated at the National High School in Pantanaw and at University College Yangon (formerly called Rangoon). Prior to his diplomatic career, U Thant’s experience was in education and information work.

At the time of his appointment as Acting Secretary-General of the United Nations, U Thant had been Permanent Representative of Burma to the United Nations, with the rank of Ambassador (1957-1961). During that period, he headed the Burmese delegations to the sessions of the General Assembly, and in 1959, he served as one of the Vice-Presidents of the Assembly’s fourteenth session. In 1961, U Thant was Chairman of the United Nations Congo Conciliation Commission and Chairman of the Committee on a United Nations Capital Development Fund. During his diplomatic career, U Thant served on several occasions as Adviser to Prime Ministers of Burma.

U Thant began serving as Acting Secretary-General on 3 November 1961, when he was unanimously appointed by the General Assembly, on the recommendation of the Security Council, to fill the unexpired term of the late Secretary-General, Dag Hammarskjöld. He was then unanimously appointed Secretary-General by the General Assembly on 30 November 1962 for a term of office ending on 3 November 1966.

U Thant was re-appointed for a second term as Secretary-General of the United Nations by the General Assembly on 2 December 1966 on the unanimous recommendation of the Security Council (resolution 229, 1966). His term of office continued until 31 December 1971.

U Thant retired at the end of his second term in 1971 and he died on 25 November 1974 after a long illness. He was 65 years old.

ဖတ်ကြည့်ချင်သေးလား....

nld tw23

http://www.khitpyaing.org/KP_music/30-1-09.php

ဖတ်ကြည့်ချင်သေးလား....

(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၈)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား


၃၀.၁.၂၀၀၉
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၈)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။မိုးသည်းထန်စွာရွာသွန်းနေသော်လည်း ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ အယောက် ၁၀၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။

2003年5月30日夜、ビルマ北部ザガイン管区の小さな町ディぺーイン附近の田舎道で、最大政党・国民民主連盟(NLD)の地方遊説隊が、USDA(連邦団結発展協会)メンバーを中心とする暴徒グルプに襲われ、この大事件に因り100人の死者が出ました。軍政府はこの暴行事件に対して捜査もしないまま、民主化の指導者や党員さん達や参加者が逮捕されました。 国民民主連盟の副議長ウーティンウー氏、総書記長ドウアウンサンスーチー氏は自宅軟禁状態で現在も釈放には至ってません。 ディペーイン日を国民民主連盟(解放地域)日本支部が執り行いました。
ဓါတ်ပုံ ။ ထွဏ်းမြင့်

ဖတ်ကြည့်ချင်သေးလား....

Friday, January 30, 2009

၂ဝဝ၉ နဲ့ မြန်မာ့စီးပွားရေး အကြပ်အတည်း

2009 mm tw23



http://moemaka.com/index.php?option=com_content&task=blogcategory&id=17&Itemid=84

ဖတ်ကြည့်ချင်သေးလား....

ဖမ်းဆီးခံ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကုလ တွေ့ခွင့်ရပြီ

rj tw23

http://www.voanews.com/burmese/2009-01-29-voa7.cfm

ဖတ်ကြည့်ချင်သေးလား....

ဒိန်းမတ်ဝန်ကြီး မြန်မာခရီးစဉ်

DM tw23

ဖတ်ကြည့်ချင်သေးလား....

Thursday, January 29, 2009

၂၀၁၀ ရွေးကောက်ပွဲကိစ္စ အန်န်အယ်လ်ဒီ ဂမ်ဘာရီနဲ့ ဆွေးနွေးမှာမဟုတ်

UWT tw23

ဖတ်ကြည့်ချင်သေးလား....

Wednesday, January 28, 2009

မင်္ဂလာရှိသော မေမေ

Daw Aung San Suu Kyi who is Myanmar Peaceful Leader or Glorious Mother.

ဖတ်ကြည့်ချင်သေးလား....

ရိုဟင်ဂျာအရေး ဒေသတွင်း ဆွေးနွေးပွဲခေါ်ဖို့ ထိုင်းဝန်ကြီးချုပ် တောင်းဆို

Rohinjar 2 tw23

http://www.voanews.com/burmese/2009-01-27-voa8.cfm

ဖတ်ကြည့်ချင်သေးလား....

ရိုဟင်ဂျာကိစ္စ မြန်မာ ကူညီမည်

Rohinjar tw23

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=647:2009-01-27-11-48-36&catid=1:news&Itemid=2

ဖတ်ကြည့်ချင်သေးလား....

ရိုဟင်ဂျာတွေ ထိုင်းစစ်တပ် မောင်းထုတ်ပုံ သတင်းမှတ်တမ်းတွေ သက်သေခံ


27 January 2009


မြန်မာပြည်မှ ဒုက္ခသည် ရာပေါင်းများစွာ လှေပေါ်တင်ပြီး ထိုင်းစစ်တပ်က ပင်လယ်ထဲ ပြန်လွှတ်လိုက်တယ်ဆိုတဲ့သတင်း မှန်ကန်ကြောင်း ဓာတ်ပုံများ၊ ဗွီဒီယိုအခွေများနဲ့ အတည်ပြုလိုက်ပါပြီ။

မြန်မာဒုက္ခသည်တွေ ပြွတ်သိပ်တင်ဆောင်ထားတဲ့ လှေကြီးကို ထိုင်းစစ်တပ် တိုက်ရေယာဉ်က ထိုင်းကမ်းရိုးတန်းကနေ ပင်လယ်ပြင် နိုင်ငံတကာရေပိုင်နက်အထိ လိုက်ပို့တဲ့၊ အဲဒီလှေပေါ်မှာပါရှိတဲ့ လူ ၁၅၀ ထဲက အများစုကတော့ မြန်မာပြည်မှာ နှိပ်ကွပ်ခံနေရတဲ့ မွတ်ဆလင်လူနည်းစု ရိုဟင်ဂျာများ ဖြစ်ကြတယ်လို့ အမေရိကန်နိုင်ငံမှာ စီအန်န်အန်န် ရုပ်သံလွှင့်သတင်းဌာနက တနင်္လာနေ့က ဓာတ်ပုံများ၊ ဗွီဒီယိုအခွေများနဲ့ ထုတ်လွှင့်ပြသလိုက်ပါတယ်။

ဘင်္ဂလားပင်လယ်အော် ကပ္ပလီကျွန်းက ရွာသားတွေ တွေ့ရှိလိုက်တဲ့ အဲဒီထဲက အစ်ကဘဲ ဟူစိန်ဆိုသူ ရိုဟင်ဂျာက အင်္ဂလိပ်လို တတ်သလောက်နဲ့ ခြေဟန်လက်ဟန်နဲ့ ဇန်န၀ါရီလထဲမှာ လှေ ၆ စင်းနဲ့ ပြန်လွှတ်လိုက်တယ်၊ အဲဒီထဲက ၅ စင်းက ပင်လယ်ထဲမှာ နစ်သွားတယ်၊ စသဖြင့် သတင်းထောက်များကို ရှင်းပြပုံကိုလည်း စီအန်န်အန်န်က ပြသသွားပါတယ်။

မြန်မာဒုက္ခသည် ၁,၀၀၀ ကျော်ကို ထိုင်းစစ်တပ်က စားစရာ၊ သောက်စရာရေ စတဲ့ အသက်ရှင်နိုင်ရေး လိုအပ်တဲ့ပစ္စည်းတွေ မပါဘဲ ပင်လယ်ထဲကို ပြန်လွှတ်လိုက်တယ်လို့ အသက်မသေ ရှင်ကျန်သူများကရော၊ လူ့အခွင့်အရေးအဖွဲ့များကပါ စွပ်စွဲထားပါတယ်။ အဲဒီဒုက္ခသည်တွေ ပြန်မလာနိုင်အောင် စက်လှေပေါ်က အင်ဂျင်စက်တွေကို ထိုင်းစစ်တပ်က ဖြုတ်ယူထားလိုက်ကြောင်း ထိုင်းရေတပ် အရာရှိတဦးက ပြောပုံကို အယ်လ်ဂျာဇီးယား ရုပ်သံလွှင့်သတင်းဌာနက ကိုးကားဖော်ပြပါတယ်။
http://www.voanews.com/burmese/2009-01-27-voa2.cfm

ဖတ်ကြည့်ချင်သေးလား....

Tuesday, January 27, 2009

100th Anniversary U Thant

100th Anniversary U Thant tw23

http://moemaka.com/index.php?option=com_content&task=view&id=3165&Itemid=31

ဖတ်ကြည့်ချင်သေးလား....

မြန်မာလူရည်ချွန်သုံးဦး ရာပြည့်

M 100 tw23


http://www.khitpyaing.org/articles/January_09/26-1-09a.php

ဖတ်ကြည့်ချင်သေးလား....

၂၀၀၉ မြန်မာ့စီးပွားရေးအကျပ်အတည်းနှင့် လူထုအုံကြွမှု

Burma Fund

ဖတ်ကြည့်ချင်သေးလား....

ရဲဘော်တစ်ဦးရဲ့ ပေးစာ

Letter

ဖတ်ကြည့်ချင်သေးလား....

Please! Share love to the children of Myanmar

ဖတ်ကြည့်ချင်သေးလား....

Monday, January 26, 2009

နအဖ အစဉ်သွေးခွဲသော်လည်း သွေးမကွဲသော ပြည်ထောင်စုသားများရဲ့ နေ့ 

62nd Union Day Invitation

ဖတ်ကြည့်ချင်သေးလား....

Celebrating U Thant's Centennial Anniversary (VOA Burmese)

ဖတ်ကြည့်ချင်သေးလား....

Sunday, January 25, 2009

ဦးဝင်းတင်ပြောတဲ့ ဦးသန့်

u than tw23

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=636:2009-01-23-11-47-16&catid=2:article&Itemid=14

ဖတ်ကြည့်ချင်သေးလား....

U Thant at the United Nations

ဖတ်ကြည့်ချင်သေးလား....

ပြည်ပရောက် မြန်မာ ညွန့်ပေါင်းအစိုးရ တိုးချဲ့ ဖွဲ့စည်း

NCGUB

ဖတ်ကြည့်ချင်သေးလား....

Rohingya migrants claim Thai abuses - 24 Jan 09

ဖတ်ကြည့်ချင်သေးလား....

ဆရာကြီးမင်းသုဝဏ် နှစ် ၁၀၀ ပြည့် အခမ်းအနား

ဖတ်ကြည့်ချင်သေးလား....

ကျောက်စိမ်း ဥပဒေနဲ့ ငွေကြေး ပိတ်ပင် လိုက်ခံလိုက်ရတဲ့ လောက်ကောင်ကြီးများ.

Block Burmese JADE

ဖတ်ကြည့်ချင်သေးလား....

Democracy Party News Bulletin

PDF Democracy Party News Bulletin

ဖတ်ကြည့်ချင်သေးလား....

ရခိုင်သတင်းစာ January 2009

Arakan National Newspaper Jan 09[1]

ဖတ်ကြည့်ချင်သေးလား....

ခွပ်ဒေါင်းများရဲ့ ကြုံးဝါးသံ

People's Revolution in Burmese by 8888 Comrades

ဖတ်ကြည့်ချင်သေးလား....

Saturday, January 24, 2009

အလင်းရနံ့ ဂျာနယ်..

Ahlin Yanant No 01

ဖတ်ကြည့်ချင်သေးလား....

ဦးသန့် ရာပြည့် ရန်ကုန်မှာကျင်းပ

22 January 2009

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်ကို ဒီကနေ့ညနေပိုင်း ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ဦးသန့်ရဲ့သမီးဖြစ်သူ၊ U Thant Institute ရဲ့ ဥက္ကဋ္ဌ ဒေါ်အေးအေးသန့်က စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ နိုင်ငံခြားသံတမန်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ အခမ်းအနားကို တက်ရောက်မယ့်အကြောင်း ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် သတင်းပြန်ကြားရေးအရာရှိက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

အခမ်းအနားမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ပေးပို့တဲ့ သ၀ဏ်လွှာကို ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဘီရှော ပါရာဂျူလီ (Bishaw Parajuli) က ဖတ်ကြားပါတယ်။

ဦးသန့်ဟာ တတိယမြောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အာရှတိုက်က ပထမဆုံး အတွင်းရေးမှူးချုပ် ဖြစ်ပါတယ်။ သူ့သက်တမ်းအတွင်း ကျူးဘားဒုံးကျည်အရေးကိစ္စနဲ့ ကွန်ဂိုပြည်တွင်းစစ်ပွဲတွေကို ပြေလည်အောင် ကြိုးစားဖြေရှင်းခဲ့တဲ့အတွက် အဓိက ချီးကျူးခံရပါတယ်။

၁၉၇၄ ခုနှစ် သူကွယ်လွန်ချိန်မှာ သူ့ရဲ့ ကျန်ရစ်တဲ့ရုပ်အလောင်းကို မြန်မာနိုင်ငံ ပြန်သယ်လာပြီး နိုင်ငံတော်အခမ်းအနားနဲ့ ဂုဏ်ပြုသဂြုင်္ိဟ်ဖို့ အဲဒီအချိန်က မြန်မာအာဏာရှင်ခေါင်းဆောင် ဦးနေ၀င်းက ငြင်းဆန်ခဲ့တဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေက သပိတ်မှောက် ဆန္ဒပြကြပြီး ဦးသန့်ရုပ်အလောင်းကို လုယူခဲ့ကြတဲ့အတွက် ထင်ရှားတဲ့ ဦးသန့်အရေးခင်း ဖြစ်ခဲ့ရပါတယ်။

ဒီကနေ့အစောပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဦးသန့်ကိုဂုဏ်ပြုတဲ့ အခမ်းအနားတခု ကျင်းပပြုလုပ်ခဲ့ပါတယ်။
http://www.voanews.com/burmese/2009-01-22-voa6.cfm

ဖတ်ကြည့်ချင်သေးလား....

ဟီလာရီ ကလင်တန် နိုင်ငံခြားရေးဝန်ကြီး တာဝန် စတင်ထမ်းဆောင်


23 January 2009

ယခင်က အထက်လွှတ်တော်အမတ်နဲ့ အမေရိကန် သမ္မတကတော်ဖြစ်ခဲ့တဲ့ ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်တွေကို တရားဝင် စတင်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ ၀န်ထမ်းတွေရဲ့ အကြံဉာဏ်တွေကိုယူပြီး အလုပ်တွေ လုပ်သွားမှာဖြစ်သလို အစိုးရတွင်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့တဲ့ အချိန်တွေကို အဆုံးသတ်သွားမှာဖြစ်တယ်လို့ ၀န်ထမ်းတွေနဲ့ အစည်းအဝေးမှာ မစ္စကလင်တန်က ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် ဒေးဗစ် ဂေါလက်စ် (David Gollust) က နိုင်ငံခြားရေးဌာနကနေ သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အထက်လွှတ်တော်က အတည်ပြုခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ မစ္စကလင်တန် တာဝန်တွေကို စတင်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို တာဝန်တွေစယူခဲ့တဲ့ ပထဆုံးနေ့မှာတော့ သူ့ကို နှုတ်ဆက်ဦးကြိုသူ ၀န်ထမ်းရာနဲ့ချီဟာ နိုင်ငံခြားရေးဌာနရဲ့ အဓိက အ၀င်ခန်းမကြီးထဲမှာ ပြည့်နေခဲ့ပါတယ်။

နိုင်ငံခြားရေးနဲ့ ပြည်သူ့ဝန်ထမ်းဌာန လုပ်သားပေါင်း ၂၀,၀၀၀ ကျော်ပါဝင်တဲ့ နိုင်ငံခြားရေးဌာနဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေး၊ အကျိုးစီးပွားနဲ့ အမေရိကန်စံနှုန်းတွေ ကမ္ဘာတ၀န်းမှာ ပိုပြီးတော့ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေတဲ့အတိုင်း ဒီလို နိုင်ငံခြားရေးဌာန ၀န်ထမ်းတွေရဲ့ ကျွမ်းကျင်မှုတွေနဲ့ အကြံဉာဏ်တွေကိုယူပြီး သူ အလုပ်တွေကို လုပ်သွားမှာဖြစ်တယ်လို့ မစ္စကလင်တန်က ဆိုပါတယ်။

ပြီးခဲ့တဲ့ သမ္မတဘုရှ်ရဲ့ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ တိုက်ရိုက်ဝေဖန်ပြောဆိုတာမျိုး မလုပ်ခဲ့ပေမယ့် သမ္မတသစ် ဘရက်ခ် အိုးဘားမား အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အစိုးရ၀န်ထမ်းတွေရဲ့ အကြံပြုချက်တွေကို ပိုပြီးတော့ လက်ခံကြိုဆိုဖို့နဲ့ ကွဲပြားမှုတွေ လျော့နည်းအောင်လုပ်ဖို့ သူက အကြံပေးပြောဆိုခဲ့ပါတယ်။

“ရှင်းလင်းပြတ်သားပြီး အဓိပ္ပာယ်နှစ်မျိုး မဆောင်တဲ့ သတင်းစကားမျိုးကိုပဲ ကျမတို့က ပေးချင်ပါတယ်။ ဒါဟာ လုပ်ငန်းအဖွဲ့တခုဖြစ်သလို ကျမတို့ဟာ ဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တွေပါ။ အားလုံးဟာ အမေရိကန် လုပ်ငန်းအဖွဲ့တခုတည်းမှာ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မလုပ်နိုင်သ၍ အိုဗယ်လ် သမ္မတရုံးခန်းကလည်း ဘာမှလုပ်နိုင်မှာ မဟုတ်သလို ကျမအနေနဲ့လည်း ခုနှစ်ထပ်ကနေ ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုကြီးအတွက် အလုပ်လုပ်တဲ့နေရာမှာ ကျမတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို လျော့ပါးစေတဲ့ အနှောင့်အယှက်ဖြစ်တဲ့ ဘယ်လို ကွဲပြားခြားနားမှုမျိုးကိုမှ ကျမတို့အနေနဲ့ ဆက်ပြီးတော့ သည်းခံသွားမှာ မဟုတ်ပါဘူး။”

အမေရိကန် နိုင်ငံခြားရေးမူဝါဒမှာ ကာကွယ်ရေး၊ သံတမန်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုပြီးတော့ အပိုင်းသုံးပိုင်းရှိပြီး သံတမန်နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အပိုင်းတွေအတွက် နိုင်ငံခြားရေးဌာနနဲ့ သူနဲ့ဆက်စပ်နေတဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အမေရိကန် အေဂျင်စီ (USAID) တို့မှာ အဓိကတာဝန်ရှိတယ်လို့လည်း မစ္စကလင်တန်က ပြောဆိုခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် အောက်လွှတ်တော်မှာ လက်ခံအတည်မပြုခင် ထွက်ဆိုချက်တခုမှာ မစ္စကလင်တန်က စစ်အင်အားကို အသုံးပြုတာထက် သံတမန်နည်းကို ရှေ့တန်းတင်တဲ့ ဉာဏ်ပညာနည်းသုံး ချဉ်းကပ်ဆောင်ရွက်မှု တစိတ်တပိုင်းအနေနဲ့ အမေရိကန် သံတမန်အဖွဲ့ကို ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီလိုချဉ်းကပ်မှုမျိုးလုပ်ဖို့ တိုက်တွန်းပြောဆိုခဲ့တဲ့အထဲမှာ ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဘုရှ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့က တဦးတည်းကျန်ရစ်ခဲ့တဲ့ ၀န်ကြီးအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) ဟာလည်း ထင်ရှားတဲ့ပုဂ္ဂိုလ်တဦးပဲ ဖြစ်ပါတယ်။

သံတမန်ရေးနည်းအရ ချဉ်းကပ်ဆောင်ရွက်မှုကို အဓိက အာရုံထားတဲ့အနေနဲ့ သမ္မတအိုဘားမားနဲ့ သူ့ရဲ့ ထိပ်တန်းလက်ထောက်တွေဟာ နိုင်ငံခြားရေးဌာနကို သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်နဲ့ တံခါးပိတ်ဆွေးနွေးမှုတွေ နောက်ပိုင်းမှာ လုပ်သွားဖို့ရှိပါတယ်။ အဲဒီနောက် သမ္မတအနေနဲ့ ၀န်ထမ်းတွေကိုလည်း စိတ်ဓာတ်တက်ကြွအောင် အားပေးစကား ပြောကြားဦးမှာဖြစ်ပါတယ်။
http://www.voanews.com/burmese/2009-01-23-voa2.cfm

ဖတ်ကြည့်ချင်သေးလား....

ဂမ်ဘာရီ ပြန်လာမည်

ganbari

ဖတ်ကြည့်ချင်သေးလား....

Thursday, January 22, 2009

မျိုးချစ် ကရင်များဧ။် မျက်ရည် (သို့) ကရင် လောက်ကောင်များဧ။် အကြောင်း တစ်ပိုင်းတစ်စ

Karen Tear

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည်။ ဦးခွန်ထွန်းဦး။ ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲ



ဓါတ်ပုံ ။ ထွဏ်းမြင့်

ミャンマー:07年の大規模デモ主導者と学生リーダ含む14人に禁固65年に対し早期釈放を求める抗議デモを品川ミャンマー大使館前で行った。現在刑務所で国のため国民のために自らを犠牲にしている学生リーダ達の健康を祈り独裁ミャンマー軍事政権に学生リーダ達を早期釈放するよシュプレヒコール訴えた。

ဒေါ်အောင်ဆန်းစုကြည်။ဦးခွန်ထွန်းဦး။ကိုမင်းကိုနိုင်အပါအ၀င်နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအတွက်
ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့၂၀၀၉.၀၁.၂၁ ကျင်းပပြုလုပ်ခဲ့ရာ အဝေးရောက်ဗမာပြည်သူပြည်သားများတိုင်းရင်းသားညီအကိုမောင်နှမများအဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများနှင့်အတူ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)အဖွဲ့ဝင်များပူးပေါင်းပါဝင်ဆုတောင်း ခဲ့ရာ လူပေါင်း ၁၂၀ ကျော်တက်ခဲ့ပါသည်။

ဖတ်ကြည့်ချင်သေးလား....

၄၄ ဦးမြောက် အမေရိကန်သမ္မတသစ် အိုဘားမား ကျမ်းသစ္စာကျိန်ဆိုပွဲ



အမေရိကန်တွေအနေနဲ့ မိမိနဲ့အတူ နိုင်ငံတာဝန်၊ကမ္ဘာ့တာဝန်ယူရင်း ခေတ်သစ်ထဲကို ၀င်ကြပါစို့
လို့ သမ္မတ ဘရက်ခ် အိုဘားမား (BarackObama) က တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်
နိုင်ငံ စီးပွားရေး အကျပ်အတည်း၊ အခက်အခဲများနဲ့ ကြာမြင့်နေတဲ့ စစ်ပွဲနှစ်ပွဲ ဆင်နွှဲနေရတဲ့အချိန်
အဲဒါတွေကျော်လွှားနိုင်ရေး အမေရိကန်တွေ အတူတကွ လုပ်ဆောင်ကြပါလို့လည်း သမ္မတဖြစ်လာသူ
ဘရက်ခ် အိုဘားမားက ပြောဆိုသွားပါတယ်။

ဝါရှင်တန်မြို့တော် အမျိုးသားရင်ပြင်မှာလူတသန်းကျော် တက်ရောက်တဲ့ ပရိသတ်ကြီးကို
အမေရိကန်နိုင်ငံရဲ့ ၄၄ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရင်း ဘရက်ခ်
အိုဘားမားက အဲဒီလို ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။ သူက အမေရိကန်နိုင်ငံ
ရဲ့ ပထမဆုံး အာဖရိကနွယ်ဖွား သမ္မတ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ လောဘရမ္မက်နဲ့ စုပေါင်းလွဲချော်မှုများကြောင့်
အကျပ်အတည်းဖြစ်ရတယ်၊ အိမ်ဖြူတော်ကိုရော ကွန်ဂရက်စ်လွှတ်တော်ကိုပါ ဒီမို
ကရက်တို့ လွှမ်းမိုးထားတဲ့အချိန် နိုင်ငံရေးအငြင်းပွားမှုတွေ ဘေးဖယ်ထားကာ နိုင်ငံရဲ့
စီးပွားရေးဖွံ့ဖြိုးမှု တိုးတက်ဖို့၊ အလုပ်အကိုင်သစ်များ ဖန်တီးဖို့ လျှင်မြန်ရဲဝံ့စွာ
လုပ်ဆောင်ကြရလိမ့်မယ်လို့လည်း သမ္မတ ဘရက်ခ် အိုဘားမားက ပြောဆိုသွားပါ
တယ်။

နိုင်ငံခြားဝါဒများနဲ့ ပတ်သက်လို့ အီရတ်နိုင်ငံကနေ တာဝန်ရှိစွာထွက်ခွာပြီး အာဖဂန်
နစ္စတန်နိုင်ငံမှာ ငြိမ်းချမ်းရေး ရစေရမယ်၊ အမေရိကန်ရဲ့စိတ်ဓာတ်ဟာ ကြံ့ကြံ့ခိုင်မာ
အင်အားကြီးလို့ မဖြိုခွင်းနိုင်ဘူး၊ အဲဒါကြောင့် အကြမ်းဖက်သမားများကို အနိုင်ယူရမယ်
လို့လည်း ကတိပြု ပြောဆိုသွားပါတယ်။
voaclips

ဖတ်ကြည့်ချင်သေးလား....

Tuesday, January 20, 2009

ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲ့ ကျေညာချက်

PDF(3)

ဖတ်ကြည့်ချင်သေးလား....

ဆန္ဒပြကြစို့ 

21st Jan 2009 PA

ဖတ်ကြည့်ချင်သေးလား....

ရွှေတိဂုံ ဘုရားက ပတ္တမြားမျက်ရှင်ဆုတောင်းပြည့် ဆင်းတု ကို သန်းရွှေ ခိုးသွားပြီ။

2009.01.20

ဖတ်ကြည့်ချင်သေးလား....

ရွှေဝါရောင် ဆရာတော် အရှင်ဂမ္ဘီရ အစာငတ်ခံ ဆန္ဒပြနေ

Ash Ing an Bi Ya


http://www.mizzimaburmese.com/news/inside-burma/2285-2009-01-19-11-38-49.html

ဖတ်ကြည့်ချင်သေးလား....

လူ့အခွင့်အရေး ရှေ့နေ အဖမ်းခံရ

Monday, 19 January 2009 18:57 အေးလဲ့

လူ့အခွင့်အရေး အမှုလိုက် ရှေ့နေ ကိုဖိုးဖြူအား မကွေးမြို့တွင် အာဏာပိုင်များက ဖမ်းဆီး ထားကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

အဆိုပါ ကိုဖိုးဖြူကို လွန်ခဲ့သည့် အပတ် ကြာသပတေးနေ့က မကွေးတိုင်း အောင်လံမြို့အထွက်တွင် ဖမ်းဆီး သွားခြင်းဖြစ်သည်ဟု အောင်လံမြို့နေ ကိုဖိုးဖြူ၏ မိတ်ဆွေတဦးက ပြောပြသည်။

“ပြီးခဲ့တဲ့ ၁၅ရက်နေ့ညပိုင်း အောင်လံမြို့အထွက်ဂိတ်မှာ ရဲက ဖမ်းသွားတယ်လို့ ကြားတယ်၊ နောက်ပြီး မကွေးကို ပို့လိုက်တယ်လို့လည်း ကြားတယ်၊ အခုလို ဖမ်းသွားတာနဲ့ ပတ်သက်ပြီး သူ့အိမ်ကိုလည်း အကြောင်းမကြားသေးဘူးလို့သိရတယ်၊ ၁၇ ရက်နေ့ကမှ သိရပါတယ်”ဟု ၎င်းကပြောသည်။

ရှေ့နေကိုဖိုးဖြူ ဖမ်းဆီးခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး မကွေးတိုင်း အမှတ် (၁)ရဲစခန်းကို ဆက်သွယ် မေးမြန်း ပါသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ကိုဖိုးဖြူအား ယခုဖမ်းဆီးခြင်းမှာ ဒုတိယအကြိမ် ဖြစ်သည်။ ယခုလဆန်းပိုင်း ၁ ရက်နေ့က ကိုဖိုးဖြူသည် မကွေးကားဂိတ်တွင် ပထမအကြိမ် ခေါ်ယူစစ်ဆေးခံရကာ အမှုလိုက် မှတ်စုစာအုပ် သိမ်းဆည်းခြင်း ခံရ ကြောင်းကို ၎င်းအဖမ်းမခံရခင်က ဧရာဝတီကိုပြောခဲ့ဖူးသည်။

မကွေးခရိုင်တရားရုံးမှအပြန် ညအချိန် တည်းခိုရန် တည်းခိုခန်းများက တည်းခိုခွင့်မပေးသဖြင့် မြို့ထဲတွင် ၁နာရီကျော်ကြာလမ်းလျှောက်ခဲ့ရပြီး ည၁၁နာရီ ခန့် မကွေးကားဂိတ်သို့ ရောက်ရှိချိန် ရဲ များက ကိုဖိုးဖြူ ကို မကွေးမြို့ ရဲစခန်း အမှတ် ၁ သို့ ခေါ်ဆောင်သွားကြောင်း ရှေ့နေကိုဖိုးဖြူက ပြောခဲ့သည်။

“မသင်္ကာစရာရှိလို့ခေါ်တယ်လို့ပြောတယ်၊ ကျနော့်အိတ်ကို စစ်ဆေးတယ်၊ ဘာပြစ်မှုမှ ကျူးလွန်တဲ့ အထောက်အထား မတွေ့ရှိဘူး၊ မကွေးမြို့ အမှတ်(၁) ရဲစခန်း မြို့နယ်မှူး ဦးကြူအေးဆိုတဲ့ သူက နေ့စဉ် မှတ်စုကို သိမ်းသွားတယ်၊ အစိုးရကို အကြည်ညိုပျက်စေတဲ့၊ ထိခိုက်စေတဲ့၊ စာသား အမှတ်အသားတွေ ဖြစ်တယ်ဆိုပြီး သူက စွပ်စွဲပါတယ်”ဟု ကိုဖိုးဖြူက ပြောပြသည်။

“တရားခွင်ပေါ်က လူ့အခွင့်အရေး ရုန်းကန်မှု မှတ်တမ်းများ”ဟု အမည်ပေးထားသည့် ၎င်း၏ မှတ်စုတွင် အဖမ်းခံထားရသည့် ရှေ့နေ ကိုညီညီထွေး၊ ထိုင်းနိုင်ငံသို့ တိမ်းရှောင်ခဲ့သည့် ရှေ့နေ ကိုစောကျော်ကျော်မင်း တို့၏ တရားရုံး လျှောက်လှဲချက်များ၊ ဥပဒေအကြောင်းအရာ မှတ်တမ်းများ စသည်တို့ ပါရှိကြောင်းလည်း ကိုဖိုးဖြူက ပြောဆိုသည်။

ကိုဖိုးဖြူသည် မကွေးတိုင်း နတ်မောက်မြို့နယ် ရွာမွန်ရွာ ကျေးရွာအုပ်စုရှိ တောင်သူလယ်သမားများ၏ လယ်မြေကို တပ်မြေအဖြစ်သိမ်းပြီး ကြက်ဆူပင် စိုက်ပျိုးခိုင်းသည့် ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (အိုင်အယ်လ်အို )ရုံးသို့ စာရေးတိုင်သောကြောင့် တရားစွဲခံရသော နတ်မောက်မြို့ မှ လယ်သမား ဦးလှစိုးနှင့် အောင်လံမြို့မှ ကိုဇော်ဌေး တို့အမှုကို လိုက်ပါအကျိုးဆောင်ရင်း ယခုကဲ့သို့ ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်း သိရသည်။


ကိုဖိုးဖြူက “ကျနော်ပြောနိုင်တာ တခုတော့ရှိပါတယ်၊ တောင်သူ လယ်သမားတွေရဲ့အရေး၊ အကျဉ်း ကျ နိုင်ငံရေး အကျဉ်းသားတွေ အရေး၊ ဘုန်းကြီးသံဃာတွေရဲ့ကိစ္စတွေ၊ လူ့အခွင့်အရေးဆိုင်ရာတွေ ဆောင်ရွက် လို့ ပြစ်ဒဏ် တွေချမယ် ထောင်ဒဏ် တွေချမယ် ဆိုရင် ကျနော့်ကိုတရားတွေစွဲလှည့်ပါ၊ ပုဒ်မတွေ အများကြီး တပ်လှည့်ပါ၊ အဲဒါတွေ ရင်ဆိုင်ဖို့အသင့်ပါပဲ၊ ဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ပေးတဲ့ ဥပဒေသာလျှင် ပြည်သူ့ဥပဒေ ဖြစ်ပါတယ်”ဟု ပြောခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း စစ်အာဏာပိုင်များက တရားရုံးကို မထီမဲ့မြင်ပြုမှု၊ တရားစီရင်ရေး ကို နှောင့်ယှက်မှုများဖြင့် ရှေ့နေကိုညီညီထွေးကို ထောင်ဒဏ် ၆လချမှတ် ခဲ့ပြီး ရှေ့နေကြီး ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကိုလည်း ထောင်ဒဏ် ၄လစီချမှတ်လိုက် ခဲ့သည်။ တခြားသော ရှေ့နေ ကိုစောကျော်ကျော် မင်း သည်လည်း ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့သည်။

ဖတ်ကြည့်ချင်သေးလား....

ပင်လယ်ထဲ မောင်းထုတ်ခံရတဲ့ မြန်မာရိုဟင်ဂျာကိစ္စ ထိုင်းအစိုးရ စုံစမ်းစစ်ဆေးမည်

Rohinja


http://www.voanews.com/burmese/2009-01-19-voa5.cfm

ဖတ်ကြည့်ချင်သေးလား....

မာတင် လူသာကင်း အမှတ်တရဆု ဒေါ်စု ချီးမြှင့်ခံရ


မြန်မာ့ဒီမိုကရေစိခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

မန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် တက် ကနေဒီ (Ted Kennedy)၊ အောက်လွှတ်တော်အမတ် ဂျွန် လီးဝစ် (John Lweis) နဲ့ ဘုန်းတော်ကြီး ကလောဒီ ဘလက် (Claude Black) တို့ကို လူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်းရဲ့ သားသမီးတွေက ယုံကြည်ချက်အတွက် အိမ်မက်တွေကို အကောင်အထည် ဖော်သူတွေအဖြစ် လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်ပါတယ်။

ဒီနေ့ ဇန်န၀ါရီလ ၁၉ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ လူ့အခွင့်အရေး ရဲဘော်ကြီး မာတင်လူသာကင်း ကို ဂုဏ်ပြုတဲ့နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ မာတင်လူသားကင်း အမှတ်တရ အဖြစ် ဆုချီးမြှင့်တာပါ။

ဝါရှင်တန်မြို့တော် Hyatt Regency - Capital Hilton ဟော်တယ်မှာ အခု အသံလွှင့်နေတဲ့အချိန်မှာပဲ အခမ်းအနား ကျင်းပနေပါတယ်။ အခမ်းအနား ကျင်းပနေတဲ့နေရာကို ရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်က မအေးသန္တာကျော် ကို မခင်ဖြူထွေး က ဆက်သွယ်မေးမြန်းထားပါတယ်။

မအေးသန္တာကျော်ရေ၊ အခု အခမ်းအနားအကြောင်းကို နည်းနည်း ရှင်းပြပေးပါ့လား။ အခမ်းအနားမှာ ဒေါ်ဆောင်ဆန်းစုကြည် ကိုလည်း ဆုချီးမြှင့်မယ်ဆို -

"ဟုတ်ကဲ့ မခင်ဖြူထွေးရေ၊ အခု ကျင်းပတော့မယ့် အခမ်းအနား က အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံသားအခွင့်အရေးနဲ့ လူဖြူလူမည်း အခွင့်အရေး တန်းတူရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ မာတင်လူသာကင်း အထိမ်းအမှတ်အဖြစ် Realizing the Dream လို့ ခေါ်တဲ့ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားပါ။ အိမ်မက်တွေကို အကောင်အထည် ဖော်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပေးတဲ့ ဆုပေးပွဲ အခမ်းအနားပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ Triumph of Conscience လို့ခေါ်တဲ့ ယုံကြည်မှု အောင်မြင်ခြင်း ဆုကို ရရှိတာပါ။ ဒီပွဲမှာ တခြား ဆုရရှိတဲ့သူတွေကတော့ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် တက် ကနေဒီ၊ အောက်လွှတ်တော်အမတ် ဂျွန် လီးဝစ် နဲ့ ဘုန်းတော်ကြီး ကလောဒီ ဘလက် တို့ပါ။ အထက်လွှတ်တော်အမတ် တက်ကနေဒီ က Realizing the Dream လို့ ခေါ်တဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်ခြင်း ဆုကို ရရှိပါတယ်။ မနှစ်ကတော့ အမေရိကန် သမ္မတဟောင်း ဘေ ကလင်တန် (Bill Clinton) က ရရှိပါတယ်။ ဒီနှစ်အခမ်းအနားကတော့ မာတင်လူသာကင်းကို လေးကြိမ်မြောက် ဆုချီးမြှင့်တဲ့ အခမ်းအနားပါ။ ဒီလို Realizing the Dream ဆုပေးပွဲမျိုးကိုလည်း နှစ်ကြိမ်မြောက် ပေးတဲ့ ဆုပေးပွဲ အခမ်းအနားပါ။

ဒီတော့ ဒီ ဆုပေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ဘယ်သူက ဆုကို ကိုယ်စားတက်ပြီးယူပါသလဲ။ ဒီ ဆုကရော မြန်မာ့အရေးအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒကို ရိုက်ခတ်မှု ရှိနိုင်ပါ့မလား။ ဘယ်လောက်အထိ အရေးကြီးသလဲ။ -

"ဟုတ်ကဲ့။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားတော့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ USCB က ကိုအောင်ဒင် ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။ အခု ဒီအခမ်းအနားမှာ ဆုတက်ယူတဲ့ USCB က အခုလို ပြောပါတယ်ရှင်။"

ဦးအောင်ဒင်။ ။ ဒီဆုပေးပွဲက တော်တော်အရေးကြီးတယ်ဗျာ။ ဘာလို့အရေးကြီးလဲဆိုတော့ ဒါ အမေရိကန်ပြည်ထောင်စုမှာ ဒါဟာ ကြီးမားတဲ့ အပြောင်းအလဲ ကြီးပဲလေ။ နောက် အခုဆိုလို့ရှိရင် အမေရိကန်ပြည်ထောင်စုရဲ့ လူမဲ သမ္မတ ပေါ့နော်။ နောက်နှစ်ရက် အကြာမှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိမ်ဆိုတော့မယ်။ အဲဒီလိုအချိန်မှာ အမေရိကန်ပြည်ထောင်စု တခုလုံးက လူမဲ လူ့အခွင့်အရေး ကာကွယ်ဖို့အတွက် ကြိုးပမ်းရင်းနဲ့ ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ ကို တနိုင်ငံလုံးက သတိရနေကြတဲ့အချိန်ပေါ့ဗျာ။ ဆိုတော့ ဒီအချိန်မှာ အခုလို သမ္မတ အိုဘားမား ရဲ့ အစိုးရအဖွဲ့သစ်ကလည်း မကြာခင် အိမ်ဖြူတော်ကို သိမ်းပိုက်ပြီးတော့ နိုင်ငံ့တာဝန်ကို ထမ်းဆောင်တော့မယ့်အချိန်မှာ အခုလိုမျိုး ဆုပေးပွဲ ကျင်းပတာဆိုတော့ ကြီးမားပါတယ်။ အဲဒီလို ဆုချီးမြှင်တဲ့အတွက်ကြောင့်မိုလို့ အိုဘားမား ရဲ့ အစိုးရအဖွဲ့သစ် အဖွဲ့အနေနဲ့ ဒီ ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ ကိုယ်နှိက်က သူ့ရဲ့သားသမီးများက ဂုဏ်ပြုချီးမြှင့်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအပေါ်မှာ ဆက်ပြီးတော့ အားသွန်ခွန်စိုက် ကူညီဆောင်ရွက်ဖို့လုပ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတာပေါ့နော်။

"မာတင်လူသာကင်း ရဲ့ အိပ်မက် ဆိုပြီးတော့ ချစ်ခြင်းမေတ္တာနဲ့ ပြည့်စုံတဲ့ လူ့ဘောင်အသိုင်းအ၀ိုင်း ဖြစ်ဖို့ကို သူတို့ ဆက်ပြီးတော့ လှုပ်ရှားသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ ဒီလိုမျိုး ဆုပေးပွဲ အခမ်းအနာကို ကျင်းပတာဖြစ်ပါတယ်။"

အခမ်းအနားကျင်းပတဲ့နေရာမှာ ရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်က မအေးသန္တာကျော်ကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။
http://www.voanews.com/burmese/2009-01-19-voa1.cfm

ဖတ်ကြည့်ချင်သေးလား....

Monday, January 19, 2009

ဇန္နဝါရီ ၁၈ ၂၀၀၉ သတင်း

ppmx0z1r4nby1bppi4f

ဖတ်ကြည့်ချင်သေးလား....

ကြေကွဲ အလွမ်းများနဲ့ ချစ်ပုံပြင်

DASSK's Love Story 2009-01-17

ဖတ်ကြည့်ချင်သေးလား....

ညွန့် ပေါင်းသတင်း

docs_13079923

ဖတ်ကြည့်ချင်သေးလား....

တိုက်ပွဲဝင်အစိုးရတရပ် သို့ မဟုတ် တပ်ပေါင်းစုတခုကို ဖွဲ့ စည်းရန် လိုအပ်

Opinion

ဖတ်ကြည့်ချင်သေးလား....

ရွှေခမောက် စာစောင်

shwekhamauk

ဖတ်ကြည့်ချင်သေးလား....

Sunday, January 18, 2009

8888 People Power Vol 2

8888 People Power Vol 2 No 2 Jan-2009

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */